Football News

ပရီးမီးယားလိဂ်ရဲ့Big Six ခေတ် ပြီးဆုံးပြီလား?

ပရီးမီးယားလိဂ်ရဲ့Big Six ခေတ် ပြီးဆုံးပြီလား?

ရလဒ်ဆိုးတွေနဲ့ ရုန်းကန်နေရတဲ့ မန်ယူနဲ့ စပါး၊ ဘဏ္ဍာရေးအရှုပ်အထွေးကြောင့် ပြစ်ဒဏ်စောင့်နေရတဲ့ မန်စီးတီးတို့ရဲ့ အခြေအနေတွေကြောင့် အဆုံးသတ်သွားနိုင်တဲ့ ပရီးမီးယားလိဂ် Big Six ခေတ်အကြောင်း သုံးသပ်ချက်။

ပရီးမီးယားလိဂ်မှာ Big Six Era ကို နှစ်ကာလများစွာ မြင်ခဲ့ရတယ်။

နည်းပြပိုချက်တီနိုနဲ့အတူ စပါးအသင်း အင်အားကြီးမားလာချိန်မှာ အာဆင်နယ်၊ ချယ်လ်ဆီး၊ လီဗာပူးလ်၊ မန်ယူ၊ မန်စီးတီးတို့နဲ့အတူ ပရီးမီးယားလိဂ် Big Six Era စတင်ခဲ့တာပါ။

လက်ရှိအချိန်မှာ ပရီးမီးယားလိဂ် Big Six အသင်းတွေထဲ မန်ယူနဲ့ စပါးက အိမ်နိမ့်စံဖြစ်နေလို့ Big Six Era အဆုံးသတ်ပြီဆိုပြီး ယူဆသူတွေရှိပါတယ်။

မန်ယူနဲ့ စပါးအသင်းတို့ရဲ့နေရာတွေကို ဗီလာ၊ ဘရိုက်တန်၊ ဘရန့်ဖို့ဒ်အသင်းတွေက ခြိမ်းခြောက်ခဲ့လို့လည်း အဲဒီယူဆချက်ဟာ အမှန်တရားလို ဖြစ်လာတာပါ။

Big Six Era ကို ပျက်စီးစေမယ့် နောက်ထပ်အချက်က မန်စီးတီးရဲ့ဘဏ္ဍာရေးအရှုပ်အထွေးပါ။

မန်စီးတီးသာ တန်းဆင်းပြစ်ဒဏ် ကျခံရတဲ့အထိ ကြီးကြီးမားမား အရေးယူခံရမယ်ဆိုရင် ပရီးမီးယားလိဂ် Big Six Era အဆုံးသတ်ပါပြီ။

စွမ်းဆောင်ရည်အင်အားအရ Big Six နယ်မြေထဲ ဗီလာ၊ ဘရိုက်တန်၊ ဘရန့်ဖို့ဒ်အသင်းတွေ တိုးဝင်လာပေမယ့် ဘဏ္ဍာရေးအင်အားအရတော့

မန်ယူ၊ မန်စီးတီး၊ အာဆင်နယ်၊ စပါး၊ လီဗာပူးလ်၊ ချယ်လ်ဆီးအသင်းတွေကို မယှဉ်နိုင်သေးပါဘူး။

အဲဒီအသင်းတွေက ဝင်ငွေအကောင်းဆုံးအသင်း ၁၀ သင်းစာရင်းဝင်နေဆဲပါ။

ပြီးခဲ့တဲ့ ဆယ်စုနှစ်တစ်ခုအတွင်းမှာ ပရီးမီးယားလိဂ်ချန်ပီယံဆုကို လက်စတာက ဒဏ္ဍာရီဆန်ဆန် ပိုင်ဆိုင်ခဲ့တာကလွဲလို့

Big Six အသင်းစာရင်းဝင်တွေပဲ ချန်ပီယံဖြစ်ခဲ့ပါတယ်။ ၂၀၁၀-၁၁ ရာသီကနေ ၂၀၁၈-၁၉ ရာသီအတွင်းမှာ

Big Six အသင်းတွေက ပရီးမီးယားလိဂ်အမှတ်ပေးဇယား အဆင့် ၁ ကနေ ၆ အတွင်းနေရာကို ငါးရာသီအထိ သိမ်းပိုက်နိုင်ခဲ့ပါတယ်။

ဒါပေမဲ့ အဲဒီကာလနောက်ပိုင်း ၆ ရာသီမှာတော့ Big Six အသင်းတွေ ပရီးမီးယားလိဂ်အမှတ်ပေးဇယား အဆင့် ၆ အတွင်းဝင်တာ တစ်ရာသီပဲရှိခဲ့တယ်။

စပါးက တန်းမဆင်းရအောင် ရုန်းကန်နေရပြီး မန်ယူကလည်း ခေတ်ပျက်လို့မဆုံးနိုင်လို့ Big Six Era ဟာ အပြောင်းအလဲ ဖြစ်လာတာပါ။

ပြီးခဲ့တဲ့ ၆ ရာသီအတွင်းမှာ မန်စီးတီးရဲ့ပရီးမီးယားလိဂ် Average Position က အဆင့် ၂ ၊ လီဗာပူးလ်နဲ့  အာဆင်နယ်က Average Position အဆင့် ၃၊

မန်ယူနဲ့ ချယ်လ်ဆီးက Average Position အဆင့် ၆ ၊ စပါးက Average Position အဆင့် ၁၀ ဖြစ်ခဲ့ပါတယ်။

Big Six အသင်းတွေရဲ့အင်အားလျော့သွားရတဲ့ အကြောင်းရင်းတစ်ခုက နယူးကာဆယ်ကို ဆော်ဒီစော်ဘွားတွေပိုင်ဆိုင်ခဲ့တာပါ။

ဆော်ဒီတွေပိုင်ဆိုင်ပြီးနောက် ပရီးမီးယားလိဂ်က Big Seven ဖြစ်လာနိုင်တယ်လို့ ထင်ကြေးပေးခဲ့ကြတယ်။

ဒါပေမဲ့ နယူးကာဆယ်က ငွေကြေးသုံးစွဲမှုကို တစ်ရာသီပြီးတစ်ရာသီ ကန့်သတ်လာလို့ Big Seven Era ဖြစ်မလာခဲ့ဘူး။

ဒါပေမဲ့ နယူးကာဆယ်က ဗီလာ၊ ဘရိုက်တန်၊ ဘရန့်ဖို့ဒ်အသင်းတွေလို Big Six အသင်းတွေအတွက် မဟာရန်သူဖြစ်ခဲ့ပါတယ်။

ဘရိုက်တန်အသင်း ကတော့ နယူးကာဆယ်လို ငွေလမ်းမခင်းနိုင်ပေမယ့် Data နဲ့ Scouting ကို အသုံးချပြီး ပါရမီရှင်အသစ်တွေရှာဖွေနိုင်ခဲ့ပါတယ်။

ကိုင်စီဒို၊ ကူကူရယ်လာ၊ မက်အယ်လစ်စတာတို့ကို တန်ဖိုးနည်းနည်းနဲ့ သိမ်းပိုက်ပြီး စံချိန်တင်ရောင်းချခဲ့တယ်။

ဘရိုက်တန်က Player Trading အသင်းအဖြစ် ထင်ရှားလာပြီး ပရီးမီးယားလိဂ်ဖျက်မြင်းဘဝရောက်လာပါတယ်။

ချယ်လ်ဆီး၊ စပါးနဲ့ မန်ယူတို့ရဲ့နည်းပြအပြောင်းအလဲ များတာကလည်း Big Six Era ကို အင်အားနည်းစေတယ်။

၂၀၂၀-၂၁ ရာသီနောက်ပိုင်းမှာ ချယ်လ်ဆီးက နည်းပြ ၇ ဦး၊ စပါးက နည်းပြ ၆ ဦး၊ မန်ယူက နည်းပြ ၅ ဦးအထိအပြောင်းအလဲဖြစ်ပြီး မတည်ငြိမ်ခဲ့ပါဘူး။

ပရီးမီးယားလိဂ်အစ ၁၉၉၂ ခုနှစ်မှာ အာဆင်နယ်၊  အဲဗာတန်၊ လီဗာပူးလ်၊ မန်ယူ၊ စပါးဆိုပြီး 'Big Five' ခေတ် ရှိခဲ့ဖူးတယ်။

အဲဒီနောက် ၁၉၉၄ ခုနှစ်ကနေ ၂၀၀၀ ပြည့်နှစ်ကျော်အစပိုင်းကာလတွေအထိ မန်ယူနဲ့အာဆင်နယ် နှစ်သင်းတည်းကြီးစိုးတဲ့ Big Two ခေတ်မြင်ခဲ့ရတယ်။

အဲဒီနောက် မန်ယူနဲ့အာဆင်နယ် Big Two ခေတ်ကနေ ချယ်လ်ဆီးနဲ့ လီဗာပူးလ်ပါဝင်တဲ့ Big Four ခေတ်၊ ရောက်လာတယ်။

၂၀၁၀-၁၁ ရာသီမှာတော့ Big Six ခေတ်ရောက်ခဲ့တာပါ။ ပြီးခဲ့တဲ့နှစ်တွေအတွင်းမှာ Big Six အသင်းတွေရဲ့

အရှိန်အဝါကျဆင်းလာပြီး ခေတ်အပြောင်းအလဲဖြစ်လာမလားစောင့်ကြည့်ရမယ်။

相关新闻

သံမဏိအရည်ပျော်ချိန်
Football News

သံမဏိအရည်ပျော်ချိန်

နည်းပြဘဝရဲ့ ကြီးမားတဲ့ စိတ်ဖိစီးမှုနဲ့ ကျန်းမာရေးပြဿနာတွေကြောင့် လေ့ကျင့်ရေးကွင်းမှာ ရုတ်တရက် လဲကျခဲ့ရပြီး အနားယူဖို့ လိုအပ်နေတဲ့ ဘိုင်ယန်မြူးနစ်နည်းပြ ကွန်ပနီရဲ့ အခြေအနေ သုံးသပ်ချက်။

阅读更多
လိဂ်တူးအသင်းကို ရှုံးတဲ့ရှက်စရာအာဆင်နယ်
Football News

လိဂ်တူးအသင်းကို ရှုံးတဲ့ရှက်စရာအာဆင်နယ်

အဓိကကစားသမားတွေ ပါဝင်ခဲ့ပေမဲ့ လိဂ်တူးကလပ် ဖလက်ဝုဒ်တောင်းအသင်းကို ပယ်နယ်တီအဆုံးအဖြတ်မှာ ရှုံးနိမ့်ပြီး လိဂ်ဖလားပြိုင်ပွဲကနေ စောစီးစွာ ထွက်ခွာခဲ့ရတဲ့ အာဆင်နယ်အသင်းရဲ့ ရှက်စရာရှုံးပွဲ သုံးသပ်ချက်။

阅读更多
ကာရစ်အတွက် ကံကြမ္မာအသစ်လား..?  အဆုံးသ-တ်ဇာတ်သိမ်းလား..?
Football News

ကာရစ်အတွက် ကံကြမ္မာအသစ်လား..? အဆုံးသ-တ်ဇာတ်သိမ်းလား..?

၈ ပွဲဆက် နိုင်ပွဲပျောက်နေပေမဲ့ နည်းပြရာထူးကနေ မထုတ်ပယ်ခံရသေးဘဲ ချယ်လ်ဆီးနဲ့ပွဲမှာ နောက်ဆုံးအခွင့်အရေး ထပ်မံရရှိလိုက်တဲ့ မန်ယူနည်းပြ မိုက်ကယ်ကာရစ်ရဲ့ ကံကြမ္မာ သုံးသပ်ချက်။

阅读更多

更多新闻

နှုတ်မစောင့်တဲ့လိပ်ကြောင့်ဖြစ်တဲ့ တရုတ်-လာလီဂါ ပဋိပက္ခ
Players News

နှုတ်မစောင့်တဲ့လိပ်ကြောင့်ဖြစ်တဲ့ တရုတ်-လာလီဂါ ပဋိပက္ခ

အင်တာဗျူးတစ်ခုမှာ အမှားအယွင်းပြောဆိုမိခဲ့တဲ့ ဘာပေကြောင့် တရုတ်နိုင်ငံရဲ့ ပြင်းထန်တဲ့ တုံ့ပြန်မှုနဲ့ သပိတ်မှောက်မှုတွေကို ရင်ဆိုင်နေရပြီး ရုပ်သံဈေးကွက် ဆုံးရှုံးမယ့်အရေးနဲ့ ကြုံနေရတဲ့ လာလီဂါအကြောင်း သုံးသပ်ချက်။

阅读更多
ဒေါင်းမန်းနဲ့ စိတ်လိုက်မာန်ပါ လူငယ်တွေအကြောင်း
Players News

ဒေါင်းမန်းနဲ့ စိတ်လိုက်မာန်ပါ လူငယ်တွေအကြောင်း

ဖလက်ဝုဒ်နဲ့ပွဲမှာ အနီကတ်ပြခံရလို့ အာတီတာရဲ့ ဆူပူမှုကို ခံခဲ့ရတဲ့ ဒေါင်းမန်းနဲ့ ရွန်နီ၊ မက်ဆီတို့လို လူငယ်ဘဝမှာ စိတ်လိုက်မာန်ပါ အမှားလုပ်ခဲ့ကြတဲ့ နာမည်ကျော်ကစားသမားတွေအကြောင်း သုံးသပ်ချက်။

阅读更多
ကာရစ်အတွက် ကံကြမ္မာအသစ်လား..?  အဆုံးသ-တ်ဇာတ်သိမ်းလား..?
Football News

ကာရစ်အတွက် ကံကြမ္မာအသစ်လား..? အဆုံးသ-တ်ဇာတ်သိမ်းလား..?

၈ ပွဲဆက် နိုင်ပွဲပျောက်နေပေမဲ့ နည်းပြရာထူးကနေ မထုတ်ပယ်ခံရသေးဘဲ ချယ်လ်ဆီးနဲ့ပွဲမှာ နောက်ဆုံးအခွင့်အရေး ထပ်မံရရှိလိုက်တဲ့ မန်ယူနည်းပြ မိုက်ကယ်ကာရစ်ရဲ့ ကံကြမ္မာ သုံးသပ်ချက်။

阅读更多
ဟာရီကိန်းရဲ့ စင်ဒရဲလားပုံပြင်
Players News

ဟာရီကိန်းရဲ့ စင်ဒရဲလားပုံပြင်

အောက်တန်းလိဂ် အငှားကစားသမားဘဝကနေ ၂၀၂၆ Ballon d'Or ဆုရှင်အဖြစ် အမြင့်ဆုံး ရောက်ရှိလာတဲ့ ဟာရီကိန်းရဲ့ ဒဏ္ဍာရီဆန်တဲ့ ဖြတ်သန်းမှုနဲ့ စပါးအသင်းဆီ ပြန်လာနိုင်ခြေ သုံးသပ်ချက်။

阅读更多
မက်ဆီ၊ စီရော်နယ်လ်ဒိုတို့နဲ့ ဂုဏ်ရည်တူသွားတဲ့ ဂန္ထဝင်ဟာရီကိန်း
Players News

မက်ဆီ၊ စီရော်နယ်လ်ဒိုတို့နဲ့ ဂုဏ်ရည်တူသွားတဲ့ ဂန္ထဝင်ဟာရီကိန်း

ကမ္ဘာ့ဖလားနဲ့ ချန်ပီယံလိဂ် မရဘဲ Ballon d'Or ဆုကို ဆွတ်ခူးနိုင်ခဲ့ပြီး မက်ဆီ၊ စီရော်နယ်လ်ဒိုတို့နဲ့ ဂုဏ်ရည်တူသွားတဲ့ ဂန္ထဝင်တိုက်စစ်မှူး ဟာရီကိန်းရဲ့ စံချိန်တင် သွင်းဂိုးမှတ်တမ်းများအကြောင်း သုံးသပ်ချက်။

阅读更多
မိုက်ကယ်ကာရစ်ရဲ့ Failed Gamble
Football News

မိုက်ကယ်ကာရစ်ရဲ့ Failed Gamble

နည်းစနစ်ကို ဝေဖန်ခဲ့တဲ့ ဘရူနိုဖာနန်ဒက်စ်ကို ပွဲထွက်စာရင်းကနေ ဖယ်ရှားခဲ့ပေမဲ့ ဘုန်းမောက်ကို ဂိုးပြတ်ရှုံးနိမ့်ပြီး (၈) ပွဲဆက် နိုင်ပွဲပျောက်ခဲ့တဲ့ မန်ယူနည်းပြ မိုက်ကယ်ကာရစ်ရဲ့ ကျရှုံးသွားတဲ့ စွန့်စားခန်း။

阅读更多

Official Channels

ONEX2 banner