မန်စီးတီးအသင်းရဲ့ ငွေကြေးမသမာမှုတွေကြောင့် ၂၀၀၉ ခုနှစ်ကနေ ၂၀၁၈ ခုနှစ်အတွင်း ချန်ပီယံလိဂ်ဝင်ခွင့်နဲ့ ဆုကြေးငွေ ပေါင်သန်း ၁၂၀ နီးပါး အများဆုံး နစ်နာဆုံးရှုံးခဲ့ရတဲ့ စပါးအသင်းအကြောင်း သုံးသပ်ချက်။
မန်စီးတီးရဲ့ဘဏ္ဍာရေးအရှုပ်တော်ပုံကြောင့် ပရီးမီးယားလိဂ်က အတော်လေးလှုပ်လှုပ်ခတ်ခတ် ဖြစ်နေရတယ်။
အခုလည်း မန်စီးတီးကြောင့် ၂၀၀၉ ခုနှစ်ကနေ ၂၀၁၈ ခုနှစ်အတွင်း ဘဏ္ဍာရေးနစ်နာမှုဘယ်လောက်ရှိခဲ့လဲဆိုတာ BBC က ထုတ်ပြန်ကြေညာခဲ့တယ်။
မန်စီးတီးရဲ့ဘဏ္ဍာရေးအရှုပ်အထွေးကြောင့်
ပြိုင်ဘက်ပရီးမီးယားလိဂ်အသင်းတွေ နစ်နာခဲ့တာပါ။
မန်စီးတီးအသင်း ငွေကြေးမသမာမှုလုပ်ခဲ့တဲ့ ၂၀၀၉ ခုနှစ်ကနေ ၂၀၁၈ ခုနှစ်အတွင်းမှာ
ပရီးမီးယားလိဂ်မှာ အဆင့်အလိုက်ရပ်တည်မှု
ဆုကြေး ၁၈၈ ဒဿမ ၂ သန်း၊
တန်းဆင်းအသင်းတွေ ငွေကြေးနစ်နာမှု
ပေါင် ၃၄၉ ဒဿမ ၇ သန်း၊
ချန်ပီယံလိဂ်ကနေရမယ့်ဝင်ငွေ ပေါင် ၂၁၇ ဒဿမ ၈သန်း
ပြည်တွင်းဖလားဆုကြေးနဲ့ ယူရိုပါလိဂ်ဆုကြေး
ပေါင် ၈၈ ဒဿမ ၃ သန်း နစ်နာဆုံးရှုံးခဲ့ကြပါတယ်။
ရှင်းအောင်ပြောရရင် အဲဒီဆုကြေးနဲ့ဝင်ငွေတွေက ဘဏ္ဍာရေးမသမာမှုလုပ်ခဲ့တဲ့ မန်စီးတီး မရသင့်တဲ့အရာတွေပါ။
၂၀၀၉ ခုနှစ်ကနေ ၂၀၁၈ ခုနှစ်အတွင်း ပရီးမီးယားလိဂ်မှာ မန်စီးတီးစွမ်းဆောင်ခဲ့သမျှ အရာအားလုံးပယ်ဖျက်လိုက်မယ်ဆိုရင်၊
အဲဒီငွေကြေး ပေါင် ၈၄၄ သန်းက နစ်နာခဲ့တဲ့အသင်းတွေ ပြန်လည်ရရှိသင့်ပါတယ်။
၂၀၀၈ ခုနှစ်ကနေ ၂၀၁၉ ခုနှစ်အတွင်းမှာ မန်စီးတီးကြောင့် ငွေကြေးအများဆုံးနစ်နာခဲ့ရတာ စပါးအသင်းပါ။
စပါးအသင်းက မန်စီးတီးကြောင့် ပေါင်သန်း ၁၂၀ နီးပါးနစ်နာခဲ့တာ ဖြစ်ပါတယ်။
၂၀၀၉ ခုနှစ်ကနေ ၂၀၁၈ ခုနှစ်အတွင်းမှာ မန်စီးတီးကြောင့် စပါးအသင်းက ချန်ပီယံလိဂ်ဝင်ခွင့် လေးကြိမ်လွဲချော်ခဲ့တယ်။
မန်စီးတီးက ဘဏ္ဍာရေးမသမာမှုတွေကျူးလွန်တယ်လို့ ယူဆခံရတဲ့ အဲဒီကာလအတွင်းမှာ
ချန်ပီယံဝင်ငွေ ပေါင် ၁၄၈ ဒဿမ ၂ သန်းရပြီး စပါးက ပေါင်သန်းသုံးဆယ်နီးပါးသာ ရခဲ့ပါတယ်။
၂၀၁၄-၁၅ ရာသီမှာ မန်စီးတီးက ချန်ပီယံလိဂ်ကနေ ဝင်ငွေ ပေါင် ၇၁ ဒဿမ ၂ သန်းရချိန်မှာ စပါးအသင်းက ယူရိုပါလိဂ်သာကစားရလို့
ပေါင် ၁၇ ဒဿမ ၇ သန်းပဲပိုင်ဆိုင်ခဲ့ပါတယ်။
မန်စီးတီးရဲ့ဘဏ္ဍာရေးအရှုပ်တော်ပုံအတွက် အပြီးသတ်ဆုံးဖြတ်ချက်ချတဲ့အခါ စပါးအသင်းလို
ဆုံးရှုံးနစ်နာမှုတွေအတွက် ဘယ်လိုဖြေရှင်းပေးမလဲ ဆိုတာ စိတ်ဝင်စားစရာပါ။