Players News

Super Sub တွေ စန်းပွင့်လာတဲ့ ပရီးမီးယားလိဂ်နဲ့ လွမ်းစရာ Super Sub တစ်ဦးအကြောင်း

Super Sub တွေ စန်းပွင့်လာတဲ့ ပရီးမီးယားလိဂ်နဲ့ လွမ်းစရာ Super Sub တစ်ဦးအကြောင်း

လက်ရှိရာသီ ပရီးမီးယားလိဂ်မှာ စန်းပွင့်လာတဲ့ လူစားဝင်ကစားသမားတွေအကြောင်းနဲ့ ၁၉၉၉ ချန်ပီယံလိဂ်ဖိုင်နယ်ကို ပြောင်းလဲပစ်ခဲ့တဲ့ မန်ယူအသင်းရဲ့ ဂန္ထဝင် Super Sub ဆိုးလ်ရှားအကြောင်း လွမ်းမောဖွယ်ရာ သုံးသပ်ချက်။

လက်ရှိရာသီပရီးမီးယားလိဂ်မှာ လူစားဝင်ကစားသမားတွေရဲ့သွင်းဂိုးပိုများလာပါတယ်။

Super Sub တွေရဲ့ခေတ်လို့ ဆိုရလောက်အောင် လူစားဝင်ကစားသမားတွေရဲ့သွင်းဂိုးက လက်ရှိရာသီပရီးမီးယားလိဂ်

သွင်းဂိုးစုစုပေါင်းရဲ့၁၃ ရာခိုင်နှုန်းအထိ ရှိလာပါတယ်။ အဲဒီအရေအတွက်ဟာ ပြီးခဲ့တဲ့တစ်ရာသီလုံးက လူစားဝင်ကစားသမားတွေရဲ့သွင်းဂိုးရာခိုင်နှုန်းနဲ့တူညီနေပါတယ်။

ပရီးမီးယားလိဂ်ရဲ့မေ့မရနိုင်တဲ့ Super Sub တွေအကြောင်းပြန်တွေးလိုက်ရင်

ဒီဖိုး၊ ဂျရူး၊ ဝဲလ်ဘက်၊ ဟာနန်ဒက်ဇ်၊ စတာရစ်ချ်၊ ဆိုးလ်ရှားတို့က ခေါင်းထဲအရင်ဆုံးရောက်လာပါတယ်။

ဒီဖိုးက လူစားဝင်ကစားသမားအဖြစ် ၂၄ ဂိုးသွင်းယူခဲ့ပြီး ပရီးမီးယားလိဂ်သမိုင်းမှာ စံချိန်တင်ထားပါတယ်။

ဒီဖိုးရဲ့နောက်မှာ ဂျရူးက ၂၁ ဂိုး၊ ဝဲလ်ဘက်နဲ့ ဟာနန်ဒက်ဇ်က ၁၉ ဂိုး၊ ဆိုးလ်ရှားက ၁၇ ဂိုးနဲ့ အစဉ်လိုက်ရပ်တည်နေတာပါ။

ပရီးမီးယားလိဂ်သမိုင်းတစ်လျှောက် Super Sub အဖြစ် သွင်းဂိုးအများဆုံးကစားသမားတွေထဲ ဂန္ထဝင်အဆန်ဆုံးက ဆိုးလ်ရှား ဖြစ်ပါလိမ့်မယ်။

ဖာဂူဆန်ဖန်ဆင်းပေးတဲ့ မန်ယူတခေတ်မှာ ဆိုးလ်ရှားရဲ့Super Sub ဂိုးတွေက သိပ်ပြီးတန်ဖိုးရှိခဲ့တယ်။

၁၉၉၉ ချန်ပီယံလိဂ်ဖိုင်နယ်ဟာ ဆိုးလ်ရှားရဲ့ဘဝကို အပြောင်းလဲကြီးပြောင်းလဲစေခဲ့တယ်။

ဘိုင်ယန်မြူးနစ်ကို မန်ယူအသင်း တစ်ဂိုးဂိုးမရှိနဲ့ ရှုံးနေချိန်မှာ ဆိုးလ်ရှားကဝင်ကစားချင်လွန်းလို့ မရိုးမရွ ဖြစ်ခဲ့ပါတယ်။

သူ့ကိုဝင်ကစားခွင့်မပေးလို့လည်း ဖာဂူဆန်ကို ဒေါသထွက်နေပါတယ်။

ပွဲချိန် ၈၁ မိနစ်ရောက်မှ ဆိုးလ်ရှားဝင်ကစားခွင့်ရပေမယ့် မန်ယူရဲ့ဂန္ထဝင်ဖလားသုံးလုံးအောင်ပွဲကိုဖန်ဆင်းပေးသူအဖြစ်သမိုင်းတွင်ခဲ့တယ်။

ပွဲချိန် ၉၃ မိနစ်မှာသွင်းယူတဲ့ ဆိုးလ်ရှားရဲ့အနိုင်ဂိုးဟာ ချန်ပီယံလိဂ်သမိုင်းရဲ့အကောင်းဆုံးပြဇာတ် ဖြစ်ခဲ့ပါတယ်။

ဆိုးလ်ရှားက " ပွဲချိန် မိနစ်၈၀ အထိအရန်ခုံထိုင်နေရလို့ နည်းပြကို ကျနော်ဒေါသထွက်ခဲ့ပါတယ်။ ဘာလို့ငါ့ကိုမကစားခိုင်းတာလဲ၊

ပွဲရှုံးနေတာလေ၊ ဘောလုံးက စိတ်ခံစားချက်တွေများလွန်းပြီး အသင်းရှုံးနေချိန်မှာ ကွင်းထဲဝင်ကစားချင်တာ သဘာဝပါပဲ" လို့ ပြန်ပြောပြတယ်။

ဆိုးလ်ရှားက ဘိုင်ယန်မြူးနစ်နဲ့ ချန်ပီယံလိဂ်ဖိုင်နယ်မှာ ၁၅ မိနစ်သာကစားရပေမယ့် တသက်မမေ့နိုင်စရာ ၁၅ မိနစ်ဖြစ်ခဲ့ပါတယ်။

မန်ယူအသင်းရဲ့သမိုင်းသာမကဘဲ ဆိုးလ်ရှားရဲ့ကစားသမားဘဝသမိုင်းပါ ပြောင်းလဲခဲ့ပါတယ်။

ချန်ပီယံလိဂ်ဖိုင်နယ်ကြောင့် ဆိုးလ်ရှားကပိုကောင်းတဲ့ ကစားသမားဖြစ်မလာပေမယ့် ခံယူချက်ပြောင်းလဲခဲ့တယ်။

ကံတရားကဆိုးလ်ရှားရဲ့မန်ယူကစားသမားဘဝ ပိုပြီးထင်ရှားကျော်ကြားအောင် Supersub အဖြစ် ဖန်ဆင်းပေးခဲ့ပါတယ်။

မန်ယူကစားသမားဘဝ ၁၁ နှစ်တာကာလအတွင်း ဆိုးလ်ရှားက Super Sub အဖြစ် ပျော်ရွှင်စွာအသုံးတော်ခံခဲ့ပါတယ်။

ဖာဂူဆန်ထားရာနေ၊စေရာသွား၊ မန်ယူကိုချစ်မြတ်နိုးစိတ်နဲ့အတူ နောက်ကျဂိုးတွေသွင်းပြီး ပြိုင်ဘက်အသင်းတွေအထိတ်လန့်ဆုံး Baby face Killer ဖြစ်ခဲ့ပါတယ်။

ဖာဂူဆန်က ပွဲပြီးဖို့ ဆယ်မိနစ်၊ ဆယ်ငါးမိနစ်အလိုမှာ ဆိုးလ်ရှားကိုကွင်းထဲထည့်ခါနီးတိုင်း " ဂိုးသွင်းပြလိုက်စမ်း" ဆိုပြီး လှုံဆော်ပေးတတ်တယ်။

ဆိုးလ်ရှားကလည်း ပြိုင်ဘက်ခံစစ်ကစားသမားတွေ မောပန်းနွမ်းလျချိန်မှာအကောင်းဆုံးအခွင့်အရေး ယူပြီးအသည်းခွဲဂိုးတွေသွင်းပြခဲ့တယ်။

အရန်ခုံထိုင်နေရပြီး ပွဲပြီးခါနီးမှ ကစားခွင့်ရပေမယ့် ဆိုးလ်ရှားက ဘယ်တုန်းကမှစိတ်မပျက်ခဲ့ဘူး။

သူဝင်ကစားခွင့်ရချိန်တိုင်း အကောင်းဆုံးပေးဆပ်ခဲ့ပါတယ်။ Super Sub ဆိုတဲ့စကားလုံးဟာ ဆိုးလ်ရှားနဲ့သိပ်ပြီးလိုက်ဖက်ပါတယ်။

လက်ရှိရာသီပရီးမီးယားလိဂ်မှာ Super Sub တွေရဲ့ဂိုးတွေပိုမြင်လာရလို့ တစ်ချိန်တုန်းက Super Sub တွေကို လွမ်းမောစရာပါ။

ข่าวที่เกี่ยวข้อง

ဒဏ်ရာရ ခေါင်းဆောင်တစ်ဦး
Players News

ဒဏ်ရာရ ခေါင်းဆောင်တစ်ဦး

ဒဏ်ရာနတ်ဆိုးရဲ့ ထပ်တလဲလဲ နှိပ်စက်မှုကို ခံနေရပေမဲ့ ချယ်လ်ဆီးအသင်းအပေါ် သစ္စာရှိရှိနဲ့ အစွမ်းကုန် ပေးဆပ်ချင်နေတဲ့ အသင်းခေါင်းဆောင် ရစ္စဂျိမ်းစ်ရဲ့ စိတ်လှုပ်ရှားဖွယ် ဖြတ်သန်းမှု သမိုင်းကြောင်း။

တစ်ပွဲကို နှစ်ဂိုးအနည်းဆုံး သွင်းပြမယ် (ဆာကာ)
Players News

တစ်ပွဲကို နှစ်ဂိုးအနည်းဆုံး သွင်းပြမယ် (ဆာကာ)

ခြေစွမ်းကျနေတယ်ဆိုတဲ့ ဝေဖန်မှုတွေကို လိုင်လီနဲ့ ချန်ပီယံလိဂ်ပွဲမှာ သွင်းဂိုး၊ ဂိုးဖန်တီးမှုတွေနဲ့ အကောင်းဆုံး တုံ့ပြန်လိုက်ပြီး တစ်ပွဲကို အနည်းဆုံး ၂ ဂိုးသွင်းပြမယ်လို့ ကြွေးကြော်လိုက်တဲ့ အာဆင်နယ်ကြယ်ပွင့် ဆာကာအကြောင်း။

ဒီယေဂိုကော်စတာလို တိုက်စစ်မှူး | ဒရော့ဘာလိုတိုက်စစ်မှူး
Players News

ဒီယေဂိုကော်စတာလို တိုက်စစ်မှူး | ဒရော့ဘာလိုတိုက်စစ်မှူး

ဒရော့ဘာနောက်ပိုင်း ၁၆ နှစ်ကြာ ဝေးကွာနေတဲ့ ပရီးမီးယားလိဂ် ရွှေဖိနပ်ဆုကို ချယ်လ်ဆီးအသင်းဆီ ပြန်လည်ယူဆောင်ပေးဖို့ မျှော်လင့်ခံနေရတဲ့ တိုက်စစ်မှူး ယော်အိုပတ်ဒရိုရဲ့ ခြေစွမ်းသုံးသပ်ချက်။

ข่าวเพิ่มเติม

မစ္စတာဝင်းဂါးနဲ့ ဖီဖာဥက္ကဌရာထူး
Football News

မစ္စတာဝင်းဂါးနဲ့ ဖီဖာဥက္ကဌရာထူး

နာမည်ပျက်နေတဲ့ အင်ဖန်တီနိုကို စိန်ခေါ်ပြီး ဖီဖာဥက္ကဌအသစ် ဖြစ်လာနိုင်ခြေရှိနေတဲ့ အာဆင်နယ် ဂန္ထဝင်နည်းပြကြီး အာစင်ဝင်းဂါးရဲ့ အခြေအနေနဲ့ အလားအလာ သုံးသပ်ချက်။

မာတီနက်ဇ် ပြန်တောင်းပန်ရပြီ
Football News

မာတီနက်ဇ် ပြန်တောင်းပန်ရပြီ

အက်သလက်တီကိုနဲ့ ပွဲအပြီး မန်ယူဘုတ်အဖွဲ့ကို ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့မိတဲ့အတွက် နည်းပြ ကာရစ်၊ ဘုတ်အဖွဲ့ဝင်တွေနဲ့ ဆွေးနွေးအပြီးမှာ လူမှုကွန်ရက်ကနေ ပြန်လည်တောင်းပန်ခဲ့ရတဲ့ မာတီနက်ဇ်ရဲ့ အခြေအနေ သုံးသပ်ချက်။

ပဲပြုတ်ဖိုးပဲ ရှိတဲ့လူက ဒံပေါက်စားချင်လို့မရဘူး
Football News

ပဲပြုတ်ဖိုးပဲ ရှိတဲ့လူက ဒံပေါက်စားချင်လို့မရဘူး

နည်းပြဟောင်း အာမိုရင်မ်လိုပဲ အားကစားဒါရိုက်တာ ဝီလ်ကော့ဇ်ကို ဒဲ့ဖြဲဝေဖန်လိုက်တဲ့ နောက်ခံလူ မာတီနက်ဇ်နဲ့ ပဲပြုတ်ဖိုးပဲရှိပြီး ဒံပေါက်စားချင်နေတဲ့ မန်ယူဘုတ်အဖွဲ့ရဲ့ စီမံခန့်ခွဲမှု အားနည်းချက်များအကြောင်း သုံးသပ်ချက်။

PSG က Next Level ကိုရောက်နေပြီ
Football News

PSG က Next Level ကိုရောက်နေပြီ

လူးဝစ်အင်းနရစ်လက်အောက်မှာ ငွေကြေးထက် နည်းစနစ်ပိုင်းနဲ့ လူငယ်စီမံကိန်းကို အားပြုလာပြီး မန်စီးတီးကို ဂိုးပြတ်အနိုင်ယူကာ ချန်ပီယံလိဂ် ၃ နှစ်ဆက်ဗိုလ်စွဲဖို့ ပစ်မှတ်ထားလာတဲ့ PSG အသင်းရဲ့ ခြေစွမ်းသုံးသပ်ချက်။

မန်စီးတီးညစ်လို့ ပေါင်သန်း ၁၂၀ နစ်နာခဲ့တဲ့ စပါး
Football News

မန်စီးတီးညစ်လို့ ပေါင်သန်း ၁၂၀ နစ်နာခဲ့တဲ့ စပါး

မန်စီးတီးအသင်းရဲ့ ငွေကြေးမသမာမှုတွေကြောင့် ၂၀၀၉ ခုနှစ်ကနေ ၂၀၁၈ ခုနှစ်အတွင်း ချန်ပီယံလိဂ်ဝင်ခွင့်နဲ့ ဆုကြေးငွေ ပေါင်သန်း ၁၂၀ နီးပါး အများဆုံး နစ်နာဆုံးရှုံးခဲ့ရတဲ့ စပါးအသင်းအကြောင်း သုံးသပ်ချက်။

မန်ယူဘုတ်အဖွဲ့ကို ဒဲ့ ဆော်လိုက်တဲ့ မာတီနက်ဇ်
Players News

မန်ယူဘုတ်အဖွဲ့ကို ဒဲ့ ဆော်လိုက်တဲ့ မာတီနက်ဇ်

အက်သလက်တီကိုကို ရှုံးနိမ့်ပြီးနောက် အသင်းရဲ့ အင်အားနည်းပါးမှုနဲ့ ဘုတ်အဖွဲ့ရဲ့ ရင်းနှီးမြှုပ်နှံမှု အားနည်းချက်တွေကို ပွင့်ပွင့်လင်းလင်း ဝေဖန်လိုက်တဲ့ မန်ယူနောက်ခံလူ မာတီနက်ဇ်ရဲ့ ပြောကြားချက်။

Official Channels

ONEX2 banner