စီရော်နယ်လ်ဒို ဘေးဖယ်ပေးရမယ့်အချိန်
ပွဲမကစားရလို့ အသင်းကနေ သူပုန်ဆန်ထွက်ပြေးသွားတဲ့ စီရော်နယ်လ်ဒိုမပါဝင်ဘဲ ဒိန်းမတ်အသင်းကို တိုက်စစ်အစွမ်းပြ ဂိုးပြတ်အနိုင်ယူခဲ့တဲ့ ခေတ်သစ် (Post-Ronaldo Era) ပေါ်တူဂီအသင်းရဲ့ ပွဲစဉ်သုံးသပ်ချက်။
ဘောလုံးသမားတွေဟာ ပညာရေးမှာ အားနည်းတယ်ဆိုတဲ့ အမြင်တွေကို ချေဖျက်ပြီး ကစားသမားဘဝအလွန်အတွက် ကြိုတင်ပြင်ဆင်ကာ PFA Business School ကနေ ဘွဲ့ယူခဲ့ကြတဲ့ အီဝိုနီရီ၊ ဒူလ်စ်ဘယ်ရီ စတဲ့ ကစားသမားများအကြောင်း။
အောက်စဖို့ဒ်တက္ကသိုလ်ဘွဲ့ပေးပွဲအခမ်းအနားထဲကမြင်ကွင်းလိုပေါ့။
လက်ရှိပရီးမီးယားလိဂ်ကစားသမားတွေနဲ့ ကစားသမားဟောင်းတွေရဲ့ ဘွဲ့သဘင်အခမ်းအနားပါ။
၂၀၂၆ PFA Business School ရဲ့ ဘွဲ့ပေးပွဲအခမ်းအနားမှာ အဲဗာတန်ကွင်းလယ်လူ ဒူလ်စ်ဘယ်ရီ၊ ကိုဗင်ထရီတိုက်စစ်ကစားသမား အီဝိုနီရီတို့ပါတယ်။
အာဆင်နယ်ရဲ့ အီမရိတ်စ်ကွင်းမှာ သူတို့နှစ်ဦး ဘွဲ့လက်မှတ်ရခဲ့ကြတာပါ။
၂၀၂၁ ချန်ပီယံလိဂ်ဖလားပိုင်ရှင် ချယ်လ်ဆီးကစားသမားဟောင်း အက်စ်ပီလီကွယ်လ်တာက အမှတ်တရစကားပြောခဲ့တယ်။
အသက် ၂၈ နှစ်အရွယ် ဒူလ်စ်ဘယ်ရီက မာဆေးလ်ဆိုက်ဒ်ကနေ လန်ဒန်ကို ရထားနဲ့လာပြီး ဘွဲ့လာယူတာပါ။
ဒူလ်စ်ဘယ်ရီက သူ့ရဲ့ကစားသမားဘ၀အလွန်အနာဂတ်အတွက် ကြိုတင်စီမံကိန်း အဖြစ် ဘောလုံးဒါရိုက်တာတစ်ဦးဘ၀ မျှော်လင့်နေတာပါ။
ဒူလ်စ်ဘယ်ရီက "ကျွန်တော့်ရဲ့ကစားသမားဘ၀က အများကြီးကျန်ပါသေးတယ်။
ဒါပေမဲ့ ကျွန်တော်က အမြဲတမ်းသင်ယူချင်သူဖြစ်ပြီး ကစားသမားဘ၀အလွန်မှာ ရင်ဆိုင်ရမယ့်ဘ၀အတွက်ကြိုတင်ပြင်ဆင်ထားတာပါ"လို့ပြောတယ်။
အသက် ၂၉ နှစ်အရွယ် အီဝိုနီရီက စီးပွားစီမံဘွဲ့နဲ့ အခြားဒီပလိုမာတစ်ခု ပိုင်ဆိုင်ထားပြီးပါပြီ။
အခု ဘောလုံးဒါရိုက်တာပညာရပ်နဲ့ အီဝိုနီရီ ဘွဲ့ထပ်ရတာပါ။ သူ့အဖေက အီဝိုနီရီကိုပညာတတ်ကြီးဖြစ်စေချင်ပြီး ဘောလုံးကန်တာအားမပေးခဲ့ဘူး။
အီဝိုနီရီက အဖေဖြစ်သူတားမြစ်တဲ့ကြားကနေ ဘောလုံးသမားဘဝအိပ်မက်ကို သရုပ်ဖော်ခဲ့တယ်။
"ကျွန်တော်က ကိုယ့်အိပ်မက်ကို တိတ်ဆိတ်စွာ ပုံဖော်ခဲ့တယ်။ ပညာရေးကလည်းအရေးကြီးတယ်ဆိုတာ
ကျွန်တော်နားလည်ခဲ့တယ်။ အဖေ့ကိုလည်း ဘောလုံးကစားရင်းပညာရေးလည်းထူးချွန်အောင်လုပ်ပါမယ်လို့ ကတိပေးခဲ့တယ်" ဆိုပြီး အီဝိုနီရီပြောပြတယ်။
အီဝိုနီရီက ၂၀၂၅ ခုနှစ်၊ မေလအတွင်းမှာ နော်တင်ဟမ်ဖောရက်စ်အတွက်ကစားပေးရင်း လက်စတာနဲ့ပွဲမှာ ဂိုးတိုင်နဲ့တိုက်မိပြီး
Coma ဝင်သလို ဖြစ်ဖူးတယ်။ အဲဒီလိုအခြေအနေကနေ အီဝိုနီရီ ရုန်းထွက်ပြီး ပညာတတ်ကြီးဘဝကိုဆက်လက်ဖန်ဆင်းခဲ့တာပါ။
ဘောလုံးလောကဟာ အချိန်ပြည့်လည်ပတ်နေရတဲ့ ဘဝမျိုးမဟုတ်ပါဘူး။ အားလပ်ချိန်မှာ သင်ယူစရာများစွာ ရှိနေတယ်လို့ အီဝိုနီရီပြောတယ်။
ဒူလ်စ်ဘယ်ရီကလည်း "ဘောလုံးလောကမှာ ဉာဏ်ရည်မြင့်တဲ့သူများစွာရှိပါတယ်။
ကစားသမားအများစုက သင်ကြားဖို့စိတ်မဝင်စားလို့ပါ သူတို့လုပ်မယ်ဆိုရင်လုပ်နိုင်ပါတယ်" လို့ သုံးသပ်ပါတယ်။
ချယ်လ်ဆီးနောက်ခံလူဟောင်း အက်စ်ဇ်ပယ်လီကွယ်တာက အသက် ၁၇ နှစ်အရွယ်မှာပဲ အိုဆာဆူနာနဲ့အတူ ကစားသမားဘဝစတင်ခဲ့လို့
ပညာရေးတပိုင်းတစ ဖြစ်ခဲ့ရတယ်။ ချယ်လ်ဆီးကစားသမားဘဝ ၉ ရာသီအတွင်းမှာ အက်စ်ပီလီကွယ်တာက
အမေရိကန်၊ ဟားဗတ်တက္ကသိုလ်ကနေ MBA ဘွဲ့ ရအောင်ယူခဲ့ပါတယ်။
MBA ဘွဲ့တက်နေတုန်း အက်စ်ပီလီကွယ်တာက ကစားသမားဘဝအခမ်းနားဆုံး ပွဲအဖြစ်
၂၀၂၁ ချန်ပီယံလိဂ်ဖိုင်နယ် ဆင်နွှဲပြီး အောင်ပွဲရခဲ့ပါတယ်။
ဘောလုံးသမားအများစုကို လူတွေက ဉာဏ်ရည်နိမ့်ပြီး ပညာပါရမီနည်းပါးသူတွေအဖြစ် မြင်ကြတယ်။
အဲဒီအမြင်တွေကို အီဝိုနီရီ၊ ဒူလ်စ်ဘယ်ရီ၊ အက်စ်ပီလီကွယ်တာတို့လိုကစားသမားတွေက ပြောင်းလဲနေတာပါ။
- ပညာရေးမှာထူးချွန်ခဲ့တဲ့ ဘောလုံးသမားတချို့
ချီလီနီ (စီးပွားစီမံမာစတာဘွဲ့ရ)
ကွန်ပနီ (MBA ဘွဲ့ရ)
မာတာ (အားကစားသိပ္ပံနဲ့ Marketing ဘွဲ့ရ)
ဆိုကရေးတီး (ဆေးပညာဆိုင်ရာဘွဲ့ရ)
မစ်ဂနိုလက် (နိုင်ငံရေးသိပ္ပံဘွဲ့ရ)
နာဂါတိုမို (စီးပွားရေးဘွဲ့ရ)
ပွဲမကစားရလို့ အသင်းကနေ သူပုန်ဆန်ထွက်ပြေးသွားတဲ့ စီရော်နယ်လ်ဒိုမပါဝင်ဘဲ ဒိန်းမတ်အသင်းကို တိုက်စစ်အစွမ်းပြ ဂိုးပြတ်အနိုင်ယူခဲ့တဲ့ ခေတ်သစ် (Post-Ronaldo Era) ပေါ်တူဂီအသင်းရဲ့ ပွဲစဉ်သုံးသပ်ချက်။
အသက် ၄၀ ကျော်အရွယ်ရောက်လာပေမဲ့ ကိုယ့်ကိုယ်ကိုယ် သိနားလည်မှု (Self-understanding) အားနည်းပြီး အတ္တကြီးလွန်းတဲ့ စီရော်နယ်လ်ဒိုရဲ့ ရင့်ကျက်မှုမရှိတဲ့ လုပ်ရပ်တွေအပေါ် ဝေဖန်သုံးသပ်ချက်။
မက်ဆီ အနားယူသွားပြီးနောက်ပိုင်း (Post-Messi Era) ပထမဆုံးပွဲစဉ်အဖြစ် ဘိုလစ်ဗီးယားကို လေးဂိုးပြတ် အနိုင်ရခဲ့ပြီး ပရိသတ်တွေရဲ့ စိုးရိမ်စိတ်ကို လျော့ပါးစေခဲ့တဲ့ အာဂျင်တီးနားအသင်းရဲ့ ခြေစွမ်းသုံးသပ်ချက်။
ရလဒ်ဆိုးတွေနဲ့ ရုန်းကန်နေရတဲ့ မိုက်ကယ်ကာရစ်ရဲ့ မန်ယူနဲ့ အမှတ်ပေးဇယားအောက်ဆုံးက ဒီဇာဘီရဲ့ စပါးအသင်းတို့ ထိပ်တိုက်တွေ့ဆုံနေပြီး ရှုံးတဲ့သူ ရာထူးပြုတ်နိုင်တဲ့အထိ ဖိအားများနေတဲ့ ပွဲစဉ်သုံးသပ်ချက်။
နာမည်ကျော် ကစားသမားတွေကို ပစ်ပယ်ပြီး လူငယ်ကစားသမားတွေအပေါ် ယုံကြည်မှုနဲ့အတူ စပိန်အသင်းကို ယူရို ၂၀၂၄ နဲ့ ၂၀၂၆ ကမ္ဘာ့ဖလား ချန်ပီယံဖြစ်အောင် စွမ်းဆောင်ပေးခဲ့တဲ့ နည်းပြ လူးဝစ်ဒီလာဖွန်တေအကြောင်း။
အာဆင်နယ်အသင်းရဲ့ ချန်ပီယံအိပ်မက်ကို ဝေးကွာစေခဲ့တဲ့ အမှားကနေတစ်ဆင့် အာတီတာရဲ့ ယုံကြည်မှုကို ဆုံးရှုံးခဲ့ရပြီး ဆောက်သမ်တန်၊ နယူးကာဆယ်တို့မှာပါ ဇာတာကျဆင်းနေတဲ့ ဂိုးသမား ရမ်စ်ဒေးလ်ရဲ့ အကြောင်း။
ဘဏ္ဍာရေးစည်းမျဉ်း ချိုးဖောက်မှု (၁၁၅) ချက်စလုံးကို ကျူးလွန်ခဲ့ကြောင်း ပရီးမီးယားလိဂ်က စစ်ဆေးတွေ့ရှိခဲ့ပြီးနောက် အဝီစိထိုးဆင်းရတော့မယ့် မန်စီးတီးရဲ့ စပွန်ဆာလိမ်လည်မှုများနဲ့ အယူခံဝင်မယ့် လုပ်ငန်းစဉ်များအကြောင်း။
နည်းပြ ဒေးရွှမ့်စ်နေရာမှာ အစားဝင်လာပြီးနောက် တူရကီနဲ့ ဘယ်လ်ဂျီယံတို့ကို အနိုင်ယူကာ ပြင်သစ်အသင်းနဲ့အတူ နေးရှင်းလိဂ်မှာ အကောင်းဆုံး စတင်နိုင်ခဲ့တဲ့ နည်းပြသစ် ဇီဒန်းရဲ့ အကြောင်း သုံးသပ်ချက်။
ဂွာဒီယိုလာ မရှိတော့တဲ့နောက်ပိုင်း ပရီးမီးယားလိဂ်မှာ ဘောလုံးပိုင်ဆိုင်မှုအသားပေး ကစားဟန် (Possession Football) ကျရှုံးလာပြီး တန်ပြန်တိုက်စစ်နဲ့ လျင်မြန်တဲ့ အကူးအပြောင်းတွေက ပိုမိုအရေးပါလာကြောင်း နည်းဗျူဟာ သုံးသပ်ချက်။
