Football News

ပရီးမီးယားလိဂ်မှာ Possession Football ကျရှုံးပြီလား

ပရီးမီးယားလိဂ်မှာ Possession Football ကျရှုံးပြီလား

ဂွာဒီယိုလာ မရှိတော့တဲ့နောက်ပိုင်း ပရီးမီးယားလိဂ်မှာ ဘောလုံးပိုင်ဆိုင်မှုအသားပေး ကစားဟန် (Possession Football) ကျရှုံးလာပြီး တန်ပြန်တိုက်စစ်နဲ့ လျင်မြန်တဲ့ အကူးအပြောင်းတွေက ပိုမိုအရေးပါလာကြောင်း နည်းဗျူဟာ သုံးသပ်ချက်။

ပရီးမီးယားလိဂ်မှာ Possession Football က နိုင်ပွဲတစ်ပွဲရမယ်လို့ အာမခံချက်မပေးနိုင်တော့ဘူး။

၂၀၀၀ ပြည့်နှစ်ကျော်စနှစ်တွေမှာ ပရီးမီးယားလိဂ်အသင်းတွေရဲ့ခံစစ်ကစားပုံက နေရာလွတ်နည်းနိုင်သမျှ နည်းအောင် လုပ်ထားတယ်။

တိုက်စစ်ကစားသမားတွေက ခပ်မြန်မြန်ရွေ့လျားပြီးနေရာလွတ်တွေ အသုံးချ၊ ဂိုးရအောင်ကြိုးစားကြတာပါ။

ဂွာဒီယိုလာရောက်လာပြီးနောက် Trend က ပြောင်းသွားတယ်။ ဘောလုံးပိုင်ဆိုင်မှု အသာစီးယူပြီး ပြိုင်ဘက်ကို စိတ်ကြိုက်ခံစစ်ကစားခွင့်ပေးတယ်။

" မင်းတို့အကြိုက်ခံစစ်ကစားစမ်း၊ ငါရအောင် ဖြိုပြမယ်" ဆိုတာမျိုးပေါ့။

မန်စီးတီးခံစစ်ကစားသမားတွေရဲ့နေရာယူပုံကလည်း ပရီးမီးယားလိဂ်မှာ အသစ်ဖြစ်ခဲ့တယ်။  နေရာလွတ်တွေအများကြီး ပေးပြီး၊

တခါတလေ ကွင်းလယ်စည်းနားအထိတက်ကာ မန်စီးတီးခံစစ်ကစားသမားတွေ နေရာယူတတ်ပါတယ်။

ဂွာဒီယိုလာက နေရာလွတ်တွေအများကြီး ရှိလည်း မစိုးရိမ်ပါဘူး။ ဘောလုံးပိုင်ဆိုင်ထားပြီး ပြိုင်ဘက်ဂိုးပေါက်နဲ့ နီးအောင်နေရာယူထားနိုင်သရွေ့

နိုင်ပွဲရဖို့ အခွင့်အလမ်းများလေလေလို့ ယုံကြည်ထားတယ်။ Possession Football နဲ့အတူ မန်စီးတီးက အောင်ပွဲများစွာပိုင်ဆိုင်ခဲ့ပါတယ်။

ဂွာဒီယိုလာမရှိတဲ့နောက် ပရီးမီးယားလိဂ်မှာ Possession Football က ဂုဏ်ကျက်သရေ ညိုးရော်လာတယ်။

လက်ရှိရာသီပရီးမီးယားလိဂ်ပွဲ ၅၀ ပြီးဆုံးချိန်မှာ ဘောလုံးပိုင်ဆိုင်မှု ၆၀ ရာခိုင်နှုန်းနဲ့အထက်ရတဲ့ အသင်းတွေ နိုင်တာ ၃၆ ဒဿမ ၄ ရာခိုင်နှုန်းပဲရှိတယ်။

၂၀၂၃-၂၄ ရာသီမှာ ဘောလုံးပိုင်ဆိုင်မှု ၆၀ ရာခိုင်နှုန်းနဲ့အထက်ရတဲ့အသင်းတွေ နိုင်တာ ၅၃ ဒဿမ ၅ ရာခိုင်နှုန်းအထိရှိခဲ့တာပါ။

ဒါဟာ Possession Football ကျရှုံးသွားပြီလားဆိုတဲ့မေးခွန်းကို ခိုင်မာစေတယ်။

နောက်ထပ် ဉပမာတစ်ခုက ချယ်လ်ဆီးပါ။ ချယ်လ်ဆီးက ရာသီအစမှာ ဖူလ်ဟမ်၊ ဘရိုက်တန်တို့ကို

အနိုင်ရတော့ ဘောလုံးပိုင်ဆိုင်မှု အတော်လေးနည်းခဲ့တယ်။ ဘရိုက်တန်နဲ့ပွဲ မှာ ချယ်လ်ဆီးက ဘောလုံးပိုင်ဆိုင်မှု ၂၅ ဒဿမ ၆ ရာခိုင်နှုန်း၊

အောင်မြင်တဲ့ဘောလုံးပေးပို့မှု ၁၄၆ ကြိမ်သာရှိပေမယ့် အနိုင်ရခဲ့တာပါ။ လေးဂိုးအထိသွင်းယူနိုင်ခဲ့တာပါ။

ချယ်လ်ဆီးရဲ့အဓိကဗျူဟာတွေက လက်ပစ်ဘော၊ တန်ပြန်တိုက်စစ်နဲ့ တိုက်စစ်ခပ်မြန်မြန်စတင်တဲ့ကစားသမားတွေကို

ပြိုင်ဘက်ခံစစ်ကစားသမား အနည်းဆုံးနေရာတွေမှာ Space ရှာခိုင်းပြီး ထိုးနှက်တာပါ။

အဲဒီဗျူဟာက လက်ရှိရာသီပရီးမီးယားလိဂ်မှာ မန်စီးတီးပြီးရင် ဘောလုံးပိုင်ဆိုင်မှုအများဆုံးနဲ့ ပြိုင်ဘက်ကို လွှမ်းမိုးကစားရတာ သဘောကျတဲ့

နည်းပြ ဟာဇယ်လာရဲ့ဘရိုက်တန်ကို ဒုက္ခများစေခဲ့တယ်။

ယော်အိုပတ်ဒရို၊ ပါလ်မာ၊ နေတို၊ မော်ဂန်ရော်ဂျာစ်တို့က Transition-heavy Football ဟန်နဲ့ အသားကျပြီး

ဘောလုံးပိုင်ဆိုင်မှုနည်းတဲ့ပွဲတွေမှာ အားသာချက်အဖြစ် ပုံဖော်ခဲ့တယ်။ ဂိုးတွေရစေခဲ့ပါတယ်။

ဟားလ်စီးတီးနဲ့သရေကျတဲ့ပွဲ၊ ဘရန့်ဖို့ဒ်ကို ဂိုးပြတ်ရှုံးတဲ့ပွဲတွေမှာ ဘောလုံးပိုင်ဆိုင်မှုအသာစီးရပြီး ရှုံးခဲ့လို့ Possession Football ကျရှုံးတယ်လို့ဆိုနိုင်တယ်။

တန်ပြန်တိုက်စစ်ဗျူဟာကို  Low-block နဲ့ လျင်မြန်တဲ့အကူးအပြောင်းတွေ ပေါင်းစပ်သုံးလာတယ်။

လီဗာပူးလ်နည်းပြ အိုင်ရာအိုလာကတော့ ပြိုင်ဘက်ကို သူတို့အားသာတဲ့နည်းဗျူဟာအတိုင်း မထားဘဲ Comfort Zone ထဲကနေ ဆွဲထုတ်၊

အမှားတွေကျူးလွန်အောင်ဖန်တီးလေ့ရှိတယ်။

အဝေးကန်ချက်ပေးပို့မှု၊ Vertical pass နဲ့ Quick Attacking move တွေလုပ်ပြီး Direct Football ကစားတဲ့အသင်းတွေပိုများလာတယ်။

မန်စီးတီးက ဂွာဒီယိုလာခေတ်တုန်းကလို Possession Football ကို လက်ကိုင်ထားဆဲဆိုပေမယ့် Transition ပေါင်းစပ်သုံးလာပါတယ်။

ပရီးမီးယားလိဂ်မှာ Possession Football ကျရှုံးပြီလို့ ယတိပြတ်မပြောနိုင်ပေမယ့် နိုင်ပွဲရအောင် အာမခံချက်မပေးနိုင်တော့ပါဘူး။

ข่าวที่เกี่ยวข้อง

မန်စီးတီးကို ကမ္ဘာပျက်စေခဲ့သူ
Football News

မန်စီးတီးကို ကမ္ဘာပျက်စေခဲ့သူ

Football Leaks ကနေတစ်ဆင့် ဘောလုံးလောကရဲ့ အမှောင်ဘက်ခြမ်းကို ဖွင့်ချခဲ့ပြီး မန်စီးတီးရဲ့ ဘဏ္ဍာရေး အရှုပ်အထွေး အမှု (၁၁၅) ခုကို စတင်မီးမွှေးခဲ့တဲ့ ပေါ်တူဂီ ဟက်ကာ ရူအီပင်တို (Rui Pinto) အကြောင်း။

အိပ်မက်အသေတွေနဲ့ အိုးလ်ထရက်ဖို့ဒ်
Football News

အိပ်မက်အသေတွေနဲ့ အိုးလ်ထရက်ဖို့ဒ်

စီးပွားရေးဆန်လာတဲ့ ခေတ်သစ်ဘောလုံးလောကရဲ့ ပြောင်းလဲမှုတွေနဲ့အတူ အိပ်မက်အသေတွေကြားမှာ ရုန်းကန်နေရတဲ့ မန်ယူအသင်း (Old Trafford) အပေါ် ထားရှိတဲ့ ပရိသတ်တစ်ယောက်ရဲ့ အနက်ရှိုင်းဆုံး ရင်တွင်းခံစားချက်စာစု။

ဂန္ထ၀င်တစ်ဦးရဲ့နောက်ဆုံးအချိန်တွေအကြောင်း
Football News

ဂန္ထ၀င်တစ်ဦးရဲ့နောက်ဆုံးအချိန်တွေအကြောင်း

၂၀၂၁ ခုနှစ်၊ အောက်တိုဘာ ၃၀ ရက်ဟာ အဂွဲရိုးအတွက် နတ်ဆိုးပဲ။ နှလုံးခုန်နှုန်း ပုံမှန်မဟုတ်ဘဲ ရုတ်တရက် အသက်ရှုကျပ်လာလို့  အလာဗတ်စ်နဲ့ပွဲမှာ ဆက်မကစားနိုင်ဘဲ ကွင်းထဲကနေ ထွက်ခွာခဲ့ရတယ်။ အဲဒီပွဲဟာ အဂွဲရိုးရဲ့ ပရော်ဖက်ရှင်နယ်ကစားသမားဘဝနောက်ဆုံးပွဲဆိုတာ ဘယ်သူကြိုသိနိုင်မလဲ။ ကံကြမ္မာနတ်သမီးလား။ နတ်ဆိုးခေါင်းဆောင်လား။ အဂွဲရိုးကိုယ်တိုင်လား။ ကိုယ့်နှလုံးသားဖောက်ပြန်ရေးအသံကို နားဆင်ရင်းကြေကွဲခဲ့ရသူ အဂွဲရိုးပါပဲ။

ข่าวเพิ่มเติม

ပတ်ဒရီရဲ့အရင်ကဇာတ်လမ်းလေး
Players News

ပတ်ဒရီရဲ့အရင်ကဇာတ်လမ်းလေး

စားသောက်ဆိုင်လေးမှာ ကြီးပြင်းခဲ့ရတဲ့ ဘာစီလိုနာကစားသမား ပတ်ဒရီရဲ့ ငယ်ဘဝ၊ အဘိုးဖြစ်သူရဲ့ ဘာစီလိုနာကို ချစ်မြတ်နိုးမှုနဲ့ ရီးယဲလ်မက်ဒရစ်မှာ အစမ်းသပ်ခံရင်း ရှုံးနိမ့်ခဲ့ရတဲ့ ဇာတ်ကြောင်းများ။

မန်စီးတီးပရိသတ်တွေ ဘယ်လိုခံစားနေရမလဲ
Football News

မန်စီးတီးပရိသတ်တွေ ဘယ်လိုခံစားနေရမလဲ

ပြစ်မှု ၁၁၅ မှုနဲ့ တန်းဆင်းရနိုင်တဲ့ အခြေအနေဆိုးကို ရင်ဆိုင်နေရချိန်မှာ ဖလားတွေ ရုပ်သိမ်းခံရရင်တောင် အသင်းကို ဆက်လက်အားပေးသွားမယ့် မန်စီးတီးပရိသတ်တွေရဲ့ စစ်မှန်တဲ့ ခံစားချက်များ။

ဘောလုံး ပွဲ နိုင် အောင် လောင်း နည်း (အကျိုးကြောင်းဆီလျော်စွာ သုံးသပ်ခြင်း)
Football News

ဘောလုံး ပွဲ နိုင် အောင် လောင်း နည်း (အကျိုးကြောင်းဆီလျော်စွာ သုံးသပ်ခြင်း)

ကံတရားတစ်ခုတည်းကို အားမကိုးဘဲ အချက်အလက်တွေပေါ် မူတည်ပြီး စနစ်တကျ သုံးသပ်နိုင်မယ့် ဘောလုံးပွဲခန့်မှန်းနည်း (၅) ချက်နှင့် Onex2 App တွင် အကျိုးအမြတ်ရှာဖွေနည်း။

ယုံကြည်စိတ်ချရဆုံး စလော့ app - Onex2 ဖြင့် အမြန်ဆုံး နိုင်ငွေ ထုတ်ယူလိုက်ပါ။
Slot News

ယုံကြည်စိတ်ချရဆုံး စလော့ app - Onex2 ဖြင့် အမြန်ဆုံး နိုင်ငွေ ထုတ်ယူလိုက်ပါ။

JILI, PG Soft, Pragmatic Play စတဲ့ ကမ္ဘာ့အဆင့်မီ ဂိမ်းတွေနဲ့အတူ လုံခြုံစိတ်ချရမှု၊ အမြန်ဆုံး ငွေသွင်း/ငွေထုတ် စနစ်နဲ့ အထူးပရိုမိုးရှင်းတွေ ပေးအပ်ထားတဲ့ အကောင်းဆုံး စလော့ app ဖြစ်တဲ့ Onex2 အကြောင်း မိတ်ဆက်။

ကျွဲ စလော့ app အစစ် ကို ဘယ်လို ဒေါင်းမလဲ?  Onex2 တွင် စိတ်ချလက်ချ download ယူလိုက်ပါ!
Slot News

ကျွဲ စလော့ app အစစ် ကို ဘယ်လို ဒေါင်းမလဲ? Onex2 တွင် စိတ်ချလက်ချ download ယူလိုက်ပါ!

အတုအယောင် App များ၏ လိမ်လည်မှုအန္တရာယ်မှ ကင်းဝေးစေရန်နှင့် ဆုကြေးဘောနပ်စ်များစွာ ရယူနိုင်ရန် Onex2 တွင် တရားဝင် ကျွဲစလော့ App အစစ်ကို ယုံကြည်စိတ်ချစွာ ဒေါင်းလုဒ်ရယူနိုင်ကြောင်း ရှင်းလင်းထားသော လမ်းညွှန်။

Official Channels

ONEX2 banner