Players News

ဟာရီကိန်းကို အင်္ဂလန်နဲ့အတူ ချန်ပီယံဖြစ်စေချင်တယ်

ဟာရီကိန်းကို အင်္ဂလန်နဲ့အတူ ချန်ပီယံဖြစ်စေချင်တယ်

အင်္ဂလန်အသင်းသမိုင်းတစ်လျှောက် ပွဲအများဆုံး စံချိန်နဲ့ သွင်းဂိုးအများဆုံး စံချိန်တွေကို ပိုင်ဆိုင်ထားပြီး အင်္ဂလန်နဲ့အတူ ဆုဖလားတစ်ခု ထိုက်ထိုက်တန်တန် ရသင့်နေပြီဖြစ်တဲ့ ဟာရီကိန်းအကြောင်း။

ခရိုအေးရှားကို 7Up တိုက်တဲ့နေ့က ဟာရီကိန်းက ၂ ဂိုးသွင်းခဲ့လို့ ၂၀၂၆ ခုနှစ်အတွင်းမှာ သူ့ရဲ့ အင်္ဂလန်ကစားသမားဘဝသွင်းဂိုးက ၁၁ ဂိုးအထိရှိလာပြီ။

ဟာရီကိန်းက အဝေးကွင်း ၆ ပွဲဆက်ဂိုးသွင်းတဲ့ မှတ်တမ်းလည်းပိုင်ဆိုင်ထားပြီး ၁၉၄၆ စက်တင်ဘာကနေ ၁၉၄၈ ခုနှစ် မေလအတွင်း အဝေးကွင်း ၇ ပွဲဆက် ဂိုးသွင်းခဲ့သူ

အင်္ဂလန်ဂန္ထဝင်ဆာတွမ်ဖင်နေးရဲ့စံချိန်ကို လိုက်မီဖို့ တစ်ပွဲသာလိုတော့တယ်။

ပြီးခဲ့တဲ့ရာသီ သီးသန့်ကြည့်မယ်ဆိုရင် ဟာရီကိန်းက အင်္ဂလန်နဲ့ ဘိုင်ယန်မြူးနစ် နှစ်သင်းပေါင်း ၆၅ ပွဲကစားပြီး ၇၃ ဂိုးသွင်းယူနိုင်ခဲ့တယ်။

အဲဒီစွမ်းရည်ကြောင့် Ballon d'Or ဆု မျှော်လင့်ချက် အားကောင်းလာတယ်။

အင်္ဂလန်ကစားသမားဘဝမှာ ဟာရီကိန်းက ဟက်ထရစ် ၅ကြိမ် ပိုင်ဆိုင်ခဲ့ပြီး သူပါတဲ့ပွဲတွေဆိုရင် အင်္ဂလန်ရဲ့ နိုင်ပွဲရာခိုင်နှုန်းက ၆၆ ရာခိုင်နှုန်းအထိရှိပါတယ်။

ချက်အသင်းနဲ့ပွဲမှာ ဝင်ကစားမယ့်ဟာရီကိန်းက ပီတာရှယ်လ်တန်ရဲ့အင်္ဂလန်အသင်းသမိုင်းတစ်လျှောက် ပွဲအများဆုံးစံချိန် ၁၂၅ ပွဲကို လိုက်မီမှာပါ။

ပြီးတော့သူက ၈၉ ဂိုးနဲ့ အင်္ဂလန်ရဲ့သွင်းဂိုးအများဆုံးစံချိန် ပိုင်ဆိုင်ထားပါတယ်။

ဟာရီကိန်းက ၂၀၁၅ ခုနှစ်၊ မတ်လအတွင်းကစားတဲ့ လစ်သူယေးနီးယားနဲ့ပွဲမှာ အင်္ဂလန်အတွက် ပထမဆုံးလူစားဝင်ကစားခဲ့တယ်။

ဝိန်းရွန်နီနေရာ အစားဝင်ကစားခဲ့တာဖြစ်ပြီး ကျောနံပါတ် ၁၅ ဝတ်ဆင်ခဲ့ပါတယ်။ အဲဒီပွဲမှာ ဟာရီကိန်းက လူစားဝင်ပြီး

၇၉ စက္ကန့်အကြာမှာပဲ အင်္ဂလန်ကစားသမားဘဝ ပထမဆုံးဂိုးသွင်းယူခဲ့တာပါ။ အဲဒီအချိန်ကစလို့ ဟာရီကိန်းက အင်္ဂလန်ရဲ့ အစားထိုးမရသူဖြစ်လာတယ်။

မေဂျာပြိုင်ပွဲတွေမှာ ၂၁ ဂိုးသွင်းပြီး၊ အင်္ဂလန်ကစားသမားတွေထဲ ဂိုးအများဆုံးဖြစ်ပါတယ်။

မော်ဒန်ခေတ်မှာ ဟာရီကိန်းက အင်္ဂလန်အတွက် အရေးပါဆုံးနဲ့ လွှမ်းမိုးမှုအရှိဆုံးကစားသမားပါ။

သူလိုလူမျိုးအတွက် အင်္ဂလန်အသင်းနဲ့အတူ ဆုဖလားတစ်ခုခု ရစေချင်ပါတယ်။

အဲဒီအရာက ဟာရီကိန်းနဲ့ထိုက်တန်တဲ့အရာလည်း ဖြစ်ပါတယ်။

Related News

ပတ်ဒရီရဲ့အရင်ကဇာတ်လမ်းလေး (၂)
Players News

ပတ်ဒရီရဲ့အရင်ကဇာတ်လမ်းလေး (၂)

ဘာစီလိုနာ လေ့ကျင့်ရေးကွင်းကို ပထမဆုံးရောက်ချိန် မက်ဆီရဲ့ နွေးထွေးစွာ ကြိုဆိုမှု၊ ရော်နယ်ကိုးမန်းရဲ့ ယုံကြည်မှုတို့နဲ့အတူ ငယ်ဘဝအိပ်မက်တွေ အကောင်အထည်ပေါ်လာခဲ့တဲ့ ပတ်ဒရီရဲ့ စိတ်ဝင်စားဖွယ် ဇာတ်ကြောင်း အပိုင်း (၂)။

Read more
စီရော်နယ်လ်ဒို ပြန်လာခွင့်ရှိပါတယ်
Players News

စီရော်နယ်လ်ဒို ပြန်လာခွင့်ရှိပါတယ်

ပွဲကစားခွင့်မရလို့ အသင်းကနေ ထွက်ခွာသွားတဲ့ စီရော်နယ်လ်ဒိုကို ပြန်လာဖို့ တံခါးဖွင့်ထားဆဲဖြစ်ပေမဲ့ ပွဲထွက်ခွင့်ကိုတော့ အာမခံမှာမဟုတ်ဘူးလို့ ပြောဆိုလိုက်တဲ့ ပေါ်တူဂီနည်းပြ ဂျီးဆပ်ရဲ့ သဘောထားမှတ်ချက်။

Read more
Doctor Messi
Players News

Doctor Messi

အာဂျင်တီးနားရဲ့ နာတာရှည်ရောဂါကို ကုသပေးခဲ့ပြီး ဘောလုံးပညာရပ်မှာ ခွဲစိတ်ဆရာဝန်တစ်ဦးလို တိကျသပ်ရပ်လွန်းတဲ့အတွက် ဗျူနိုအေရိစ်တက္ကသိုလ်ကနေ ဂုဏ်ထူးဆောင်ဒေါက်တာဘွဲ့ ချီးမြှင့်ခံရမယ့် Doctor Messi အကြောင်း။

Read more

More News

လက်ရွေးစင်အသင်းအတွက် ကစားပေးရင်း ဒဏ်ရာရရင် လျော်ကြေးဘယ်လောက်ရလဲ ?
Football News

လက်ရွေးစင်အသင်းအတွက် ကစားပေးရင်း ဒဏ်ရာရရင် လျော်ကြေးဘယ်လောက်ရလဲ ?

နိုင်ငံတကာပွဲစဉ်တွေကြောင့် ကစားသမားတွေ ဒဏ်ရာရရှိမှု များပြားလာတဲ့ ပြဿနာနဲ့ ဖီဖာ (FIFA) ဆီကနေ ကလပ်အသင်းတွေ လျော်ကြေးတောင်းခံနိုင်မယ့် အခွင့်အရေးများအကြောင်း သုံးသပ်ချက်။

Read more
မန်ယူက ဖာဂူဆန်ရဲ့အသက်ရှည်ဆေး
Football News

မန်ယူက ဖာဂူဆန်ရဲ့အသက်ရှည်ဆေး

ဦးနှောက်သွေးကြောပေါက်တဲ့ ကျန်းမာရေးအကျပ်အတည်းကနေ ရုန်းထွက်နိုင်ခဲ့ပြီး မန်ယူအသင်းကို အသက်ရှည်ဆေးတစ်ခွက်လို မှီဝဲနေတဲ့ ဂန္ထဝင်နည်းပြကြီး ဆာအဲလက်စ်ဖာဂူဆန်ရဲ့ စိတ်လှုပ်ရှားဖွယ်ရာ ဇာတ်ကြောင်း။

Read more
ေ-သ-န-တ် ပြောင်းဝရှေ့က ရူအီပင်တို
Football News

ေ-သ-န-တ် ပြောင်းဝရှေ့က ရူအီပင်တို

မန်စီးတီးနဲ့ ထိပ်သီးကလပ်အသင်းတွေရဲ့ ဘဏ္ဍာရေးအရှုပ်အထွေးတွေကို ဖွင့်ချခဲ့ပေမဲ့ ပေါ်တူဂီအစိုးရရဲ့ သက်သေအဖြစ် အကာအကွယ်ပေးမှု ရုပ်သိမ်းခံလိုက်ရလို့ အသက်အန္တရာယ် စိုးရိမ်နေရတဲ့ ဟက်ကာ ရူအီပင်တို (Rui Pinto) အကြောင်း။

Read more
Next Level ရောက်သွားတဲ့ ဘယ်လင်ဂမ်
Players News

Next Level ရောက်သွားတဲ့ ဘယ်လင်ဂမ်

နည်းပြ တူဟယ်လ်ရဲ့ အမေ့ခံဘဝကနေ ၂၀၂၆ ကမ္ဘာ့ဖလားမှာ ခြေစွမ်းပြပြီး ခရိုအေးရှားနဲ့ပွဲမှာပါ အသင်းခေါင်းဆောင်အဖြစ် ခြေစွမ်းပြခဲ့တဲ့ အင်္ဂလန်ရဲ့ အကောင်းဆုံး No.10 ဘယ်လင်ဂမ်အကြောင်း သုံးသပ်ချက်။

Read more
ချစ်မြတ်နိုးစိတ် အရင်းခံတဲ့ ဂျာစီလဲလှယ်မှု အနုပညာ
Players News

ချစ်မြတ်နိုးစိတ် အရင်းခံတဲ့ ဂျာစီလဲလှယ်မှု အနုပညာ

ဘောလုံးလောကရဲ့ ယဉ်ကျေးမှုတစ်ခုဖြစ်တဲ့ ဂျာစီလဲလှယ်ခြင်း သမိုင်းကြောင်း၊ မက်ဆီရဲ့ ဝတ်စုံ ဝယ်လိုအားနဲ့ ကစားသမားတွေရဲ့ စိတ်ဝင်စားဖွယ် ဂျာစီအမှတ်တရ ဇာတ်ကြောင်းများအကြောင်း။

Read more
ပညာတတ် ဘောလုံးသမားတွေအကြောင်း
Players News

ပညာတတ် ဘောလုံးသမားတွေအကြောင်း

ဘောလုံးသမားတွေဟာ ပညာရေးမှာ အားနည်းတယ်ဆိုတဲ့ အမြင်တွေကို ချေဖျက်ပြီး ကစားသမားဘဝအလွန်အတွက် ကြိုတင်ပြင်ဆင်ကာ PFA Business School ကနေ ဘွဲ့ယူခဲ့ကြတဲ့ အီဝိုနီရီ၊ ဒူလ်စ်ဘယ်ရီ စတဲ့ ကစားသမားများအကြောင်း။

Read more

Official Channels

ONEX2 banner