မိုက်ကယ်ကာရစ်ရဲ့ Failed Gamble
နည်းစနစ်ကို ဝေဖန်ခဲ့တဲ့ ဘရူနိုဖာနန်ဒက်စ်ကို ပွဲထွက်စာရင်းကနေ ဖယ်ရှားခဲ့ပေမဲ့ ဘုန်းမောက်ကို ဂိုးပြတ်ရှုံးနိမ့်ပြီး (၈) ပွဲဆက် နိုင်ပွဲပျောက်ခဲ့တဲ့ မန်ယူနည်းပြ မိုက်ကယ်ကာရစ်ရဲ့ ကျရှုံးသွားတဲ့ စွန့်စားခန်း။
ယာယီနည်းပြဘဝကနေ အမြဲတမ်းနည်းပြဖြစ်လာပြီးနောက် ဖာဂူဆန်ခေတ်လွန် အဆိုးရွားဆုံး ရာသီအစမှတ်တမ်းနဲ့အတူ ရာထူးပြုတ်နိုင်တဲ့ ဖိအားတွေကြားက တန်းဆင်းအန္တရာယ်ရှိနေတဲ့ မိုက်ကယ်ကာရစ်ရဲ့ မန်ယူအသင်း သုံးသပ်ချက်။
လက်ရှိရာသီပရီးမီးယားလိဂ်မှာ မန်ယူက ၆ ပွဲကစား ၆ မှတ်နဲ့ အိမ်နိမ့်စံဖြစ်နေပါတယ်။
၁၉၈၆-၈၇ ရာသီ၊ ဖာဂူဆန်ခေတ်က ပရီးမီးယား လိဂ် ၆ ပွဲကစားပြီး ၄ မှတ်သာရပြီးနောက် အဆိုးရွားဆုံးမှတ်တမ်း ပိုင်ဆိုင်ခဲ့တာပါ။
ယာယီနည်းပြဘဝမှာ မိုက်ကယ်ကာရစ်က ပရီးမီးယားလိဂ် ၁၇ ပွဲတာဝန်ယူပြီး နိုင်ပွဲ ၁၂ ပွဲဲ၊ သရေ ၃ ပွဲ၊ ရှုံးပွဲ ၂ ပွဲပိုင်ဆိုင်ခဲ့ပါတယ်။
မန်ယူရဲ့အမြဲတမ်းနည်းပြဖြစ်လာပြီးနောက် မိုက်ကယ်ကာရစ်က ပရီးမီးယားလိဂ် ၆ ပွဲမှာ ၁ ပွဲသာ အနိုင်ရခဲ့တယ်။
ယာယီနည်းပြဘဝနဲ့ အမြဲတမ်းနည်းပြဘဝဟာ နိဗ္ဗာန်နဲ့ ငရဲလိုကွာခြားခဲ့တယ်။
မန်ယူအသင်းက နောက်ဆုံးနှစ်ပွဲဆက် အမှတ်ပေးဇယားအောက်ဆုံးကအသင်းတွေကို အနိုင်မရခဲ့ဘူး။
လက်ရှိရာသီပရီးမီးယားလိဂ်မှာတစ်ယောက်လျော့နဲ့ကစားရတဲ့နှစ်ပွဲစလုံး မန်ယူ ရလဒ်ဆိုးခဲ့တယ်။
မန်ယူက ပြီးခဲ့တဲ့ရာသီကလို ချန်ပီယံလိဂ်ဝင်ခွင့် ရဖို့ မလွယ်ကူဘဲ တန်းဆင်းဇုန်နဲ့ နီးသထက်နီးကပ်လာတယ်။
မန်ယူအသင်းဘုတ်အဖွဲ့က မိုက်ကယ်ကာရစ်ကို ထောက်ခံဆဲဆိုပေမယ့် မန်ယူအသင်းပရိသတ်တွေက စိတ်ပျက်ဒေါသထွက်နေကြပြီ။
မိုက်ကယ်ကာရစ်ကိုလှောင်ပြောင်နေကြပြီ။ လွန်ခဲ့တဲ့နှစ်ရာသီတုန်းက တန်ဟက်ဂ်လိုမျိုး ရာသီအစ ၉ ပွဲကစားပြီးချိန်မှာ
နိုင်ပွဲ ၂ ပွဲသာပိုင်ဆိုင်တဲ့ အခြေအနေဆိုးကို မိုက်ကယ်ကာရစ်လက်ထက်မန်ယူ ရင်ဆိုင်ရဖွယ်ရှိပါတယ်။
လက်ရှိအချိန်မှာ မန်ယူက ပြိုင်ပွဲစုံ ၈ ပွဲကစားပြီး နိုင်ပွဲ ၂ ပွဲသာရထားတယ်။
လာမယ့် ၉ ပွဲမြောက်က အက်သလက်တီကိုအသင်းနဲ့ ဖြစ်လို့ မန်ယူနိုင်ပွဲရဖို့ မဖြစ်နိုင်ပါဘူး။
ဒီတော့မိုက်ကယ်ကာရစ်ရဲ့မန်ယူအသင်းက တန်ဟက်ဂ်လက်ထက် မှတ်တမ်းဆိုးနဲ့ ထပ်တူကျတော့မယ်။
အချိန်ကာလကလည်း မန်ယူရဲ့နည်းပြထုတ်ပယ်နေကျ အချိန် ဖြစ်နေပြီ။ တန်ဟက်ဂ်တုန်းက အောက်တိုဘာလကုန်ပိုင်း မှာ ရာထူးကနေထုတ်ပယ်ခံရတယ်။
လက်ရှိအောက်တိုဘာလအတွင်းမှာ မန်ယူအသင်း ပွဲကျပ်နေလို့ စွမ်းရည်တိုးတက်အောင်မလုပ်နိုင်ဘူးဆိုရင် မိုက်ကယ်ကာရစ်ရဲ့ရာထူးက စတေးရတော့မှာပါ။
မိုက်ကယ်ကာရစ် သူ့အသင်းသားတွေကို ယုံကြည်နေဆဲပါ။ အသင်းကောင်းတစ်သင်းဖြစ်နေဆဲလို့ ယုံကြည်နေဆဲပါ။
ဒါပေမဲ့ မန်ယူအသင်းကစားသမားတွေရဲ့ခံယူချက်နဲ့ ကြိုးစားအားထုတ်လိုစိတ်က အဝီစိရောက်နေပါတယ်။
မန်ယူအသင်းကစားသမားတွေက အားကြိုးမာန်တက် ပြေးလွှားကစားလိုစိတ်မရှိကြဘူး။ ပွဲတိုင်းနီးပါးမှာ
မန်ယူကစားသမားတွေက ပြိုင်ဘက်ကစားသမားတွေထက် High-speed Run နည်းလွန်းခဲ့ပါတယ်။
မန်ယူအသင်းက Physical battle တွေမှာလည်း တဆင့်နိမ့်နေပါတယ်။
စပါးအသင်းနဲ့ပွဲမှာ ဆိုလန်ကီရဲ့ ချေပဂိုးပေးလိုက်ရတာ မာတီနက်ဇ်တစ်ယောက် Physical Battle အားနည်းလို့ပါ။
ဂယ်ရီနဗီးလ်က မန်ယူအတွက် Worrying Day စိုးရိမ်ဖွယ်ရာနေ့ရက်တွေ ရောက်လာပြီလို့သတိပေးလိုက်တယ်။
တကယ်ဆိုရင် မန်ယူရဲ့အခြေအနေက စိုးရိမ်ဖွယ်ရာထက် ပိုပါတယ်။ ကုရာနတ္တိဆေးမရှိဘူး ဖြစ်နေတယ်။
လက်ရှိရာသီ ပရီးမီးယားလိဂ်မှာ တစ်ပွဲတစ်မှတ်ထက်ပိုမရသေးတဲ့ မန်ယူက ၃၈ ပွဲကစားပြီး ၃၈ မှတ်ဆိုရင် တန်းဆင်းသွားရနိုင်ပါတယ်။
နည်းစနစ်ကို ဝေဖန်ခဲ့တဲ့ ဘရူနိုဖာနန်ဒက်စ်ကို ပွဲထွက်စာရင်းကနေ ဖယ်ရှားခဲ့ပေမဲ့ ဘုန်းမောက်ကို ဂိုးပြတ်ရှုံးနိမ့်ပြီး (၈) ပွဲဆက် နိုင်ပွဲပျောက်ခဲ့တဲ့ မန်ယူနည်းပြ မိုက်ကယ်ကာရစ်ရဲ့ ကျရှုံးသွားတဲ့ စွန့်စားခန်း။
ရာထူးကနေ ထုတ်ပယ်ခံရတော့မယ့် မိုက်ကယ်ကာရစ်နေရာမှာ အစားထိုးဖို့ နည်းပြသစ် ရှာဖွေနေတဲ့ မန်ယူအသင်းရဲ့ အခြေအနေနဲ့ ချယ်လ်ဆီး၊ လီဗာပူးလ်တို့အပါအဝင် စောင့်ကြိုနေတဲ့ ပွဲကျပ်ငရဲခန်းအကြောင်း သုံးသပ်ချက်။
ဘာပေရဲ့ သွင်းဂိုးတွေနဲ့အတူ အယ်လ်ကလက်စီကို (El Clasico) မှာ ဘာစီလိုနာကို အနိုင်ယူပြီးနောက် နူးကမ့်ကွင်းထဲမှာ နာမည်ကျော် Knee Slide နဲ့ အောင်ပွဲခံကာ လာလီဂါချန်ပီယံဆုကို စိန်ခေါ်လိုက်တဲ့ မော်ရင်ဟိုရဲ့ ရီးယဲလ်အသင်း သုံးသပ်ချက်။
၂၀၂၆ ကမ္ဘာ့ဖလားနဲ့ ချန်ပီယံလိဂ်ကို ရယူထားတဲ့ ယမားလ်၊ စံချိန်တင်ဂိုးတွေ သွင်းယူထားတဲ့ ဟာရီကိန်း၊ မက်ဆီ၊ ဘာပေနဲ့ PSG ကြယ်ပွင့် ကွာရတ်စကယ်လီယာတို့ အပြိုင်ဖြစ်နေတဲ့ Ballon d'Or ဆုရှင် ခန့်မှန်းသုံးသပ်ချက်။
မန်ယူအသင်းနဲ့ သရေကျပြီးနောက်ပိုင်း ယုံကြည်မှုတွေ ပြန်လည်မြင့်တက်လာကာ ချယ်လ်ဆီးကိုပါ အနိုင်ယူပြီး လမ်းကြောင်းမှန်ပေါ် ပြန်ရောက်လာတဲ့ ဒီဇာဘီရဲ့ စပါးအသင်းအကြောင်း သုံးသပ်ချက်။
ဘာစီလိုနာရဲ့ လွှမ်းမိုးမှုကို ရပ်တန့်ဖို့ ရီးယဲလ်နည်းပြအဖြစ် ပြန်ရောက်လာတဲ့ မော်ရင်ဟို၊ ယမားလ်ရဲ့ တုံ့ပြန်မှုနဲ့ ဗင်နီစီယက်စ် လွဲချော်မယ့် El Clasico ပွဲကြိုသုံးသပ်ချက်။
ဘုန်းမောက်ကို ဂိုးပြတ်ရှုံးနိမ့်ခဲ့ပြီးနောက် ဖန်တီးမှုကင်းမဲ့နေတဲ့ ကွင်းလယ်၊ စိတ်ဓာတ်ကျဆင်းနေတဲ့ ကစားသမားတွေနဲ့အတူ နလံထူဖို့ ခက်ခဲနေတဲ့ နည်းပြ မိုက်ကယ်ကာရစ်ရဲ့ မန်ယူအသင်းအကြောင်း ပြင်းပြင်းထန်ထန် သုံးသပ်ချက်။

ဗင်နီစီယက်စ် ပွဲပယ်ခံထားရလို့ El Clasico လွဲချော်မယ့်အချိန်မှာ ဘာပေ၊ ဘယ်လင်ဟမ်၊ အန်ဒရစ်တို့နဲ့အတူ ရီးယဲလ်တိုက်စစ်မှာ အံဝင်ခွင်ကျ ခြေစွမ်းပြနေတဲ့ ဒီယိုမန်ဒီနဲ့ မော်ရင်ဟိုရဲ့ နည်းစနစ်ပိုင်း သုံးသပ်ချက်။
