Players News

Post Messi Era

Post Messi Era

မက်ဆီ အနားယူသွားပြီးနောက်ပိုင်း (Post-Messi Era) ပထမဆုံးပွဲစဉ်အဖြစ် ဘိုလစ်ဗီးယားကို လေးဂိုးပြတ် အနိုင်ရခဲ့ပြီး ပရိသတ်တွေရဲ့ စိုးရိမ်စိတ်ကို လျော့ပါးစေခဲ့တဲ့ အာဂျင်တီးနားအသင်းရဲ့ ခြေစွမ်းသုံးသပ်ချက်။

မက်ဆီခေတ်လွန်မှာ အာဂျင်တီးနားက တိုက်စစ်အစွမ်းပြပြီး ဘိုလစ်ဗီးယားကို လေးဂိုးဂိုးမရှိနဲ့ အနိုင်ရခဲ့တာ ကျေနပ်စရာပါ။

အာဂျင်တီးနားအတွက် ဂိုးတွေကို လော်တာရိုမာတီနက်ဇ်၊ နီကိုပတ်စ်၊ ရိုမဲရိုးနဲ့ လိုပက်ဇ်တို့က သွင်းယူပေးခဲ့ပါတယ်။

၂၀၂၆ ကမ္ဘာ့ဖလားအပြီးမှာ မက်ဆီက အာဂျင်တီးနားအသင်းကနေ အနားယူခဲ့ပါတယ်။

ဘောလုံးသမိုင်းတစ်လျှောက် အခမ်းနားဆုံး GOAT မက်ဆီက ၂၀၂၆ ကမ္ဘာ့ဖလားအလွန်ကာလမှာ

ဝမ်းနည်းဖွယ်ရာ လမ်းခွဲဇာတ်လမ်းတွေ ရင်ဆိုင်ခဲ့ရတယ်။

သူ့ဘဝရဲ့အရေးကြီးဆုံးနဲ့ တန်ဖိုးအကြီးဆုံးပုဂ္ဂိုလ် ဖြစ်တဲ့ဖခင်ကို ဆုံးရှုံးရသလို၊

သူ ထာဝရနှုတ်မဆက်ချင်တဲ့ အာဂျင်တီးနားနဲ့လည်း လမ်းခွဲခဲ့ရပါတယ်။

အာဂျင်တီးနားအတွက် မက်ဆီဟာဘယ်တော့မှ အစားထိုးမရနိုင်သူဖြစ်ပေမယ့် ဘဝဆိုတာ

တစ်ဉီးတစ်ယောက် မရှိတာနဲ့ပဲ ရပ်တန့်လိုက်လို့ မဖြစ်ပါဘူး။

Post Messi Era ကို နည်းပြစကာလိုနီနဲ့ အာဂျင်တီးနားကစားသမားတွေ ဖြတ်သန်းရတာပါပဲ။

မက်ဆီမရှိချိန်မှာ ရိုမဲရိုးက အသင်းခေါင်းဆောင်ရာထူး ဆက်ခံခဲ့တယ်။

တိုက်စစ်ကို လော်တာရိုမာတီနက်ဇ်၊ အယ်လ်ဗာရက်ဇ်၊ နီကိုပက်ဇ်တို့ ဉီးဆောင်ခဲ့တယ်။

အာဂျင်တီးနားရဲ့တိုက်စစ်အစုအဖွဲ့က မက်ဆီရှိစဉ်ကလိုပဲ ထူးချွန်ခဲ့ပြီး ဂိုးပေါက်ကန်သွင်းမှု ၁၈ ကြိမ်အထိပိုင်ဆိုင်ခဲ့ပါတယ်။

နည်းပြစကာလိုနီက အာဂျင်တီးနားရဲ့Playing Style ကို အပြောင်းအလဲမလုပ်ဘဲ ဘောလုံးပိုင်ဆိုင်မှု

အသာစီးယူပြီး ဘိုလစ်ဗီးယားကို လွှမ်းမိုးကစားပြခဲ့တယ်။

၂၀၃၀ ကမ္ဘာ့ဖလားဝင်ခွင့်ရရှိရေးအတွက် ရည်ရွယ်ပြင်ဆင်နေတဲ့ ဘိုလစ်ဗီးယားအသင်းက အားနည်းချက်များစွာ ရှိနေသေးပြီး

အာဂျင်တီးနားအတွက်လွယ်ကူတဲ့ပြိုင်ဘက်ဖြစ်ခဲ့တယ်။

Post-Messi Era အစ ပထမဆုံးပွဲမှာ အာဂျင်တီးနားက ဂိုးပြတ်အောင်ပွဲ ရတာ ကျေနပ်စရာကောင်းပြီး

ပရိသတ်တွေရဲ့စိုးရိမ်စိတ်တွေ လျော့ပါးခဲ့တယ်။

မက်ဆီကိုယ်တိုင်လည်း သူမရှိလည်း အလုံးအထည်လှနေဆဲ အာဂျင်တီးနားအတွက် ပျော်ရွှင်ဂုဏ်ယူနေမှာပါ။

ข่าวที่เกี่ยวข้อง

မဟာတံတိုင်းရဲ့ကြမ်းရှရှလောကဓံ
Players News

မဟာတံတိုင်းရဲ့ကြမ်းရှရှလောကဓံ

အာဆင်နယ်အသင်းရဲ့ ချန်ပီယံအိပ်မက်ကို ဝေးကွာစေခဲ့တဲ့ အမှားကနေတစ်ဆင့် အာတီတာရဲ့ ယုံကြည်မှုကို ဆုံးရှုံးခဲ့ရပြီး ဆောက်သမ်တန်၊ နယူးကာဆယ်တို့မှာပါ ဇာတာကျဆင်းနေတဲ့ ဂိုးသမား ရမ်စ်ဒေးလ်ရဲ့ အကြောင်း။

ပတ်ဒရီရဲ့အရင်ကဇာတ်လမ်းလေး
Players News

ပတ်ဒရီရဲ့အရင်ကဇာတ်လမ်းလေး

စားသောက်ဆိုင်လေးမှာ ကြီးပြင်းခဲ့ရတဲ့ ဘာစီလိုနာကစားသမား ပတ်ဒရီရဲ့ ငယ်ဘဝ၊ အဘိုးဖြစ်သူရဲ့ ဘာစီလိုနာကို ချစ်မြတ်နိုးမှုနဲ့ ရီးယဲလ်မက်ဒရစ်မှာ အစမ်းသပ်ခံရင်း ရှုံးနိမ့်ခဲ့ရတဲ့ ဇာတ်ကြောင်းများ။

စီရော်နယ်လ်ဒိုမရှိလည်း ဖြစ်တယ်
Players News

စီရော်နယ်လ်ဒိုမရှိလည်း ဖြစ်တယ်

ရော်နယ်လ်ဒိုကို အရန်ခုံပို့ပြီး ယော်အိုဖေးလစ်၊ ဂွန်ကာလိုရာမို့စ်တို့ရဲ့ သွင်းဂိုးတွေနဲ့ ဟာလန်းရဲ့ နော်ဝေကို အဝေးကွင်းမှာ အနိုင်ယူခဲ့တဲ့ ပေါ်တူဂီအသင်းရဲ့ ပွဲစဉ်သုံးသပ်ချက်။

ข่าวเพิ่มเติม

ဖိအားနွံထဲ ဘယ်သူထပ်ကျမလဲ? | ကာရစ်လား၊ ဒီဇာဘီလား
Football News

ဖိအားနွံထဲ ဘယ်သူထပ်ကျမလဲ? | ကာရစ်လား၊ ဒီဇာဘီလား

ရလဒ်ဆိုးတွေနဲ့ ရုန်းကန်နေရတဲ့ မိုက်ကယ်ကာရစ်ရဲ့ မန်ယူနဲ့ အမှတ်ပေးဇယားအောက်ဆုံးက ဒီဇာဘီရဲ့ စပါးအသင်းတို့ ထိပ်တိုက်တွေ့ဆုံနေပြီး ရှုံးတဲ့သူ ရာထူးပြုတ်နိုင်တဲ့အထိ ဖိအားများနေတဲ့ ပွဲစဉ်သုံးသပ်ချက်။

ဒီလာဖွန်တေနဲ့ စပိန်အနီရောင်ခေတ်
Football News

ဒီလာဖွန်တေနဲ့ စပိန်အနီရောင်ခေတ်

နာမည်ကျော် ကစားသမားတွေကို ပစ်ပယ်ပြီး လူငယ်ကစားသမားတွေအပေါ် ယုံကြည်မှုနဲ့အတူ စပိန်အသင်းကို ယူရို ၂၀၂၄ နဲ့ ၂၀၂၆ ကမ္ဘာ့ဖလား ချန်ပီယံဖြစ်အောင် စွမ်းဆောင်ပေးခဲ့တဲ့ နည်းပြ လူးဝစ်ဒီလာဖွန်တေအကြောင်း။

မန်စီးတီးအတွက် လွတ်မြောက်လမ်းမရှိတော့ဘူး
Football News

မန်စီးတီးအတွက် လွတ်မြောက်လမ်းမရှိတော့ဘူး

ဘဏ္ဍာရေးစည်းမျဉ်း ချိုးဖောက်မှု (၁၁၅) ချက်စလုံးကို ကျူးလွန်ခဲ့ကြောင်း ပရီးမီးယားလိဂ်က စစ်ဆေးတွေ့ရှိခဲ့ပြီးနောက် အဝီစိထိုးဆင်းရတော့မယ့် မန်စီးတီးရဲ့ စပွန်ဆာလိမ်လည်မှုများနဲ့ အယူခံဝင်မယ့် လုပ်ငန်းစဉ်များအကြောင်း။

ပြင်သစ်အသင်းခေတ်သစ်အတွက် ဂန္ထဝင်ဇီဒန်းလာပြီ
Football News

ပြင်သစ်အသင်းခေတ်သစ်အတွက် ဂန္ထဝင်ဇီဒန်းလာပြီ

နည်းပြ ဒေးရွှမ့်စ်နေရာမှာ အစားဝင်လာပြီးနောက် တူရကီနဲ့ ဘယ်လ်ဂျီယံတို့ကို အနိုင်ယူကာ ပြင်သစ်အသင်းနဲ့အတူ နေးရှင်းလိဂ်မှာ အကောင်းဆုံး စတင်နိုင်ခဲ့တဲ့ နည်းပြသစ် ဇီဒန်းရဲ့ အကြောင်း သုံးသပ်ချက်။

ပရီးမီးယားလိဂ်မှာ Possession Football ကျရှုံးပြီလား
Football News

ပရီးမီးယားလိဂ်မှာ Possession Football ကျရှုံးပြီလား

ဂွာဒီယိုလာ မရှိတော့တဲ့နောက်ပိုင်း ပရီးမီးယားလိဂ်မှာ ဘောလုံးပိုင်ဆိုင်မှုအသားပေး ကစားဟန် (Possession Football) ကျရှုံးလာပြီး တန်ပြန်တိုက်စစ်နဲ့ လျင်မြန်တဲ့ အကူးအပြောင်းတွေက ပိုမိုအရေးပါလာကြောင်း နည်းဗျူဟာ သုံးသပ်ချက်။

မန်စီးတီးကို ကမ္ဘာပျက်စေခဲ့သူ
Football News

မန်စီးတီးကို ကမ္ဘာပျက်စေခဲ့သူ

Football Leaks ကနေတစ်ဆင့် ဘောလုံးလောကရဲ့ အမှောင်ဘက်ခြမ်းကို ဖွင့်ချခဲ့ပြီး မန်စီးတီးရဲ့ ဘဏ္ဍာရေး အရှုပ်အထွေး အမှု (၁၁၅) ခုကို စတင်မီးမွှေးခဲ့တဲ့ ပေါ်တူဂီ ဟက်ကာ ရူအီပင်တို (Rui Pinto) အကြောင်း။

Official Channels

ONEX2 banner