Football News

အန်ဖီးလ်မှာ လီဗာပူးလ်က လွယ်လွန်းအားကြီးတယ်

အန်ဖီးလ်မှာ လီဗာပူးလ်က လွယ်လွန်းအားကြီးတယ်

အီရာအိုလာလက်ထက်မှာ ရလဒ်တွေ ဆိုးရွားလာပြီး ပြိုင်ဘက်တွေ ဖိမ့်ဖိမ့်တုန်ခဲ့ရတဲ့ အန်ဖီးလ်ကွင်းရဲ့ အရှိန်အဝါ ဘယ်လိုကျဆင်းလာသလဲဆိုတဲ့ လီဗာပူးလ်အသင်း သုံးသပ်ချက်။

အီရာရိုလာလက်ထက် အန်ဖီးလ်ကွင်းအရှိန်အဝါက အရောင်မှိန်လွန်းပါတယ်။

လက်ရှိရာသီ ပရီးမီးယားလိဂ်မှာ အန်ဖီးလ်ကွင်းထဲ လီဗာပူးလ် မော်ကြွားခွင့်မရသေးဘူး။ ပရီးမီးယားလိဂ်သုံးပွဲစလုံး နိုင်ပွဲပျောက်ထားတယ်။

နောက်ဆုံးပွဲမှာအန်ဖီးလ်ကွင်းထဲက လီဗာပူးလ်ပရိသတ်တွေက ဘဏ္ဍာရေးကိစ္စကြောင့် မန်စီးတီးကို

ဆက်တိုက်နှိိမ်နေပေမယ့် ဂိုးပြတ်ရှုံးခဲ့လို့ အရှက်ရစရာပိုကောင်းခဲ့ပါတယ်။

အန်ဖီးလ်ရဲ့ဒဏ်ရာက အတော်လေးဆွေးမြေ့လာတယ်။ ၂၀၂၆ ခုနှစ်စတင်ပြီးနောက် အန်ဖီးလ်ကွင်းမှာ ကစားတဲ့ ၁၄ ပွဲထဲက

၄ ပွဲပဲ လီဗာပူးလ် အနိုင်ရခဲ့တယ်။ အန်ဖီးလ်ရဲ့အရှိန်အဝါက ၂၀၂၃-၂၄ ရာသီကစတင်ပြီး တဖြေးဖြေးအရောင်မှိန်လာတာပါ။

၂၀၂၃-၂၄ ရာသီတုန်းက အန်ဖီးလ်မှာ တစ်ပွဲပျမ်းမျှသွင်းဂိုး ၂ ဒဿမ ၆ ဂိုး၊ နိုင်ပွဲရာခိုင်နှုန်း ၇၉ ရာခိုင်နှုန်းနီးပါး

ရှိခဲ့ပေမယ့် ပြီးခဲ့တဲ့ရာသီမှာ တစ်ပွဲပျမ်းမျှသွင်းဂိုး ၁ ဒဿမ ၈ ဂိုး၊ နိုင်ပွဲရာခိုင်နှုန်း ၅၂ ဒဿမ ၆ ရာခိုင်နှုန်းအထိ လျော့ကျခဲ့ပါတယ်။

ပရီးမီးယားလိဂ်သမိုင်းတစ်လျှောက် အန်ဖီးလ်မှာ ပြိုင်ဘက်အသင်းတွေအနိုင် ရတာ ၁၂ ဒဿမ ၅ ရာခိုင်နှုန်းပဲရှိပြီး

အန်ဖီးလ်အရှိန်အဝါကအတော်လေး ထည်ဝါခဲ့တာပါ။ အခုတော့ အန်ဖီးလ်မှာ ပရီးမီးယားလိဂ်ငါးပွဲဆက် နိုင်ပွဲမရတဲ့အထိ အရှိန်အဝါကျဆင်းသွားပြီ။

အန်ဖီးလ်ကျဆုံးခန်းနဲ့အတူ လီဗာပူးလ်နည်းပြ အီရာရိုလာရဲ့ရှုံးပွဲမရှိမှတ်တမ်းလည်း ရပ်တန့်သွားရတယ်။

မန်စီးတီးနဲ့ပွဲမတိုင်ခင် အီရာရိုလာက ပရီးမီးယားလိဂ် ၂၃ ပွဲမှာ ၁၀ ပွဲနိုင်၊ ၁၃ ပွဲသရေရလဒ်ပိုင်ဆိုင်ခဲ့တာပါ။

အခုအချိန်မှာ အန်ဖီးလ်မာဂုဏ်က နုနယ်လွန်းအားကြီးတယ်။ တစ်ချိန်တုန်းက အန်ဖီးလ်ဟာပြိုင်ဘက်တိုင်း ဖိမ့်ဖိမ့်တုန်အောင် ကြောက်ရပေမယ့်

အခုတော့ ကလေးကစားကွင်းလို ဖြစ်နေပါပြီ။

ကွင်းထဲမှာ ခေါင်းဆောင်ကောင်းလည်းပျောက်ဆုံးနေပြီး ဗန်ဒိုက်လိုမျိုး အော်ဟစ်ကြိမ်းမောင်းမယ့်သူ နောက်တစ်ယောက်လိုအပ်နေပါတယ်။

Related News

လှောင်ရယ်သံတွေကို နိုင်ပွဲနဲ့ တိတ်ဆိတ်စေတဲ့မန်စီးတီး
Football News

လှောင်ရယ်သံတွေကို နိုင်ပွဲနဲ့ တိတ်ဆိတ်စေတဲ့မန်စီးတီး

ဘဏ္ဍာရေးအရှုပ်အထွေးတွေကြောင့် လီဗာပူးလ်ပရိသတ်တွေရဲ့ ပြင်းပြင်းထန်ထန် လှောင်ပြောင်မှုတွေကို ခံခဲ့ရပေမဲ့ အန်ဖီးလ်ကွင်းမှာ အကောင်းဆုံး တုံ့ပြန်အနိုင်ယူပြခဲ့တဲ့ မန်စီးတီးအသင်းရဲ့ ပွဲစဉ်သုံးသပ်ချက်။

Read more
မော်ရင်ဟိုက လုပ်ချလိုက်ပြန်ပြီ
Football News

မော်ရင်ဟိုက လုပ်ချလိုက်ပြန်ပြီ

ဗင်နီစီယက်စ်ရဲ့ သွင်းဂိုးကို ပယ်ဖျက်ပြီး အနီကတ်ပြခဲ့တဲ့ ဒိုင်လူကြီးရဲ့ ဆုံးဖြတ်ချက်ကို မကျေနပ်လို့ သတင်းစာရှင်းလင်းပွဲ မတက်ဘဲ ဆန္ဒပြခဲ့တဲ့ ရီးယဲလ်နည်းပြ မော်ရင်ဟိုအကြောင်း။

Read more
၃၈ ပွဲကစား ၃၈ မှတ်ဆိုရင် တန်းဆင်းရလိမ့်မယ် မန်ယူ
Football News

၃၈ ပွဲကစား ၃၈ မှတ်ဆိုရင် တန်းဆင်းရလိမ့်မယ် မန်ယူ

ယာယီနည်းပြဘဝကနေ အမြဲတမ်းနည်းပြဖြစ်လာပြီးနောက် ဖာဂူဆန်ခေတ်လွန် အဆိုးရွားဆုံး ရာသီအစမှတ်တမ်းနဲ့အတူ ရာထူးပြုတ်နိုင်တဲ့ ဖိအားတွေကြားက တန်းဆင်းအန္တရာယ်ရှိနေတဲ့ မိုက်ကယ်ကာရစ်ရဲ့ မန်ယူအသင်း သုံးသပ်ချက်။

Read more

More News

အာဆင်နယ်ကို အနိုင်ရမယ့် နည်းလမ်း
Football News

အာဆင်နယ်ကို အနိုင်ရမယ့် နည်းလမ်း

ပြီးခဲ့တဲ့ရာသီက ပရီးမီးယားလိဂ် ချန်ပီယံဖြစ်ခဲ့တဲ့ အာဆင်နယ်အသင်းဟာ 3-1-6 ကစားဟန်အသစ်ကို စမ်းသပ်နေပေမဲ့ ဘရိုက်တန်ရဲ့ High Intensity ကစားဟန်အောက်မှာ ဂိုးပြတ်ရှုံးနိမ့်ခဲ့ရတဲ့ နည်းဗျူဟာ သုံးသပ်ချက်။

Read more
လီဗာပူးလ်ရဲ့တိုက်စစ်ဒုက္ခ
Football News

လီဗာပူးလ်ရဲ့တိုက်စစ်ဒုက္ခ

ဘဏ္ဍာရေးအရှုပ်အထွေးကြောင့် ဖိအားဝင်နေတဲ့ မန်စီးတီးအသင်းနဲ့ အီဆက်ခ်၊ ဂတ်ပိုတို့ ဒဏ်ရာရနေလို့ တိုက်စစ်ပိုင်း ပြဿနာတက်နေတဲ့ နည်းပြ အီရာအိုလာရဲ့ လီဗာပူးလ်တို့ ရင်ဆိုင်ရမယ့် ပွဲကြိုသုံးသပ်ချက်။

Read more
ဟာရီကိန်းကို အင်္ဂလန်နဲ့အတူ ချန်ပီယံဖြစ်စေချင်တယ်
Players News

ဟာရီကိန်းကို အင်္ဂလန်နဲ့အတူ ချန်ပီယံဖြစ်စေချင်တယ်

အင်္ဂလန်အသင်းသမိုင်းတစ်လျှောက် ပွဲအများဆုံး စံချိန်နဲ့ သွင်းဂိုးအများဆုံး စံချိန်တွေကို ပိုင်ဆိုင်ထားပြီး အင်္ဂလန်နဲ့အတူ ဆုဖလားတစ်ခု ထိုက်ထိုက်တန်တန် ရသင့်နေပြီဖြစ်တဲ့ ဟာရီကိန်းအကြောင်း။

Read more
လက်ရွေးစင်အသင်းအတွက် ကစားပေးရင်း ဒဏ်ရာရရင် လျော်ကြေးဘယ်လောက်ရလဲ ?
Football News

လက်ရွေးစင်အသင်းအတွက် ကစားပေးရင်း ဒဏ်ရာရရင် လျော်ကြေးဘယ်လောက်ရလဲ ?

နိုင်ငံတကာပွဲစဉ်တွေကြောင့် ကစားသမားတွေ ဒဏ်ရာရရှိမှု များပြားလာတဲ့ ပြဿနာနဲ့ ဖီဖာ (FIFA) ဆီကနေ ကလပ်အသင်းတွေ လျော်ကြေးတောင်းခံနိုင်မယ့် အခွင့်အရေးများအကြောင်း သုံးသပ်ချက်။

Read more
ပတ်ဒရီရဲ့အရင်ကဇာတ်လမ်းလေး (၂)
Players News

ပတ်ဒရီရဲ့အရင်ကဇာတ်လမ်းလေး (၂)

ဘာစီလိုနာ လေ့ကျင့်ရေးကွင်းကို ပထမဆုံးရောက်ချိန် မက်ဆီရဲ့ နွေးထွေးစွာ ကြိုဆိုမှု၊ ရော်နယ်ကိုးမန်းရဲ့ ယုံကြည်မှုတို့နဲ့အတူ ငယ်ဘဝအိပ်မက်တွေ အကောင်အထည်ပေါ်လာခဲ့တဲ့ ပတ်ဒရီရဲ့ စိတ်ဝင်စားဖွယ် ဇာတ်ကြောင်း အပိုင်း (၂)။

Read more
စီရော်နယ်လ်ဒို ပြန်လာခွင့်ရှိပါတယ်
Players News

စီရော်နယ်လ်ဒို ပြန်လာခွင့်ရှိပါတယ်

ပွဲကစားခွင့်မရလို့ အသင်းကနေ ထွက်ခွာသွားတဲ့ စီရော်နယ်လ်ဒိုကို ပြန်လာဖို့ တံခါးဖွင့်ထားဆဲဖြစ်ပေမဲ့ ပွဲထွက်ခွင့်ကိုတော့ အာမခံမှာမဟုတ်ဘူးလို့ ပြောဆိုလိုက်တဲ့ ပေါ်တူဂီနည်းပြ ဂျီးဆပ်ရဲ့ သဘောထားမှတ်ချက်။

Read more

Official Channels

ONEX2 banner