Players News

တစ်ပွဲကို နှစ်ဂိုးအနည်းဆုံး သွင်းပြမယ် (ဆာကာ)

တစ်ပွဲကို နှစ်ဂိုးအနည်းဆုံး သွင်းပြမယ် (ဆာကာ)

ခြေစွမ်းကျနေတယ်ဆိုတဲ့ ဝေဖန်မှုတွေကို လိုင်လီနဲ့ ချန်ပီယံလိဂ်ပွဲမှာ သွင်းဂိုး၊ ဂိုးဖန်တီးမှုတွေနဲ့ အကောင်းဆုံး တုံ့ပြန်လိုက်ပြီး တစ်ပွဲကို အနည်းဆုံး ၂ ဂိုးသွင်းပြမယ်လို့ ကြွေးကြော်လိုက်တဲ့ အာဆင်နယ်ကြယ်ပွင့် ဆာကာအကြောင်း။

ဟိုတလောက ခြေစွမ်းမပြနိုင်လို့ ဆာကာဝေဖန်ခံရတယ်။

လိုင်လီအသင်းနဲ့ ချန်ပီယံလိဂ်ပွဲမှာတော့ ဆာကာကသူ့ရဲ့ကိုယ်ရည်ကိုယ်သွေး ပြန်လည်ပြသနိုင်ခဲ့ပါတယ်။

လိုင်လီအသင်းနဲ့ပွဲမှာ ဆာကာကတစ်ဂိုးသွင်းပြီး ဂိုးဖန်တီးမှုတစ်ကြိမ်လုပ်ခဲ့တာပါ။ အဲဒီနောက်ဆာကာက

" တစ်ပွဲကိုအနည်းဆုံး နှစ်ဂိုးဒါမှမဟုတ် သုံးဂိုးသွင်းယူနိုင်အောင် ရည်ရွယ်ထားတယ်" လို့ ကြွေးကြော်လိုက်တယ်။

ဆာကာရဲ့ကစားသမားဘဝမှာ တစ်ရာသီအတွင်း ဂိုး ၂၀ သွင်းယူနိုင်တာ တစ်ကြိမ်ပဲရှိခဲ့တယ်။

၂၀၂၃-၂၄ ရာသီမှာ ဆာကာက ပရီးမီးယားလိဂ်သွင်းဂိုး ၁၆ ဂိုးအပါအဝင် ပြိုင်ပွဲစုံသွင်းဂိုးနှစ်ဆယ် ပိုင်ဆိုင်ခဲ့တာပါ။

နေရှင်းလိဂ်မှာ ဆာကာကအဆုံးသတ်စွမ်းရည် Upgrade လုပ်လာခဲ့တယ်။ လက်ရွေးစင်အသင်းအတွက်

နောက်ဆုံး လေးပွဲမှာဆာကာ ၅ ဂိုးသွင်းယူနိုင်ခဲ့တယ်။ လိုင်လီနဲ့ချန်ပီယံလိဂ်ပွဲမှာ ဂိုးသွင်းပြီးနောက် ဆာကာရဲ့အာဆင်နယ်ကစားသမားဘဝ

ဉရောပပြိုင်ပွဲသွင်းဂိုးအရေအတွက်က ၁၉ ဂိုးအထိ ရှိလာပါပြီ။

ဂန္ထဝင်အွန်နရီပြီးရင် ဉရောပပြိုင်ပွဲသွင်းဂိုးအများဆုံးအာဆင်နယ်ကစားသမားအဖြစ် ဆာကာ ထည်ဝါနေခဲ့ပါတယ်။

ဆာကာရဲ့ ဉရောပပြိုင်ပွဲ သွင်းဂိုးဖန်တီးမှုကလည်း အွန်နရီ (၁၆ ကြိမ်)၊ ဖာဘရီဂတ်စ် (၁၄ ကြိမ်)ရဲ့နောက် အများဆုံးအဖြစ်ရပ်တည်နေတာပါ။

လိုင်လီနဲ့ပွဲမှာ ဆာကာက ပွဲချိန် ၆၅ မိနစ်ရောက်မှ ဝင်ကစားခဲ့တာပါ။ လိုင်လီနဲ့ပွဲမတိုင်ခင်မှာ နေသိပ်မကောင်းလို့ ဆာကာအရန်ခုံထိုင်ခဲ့ရတယ်။

ဒါပေမဲ့အာဆင်နယ်လိုအပ်ချိန်မှာ ဆာကာက အစွမ်းပြခဲ့တာပါ။ သွင်းဂိုးတစ်ဂိုး၊

ဂိုးဖန်တီးမှုတစ်ကြိမ်နဲ့ မာဒူအေကေထက်ပိုကောင်းတယ်ဆိုတာ ဆာကာသက်သေပြခဲ့တယ်။

ဘယ်လိုပဲဖြစ်ဖြစ်၊ ဆာကာတစ်ယောက် သွင်းဂိုးနဲ့ ဂိုးဖန်တီးမှုတဝေဝေပြန်ဖြစ်လာလို့ အာတီတာဝမ်းမြောက်နေတယ်။

လိုင်လီနဲ့ ပွဲမတိုင်ခင်မှာအာတီတာက ဆာကာကို " ဂိုးမသွင်းနိုင်ရင် ေ-သ- ပြီသာမှတ်" ဆိုပြီး နောက်ပြောင်ခဲ့တယ်။

အဲဒီအချိန်တုန်းက အာတီတာရဲ့စကားကို ဆာကာရယ်ပဲရယ်နေပါတယ်။ ပြီးတော့  သူပြန်လာပြီဆိုတာ သွင်းဂိုးတစ်ဂိုး၊

ဂိုးဖန်တီးမှုတစ်ကြိမ်နဲ့ အာတီတာသိအောင် သရုပ်ဖော်လိုက်ပါတယ်။

သူ ေ-သ- မှာကြောက်လို့တော့ မဟုတ်လောက်ပါဘူး။

ข่าวที่เกี่ยวข้อง

နှုတ်မစောင့်တဲ့လိပ်ကြောင့်ဖြစ်တဲ့ တရုတ်-လာလီဂါ ပဋိပက္ခ
Players News

နှုတ်မစောင့်တဲ့လိပ်ကြောင့်ဖြစ်တဲ့ တရုတ်-လာလီဂါ ပဋိပက္ခ

အင်တာဗျူးတစ်ခုမှာ အမှားအယွင်းပြောဆိုမိခဲ့တဲ့ ဘာပေကြောင့် တရုတ်နိုင်ငံရဲ့ ပြင်းထန်တဲ့ တုံ့ပြန်မှုနဲ့ သပိတ်မှောက်မှုတွေကို ရင်ဆိုင်နေရပြီး ရုပ်သံဈေးကွက် ဆုံးရှုံးမယ့်အရေးနဲ့ ကြုံနေရတဲ့ လာလီဂါအကြောင်း သုံးသပ်ချက်။

ဒေါင်းမန်းနဲ့ စိတ်လိုက်မာန်ပါ လူငယ်တွေအကြောင်း
Players News

ဒေါင်းမန်းနဲ့ စိတ်လိုက်မာန်ပါ လူငယ်တွေအကြောင်း

ဖလက်ဝုဒ်နဲ့ပွဲမှာ အနီကတ်ပြခံရလို့ အာတီတာရဲ့ ဆူပူမှုကို ခံခဲ့ရတဲ့ ဒေါင်းမန်းနဲ့ ရွန်နီ၊ မက်ဆီတို့လို လူငယ်ဘဝမှာ စိတ်လိုက်မာန်ပါ အမှားလုပ်ခဲ့ကြတဲ့ နာမည်ကျော်ကစားသမားတွေအကြောင်း သုံးသပ်ချက်။

ဟာရီကိန်းရဲ့ စင်ဒရဲလားပုံပြင်
Players News

ဟာရီကိန်းရဲ့ စင်ဒရဲလားပုံပြင်

အောက်တန်းလိဂ် အငှားကစားသမားဘဝကနေ ၂၀၂၆ Ballon d'Or ဆုရှင်အဖြစ် အမြင့်ဆုံး ရောက်ရှိလာတဲ့ ဟာရီကိန်းရဲ့ ဒဏ္ဍာရီဆန်တဲ့ ဖြတ်သန်းမှုနဲ့ စပါးအသင်းဆီ ပြန်လာနိုင်ခြေ သုံးသပ်ချက်။

ข่าวเพิ่มเติม

လိဂ်တူးအသင်းကို ရှုံးတဲ့ရှက်စရာအာဆင်နယ်
Football News

လိဂ်တူးအသင်းကို ရှုံးတဲ့ရှက်စရာအာဆင်နယ်

အဓိကကစားသမားတွေ ပါဝင်ခဲ့ပေမဲ့ လိဂ်တူးကလပ် ဖလက်ဝုဒ်တောင်းအသင်းကို ပယ်နယ်တီအဆုံးအဖြတ်မှာ ရှုံးနိမ့်ပြီး လိဂ်ဖလားပြိုင်ပွဲကနေ စောစီးစွာ ထွက်ခွာခဲ့ရတဲ့ အာဆင်နယ်အသင်းရဲ့ ရှက်စရာရှုံးပွဲ သုံးသပ်ချက်။

ကာရစ်အတွက် ကံကြမ္မာအသစ်လား..?  အဆုံးသ-တ်ဇာတ်သိမ်းလား..?
Football News

ကာရစ်အတွက် ကံကြမ္မာအသစ်လား..? အဆုံးသ-တ်ဇာတ်သိမ်းလား..?

၈ ပွဲဆက် နိုင်ပွဲပျောက်နေပေမဲ့ နည်းပြရာထူးကနေ မထုတ်ပယ်ခံရသေးဘဲ ချယ်လ်ဆီးနဲ့ပွဲမှာ နောက်ဆုံးအခွင့်အရေး ထပ်မံရရှိလိုက်တဲ့ မန်ယူနည်းပြ မိုက်ကယ်ကာရစ်ရဲ့ ကံကြမ္မာ သုံးသပ်ချက်။

ကာရစ်အတွက် ကံကြမ္မာအသစ်လား..?  အဆုံးသ-တ်ဇာတ်သိမ်းလား..?
Football News

ကာရစ်အတွက် ကံကြမ္မာအသစ်လား..? အဆုံးသ-တ်ဇာတ်သိမ်းလား..?

၈ ပွဲဆက် နိုင်ပွဲပျောက်နေပေမဲ့ နည်းပြရာထူးကနေ မထုတ်ပယ်ခံရသေးဘဲ ချယ်လ်ဆီးနဲ့ပွဲမှာ နောက်ဆုံးအခွင့်အရေး ထပ်မံရရှိလိုက်တဲ့ မန်ယူနည်းပြ မိုက်ကယ်ကာရစ်ရဲ့ ကံကြမ္မာ သုံးသပ်ချက်။

မက်ဆီ၊ စီရော်နယ်လ်ဒိုတို့နဲ့ ဂုဏ်ရည်တူသွားတဲ့ ဂန္ထဝင်ဟာရီကိန်း
Players News

မက်ဆီ၊ စီရော်နယ်လ်ဒိုတို့နဲ့ ဂုဏ်ရည်တူသွားတဲ့ ဂန္ထဝင်ဟာရီကိန်း

ကမ္ဘာ့ဖလားနဲ့ ချန်ပီယံလိဂ် မရဘဲ Ballon d'Or ဆုကို ဆွတ်ခူးနိုင်ခဲ့ပြီး မက်ဆီ၊ စီရော်နယ်လ်ဒိုတို့နဲ့ ဂုဏ်ရည်တူသွားတဲ့ ဂန္ထဝင်တိုက်စစ်မှူး ဟာရီကိန်းရဲ့ စံချိန်တင် သွင်းဂိုးမှတ်တမ်းများအကြောင်း သုံးသပ်ချက်။

မိုက်ကယ်ကာရစ်ရဲ့ Failed Gamble
Football News

မိုက်ကယ်ကာရစ်ရဲ့ Failed Gamble

နည်းစနစ်ကို ဝေဖန်ခဲ့တဲ့ ဘရူနိုဖာနန်ဒက်စ်ကို ပွဲထွက်စာရင်းကနေ ဖယ်ရှားခဲ့ပေမဲ့ ဘုန်းမောက်ကို ဂိုးပြတ်ရှုံးနိမ့်ပြီး (၈) ပွဲဆက် နိုင်ပွဲပျောက်ခဲ့တဲ့ မန်ယူနည်းပြ မိုက်ကယ်ကာရစ်ရဲ့ ကျရှုံးသွားတဲ့ စွန့်စားခန်း။

မန်ယူနည်းပြသစ်နဲ့ ပွဲကျပ်ငရဲခန်း
Football News

မန်ယူနည်းပြသစ်နဲ့ ပွဲကျပ်ငရဲခန်း

ရာထူးကနေ ထုတ်ပယ်ခံရတော့မယ့် မိုက်ကယ်ကာရစ်နေရာမှာ အစားထိုးဖို့ နည်းပြသစ် ရှာဖွေနေတဲ့ မန်ယူအသင်းရဲ့ အခြေအနေနဲ့ ချယ်လ်ဆီး၊ လီဗာပူးလ်တို့အပါအဝင် စောင့်ကြိုနေတဲ့ ပွဲကျပ်ငရဲခန်းအကြောင်း သုံးသပ်ချက်။

Official Channels

ONEX2 banner