Football News

ပဲပြုတ်ဖိုးပဲ ရှိတဲ့လူက ဒံပေါက်စားချင်လို့မရဘူး

ပဲပြုတ်ဖိုးပဲ ရှိတဲ့လူက ဒံပေါက်စားချင်လို့မရဘူး

နည်းပြဟောင်း အာမိုရင်မ်လိုပဲ အားကစားဒါရိုက်တာ ဝီလ်ကော့ဇ်ကို ဒဲ့ဖြဲဝေဖန်လိုက်တဲ့ နောက်ခံလူ မာတီနက်ဇ်နဲ့ ပဲပြုတ်ဖိုးပဲရှိပြီး ဒံပေါက်စားချင်နေတဲ့ မန်ယူဘုတ်အဖွဲ့ရဲ့ စီမံခန့်ခွဲမှု အားနည်းချက်များအကြောင်း သုံးသပ်ချက်။

ပဲပြုတ်ဖိုးပဲ ရှိတဲ့လူက ဒံပေါက်စားချင်လို့မရဘူး

" ကျွန်တော် စိတ်ရှုပ်လို့ ဒေါသထွက်လာတဲ့အခါ ကျွန်တော့်ခွေးလေးနဲ့ အတူလမ်းလျှောက်ပြီး

အားပြန်ဖြည့်တယ်" လို့ မန်ယူအသင်းအားကစားဒါရိုက်တာ ဝီလ်ကော့ဇ်ပြောဖူးတယ်။

အခုလည်း ဝီလ်ကော့ဇ်တစ်ယောက် သူ့ခွေးလေးနဲ့ လမ်းလျှောက်ထွက်ချင်နေမယ်ထင်ပါတယ်။

မန်ယူနောက်ခံလူ မာတီနက်ဇ်ရဲ့စကားကြောင့် ဝီလ်ကော့ဇ် စိတ်ရှုပ်ဒေါသထွက်နေနိုင်တယ် မဟုတ််််လား?

အက်သလက်တီကိုအသင်းကို အညံ့ခံရပြီးနောက် မာတီနက်ဇ်က မန်ယူအသင်းဘုတ်အဖွဲ့ကို ပြစ်တင်ခဲ့တယ်။

ကစားသမားကောင်းတွေ လုံလောက်အောင်မဝယ်ပေးတဲ့ ဝီလ်ကော့ဇ်ကို အပြစ်တင်ခဲ့တယ်။

၂၀၂၄ ခုနှစ်မှာ မန်ယူအသင်းအားကစားဒါရိုက်တာ ဖြစ်လာတဲ့ ဝီလ်ကော့ဇ်ကိုမာတီနက်ဇ်လိုမျိုး ဒဲ့ဖြဲသူရှိခဲ့ဖူးတယ်။

မန်ယူနည်းပြဟောင်း အာမိုရင်မ်ပါ။

အာမိုရင်မ်က လွန်ခဲ့တဲ့ဆယ်လလောက် မှာ ဝီလ်ကော့ဇ်ကိုကိုယ့်အလုပ်ကိုယ်လုပ်ဆိုပြီး ဝေဖန်ခဲ့တာပါ။

အာမိုရင်မ်က " ကျွန်တော်က ကိုယ့်အလုပ်ကိုယ်လုပ်ပါမယ်။ Scouting ၊ အားကစားဒါရိုက်တာနဲ့ တခြားDepartment တွေအားလုံးလည်း

ကိုယ့်အလုပ်ကိုယ်လုပ်တာ ကောင်းမယ်" လို့ပြောပြီး ဝီလ်ကော့ဇ်ကိုတိုက်ခိုက်ခဲ့တာပါ။

အဲဒီလိုပြောပြီး တစ်ရက်မပြည့်ခင်မှာပဲ မန်ယူနည်းပြရာထူးကနေ အာမိုရင်မ်  ထုတ်ပယ်ခံလိုက်ရတယ်။

အဲဒီဖြစ်ရပ်ကို ကြည့်ရင် မန်ယူအသင်းမှာ ဝီလ်ကော့ဇ် ဘယ်လောက် အာဏာကြီးလဲဆိုတာ သိနိုင်တယ်။

မန်ယူနည်းပြဘဝမှာ အာမိုရင်မ် ညံ့ခဲ့ပေမယ့် ဝီလ်ကော့ဇ်နဲ့ပတ်သက်ပြီး သူပြောခဲ့တာတွေက အမှန်တရားပါ။

မန်ယူအသင်းမှာကိုယ့်အလုပ်ကိုယ် သေချာမလုပ်သူတွေ များနေတယ်။

ပြီးခဲ့တဲ့နွေမှာ မန်ယူက ကွင်းလယ်ကစားသမားသုံးယောက်ပဲ အားဖြည့်ပြီး လုခ်ရှောအတွက် Back-up နဲ့ အဆုံးသတ်သမားကောင်း အားမဖြည့်ခဲ့ဘူး။

အဲဒီအကျိုးဆက်က မန်ယူကို အခုလိုမျိုး ရလဒ်ဆိုးတွေကြား ပိတ်မိစေခဲ့ပါတယ်။

ဝီလ်ကော့ဇ်က ကိုယ့်အလုပ်ကို ပြီးပြည့်စုံအောင် မလုပ်ပေမယ့် သူများအလုပ်ကိုဝင်စွက်ဖက်တတ်တယ်။

သူ့ရဲ့အသွေးအသားထဲမှာ နည်းပြဝိညာဥ်ကိန်းအောင်းနေတယ်လို့ပြောဖူးတယ်။ အဲဒီစကားအတိုင်းဆိုရင်

ဝီလ်ကော့ဇ်က မန်ယူနည်းပြတွေရဲ့လုပ်ပိုင်ခွင့်ကို ဝင်ရောက်စွက်ဖက်လိမ့်မယ်ထင်တယ်။

မိုက်ကယ်ကာရစ်လိုအနေအေးပြီး စကားနည်းတဲ့သူဆိုရင်ပိုပြီးစွက်ဖက်ခံရမယ် ထင်ပါတယ်။

မာတီနက်ဇ်ရဲ့ဝီလ်ကော့ဇ်လိပ်မူပြီးပို့လိုက်တဲ့ စကားက ဝီလ်ကော့ဇ်ရဲ့ရင်ထဲ အယ်လ်နီညိုလို ဖြစ်နေလိမ့်မယ်။

အသင်းတစ်သင်းအောင်မြင်ဖို့ဆိုတာ ကစားသမားတွေ မိုးပျံအောင်ထူးချွန်နေရုံနဲ့မရဘူး။ အသင်းဘုတ်အဖွဲ့က စေတနာမှန်ဖို့အရေးကြီးတယ်။

မန်ယူအသင်းဘုတ်အဖွဲ့က စေတနာမမှန်ဘူး၊ ရေရှည်စီမံကိန်း မရှိဘူး။

" ထိပ်တန်းအသင်းတွေ ယှဉ်နိုင်ဖို့အတွက် မန်ယူမှာအကောင်းဆုံးလူစာရင်းမရှိပါဘူး။

အခုအချိန်မှာ ကျွန်တော့်ပါးစပ်ကို မပိတ်ထားနိုင်ပါဘူး။ ကျွန်တော့်တို့အသင်းက ရည်မှန်းချက်တွေပိုရှိဖို့

လိုအပ်ပါတယ်။ အမှန်တရားကို မပြောရင်ဘာမှပြောင်းလဲလာမှာမဟုတ်ဘူး" 

မာတီနက်ဇ်ပြောသလိုပါပဲ။ မန်ယူအသင်းမှာ အမှန်တရားဖုံးကွယ်ခံထားရတယ်။ ဘယ်သူမှအမုန်းခံပြီး မပြောကြဘူး။

လက်ရှိရာသီကုန်မှာ မန်ယူနဲ့ စာချုပ်ပြည့်မယ့် မာတီနက်ဇ်က အခုလိုအမုန်းခံပြောလို့ အာမိုရင်မ်လိုမျိုး ဖြစ်သွားနိုင်ပါတယ်။

ဒါပေမဲ့ မာတီနက်ဇ် ဂရုစိုက်နေမယ်မထင်ပါဘူး။

ပဲပြုတ်ဖိုးပဲ ရှိတဲ့လူက ဒံပေါက်စားချင်လို့မရပါဘူး။

မန်ယူရဲ့အဖြစ်ကလည်း အဲဒီလိုပါပဲ၊ နေရာစုံလိုအပ်ချက်တွေနဲ့ ထိပ်တန်းအဆင့်ပွဲတွေ ကစားနေရလို့ စိတ်ပင်ပန်းရပါတယ်။

相关新闻

မိုက်ကယ်ကာရစ်ရဲ့ Failed Gamble
Football News

မိုက်ကယ်ကာရစ်ရဲ့ Failed Gamble

နည်းစနစ်ကို ဝေဖန်ခဲ့တဲ့ ဘရူနိုဖာနန်ဒက်စ်ကို ပွဲထွက်စာရင်းကနေ ဖယ်ရှားခဲ့ပေမဲ့ ဘုန်းမောက်ကို ဂိုးပြတ်ရှုံးနိမ့်ပြီး (၈) ပွဲဆက် နိုင်ပွဲပျောက်ခဲ့တဲ့ မန်ယူနည်းပြ မိုက်ကယ်ကာရစ်ရဲ့ ကျရှုံးသွားတဲ့ စွန့်စားခန်း။

阅读更多
မန်ယူနည်းပြသစ်နဲ့ ပွဲကျပ်ငရဲခန်း
Football News

မန်ယူနည်းပြသစ်နဲ့ ပွဲကျပ်ငရဲခန်း

ရာထူးကနေ ထုတ်ပယ်ခံရတော့မယ့် မိုက်ကယ်ကာရစ်နေရာမှာ အစားထိုးဖို့ နည်းပြသစ် ရှာဖွေနေတဲ့ မန်ယူအသင်းရဲ့ အခြေအနေနဲ့ ချယ်လ်ဆီး၊ လီဗာပူးလ်တို့အပါအဝင် စောင့်ကြိုနေတဲ့ ပွဲကျပ်ငရဲခန်းအကြောင်း သုံးသပ်ချက်။

阅读更多
မော်ရင်ဟိုရဲ့Knee Slide အောင်ပွဲခံဟန်ဟာ စ-စ်-ချီတေး
Football News

မော်ရင်ဟိုရဲ့Knee Slide အောင်ပွဲခံဟန်ဟာ စ-စ်-ချီတေး

ဘာပေရဲ့ သွင်းဂိုးတွေနဲ့အတူ အယ်လ်ကလက်စီကို (El Clasico) မှာ ဘာစီလိုနာကို အနိုင်ယူပြီးနောက် နူးကမ့်ကွင်းထဲမှာ နာမည်ကျော် Knee Slide နဲ့ အောင်ပွဲခံကာ လာလီဂါချန်ပီယံဆုကို စိန်ခေါ်လိုက်တဲ့ မော်ရင်ဟိုရဲ့ ရီးယဲလ်အသင်း သုံးသပ်ချက်။

阅读更多

更多新闻

Ballon d'Or  ဆု ဘယ်သူရမလဲ?
Players News

Ballon d'Or  ဆု ဘယ်သူရမလဲ?

၂၀၂၆ ကမ္ဘာ့ဖလားနဲ့ ချန်ပီယံလိဂ်ကို ရယူထားတဲ့ ယမားလ်၊ စံချိန်တင်ဂိုးတွေ သွင်းယူထားတဲ့ ဟာရီကိန်း၊ မက်ဆီ၊ ဘာပေနဲ့ PSG ကြယ်ပွင့် ကွာရတ်စကယ်လီယာတို့ အပြိုင်ဖြစ်နေတဲ့ Ballon d'Or ဆုရှင် ခန့်မှန်းသုံးသပ်ချက်။

阅读更多
သီတင်းကျွတ်ကာလမှာ မန်ယူကိုကန်တော့ရမယ့် စပါး
Football News

သီတင်းကျွတ်ကာလမှာ မန်ယူကိုကန်တော့ရမယ့် စပါး

မန်ယူအသင်းနဲ့ သရေကျပြီးနောက်ပိုင်း ယုံကြည်မှုတွေ ပြန်လည်မြင့်တက်လာကာ ချယ်လ်ဆီးကိုပါ အနိုင်ယူပြီး လမ်းကြောင်းမှန်ပေါ် ပြန်ရောက်လာတဲ့ ဒီဇာဘီရဲ့ စပါးအသင်းအကြောင်း သုံးသပ်ချက်။

阅读更多
စ-စ်မရောက်ခင် မြားကုန်နေပြီလား မော်ရင်ဟို
Football News

စ-စ်မရောက်ခင် မြားကုန်နေပြီလား မော်ရင်ဟို

ဘာစီလိုနာရဲ့ လွှမ်းမိုးမှုကို ရပ်တန့်ဖို့ ရီးယဲလ်နည်းပြအဖြစ် ပြန်ရောက်လာတဲ့ မော်ရင်ဟို၊ ယမားလ်ရဲ့ တုံ့ပြန်မှုနဲ့ ဗင်နီစီယက်စ် လွဲချော်မယ့် El Clasico ပွဲကြိုသုံးသပ်ချက်။

阅读更多
ညံ့ဖျင်းလွန်းတဲ့ အထည်ကြီးပျက် မန်ယူ
Football News

ညံ့ဖျင်းလွန်းတဲ့ အထည်ကြီးပျက် မန်ယူ

ဘုန်းမောက်ကို ဂိုးပြတ်ရှုံးနိမ့်ခဲ့ပြီးနောက် ဖန်တီးမှုကင်းမဲ့နေတဲ့ ကွင်းလယ်၊ စိတ်ဓာတ်ကျဆင်းနေတဲ့ ကစားသမားတွေနဲ့အတူ နလံထူဖို့ ခက်ခဲနေတဲ့ နည်းပြ မိုက်ကယ်ကာရစ်ရဲ့ မန်ယူအသင်းအကြောင်း ပြင်းပြင်းထန်ထန် သုံးသပ်ချက်။

阅读更多
အပယ်ရတနာ
Players News

အပယ်ရတနာ

ချယ်လ်ဆီးနဲ့ ဘိုင်ယန်မြူးနစ်တို့မှာ အပယ်ခံဘဝ ရောက်ခဲ့ပေမဲ့ အက်စတွန်ဗီလာမှာ ဝက်ကင်စ်ရဲ့ နေရာကို အကောင်းဆုံး အစားထိုးဝင်ရောက်ပြီး သွင်းဂိုးတွေနဲ့အတူ ပြန်လည်တောက်ပလာတဲ့ တိုက်စစ်မှူး ဂျက်ဆန်အကြောင်း သုံးသပ်ချက်။

阅读更多
ဗင်နီစီယက်စ်မရှိလည်း စိတ်ပူစရာမလိုဘူး
Football News

ဗင်နီစီယက်စ်မရှိလည်း စိတ်ပူစရာမလိုဘူး

ဗင်နီစီယက်စ် ပွဲပယ်ခံထားရလို့ El Clasico လွဲချော်မယ့်အချိန်မှာ ဘာပေ၊ ဘယ်လင်ဟမ်၊ အန်ဒရစ်တို့နဲ့အတူ ရီးယဲလ်တိုက်စစ်မှာ အံဝင်ခွင်ကျ ခြေစွမ်းပြနေတဲ့ ဒီယိုမန်ဒီနဲ့ မော်ရင်ဟိုရဲ့ နည်းစနစ်ပိုင်း သုံးသပ်ချက်။

阅读更多

Official Channels

ONEX2 banner