Football News

လှောင်ရယ်သံတွေကို နိုင်ပွဲနဲ့ တိတ်ဆိတ်စေတဲ့မန်စီးတီး

လှောင်ရယ်သံတွေကို နိုင်ပွဲနဲ့ တိတ်ဆိတ်စေတဲ့မန်စီးတီး

ဘဏ္ဍာရေးအရှုပ်အထွေးတွေကြောင့် လီဗာပူးလ်ပရိသတ်တွေရဲ့ ပြင်းပြင်းထန်ထန် လှောင်ပြောင်မှုတွေကို ခံခဲ့ရပေမဲ့ အန်ဖီးလ်ကွင်းမှာ အကောင်းဆုံး တုံ့ပြန်အနိုင်ယူပြခဲ့တဲ့ မန်စီးတီးအသင်းရဲ့ ပွဲစဉ်သုံးသပ်ချက်။

မန်စီးတီးအတွက် လှောင်ရယ်သံတွေ နားမဆံ့နိုင်အောင်ပါပဲ။ အန်ဖီးလ်ဟာမန်စီးတီးအတွက်ဘောလုံးကွင်းမဟုတ်၊

အန်ဖီးလ်ဟာ မန်စီးတီးအတွက် ငရဲခန်းလိုမျိုး ကြိုဆိုခဲ့တယ်။

အန်ဖီးလ်ကွင်းက လီဗာပူးလ်ပရိသတ်တွေဟာ မန်စီးတီးကို လူလိမ်တွေဆိုပြီးတစ်ချိန်လုံးအော်ဟစ် လှောင်ပြောင်ခဲ့တယ်။

ပြီးတော့လီဗာပူးလ်ပရိသတ်တွေရဲ့လက်ထဲမှာ " အရာအားလုံးကို ဓားပြတိုက်ခဲ့သူတွေ" ၊ " လူလိမ်မျိုးဆက်ပရိသတ်တွေ" လို့ အဓိပ္ပာယ်ရမယ့်

စာသားပါဆိုင်းဘုတ်တွေ ကိုင်ဆောင်ပြီး မန်စီးတီးရဲ့ဘဏ္ဍာရေးအရှုပ်အထွေးကို ဆန္ဒပြခဲ့တယ်။

အဲဒီအခြေအနေကြောင့် မန်စီးတီးကစားသမားတွေ ရှက်တတ်ရင် လဲေ-သသွားနိုင်ပါတယ်။

ဒါပေမဲ့ မန်စီးတီးကစားသမားတွေက ကိုယ်လုပ်စရာရှိတာ အကောင်းဆုံးလုပ်ပြခဲ့တယ်။

ဘဏ္ဍာရေးအရှုပ်အထွေးအတွက် အရေးယူမခံမရမချင်း မန်စီးတီးကို တရားခံလို ဆက်ဆံခွင့်မရှိပါဘူး။

ဥပဒေကြောင်းအရ မန်စီးတီးအသင်းက သံသယအကျိုး ခံစားခွင့်ရှိပါတယ်။

ဘောလုံးသမားကဘောလုံးသမားအလုပ်လုပ်၊ တရားသူကြီးကတရားသူကြီးအလုပ်လုပ်၊ လူဆိုတာကိုယ့်အလုပ်ကိုယ်အကောင်းဆုံးလုပ်ရမယ် မဟုတ်လား။

မန်စီးတီးကစားသမားတွေက အဲဒီလိုခံယူချက်နဲ့လီဗာပူးလ်ကို အနိုင်ယူပြခဲ့တယ်။

တကယ်လို့မန်စီးတီးက အပြစ်လုပ်ထားတယ်ဆိုလည်း လက်ရှိမန်စီးတီးကစားသမားတွေနဲ့ တိုက်ရိုက်မသက်ဆိုင်ပါဘူး။

ဒီနေရာမှာ ဥပမာတစ်ခုပေးချင်တယ်။ ၂၀၀၆ စီးရီးအေလုပ်ပွဲအရှုပ်တော်ပုံကြောင့် ဂျူဗင်တပ်စ်အသင်းတန်းဆင်းခဲ့ရတယ်။

ဂျူဗင်တပ်စ်အသင်းထိပ်တန်းတာဝန်ရှိသူတွေက လုပ်ပွဲကျုးလွန်ခဲ့တာဖြစ်လို့ ဂျူဗင်တပ်စ်ကစားသမားတွေနဲ့ တိုက်ရိုက်မသက်ဆိုင်ခဲ့ဘူး။

တန်းဆင်းရပြီးနောက် ဂျူဗင်တပ်စ်ကစားသမားတွေက အသင်းနဲ့အတူ ရပ်တည်ခဲ့တယ်။ တန်းဆင်းငရဲကို အတူဖြတ်သန်းခဲ့ပြီး

စီးရီးအေဆီပြန်လည်ရောက်ရှိအောင်အတူရုန်းကန်ခဲ့ကြပါတယ်။ မန်စီးတီးကစားသမားတွေရဲ့စိတ်ကလည်းအဲဒီလိုမျိုးဖြစ်နေနိုင်ပါတယ်။

မန်စီးတီးအတွက်ပေးဆပ်လိုစိတ်ဟာ အမြင့်ဆုံး ဖြစ်နေကြပါတယ်။ လီဗာပူးလ်နဲ့ပွဲမှာ တစ်ဂိုးသွင်းခဲ့သူ ဟာလန်းက

ပွဲအပြီးမှာမန်စီးတီးပရိသတ်တွေကို နှုတ်ဆက်တော့ မျက်ရည်တွေဝဲတဲ့အထိ စိတ်လှုပ်ရှားနေတယ်။

ဟာလန်းက " မန်စီးတီးနဲ့သက်ဆိုင်သူအားလုံးအတွက်၊ မန်စီးတီးပရိသတ်တွေအားလုံးအတွက် အခုနိုင်ပွဲဟာ ချိုမြိန်လွန်းပါတယ်။

ခက်ခဲကြမ်းတမ်းတဲ့ အချိန်မှာ ကျွန်တော်တို့က အံ့မခန်းစရိုက်လက္ခဏာကို ပြသခဲ့တာပါ။

အန်ဖီးလ်ကွင်းက မန်စီးတီးအတွက်ခက်ခဲတဲ့ကွင်းပါ။ ဂွာဒီယိုလာ-ယာဂန်ကလော့ပ် အားပြိုင်ပွဲနဲ့အတူ နှစ်သင်းစလုံးအတွက်ခက်ခဲခဲ့ပါတယ်။

အန်ဖီးလ်မှာ ခိုင်မာတဲ့စိတ်ဓာတ်နဲ့အတူတကွတည်ရှိနေမှသာ အောင်ပွဲရမှာပါ။ ကျွန်တော်တို့အကောင်းဆုံးကစားပြီးအတူတကွတိုက်ပွဲဝင်ခဲ့ကြပါတယ်။

အဲဒီအရာက ကျွန်တော်တို့လုပ်နိုင်တဲ့တစ်ခုတည်းသော အရာပါ" လို့ ပြောခဲ့တယ်။

မန်စီးတီးနည်းပြမာရက်စ်ကာကလည်း "မန်စီးတီးကို ဝေဖန်သံတွေကဆူညံလွန်းပါတယ်။ အဲဒီအသံတွေကို

နိုင်ပွဲယူပြပြီးတိတ်ဆိတ်စေမှာပါ" လို့ပြောပါတယ်။

မန်စီးတီးက ဘဏ္ဍာရေးအရှုပ်အထွေးကြောင့် အနာဂတ်မှာ ဘာဖြစ်လာမလဲဆိုတပွဲစလိုက်ပေမယ့်

ကိုယ်လုပ်ရမယ့်အလုပ်ကိုအကောင်းဆုံးလုပ်ပြနေတယ်။

လက်ရှိရာသီ ပရီးမီးယားလိဂ်မှာ ၆ ပွဲစလုံးအနိုင်ရပြီး ထိပ်ဆုံးကနေ ထည်ဝါစွာ ရပ်တည်နေပါတယ်။

Related News

မော်ရင်ဟိုက လုပ်ချလိုက်ပြန်ပြီ
Football News

မော်ရင်ဟိုက လုပ်ချလိုက်ပြန်ပြီ

ဗင်နီစီယက်စ်ရဲ့ သွင်းဂိုးကို ပယ်ဖျက်ပြီး အနီကတ်ပြခဲ့တဲ့ ဒိုင်လူကြီးရဲ့ ဆုံးဖြတ်ချက်ကို မကျေနပ်လို့ သတင်းစာရှင်းလင်းပွဲ မတက်ဘဲ ဆန္ဒပြခဲ့တဲ့ ရီးယဲလ်နည်းပြ မော်ရင်ဟိုအကြောင်း။

Read more
၃၈ ပွဲကစား ၃၈ မှတ်ဆိုရင် တန်းဆင်းရလိမ့်မယ် မန်ယူ
Football News

၃၈ ပွဲကစား ၃၈ မှတ်ဆိုရင် တန်းဆင်းရလိမ့်မယ် မန်ယူ

ယာယီနည်းပြဘဝကနေ အမြဲတမ်းနည်းပြဖြစ်လာပြီးနောက် ဖာဂူဆန်ခေတ်လွန် အဆိုးရွားဆုံး ရာသီအစမှတ်တမ်းနဲ့အတူ ရာထူးပြုတ်နိုင်တဲ့ ဖိအားတွေကြားက တန်းဆင်းအန္တရာယ်ရှိနေတဲ့ မိုက်ကယ်ကာရစ်ရဲ့ မန်ယူအသင်း သုံးသပ်ချက်။

Read more
အာဆင်နယ်ကို အနိုင်ရမယ့် နည်းလမ်း
Football News

အာဆင်နယ်ကို အနိုင်ရမယ့် နည်းလမ်း

ပြီးခဲ့တဲ့ရာသီက ပရီးမီးယားလိဂ် ချန်ပီယံဖြစ်ခဲ့တဲ့ အာဆင်နယ်အသင်းဟာ 3-1-6 ကစားဟန်အသစ်ကို စမ်းသပ်နေပေမဲ့ ဘရိုက်တန်ရဲ့ High Intensity ကစားဟန်အောက်မှာ ဂိုးပြတ်ရှုံးနိမ့်ခဲ့ရတဲ့ နည်းဗျူဟာ သုံးသပ်ချက်။

Read more

More News

လီဗာပူးလ်ရဲ့တိုက်စစ်ဒုက္ခ
Football News

လီဗာပူးလ်ရဲ့တိုက်စစ်ဒုက္ခ

ဘဏ္ဍာရေးအရှုပ်အထွေးကြောင့် ဖိအားဝင်နေတဲ့ မန်စီးတီးအသင်းနဲ့ အီဆက်ခ်၊ ဂတ်ပိုတို့ ဒဏ်ရာရနေလို့ တိုက်စစ်ပိုင်း ပြဿနာတက်နေတဲ့ နည်းပြ အီရာအိုလာရဲ့ လီဗာပူးလ်တို့ ရင်ဆိုင်ရမယ့် ပွဲကြိုသုံးသပ်ချက်။

Read more
ဟာရီကိန်းကို အင်္ဂလန်နဲ့အတူ ချန်ပီယံဖြစ်စေချင်တယ်
Players News

ဟာရီကိန်းကို အင်္ဂလန်နဲ့အတူ ချန်ပီယံဖြစ်စေချင်တယ်

အင်္ဂလန်အသင်းသမိုင်းတစ်လျှောက် ပွဲအများဆုံး စံချိန်နဲ့ သွင်းဂိုးအများဆုံး စံချိန်တွေကို ပိုင်ဆိုင်ထားပြီး အင်္ဂလန်နဲ့အတူ ဆုဖလားတစ်ခု ထိုက်ထိုက်တန်တန် ရသင့်နေပြီဖြစ်တဲ့ ဟာရီကိန်းအကြောင်း။

Read more
လက်ရွေးစင်အသင်းအတွက် ကစားပေးရင်း ဒဏ်ရာရရင် လျော်ကြေးဘယ်လောက်ရလဲ ?
Football News

လက်ရွေးစင်အသင်းအတွက် ကစားပေးရင်း ဒဏ်ရာရရင် လျော်ကြေးဘယ်လောက်ရလဲ ?

နိုင်ငံတကာပွဲစဉ်တွေကြောင့် ကစားသမားတွေ ဒဏ်ရာရရှိမှု များပြားလာတဲ့ ပြဿနာနဲ့ ဖီဖာ (FIFA) ဆီကနေ ကလပ်အသင်းတွေ လျော်ကြေးတောင်းခံနိုင်မယ့် အခွင့်အရေးများအကြောင်း သုံးသပ်ချက်။

Read more
ပတ်ဒရီရဲ့အရင်ကဇာတ်လမ်းလေး (၂)
Players News

ပတ်ဒရီရဲ့အရင်ကဇာတ်လမ်းလေး (၂)

ဘာစီလိုနာ လေ့ကျင့်ရေးကွင်းကို ပထမဆုံးရောက်ချိန် မက်ဆီရဲ့ နွေးထွေးစွာ ကြိုဆိုမှု၊ ရော်နယ်ကိုးမန်းရဲ့ ယုံကြည်မှုတို့နဲ့အတူ ငယ်ဘဝအိပ်မက်တွေ အကောင်အထည်ပေါ်လာခဲ့တဲ့ ပတ်ဒရီရဲ့ စိတ်ဝင်စားဖွယ် ဇာတ်ကြောင်း အပိုင်း (၂)။

Read more
စီရော်နယ်လ်ဒို ပြန်လာခွင့်ရှိပါတယ်
Players News

စီရော်နယ်လ်ဒို ပြန်လာခွင့်ရှိပါတယ်

ပွဲကစားခွင့်မရလို့ အသင်းကနေ ထွက်ခွာသွားတဲ့ စီရော်နယ်လ်ဒိုကို ပြန်လာဖို့ တံခါးဖွင့်ထားဆဲဖြစ်ပေမဲ့ ပွဲထွက်ခွင့်ကိုတော့ အာမခံမှာမဟုတ်ဘူးလို့ ပြောဆိုလိုက်တဲ့ ပေါ်တူဂီနည်းပြ ဂျီးဆပ်ရဲ့ သဘောထားမှတ်ချက်။

Read more
မန်ယူက ဖာဂူဆန်ရဲ့အသက်ရှည်ဆေး
Football News

မန်ယူက ဖာဂူဆန်ရဲ့အသက်ရှည်ဆေး

ဦးနှောက်သွေးကြောပေါက်တဲ့ ကျန်းမာရေးအကျပ်အတည်းကနေ ရုန်းထွက်နိုင်ခဲ့ပြီး မန်ယူအသင်းကို အသက်ရှည်ဆေးတစ်ခွက်လို မှီဝဲနေတဲ့ ဂန္ထဝင်နည်းပြကြီး ဆာအဲလက်စ်ဖာဂူဆန်ရဲ့ စိတ်လှုပ်ရှားဖွယ်ရာ ဇာတ်ကြောင်း။

Read more

Official Channels

ONEX2 banner