သံမဏိအရည်ပျော်ချိန်
နည်းပြဘဝရဲ့ ကြီးမားတဲ့ စိတ်ဖိစီးမှုနဲ့ ကျန်းမာရေးပြဿနာတွေကြောင့် လေ့ကျင့်ရေးကွင်းမှာ ရုတ်တရက် လဲကျခဲ့ရပြီး အနားယူဖို့ လိုအပ်နေတဲ့ ဘိုင်ယန်မြူးနစ်နည်းပြ ကွန်ပနီရဲ့ အခြေအနေ သုံးသပ်ချက်။
ဘဏ္ဍာရေးအရှုပ်အထွေးကြောင့် ဖိအားဝင်နေတဲ့ မန်စီးတီးအသင်းနဲ့ အီဆက်ခ်၊ ဂတ်ပိုတို့ ဒဏ်ရာရနေလို့ တိုက်စစ်ပိုင်း ပြဿနာတက်နေတဲ့ နည်းပြ အီရာအိုလာရဲ့ လီဗာပူးလ်တို့ ရင်ဆိုင်ရမယ့် ပွဲကြိုသုံးသပ်ချက်။
လီဗာပူးလ်နဲ့ပွဲမတိုင်ခင် မန်စီးတီးက ဒုက္ခများနေတယ်။
ဘဏ္ဍာရေးအရှုပ်အထွေးကြောင့် အရေးယူခံရဖို့ သေချာသလောက်ဖြစ်လာပြီးနောက် ပထမဆုံးကစားမယ့်ပွဲပါ။
ဘဏ္ဍာရေးအရှုပ်အထွေး ပြဿနာက မန်စီးတီးရဲ့စွမ်းဆောင်ရည်ကို သက်ရောက်မှုရှိနိုင်ပါတယ်။
ဒါက မန်စီးတီးရဲ့ဒုက္ခဖြစ်ပြီး လီဗာပူးလ်ရဲ့ ကိုယ်ပိုင်ဒုက္ခကတိုက်စစ်ချည့်နဲ့နေတာပါ။
မန်စီးတီးနဲ့ပွဲမှာ အီဆက်ခ်၊ ဂတ်ပိုတို့ မကစားနိုင်တာ လီဗာပူးလ်အတွက် ကြီးမားတဲ့ဒုက္ခဖြစ်ပါတယ်။
သူတို့နှစ်ဉီးက လက်ရှိရာသီပရီးမီးယားလိဂ်မှာ လီဗာပူးလ်တိုက်စစ်ရဲ့အသက်သွေးကြောပါ။
အီဆက်ခ်က လေးဂိုး၊ ဂတ်ပိုက တစ်ဂိုးသွင်းထားတာပါ။ ဂတ်ပိုကသွင်းဂိုးအပြင် ဂိုးဖန်တီးမှု ၃ ကြိမ်ပါ လုပ်ထားတယ်။
လီဗာပူးလ်တိုက်စစ်မှာ အီကီတီကီကလည်း ကာလရှည် နားနေရလို့ မန်စီးတီးနဲ့ပွဲမှာ ဘယ်သူဉီးဆောင်လာမလဲ စိုးရိမ်စရာကောင်းနေပါတယ်။
လီဗာပူးလ်တိုက်စစ်မှာ ဘာကိုလာ၊ အန်ဂူမိုဟာ၊ မူနော့ဇ်တို့လို Wide attacking player တွေရှိပေမယ့် No. 9 ကစားသမားမရှိပါဘူး။
လူငယ်တိုက်စစ်မှူး ကူမက်စ်တစ်ယောက်ပဲ No. 9 ကစားသမားရှိပါတယ်။
လီဗာပူးလ်နည်းပြ အီရာအိုလာကတော့ ကူမက်စ်ကို ယုံကြည်စိတ်အပြည့်ရှိနေသလို၊ ဘာကိုလာ၊ အန်ဂူမိုဟာ၊
မူနော့ဇ်တို့က False 9 ကစားနိုင်တယ်လို့လည်း ယုံကြည်ထားတယ်။
အီရာအိုလာလက်ထက်မှာ လီဗာပူးလ်က ၇ ပွဲကစားပြီးချိန်အထိ ရှုံးပွဲမရှိသေးပေမယ့် စွမ်းဆောင်ရည်က အားရစရာမရှိပါဘူး။
အထူးသဖြင့်ဆာလာမရှိချိန်မှာ လီဗာပူးလ်တိုက်စစ်က ဖျော်ဖြေမှုမပေးနိုင်တော့ဘူး။
အခု လီဗာပူးလ်တိုက်စစ်က ဒဏ်ရာပြဿနာကြောင့် ဒုက္ခများနေပါပြီ။ ပြိုင်ဘက်က လက်ရှိရာသီပရီးမီးယားလိဂ်မှာ
၅ ပွဲဆက်အနိုင်ရထားတဲ့ မန်စီးတီးဖြစ်နေလို့ တိုက်စစ်လူမစုံတာ လီဗာပူးလ်အတွက် စိုးရိမ်စရာပါ။
ဘဏ္ဍာရေးအရှုပ်အထွေးကြောင့် တစ်ရွာလုံးနဲ့တစ်ယောက်လို ပြစ်တင်တာခံနေရတဲ့ မန်စီးတီးက မခံချင်စိတ်နဲ့ တုံ့ပြန်လာနိုင်တာကလည်း
လီဗာပူးလ်အတွက် သတိထားစရာပါ။
နည်းပြဘဝရဲ့ ကြီးမားတဲ့ စိတ်ဖိစီးမှုနဲ့ ကျန်းမာရေးပြဿနာတွေကြောင့် လေ့ကျင့်ရေးကွင်းမှာ ရုတ်တရက် လဲကျခဲ့ရပြီး အနားယူဖို့ လိုအပ်နေတဲ့ ဘိုင်ယန်မြူးနစ်နည်းပြ ကွန်ပနီရဲ့ အခြေအနေ သုံးသပ်ချက်။
အဓိကကစားသမားတွေ ပါဝင်ခဲ့ပေမဲ့ လိဂ်တူးကလပ် ဖလက်ဝုဒ်တောင်းအသင်းကို ပယ်နယ်တီအဆုံးအဖြတ်မှာ ရှုံးနိမ့်ပြီး လိဂ်ဖလားပြိုင်ပွဲကနေ စောစီးစွာ ထွက်ခွာခဲ့ရတဲ့ အာဆင်နယ်အသင်းရဲ့ ရှက်စရာရှုံးပွဲ သုံးသပ်ချက်။
၈ ပွဲဆက် နိုင်ပွဲပျောက်နေပေမဲ့ နည်းပြရာထူးကနေ မထုတ်ပယ်ခံရသေးဘဲ ချယ်လ်ဆီးနဲ့ပွဲမှာ နောက်ဆုံးအခွင့်အရေး ထပ်မံရရှိလိုက်တဲ့ မန်ယူနည်းပြ မိုက်ကယ်ကာရစ်ရဲ့ ကံကြမ္မာ သုံးသပ်ချက်။
အင်တာဗျူးတစ်ခုမှာ အမှားအယွင်းပြောဆိုမိခဲ့တဲ့ ဘာပေကြောင့် တရုတ်နိုင်ငံရဲ့ ပြင်းထန်တဲ့ တုံ့ပြန်မှုနဲ့ သပိတ်မှောက်မှုတွေကို ရင်ဆိုင်နေရပြီး ရုပ်သံဈေးကွက် ဆုံးရှုံးမယ့်အရေးနဲ့ ကြုံနေရတဲ့ လာလီဂါအကြောင်း သုံးသပ်ချက်။
ဖလက်ဝုဒ်နဲ့ပွဲမှာ အနီကတ်ပြခံရလို့ အာတီတာရဲ့ ဆူပူမှုကို ခံခဲ့ရတဲ့ ဒေါင်းမန်းနဲ့ ရွန်နီ၊ မက်ဆီတို့လို လူငယ်ဘဝမှာ စိတ်လိုက်မာန်ပါ အမှားလုပ်ခဲ့ကြတဲ့ နာမည်ကျော်ကစားသမားတွေအကြောင်း သုံးသပ်ချက်။
၈ ပွဲဆက် နိုင်ပွဲပျောက်နေပေမဲ့ နည်းပြရာထူးကနေ မထုတ်ပယ်ခံရသေးဘဲ ချယ်လ်ဆီးနဲ့ပွဲမှာ နောက်ဆုံးအခွင့်အရေး ထပ်မံရရှိလိုက်တဲ့ မန်ယူနည်းပြ မိုက်ကယ်ကာရစ်ရဲ့ ကံကြမ္မာ သုံးသပ်ချက်။
အောက်တန်းလိဂ် အငှားကစားသမားဘဝကနေ ၂၀၂၆ Ballon d'Or ဆုရှင်အဖြစ် အမြင့်ဆုံး ရောက်ရှိလာတဲ့ ဟာရီကိန်းရဲ့ ဒဏ္ဍာရီဆန်တဲ့ ဖြတ်သန်းမှုနဲ့ စပါးအသင်းဆီ ပြန်လာနိုင်ခြေ သုံးသပ်ချက်။
ကမ္ဘာ့ဖလားနဲ့ ချန်ပီယံလိဂ် မရဘဲ Ballon d'Or ဆုကို ဆွတ်ခူးနိုင်ခဲ့ပြီး မက်ဆီ၊ စီရော်နယ်လ်ဒိုတို့နဲ့ ဂုဏ်ရည်တူသွားတဲ့ ဂန္ထဝင်တိုက်စစ်မှူး ဟာရီကိန်းရဲ့ စံချိန်တင် သွင်းဂိုးမှတ်တမ်းများအကြောင်း သုံးသပ်ချက်။
နည်းစနစ်ကို ဝေဖန်ခဲ့တဲ့ ဘရူနိုဖာနန်ဒက်စ်ကို ပွဲထွက်စာရင်းကနေ ဖယ်ရှားခဲ့ပေမဲ့ ဘုန်းမောက်ကို ဂိုးပြတ်ရှုံးနိမ့်ပြီး (၈) ပွဲဆက် နိုင်ပွဲပျောက်ခဲ့တဲ့ မန်ယူနည်းပြ မိုက်ကယ်ကာရစ်ရဲ့ ကျရှုံးသွားတဲ့ စွန့်စားခန်း။
