ပရီးမီးယားလိဂ်ရဲ့Big Six ခေတ် ပြီးဆုံးပြီလား?
ရလဒ်ဆိုးတွေနဲ့ ရုန်းကန်နေရတဲ့ မန်ယူနဲ့ စပါး၊ ဘဏ္ဍာရေးအရှုပ်အထွေးကြောင့် ပြစ်ဒဏ်စောင့်နေရတဲ့ မန်စီးတီးတို့ရဲ့ အခြေအနေတွေကြောင့် အဆုံးသတ်သွားနိုင်တဲ့ ပရီးမီးယားလိဂ် Big Six ခေတ်အကြောင်း သုံးသပ်ချက်။
ယာမိုလုခ်ရဲ့ အငြင်းပွားဖွယ် အနီကတ်ပြစ်ဒဏ်ကြောင့် ပွဲအလှည့်အပြောင်းဖြစ်သွားပြီး ဘရန့်ဖို့ဒ်ကို နောက်ကလိုက်ကာ အနိုင်ယူနိုင်ခဲ့တဲ့ အီရာအိုလာရဲ့ လီဗာပူးလ်အသင်း ပွဲစဉ်သုံးသပ်ချက်။
ပြီးခဲ့တဲ့တပတ် မန်စီးတီးနဲ့ပွဲမှာ ကွင်းလယ်လူ ဂရာဗန်ဘာ့ချ် ထုတ်ပယ်ခံရလို့ လီဗာပူးလ်နည်းပြ အီရာရိုလာ ဒေါသထွက်ခဲ့ပါတယ်။
ဂရာဗန်ဘာ့ချ်သာ အထုတ်မခံရရင် မန်စီးတီးကိုဂိုးပြတ်ရှုံးမှာမဟုတ်ဘူးလို့ လီဗာပူးလ်အသိုင်းအဝိုင်းက ယုံကြည်ခဲ့တာပါ။
အခုတပတ်မှာတော့ ပရီးမီးယားလိဂ်ဒိုင်တွေက လီဗာပူးလ်ကို မန်စီးတီးနဲ့ပွဲကဖြစ်ရပ်အတွက် အလျော်ပြန်ပေးလိုက်သလိုပါပဲ။
ဘရန့်ဖို့ဒ်နဲ့ပွဲမှာ လီဗာပူးလ်က ဦးဆောင်ဂိုးပေးရပြီး နောက်ကလိုက်ကစားခဲ့ရပါတယ်။ ဒါပေမဲ့ ပထမပိုင်းအပြီးမှာ ပွဲရဲ့ အလှည့်အပြောင်း ဖြစ်ခဲ့ပါတယ်။
ဘရန့်ဖို့ဒ်က ယာမိုလုခ်နဲ့ လီဗာပူးလ်က ဂျက်ကေးတို့ ထောင့်ကန်ဘောကန်ခါနီးအချိန်မှာ ငြိခဲ့ကြရာကနေ ယာမိုလုခ် ထုတ်ပယ်ခံခဲ့ရပါတယ်။
ဂျက်ကေးကို ယာမိုလုခ်က ခေါင်းနဲ့တိုက်ခဲ့တယ်ဆိုပြီး VAR ပြန်စစ်ကာ အနီကတ်ပြခဲ့တာပါ။ အဲဒီဆုံးဖြတ်ချက်က ပွဲရဲ့အလှည့်အပြောင်းကို အကြီးအကျယ် ဖြစ်စေခဲ့ပါတယ်။
ဖြစ်ရပ်ကိုပြန်ကြည့်ရင် ယာမိုလုခ်က ဂျက်ကေးဘက်ကို ခေါင်းနဲ့ဝင်တိုးခဲ့ပါတယ်။ အဲဒီအချိန်မှာ ဂျက်ကေးက မျက်နှာကိုအုပ်ပြီးလဲကျသွားခဲ့ပါတယ်။
ယာမိုလုခ်ရဲ့ လုပ်ရပ်က မပြင်းထန်ဘဲ ဂျက်ကေးကအမူအရာ ပိုခဲ့တယ်လို့ ဘရန့်ဖို့ဒ်နည်းပြက ဝေဖန်ခဲ့ပါတယ်။
ပရီးမီးယားလိဂ်စည်းမျဥ်းတွေအရ ပြိုင်ဘက်ကစားသမားကို ခေါင်းနဲ့ တိုက်တာ၊ ခေါင်းနဲ့တိုက်ဖို့ရည်ရွယ်တာနဲ့ အနီကတ်ပြခံရမှာဖြစ်ပါတယ်။
ဒါပေမဲ့ လူတွေရဲ့ဆင်ခြင်တုံတရားကို ထည့်ပြီးစဉ်းစားရပါမယ်။ ယာမိုလုခ်ရဲ့လုပ်ရပ်ကလည်း ဆင်ခြင်တုံတရားနဲ့ ဆုံးဖြတ်ရမယ့်အရာလို့ဆိုနိုင်ပါတယ်။
ယာမိုလုခ်နဲ့ ဖြစ်ရပ်မှာ ဂျက်ကေးရဲ့လှုပ်ရှားမှုကိုလည်း ထည့်ပြီးစဉ်းစားသင့်ပါတယ်။
ပြီးခဲ့တဲ့ရာသီတုန်းက အာဆင်နယ်က ဂါဘရီယဲလ်က မန်စီးတီးတိုက်စစ်မှူး ဟာလန်းကို ခေါင်းချင်းဆိုင်ပြီးတိုက်ပေမယ့် အထုတ်ပယ်မခံခဲ့ရပါဘူး။
ယာမိုလုခ်ရဲ့လုပ်ရပ်က ဂါဘရီယ်လ်ရဲ့လုပ်ရပ်လောက် မပြင်းထန်ခဲ့ပါဘူး။
လီဗာပူးလ်က ဘရန့်ဖို့ဒ်ကစားသမား ယာမိုလုခ် ထုတ်ပယ်ခံရပြီးနောက် ဒုတိယပိုင်းမှာ ကစားပုံပိုကောင်းလာကာ ချေပဂိုးနဲ့အနိုင်ဂိုးရရှိခဲ့ပါတယ်။
မန်စီးတီးနဲ့ပွဲတုန်းက ဂရာဗန်ဘာ့ချ် ထုတ်ပယ်ခံရတာဟာ ပွဲကိုအပြောင်းအလဲဖြစ်စေခဲ့တယ်လို့ လီဗာပူးလ်နည်းပြ အီရာအိုလာ ပြောခဲ့သလိုမျိုးပဲ
အခု ဘရန့်ဖို့ဒ်ဘက်က ကစားသမားတစ်ယောက် ထုတ်ပယ်ခံလိုက်ရတာကြောင့် လီဗာပူးလ် အသာစီးရခဲ့တာပါ။
ပွဲပြီးခါနီးမှာလည်း ဘရန့်ဖို့ဒ်အသင်းက ဂျာနက်က ဒုတိယအဝါကတ်ပြခံရပြီး အနီကတ်ပြခံရပါတယ်။
ရလဒ်ဆိုးတွေနဲ့ ရုန်းကန်နေရတဲ့ မန်ယူနဲ့ စပါး၊ ဘဏ္ဍာရေးအရှုပ်အထွေးကြောင့် ပြစ်ဒဏ်စောင့်နေရတဲ့ မန်စီးတီးတို့ရဲ့ အခြေအနေတွေကြောင့် အဆုံးသတ်သွားနိုင်တဲ့ ပရီးမီးယားလိဂ် Big Six ခေတ်အကြောင်း သုံးသပ်ချက်။
နာမည်ပျက်နေတဲ့ အင်ဖန်တီနိုကို စိန်ခေါ်ပြီး ဖီဖာဥက္ကဌအသစ် ဖြစ်လာနိုင်ခြေရှိနေတဲ့ အာဆင်နယ် ဂန္ထဝင်နည်းပြကြီး အာစင်ဝင်းဂါးရဲ့ အခြေအနေနဲ့ အလားအလာ သုံးသပ်ချက်။
အက်သလက်တီကိုနဲ့ ပွဲအပြီး မန်ယူဘုတ်အဖွဲ့ကို ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့မိတဲ့အတွက် နည်းပြ ကာရစ်၊ ဘုတ်အဖွဲ့ဝင်တွေနဲ့ ဆွေးနွေးအပြီးမှာ လူမှုကွန်ရက်ကနေ ပြန်လည်တောင်းပန်ခဲ့ရတဲ့ မာတီနက်ဇ်ရဲ့ အခြေအနေ သုံးသပ်ချက်။
အဲဗာတန်နဲ့ပွဲမှာ ဦးခေါင်းထိခိုက်မိပြီး Concussion ဖြစ်သွားတဲ့ ချယ်လ်ဆီးဂိုးသမား မာတီနက်ဇ်ရဲ့ ဒဏ်ရာအခြေအနေနဲ့ ပီတာချက်ရဲ့ ဖြစ်ရပ်ကို နှိုင်းယှဉ်သုံးသပ်ချက်။
ခြေစွမ်းကျဆင်းမှု၊ အချစ်ရေးကံခေမှုတွေနဲ့အတူ ဆံပင်ဆွဲလို့ ၄ ပွဲပယ်ခံရတာကြောင့် အယ်လ်ကလက်စီကို (El Clasico) လွဲချော်မယ့် ရီးယဲလ်တိုက်စစ်မှူး ဗင်နီစီယက်စ်ရဲ့ ရှုပ်ထွေးနေတဲ့ အခြေအနေများအကြောင်း သုံးသပ်ချက်။
လက်ရှိရာသီ ပရီးမီးယားလိဂ်မှာ စန်းပွင့်လာတဲ့ လူစားဝင်ကစားသမားတွေအကြောင်းနဲ့ ၁၉၉၉ ချန်ပီယံလိဂ်ဖိုင်နယ်ကို ပြောင်းလဲပစ်ခဲ့တဲ့ မန်ယူအသင်းရဲ့ ဂန္ထဝင် Super Sub ဆိုးလ်ရှားအကြောင်း လွမ်းမောဖွယ်ရာ သုံးသပ်ချက်။
ဒဏ်ရာနတ်ဆိုးရဲ့ ထပ်တလဲလဲ နှိပ်စက်မှုကို ခံနေရပေမဲ့ ချယ်လ်ဆီးအသင်းအပေါ် သစ္စာရှိရှိနဲ့ အစွမ်းကုန် ပေးဆပ်ချင်နေတဲ့ အသင်းခေါင်းဆောင် ရစ္စဂျိမ်းစ်ရဲ့ စိတ်လှုပ်ရှားဖွယ် ဖြတ်သန်းမှု သမိုင်းကြောင်း။
နည်းပြဟောင်း အာမိုရင်မ်လိုပဲ အားကစားဒါရိုက်တာ ဝီလ်ကော့ဇ်ကို ဒဲ့ဖြဲဝေဖန်လိုက်တဲ့ နောက်ခံလူ မာတီနက်ဇ်နဲ့ ပဲပြုတ်ဖိုးပဲရှိပြီး ဒံပေါက်စားချင်နေတဲ့ မန်ယူဘုတ်အဖွဲ့ရဲ့ စီမံခန့်ခွဲမှု အားနည်းချက်များအကြောင်း သုံးသပ်ချက်။
လူးဝစ်အင်းနရစ်လက်အောက်မှာ ငွေကြေးထက် နည်းစနစ်ပိုင်းနဲ့ လူငယ်စီမံကိန်းကို အားပြုလာပြီး မန်စီးတီးကို ဂိုးပြတ်အနိုင်ယူကာ ချန်ပီယံလိဂ် ၃ နှစ်ဆက်ဗိုလ်စွဲဖို့ ပစ်မှတ်ထားလာတဲ့ PSG အသင်းရဲ့ ခြေစွမ်းသုံးသပ်ချက်။
