Players News

စီရော်နယ်လ်ဒို ပြန်လာခွင့်ရှိပါတယ်

စီရော်နယ်လ်ဒို ပြန်လာခွင့်ရှိပါတယ်

ပွဲကစားခွင့်မရလို့ အသင်းကနေ ထွက်ခွာသွားတဲ့ စီရော်နယ်လ်ဒိုကို ပြန်လာဖို့ တံခါးဖွင့်ထားဆဲဖြစ်ပေမဲ့ ပွဲထွက်ခွင့်ကိုတော့ အာမခံမှာမဟုတ်ဘူးလို့ ပြောဆိုလိုက်တဲ့ ပေါ်တူဂီနည်းပြ ဂျီးဆပ်ရဲ့ သဘောထားမှတ်ချက်။

ပေါ် တူဂီအသင်းနည်းပြ ဂျီးဆပ်က စီရော်နယ်လ်ဒို ပြန်လာမယ်ဆိုရင် တံခါးဖွင့်ထားဆဲလို့ ပြောလိုက်ပါတယ်။

အသက် ၄၁ နှစ်အရွယ် စီရော်နယ်လ်ဒိုက နော်ဝေအသင်းနဲ့နေးရှင်းလိဂ်ပထမပွဲမှာ လေ့ကျင့်ခန်း ဆင်းပြီးမှ

လူစားဝင်ကစားခွင့်မရလို့ စိတ်ပျက်ဒေါသထွက်ကာ ပေါ် တူဂီအသင်းကနေ ထွက်ခွာခဲ့ပါတယ်။

စီရော်နယ်လ်ဒိုက ပေါ် တူဂီအသင်းအတွက် ပွဲပေါင်း ၂၃၄ ပွဲ၊ သွင်းဂိုးပေါင်း ၁၄၆ ဂိုးအထိ စံချိန်တင်သွင်းယူထားသူပါ။

ဒါပေမဲ့ နည်းပြ ဂျီးဆပ်လက်ထက်မှာ ပွဲထွက်ခွင့်ပျောက်ဆုံးပြီး ပေါ်တူဂီကစားသမားဘဝဇာတ်သိမ်းမလှမယ့်အခြေအနေ ဖြစ်လာတယ်။

ဂျီးဆပ်နဲ့ စီရော်နယ်လ်ဒိုက အယ်လ်နာဆာအသင်းနဲ့အတူ ဆုဖလားတွေအတူယူဖူးလို့ ပေါ်တူဂီအသင်းမှာလည်း လက်တွဲညီမယ်လို့မျှော်လင့်ခဲ့ကြတာပါ။

ဒါပေမဲ့ အခြေအနေတွေကတင်းမာခဲ့ပြီး ပေါ်တူဂီအတွက် စီရော်နယ်လ်ဒိုထပ်ကစားဖို့ မရေမရာဖြစ်လာတယ်။

ဂျီးဆပ်က စီရော်နယ်လ်ဒိုကို  လေ့ကျင့်ခန်းဆင်းခိုင်းပြီးမှ မကစားခိုင်းတာက နည်းပြတစ်ယောက်ရဲ့လုပ်ပိုင်ခွင့်လို့ ပြောကာ သဘောထားတင်းမာခဲ့ပါတယ်။

အခုအခါမှာတော့ ဂျီးဆပ်က " သူပြန်ကစားချင်တယ်ဆိုရင် လက်ရွေးစက်အသင်းဆီပြန်လာနိုင်ပါတယ်။

နောက်တစ်ခါ လူရွေးချယ်မှုမတိုင်ခင် ကျွန်တော်တို့ ဆွေးနွေးနိုင်ပါတယ်။ ဒါပေမဲ့ဆုံးဖြတ်ရမယ့်သူက စီရော်နယ်လ်ဒိုပါ" လို့ပြောတယ်။

ဂျီးဆပ်က စီရော်နယ်လ်ဒိုကို ရွေးခဲ့ချိန်မှာလည်း ပွဲကစားခွင့်ပေးမယ်ဆိုပြီး အာမခံချက်မပေးခဲ့ပါဘူး။

" သူ့ကိုလိုအပ်တယ်လို့ပဲပြောခဲ့တာပါ။ ကစားခွင့်ပေးမယ်လို့ အာမ မခံခဲ့ပါဘူး။ အခုလည်း ပေါ် တူဂီအတွက် စီရော်နယ်လ်ဒိုကို လိုအပ်ပါတယ်။

ဒါပေမဲ့ ပွဲထွက်ခွင့်တော့အာမ မခံပါဘူး" လို့ ဂျီးဆပ်ပြောခဲ့တယ်။

စီရော်နယ်လ်ဒိုမရှိချိန်မှာ ပေါ် တူဂီအသင်းတိုက်စစ်ကို ဂွန်ကာလိုရာမို့စ် ဉီးဆောင်နေပြီး သုံးပွဲဆက်ဂိုးသွင်းထားပါတယ်။

ပေါ်တူဂီအသင်းက လက်ရှိရာသီ နေးရှင်းလိဂ်မှာ လေးပွဲစလုံးအနိုင်ရထားပြီး ရလဒ်ကောင်းနေပါတယ်။

ပေါ် တူဂီနောက်ခံလူ ကန်ဆယ်လိုက " စီရော်နယ်လ်ဒိုက ကျွန်တော်တို့အတွက် ခေါင်းဆောင်ကောင်းပါ။

သူပြန်လာရင်ကြိုဆိုနေမှာဖြစ်ပေမယ့် ပေါ်တူဂီအသင်း နိုင်ပွဲရဖို့ကအရေးကြီးဆုံးပါ" လို့ ပြောလိုက်ပါတယ်။

ပေါ်တူဂီနည်းပြ ဂျီးဆပ်က စီရော်နယ်လ်ဒိုကို ပြန်လာခွင့်ရှိတယ်လို့ တံခါးဖွင့်ထားပေမယ့် ပေါ်တူဂီဟာ စီရော်နယ်လ်ဒိုမရှိလည်း အဆင်ပြေနေပါတယ်။

Related News

Doctor Messi
Players News

Doctor Messi

အာဂျင်တီးနားရဲ့ နာတာရှည်ရောဂါကို ကုသပေးခဲ့ပြီး ဘောလုံးပညာရပ်မှာ ခွဲစိတ်ဆရာဝန်တစ်ဦးလို တိကျသပ်ရပ်လွန်းတဲ့အတွက် ဗျူနိုအေရိစ်တက္ကသိုလ်ကနေ ဂုဏ်ထူးဆောင်ဒေါက်တာဘွဲ့ ချီးမြှင့်ခံရမယ့် Doctor Messi အကြောင်း။

Read more
Next Level ရောက်သွားတဲ့ ဘယ်လင်ဂမ်
Players News

Next Level ရောက်သွားတဲ့ ဘယ်လင်ဂမ်

နည်းပြ တူဟယ်လ်ရဲ့ အမေ့ခံဘဝကနေ ၂၀၂၆ ကမ္ဘာ့ဖလားမှာ ခြေစွမ်းပြပြီး ခရိုအေးရှားနဲ့ပွဲမှာပါ အသင်းခေါင်းဆောင်အဖြစ် ခြေစွမ်းပြခဲ့တဲ့ အင်္ဂလန်ရဲ့ အကောင်းဆုံး No.10 ဘယ်လင်ဂမ်အကြောင်း သုံးသပ်ချက်။

Read more
ချစ်မြတ်နိုးစိတ် အရင်းခံတဲ့ ဂျာစီလဲလှယ်မှု အနုပညာ
Players News

ချစ်မြတ်နိုးစိတ် အရင်းခံတဲ့ ဂျာစီလဲလှယ်မှု အနုပညာ

ဘောလုံးလောကရဲ့ ယဉ်ကျေးမှုတစ်ခုဖြစ်တဲ့ ဂျာစီလဲလှယ်ခြင်း သမိုင်းကြောင်း၊ မက်ဆီရဲ့ ဝတ်စုံ ဝယ်လိုအားနဲ့ ကစားသမားတွေရဲ့ စိတ်ဝင်စားဖွယ် ဂျာစီအမှတ်တရ ဇာတ်ကြောင်းများအကြောင်း။

Read more

More News

မန်ယူက ဖာဂူဆန်ရဲ့အသက်ရှည်ဆေး
Football News

မန်ယူက ဖာဂူဆန်ရဲ့အသက်ရှည်ဆေး

ဦးနှောက်သွေးကြောပေါက်တဲ့ ကျန်းမာရေးအကျပ်အတည်းကနေ ရုန်းထွက်နိုင်ခဲ့ပြီး မန်ယူအသင်းကို အသက်ရှည်ဆေးတစ်ခွက်လို မှီဝဲနေတဲ့ ဂန္ထဝင်နည်းပြကြီး ဆာအဲလက်စ်ဖာဂူဆန်ရဲ့ စိတ်လှုပ်ရှားဖွယ်ရာ ဇာတ်ကြောင်း။

Read more
ေ-သ-န-တ် ပြောင်းဝရှေ့က ရူအီပင်တို
Football News

ေ-သ-န-တ် ပြောင်းဝရှေ့က ရူအီပင်တို

မန်စီးတီးနဲ့ ထိပ်သီးကလပ်အသင်းတွေရဲ့ ဘဏ္ဍာရေးအရှုပ်အထွေးတွေကို ဖွင့်ချခဲ့ပေမဲ့ ပေါ်တူဂီအစိုးရရဲ့ သက်သေအဖြစ် အကာအကွယ်ပေးမှု ရုပ်သိမ်းခံလိုက်ရလို့ အသက်အန္တရာယ် စိုးရိမ်နေရတဲ့ ဟက်ကာ ရူအီပင်တို (Rui Pinto) အကြောင်း။

Read more
ပညာတတ် ဘောလုံးသမားတွေအကြောင်း
Players News

ပညာတတ် ဘောလုံးသမားတွေအကြောင်း

ဘောလုံးသမားတွေဟာ ပညာရေးမှာ အားနည်းတယ်ဆိုတဲ့ အမြင်တွေကို ချေဖျက်ပြီး ကစားသမားဘဝအလွန်အတွက် ကြိုတင်ပြင်ဆင်ကာ PFA Business School ကနေ ဘွဲ့ယူခဲ့ကြတဲ့ အီဝိုနီရီ၊ ဒူလ်စ်ဘယ်ရီ စတဲ့ ကစားသမားများအကြောင်း။

Read more
စီရော်နယ်လ်ဒို ဘေးဖယ်ပေးရမယ့်အချိန်
Players News

စီရော်နယ်လ်ဒို ဘေးဖယ်ပေးရမယ့်အချိန်

ပွဲမကစားရလို့ အသင်းကနေ သူပုန်ဆန်ထွက်ပြေးသွားတဲ့ စီရော်နယ်လ်ဒိုမပါဝင်ဘဲ ဒိန်းမတ်အသင်းကို တိုက်စစ်အစွမ်းပြ ဂိုးပြတ်အနိုင်ယူခဲ့တဲ့ ခေတ်သစ် (Post-Ronaldo Era) ပေါ်တူဂီအသင်းရဲ့ ပွဲစဉ်သုံးသပ်ချက်။

Read more
စီရော်နယ်လ်ဒို၊ ကိုယ့်ဘဝကိုယ်မသိသူ
Players News

စီရော်နယ်လ်ဒို၊ ကိုယ့်ဘဝကိုယ်မသိသူ

အသက် ၄၀ ကျော်အရွယ်ရောက်လာပေမဲ့ ကိုယ့်ကိုယ်ကိုယ် သိနားလည်မှု (Self-understanding) အားနည်းပြီး အတ္တကြီးလွန်းတဲ့ စီရော်နယ်လ်ဒိုရဲ့ ရင့်ကျက်မှုမရှိတဲ့ လုပ်ရပ်တွေအပေါ် ဝေဖန်သုံးသပ်ချက်။

Read more
Post Messi Era
Players News

Post Messi Era

မက်ဆီ အနားယူသွားပြီးနောက်ပိုင်း (Post-Messi Era) ပထမဆုံးပွဲစဉ်အဖြစ် ဘိုလစ်ဗီးယားကို လေးဂိုးပြတ် အနိုင်ရခဲ့ပြီး ပရိသတ်တွေရဲ့ စိုးရိမ်စိတ်ကို လျော့ပါးစေခဲ့တဲ့ အာဂျင်တီးနားအသင်းရဲ့ ခြေစွမ်းသုံးသပ်ချက်။

Read more

Official Channels

ONEX2 banner