သွင်းဂိုးအများဆုံးနဲ့ တိုက်စစ်အကောင်းဆုံး PSG နဲ့ ဘာစီလိုနာတို့ ထိပ်တိုက်တွေ့ဆုံမယ့် ချန်ပီယံလိဂ် ပွဲကြိုသုံးသပ်ချက်နဲ့အတူ Ballon d'Or ဆုအတွက် ရေပန်းစားနေတဲ့ ဒမ်ဘီလီနဲ့ ယမားလ်တို့ရဲ့ အားပြိုင်မှု။
PSG နဲ့ ဘာစီလိုနာပွဲက လက်ရှိရာသီချန်ပီယံလိဂ်ရဲ့ ဖျော်ဖြေမှုအပေးနိုင်ဆုံးပွဲဖြစ်လာပါလိမ့်မယ်။
Free-scoring အသင်းနှစ်သင်းရဲ့ Battle ဖြစ်လို့ သွင်းဂိုးတွေ အများကြီးမြင်ရလိမ့်မယ်လို့ ပရိသတ်တွေ မျှော်လင့်နေကြပါတယ်။
ပြီးခဲ့တဲ့ရာသီမှာ ဒီနှစ်သင်းတွေ့တော့ PSG အသင်းက နှစ်ဂိုးတစ်ဂိုးနဲ့ အနိုင်ရပြီး ချန်ပီယံလိဂ်အောင်ပွဲကို နှစ်ရာသီဆက် ကျော်ဖြတ်နိုင်ခဲ့ပါတယ်။
လွန်ခဲ့တဲ့သုံးရာသီအကြာ ချန်ပီယံလိကွာတားဖိုင်နယ်မှာ တွေ့တော့လည်း PSG ကပဲ အနိုင်ယူခဲ့ဖူးတယ်။ ဒီတစ်ခါမှာရော PSG အသင်း အသာစီးရဦးမလား။
၂၀၂၅ ဖီဖာကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲကစတင်ပြီး ဘာစီလိုနာနဲ့ PSG အသင်းက ဥရောပထိပ်တန်းလိဂ် (၅)ခုမွာ သွင်းဂိုးအများဆုံးနှစ်သင်း ဖြစ်ခဲ့ပါတယ်။
အဲဒီကာလအတွင်းမှာ ဘာစီလိုနာက (၆၈) ပွဲကစားပြီး တစ်ပွဲပျမ်းမျှ (၂ ဒသမ ၈၂) ဂိုးနဲ့ ၁၉၂ ဂိုး၊ PSG က (၆၇) ပွဲကစားပြီး
တစ်ပွဲပျမ်းမျှ (၂ ဒသမ ၃) ဂိုးနဲ့ ၁၅၄ ဂိုးသွင်းယူထားပါတယ်။
ဒီနှစ်သင်းက သက်ဆိုင်ရာလိဂ်ပြိုင်ပွဲတွေမှာလည်း လွှမ်းမိုးထားပါတယ်။ ပြီးခဲ့တဲ့ ပြင်သစ်လီဂူး (၁၄) ရာသီမွာ PSG အသင်းက ၁၂ ကြိမ်ချန်ပီယံဖြစ်ထားပါတယ်။
ဘာစီလိုနာအသင်းက လာလီဂါနောက်ဆုံး (၄) ရာသီမွာ (၃)ရာသီအထိ ချန်ပီယံဖြစ်ထားပါတယ်။ PSG အသင်းက ပြည်တွင်းမှာသာမကဘဲ
ဥေရာပကိုပါ လွှမ်းမိုးလာပါတယ်။ ချန်ပီယံလိဂ်သမိုင်းတစ်လျှောက် ရီးယဲလ်တစ်သင်းပဲ ပိုင်ဆိုင်ဖူးတဲ့ သုံးရာသီဆက် ချန်ပီယံ ဂုဏ်ဒြပ်ကို မျှော်လင့်ခွင့်ရှိနေတာပါ။
ပြီးခဲ့တဲ့ရာသီဥရောပထိပ်တန်းလိဂ် (၅)ခုမွာ PSG က တစ်ပွဲပျမ်းမျှ (xG) (၂ ဒသမ ၅၆)၊ ဘာစီလိုနာက တစ်ပွဲပျမ်းမျှ (xG) (၂ ဒသမ ၂၂)နဲ့
ဘိုင်ယန်မြူးနစ်ပြီးရင် အကောင်းဆုံးအသင်းတွေ ဖြစ်နေတာပါ။
ဒီနှစ်သင်းကြားမှာ တိုက်စစ်ထက်မြက်တာတူညီနေသလို၊ နောက်ထပ်ဆက်နွယ်မှုတစ်ခုလည်း ရှိနေပါတယ်။
PSG-Barca ဆက်နွယ်မှုလို့ ခေါင်းစဉ်တပ်လို့ရပါတယ်။ PSG ဟာ ဘာစီလိုနာဟန်ဖြစ်နေပြီး ဒါဟာ နည်းပြ လူး၀စ်အင်းနရစ်ဆီကနေ အမွေအနှစ်ပိုင်ဆိုင်ခဲ့တာပါ။
လူး၀စ်အင်းနရစ်က ဘာစီလိုနာကစားသမားအဖြစ် ၁၉၉၆ ခုနှစ်ကနေ ၂၀၀၄ ခုနှစ်အတွင်း၊ ဘာစီလိုနာအသင်းနည်းပြအဖြစ် ၂၀၁၄ ခုနှစ်ကနေ ၂၀၁၇ ခုနှစ်အတွင်း ရှိခဲ့တာပါ။
ဘာစီလိုနာနဲ့အတူ အောင်ပွဲများစွာရရှိဖူးသူ အန်းနရစ်က PSG အသင်းအတွက် ခေတ်သစ်စတင်ပေးခဲ့တယ်။
PSG အသင်းတစ်ဘ၀လုံးမျှော်လင့်နေတဲ့ ခ်န္ပီယံလိဂ္ဖလား ရယူပေးခဲ့တယ်။
အန်းနရစ်လိုပဲ ဘာစီလိုမြို့ကနေ ပါရီမြို့ဆီရောက််လာပြီး PSG ရဲ့ ဂုဏ်သိက္ခာကို မြှင့်တင်ပေးခဲ့သူက ဒမ်ဘီလီပါ။
ဒမ်ဘီလီက ဆေးရုံအုပ်ကြီးဘ၀ကနေ ကမ္ဘာ့အကောင်းဆုံးကစားသမားဆုရတဲ့အထိ ပါရီမြို့မှာ ပြောင်းလဲခဲ့တာပါ.။
အခုပြဲမွာ နောက်ထပ်စောင့်ကြည့်ရမယ့်အချက်က Ballon d'Or အားပြိုင်ပွဲပါ။ ၂၀၂၅ Ballon d'Or စာရင်းမှာ ပါ၀င်တဲ့ အကောင်းဆုံးကစားသမား (၁၄)ဦးထဲမွာ
ဘာစီလိုနာနဲ့ PSG ကစားသမား (၈) ဦးအထိ ပါ၀င်ခဲ့တယ်။ လာမယ့် တနင်္လာနေ့မှာ ကျင်းပမယ့် Ballon d'Or ဆုပေးပွဲအတွက်
အကောင်းဆုံးကစားသမား (၃၀)ဦးစာရင်းမှာလည်း ဘာစီလိုနာနဲ့ PSG ကစားသမား ၁၃ ဦးအထိ ပါ၀င်နေတယ်။
ဒမ်ဘီလီနဲ့ ယမားလ္က ဆုရရှိမယ့်သူတွေအဖြစ် ရေပန်းစားနေပါတယ်။
PSG နဲ့ ဘာစီလိုနာပွဲက လက်ရှိရာသီချန်ပီယံလိဂ်ရဲ့ ဖျော်ဖြေမှုအပေးနိုင်ဆုံးပွဲဖြစ်လာနိုင်သလို၊
Ballon d'Or အကြို ဒမ်ဘီလီနဲ့ ယမားလ်တို့ရဲ့ အားပြိုင်ပွဲလည်း ဖြစ်လာပါလိမ့်မယ်။