Players News

ဒဏ်ရာရ ခေါင်းဆောင်တစ်ဦး

ဒဏ်ရာရ ခေါင်းဆောင်တစ်ဦး

ဒဏ်ရာနတ်ဆိုးရဲ့ ထပ်တလဲလဲ နှိပ်စက်မှုကို ခံနေရပေမဲ့ ချယ်လ်ဆီးအသင်းအပေါ် သစ္စာရှိရှိနဲ့ အစွမ်းကုန် ပေးဆပ်ချင်နေတဲ့ အသင်းခေါင်းဆောင် ရစ္စဂျိမ်းစ်ရဲ့ စိတ်လှုပ်ရှားဖွယ် ဖြတ်သန်းမှု သမိုင်းကြောင်း။

ဒဏ်ရာနေ့စွဲတွေဟာ ရစ္စဂျိမ်းစ်ကို စိတ်ကျရောဂါ ဖြစ်စေတယ်။ တစ်ကိုယ်တည်းအထီးကျန်ဆန်စေတယ်။

ပွဲတွေမကစားရလို့ကိုယ့်ကိုယ်ကို စိတ်ပျက်ဒေါသထွက်မိတယ်။ ရစ္စဂျိမ်းစ်စိတ်ထဲမှာစွဲကပ်နေတာတစ်ကိုယ်ရေစာ ကျော်ကြားမှုမဟုတ်ဘူး။

ချယ်လ်ဆီးကိုကူညီလိုစိတ်၊ အဲဒီအရာကလွဲပြီး ဘယ်အရာကမှရစ္စဂျိမ်းစ်အတွက် အရေးမကြီးပါဘူး။

ဒူးဒဏ်ရာက ရစ္စဂျိမ်းစ်ကို ကာလရှည်အနားပေးခဲ့ပြီး တံကောက်ကြောဒဏ်ရာက ထပ်ခါထပ်ခါ သတ်ခဲ့ပါတယ်။

ရစ္စဂျိမ်းစ်က ပြီးခဲ့တဲ့လေးနှစ်အတွင်း တံကောက်ကြောဒဏ်ရာ ၈ ကြိမ်အထိရခဲ့ပါတယ်။

ပြီးတော့ ဒူးဒဏ်ရာ၊ ပေါင်ဒဏ်ရာ၊ ခြေချင်းဝတ်ဒဏ်ရာ တွေကြောင့်လည်း ကာလအတန်ကြာနားခဲ့ရဖူးတယ်။

အခုလည်း ရစ္စဂျိမ်းစ် က ဒူးဒဏ်ရာကြောင့် ၃ လလောက်အနားယူရဦးမယ်။

ရစ္စဂျိမ်းစ်က အသက် ၆ နှစ်အရွယ်ကစတင်ပြီး ချယိလ်ဆီးအရိပ်အောက် ခိုလှုံခဲ့ပါတယ်။

အကယ်ဒမီကစားသမားဘဝကို ဖြတ်သန်းပြီး ချယ်လ်ဆီးအသင်းခေါင်းဆောင်ဘဝ ကူးပြောင်းလာခဲ့တယ်။

၂၀၁၉ ခုနှစ်အတွင်းကစားတဲ့ ဂရင်းစ်ဘေးတောင်းအသင်းနဲ့ပွဲမှာချယ်လ်ဆီးကစားသမားဘဝ ပထမဆုံးဂိုး သွင်းယူနိုင်ခဲ့သူဟာ

၂၀၂၀ ခုနှစ်မှာလက်ရွေးစင်ကစားသမားဖြစ်လာခဲ့တယ်။ ၂၀၂၁ ခုနှစ်မှာ ချယ်လ်ဆီးနဲ့အတူ ချန်ပီယံလိဂ်ဖလား ပိုင်ဆိုင်ခဲ့တယ်။

၂၀၂၃ ခုနှစ်မှာ ချယ်လ်ဆီးအသင်းခေါင်းဆောင်ရာထူး ရရှိခဲ့တာပါပဲ။

ပြီးခဲ့တဲ့လေးရာသီအတွင်းမှာ ဒဏ်ရာနတ်ဆိုးက ရစ္စဂျိမ်းစ်ကို အစွမ်းကုန် နှိပ်စက်ပေမယ့် ယိုင်လဲမသွားဘဲ သန်မာမြဲသန်မာခဲ့တယ်။

ရစ္စဂျိမ်းစ်ကနေရာစုံအသုံးတော်ခံနိုင်ခဲ့ပါတယ်။ နေရာဘယ်လောက်စုံအောင်ကစားရလဲဆိုရင် ဘယ်နောက်ခံလူဖြစ်ခဲ့တဲ့အထိပါပဲ။

အတွေ့အကြုံရင့်ပြီးခေါင်းဆောင်စိတ်ပိုင်ဆိုင်ထားသူ ရစ္စဂျိမ်းစ်က အားနည်းချက်ရှိတဲ့ချယ်လ်ဆီးခံစစ်အတွက် အားကိုးရသူဖြစ်ခဲ့တယ်။

ချယ်လ်ဆီးကစားသမားတွေရဲ့ တိုက်ပွဲဝင်စိတ်ဓာတ်ကိုလှုံ့ဆော်ပေးနိုင်ပြီး သူကိုယ်တိုင်လည်းအစွမ်းကုန်ပေးဆပ်တတ်သူပါ။

ရစ္စဂျိမ်းစ်ရဲ့ကစားသမားဘဝမှာ Father Figure က သီယာဂိုဆေးလ်ဗားပါ။ သီယာဂိုဆေးလ်ဗားက ရစ္စဂျိမ်းစ်ရဲ့အဖေနဲ့အသက်သိပ်မကွာဘူး။

ချယ်လ်ဆီးမှာသူတို့နှစ်ဉီး ရေစက်ဆုံချိန် သိပ်မကြာပေမယ့် ရစ္စဂျိမ်းစ်က သီယာဂိုဆေးလ်ဗားကို သိပ်ပြီးခင်တွယ်ခဲ့ပါတယ်။

စာသင်ကျောင်းမှာ ရစ္စဂျိမ်းစ်က အထူးချွန်ဆုံးကျောင်းသား မဖြစ်ခဲ့ဘူး။ ဒါပေမဲ့ ဘောလုံးကွင်းထဲမှာ ရစ္စဂျိမ်းစ်က လူရည်ချွန်ပဲ။

ရစ္စဂျိမ်းစ်က ဘောလုံးမျိုးရိုးရှိတယ်။ သူ့အဖေက နည်းပြ၊သူ့အစ်ကိုနဲ့ သူ့ညီမက  ဘောလုံးသမား၊ ဒီလိုနဲ့ပဲ ရစ္စဂျိမ်းစ်ဟာ Football Mad ဖြစ်လာခဲ့တယ်။

ရစ္စဂျိမ်းစ်တို့အိမ်နောက်ဘက် ခြံဝန်းမြက်ခင်းပြင်မှာ မိသားစုဘောလုံးပွဲလေး ရှိခဲ့ဖူးတယ်။

ချာတိတ်ဘဝမှာ ဘောလုံးကစားတဲ့အခါ ရစ္စဂျိမ်းစ်က တိုက်စစ်မှူးဖြစ်ဖူးတယ်၊ တောင်ပံကစားသမား ဖြစ်ဖူးတယ်၊ ကွင်းလယ်လူ ဖြစ်ဖူးတယ်၊

ကွင်းလယ်လူနေရာကစားရတာကို ရစ္စဂျိမ်းစ် မုန်းရတဲ့ အကြောင်းရင်းက ဘောလုံးသိပ်မရလို့ပါ။

ဒီလိုနဲ့ပဲ ညာနောက်ခံလူဘဝကိုရစ္စဂျိမ်းစ် အသွင်ပြောင်းခဲ့တာ ဖြစ်ပါတယ်။

ဒရော့ဘာကို လေးစားလွန်းလို့ ရစ္စဂျိမ်းစ်က တိုက်စစ်ကစားခဲ့တာပါ။   အခုတော့လည်း ခံစစ်ကစားသမားဘဝမှာ ရစ္စဂျိမ်းစ် ပျော်ရွှင်နေပါပြီ။

သီယာဂိုဆေးလ်ဗားကို Idol အဖြစ်သတ်မှတ်ထားသူဟာ သီယာဂိုဆေးလ်ဗားလိုမျိုး ဂန္ထဝင်ခံစစ်ကစားသမားဖြစ်ချင်တယ်။ ဂိုးတွေသွင်းချင်ပါတယ်။

သူ့ဘဝရဲ့မမေ့နိုင်စရာအကောင်းဆုံးညတစ်ညအကြောင်းမေးတဲ့အခါ ချန်ပီယံလိဂ် ဖလားရတဲ့ညဆိုပြီး ပြောပြခဲ့တယ်။

ข่าวที่เกี่ยวข้อง

တစ်ပွဲကို နှစ်ဂိုးအနည်းဆုံး သွင်းပြမယ် (ဆာကာ)
Players News

တစ်ပွဲကို နှစ်ဂိုးအနည်းဆုံး သွင်းပြမယ် (ဆာကာ)

ခြေစွမ်းကျနေတယ်ဆိုတဲ့ ဝေဖန်မှုတွေကို လိုင်လီနဲ့ ချန်ပီယံလိဂ်ပွဲမှာ သွင်းဂိုး၊ ဂိုးဖန်တီးမှုတွေနဲ့ အကောင်းဆုံး တုံ့ပြန်လိုက်ပြီး တစ်ပွဲကို အနည်းဆုံး ၂ ဂိုးသွင်းပြမယ်လို့ ကြွေးကြော်လိုက်တဲ့ အာဆင်နယ်ကြယ်ပွင့် ဆာကာအကြောင်း။

ဒီယေဂိုကော်စတာလို တိုက်စစ်မှူး | ဒရော့ဘာလိုတိုက်စစ်မှူး
Players News

ဒီယေဂိုကော်စတာလို တိုက်စစ်မှူး | ဒရော့ဘာလိုတိုက်စစ်မှူး

ဒရော့ဘာနောက်ပိုင်း ၁၆ နှစ်ကြာ ဝေးကွာနေတဲ့ ပရီးမီးယားလိဂ် ရွှေဖိနပ်ဆုကို ချယ်လ်ဆီးအသင်းဆီ ပြန်လည်ယူဆောင်ပေးဖို့ မျှော်လင့်ခံနေရတဲ့ တိုက်စစ်မှူး ယော်အိုပတ်ဒရိုရဲ့ ခြေစွမ်းသုံးသပ်ချက်။

မန်ယူဘုတ်အဖွဲ့ကို ဒဲ့ ဆော်လိုက်တဲ့ မာတီနက်ဇ်
Players News

မန်ယူဘုတ်အဖွဲ့ကို ဒဲ့ ဆော်လိုက်တဲ့ မာတီနက်ဇ်

အက်သလက်တီကိုကို ရှုံးနိမ့်ပြီးနောက် အသင်းရဲ့ အင်အားနည်းပါးမှုနဲ့ ဘုတ်အဖွဲ့ရဲ့ ရင်းနှီးမြှုပ်နှံမှု အားနည်းချက်တွေကို ပွင့်ပွင့်လင်းလင်း ဝေဖန်လိုက်တဲ့ မန်ယူနောက်ခံလူ မာတီနက်ဇ်ရဲ့ ပြောကြားချက်။

ข่าวเพิ่มเติม

မစ္စတာဝင်းဂါးနဲ့ ဖီဖာဥက္ကဌရာထူး
Football News

မစ္စတာဝင်းဂါးနဲ့ ဖီဖာဥက္ကဌရာထူး

နာမည်ပျက်နေတဲ့ အင်ဖန်တီနိုကို စိန်ခေါ်ပြီး ဖီဖာဥက္ကဌအသစ် ဖြစ်လာနိုင်ခြေရှိနေတဲ့ အာဆင်နယ် ဂန္ထဝင်နည်းပြကြီး အာစင်ဝင်းဂါးရဲ့ အခြေအနေနဲ့ အလားအလာ သုံးသပ်ချက်။

မာတီနက်ဇ် ပြန်တောင်းပန်ရပြီ
Football News

မာတီနက်ဇ် ပြန်တောင်းပန်ရပြီ

အက်သလက်တီကိုနဲ့ ပွဲအပြီး မန်ယူဘုတ်အဖွဲ့ကို ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့မိတဲ့အတွက် နည်းပြ ကာရစ်၊ ဘုတ်အဖွဲ့ဝင်တွေနဲ့ ဆွေးနွေးအပြီးမှာ လူမှုကွန်ရက်ကနေ ပြန်လည်တောင်းပန်ခဲ့ရတဲ့ မာတီနက်ဇ်ရဲ့ အခြေအနေ သုံးသပ်ချက်။

ပဲပြုတ်ဖိုးပဲ ရှိတဲ့လူက ဒံပေါက်စားချင်လို့မရဘူး
Football News

ပဲပြုတ်ဖိုးပဲ ရှိတဲ့လူက ဒံပေါက်စားချင်လို့မရဘူး

နည်းပြဟောင်း အာမိုရင်မ်လိုပဲ အားကစားဒါရိုက်တာ ဝီလ်ကော့ဇ်ကို ဒဲ့ဖြဲဝေဖန်လိုက်တဲ့ နောက်ခံလူ မာတီနက်ဇ်နဲ့ ပဲပြုတ်ဖိုးပဲရှိပြီး ဒံပေါက်စားချင်နေတဲ့ မန်ယူဘုတ်အဖွဲ့ရဲ့ စီမံခန့်ခွဲမှု အားနည်းချက်များအကြောင်း သုံးသပ်ချက်။

PSG က Next Level ကိုရောက်နေပြီ
Football News

PSG က Next Level ကိုရောက်နေပြီ

လူးဝစ်အင်းနရစ်လက်အောက်မှာ ငွေကြေးထက် နည်းစနစ်ပိုင်းနဲ့ လူငယ်စီမံကိန်းကို အားပြုလာပြီး မန်စီးတီးကို ဂိုးပြတ်အနိုင်ယူကာ ချန်ပီယံလိဂ် ၃ နှစ်ဆက်ဗိုလ်စွဲဖို့ ပစ်မှတ်ထားလာတဲ့ PSG အသင်းရဲ့ ခြေစွမ်းသုံးသပ်ချက်။

မန်စီးတီးညစ်လို့ ပေါင်သန်း ၁၂၀ နစ်နာခဲ့တဲ့ စပါး
Football News

မန်စီးတီးညစ်လို့ ပေါင်သန်း ၁၂၀ နစ်နာခဲ့တဲ့ စပါး

မန်စီးတီးအသင်းရဲ့ ငွေကြေးမသမာမှုတွေကြောင့် ၂၀၀၉ ခုနှစ်ကနေ ၂၀၁၈ ခုနှစ်အတွင်း ချန်ပီယံလိဂ်ဝင်ခွင့်နဲ့ ဆုကြေးငွေ ပေါင်သန်း ၁၂၀ နီးပါး အများဆုံး နစ်နာဆုံးရှုံးခဲ့ရတဲ့ စပါးအသင်းအကြောင်း သုံးသပ်ချက်။

How to Win Football Bets: A Logical and Analytical Approach
Football News

How to Win Football Bets: A Logical and Analytical Approach

Once you have systematically analyzed these factors, it is time to turn your insights into real profit on Onex2, the most reliable and trusted betting platform. No matter how accurate your predictions are, proper Bankroll Management is the most critical factor in sports betting. Never let greed take over. Only bet an amount you can afford to lose, and avoid the trap of "chasing losses" by betting impulsively if you lose a slip. By playing on a secure platform like Onex2, you can safely grow you

Official Channels

ONEX2 banner