Players News

စီရော်နယ်လ်ဒို ဘေးဖယ်ပေးရမယ့်အချိန်

စီရော်နယ်လ်ဒို ဘေးဖယ်ပေးရမယ့်အချိန်

ပွဲမကစားရလို့ အသင်းကနေ သူပုန်ဆန်ထွက်ပြေးသွားတဲ့ စီရော်နယ်လ်ဒိုမပါဝင်ဘဲ ဒိန်းမတ်အသင်းကို တိုက်စစ်အစွမ်းပြ ဂိုးပြတ်အနိုင်ယူခဲ့တဲ့ ခေတ်သစ် (Post-Ronaldo Era) ပေါ်တူဂီအသင်းရဲ့ ပွဲစဉ်သုံးသပ်ချက်။

Post- Messi Era မှာ မက်ဆီက သူရဲကောင်းလို ခမ်းနားနေချိန်၊ Post-Cristiano Ronaldo era မှာ စီရော်နယ်လ်ဒိုက သူပုန်ဆန်နေခဲ့တယ်။

ပွဲမကစားရလို့ ပေါ် တူဂီအသင်းကနေ ထွက်ပြေးခဲ့တယ်။ ကလေးဆန်လွန်းတဲ့ အမိုက်လေးစီရော်နယ်လ်ဒိုပါပဲ။

စီရော်နယ်လ်ဒို သူပုန်ဆန်ပြီး ပထမဆုံးကစားတဲ့ပွဲမှာ ပေါ်တူဂီအသင်းက ဂိုးပြတ်အောင်ပွဲရခဲ့တယ်။

ပြီးခဲ့တဲ့ ၂၀၂၆ ကမ္ဘာ့ဖလားတုန်းကလိုမဟုတ်ဘဲ ပေါ်တူဂီတိုက်စစ်က နုပျိုလင်းလက် စွမ်းအင်ထက် နေခဲ့တယ်။

စီရော်နယ်လ်ဒိုလောင်းရိပ်အောက်က လွတ်မြောက်ပြီးနောက် ဘရူနိုဖာနန်ဒက်စ်ရဲ့ဖန်တီမှုစွမ်းရည် ပြန်လည်ခံစားခွင့်ရလာတယ်။

ဘရူနိုဖာနန်ဒက်စ်က ဒိန်းအတ်အသင်းနဲ့နေးရှင်းလိဂ်ပွဲမှာ ဂိုးဖန်တီးမှု ၂ ကြိမ် ပြုလုပ်နိုင်ခဲ့တာပါ။

ပေါ်တူဂီအသင်းက အထောင်တိုက်စစ်မှာ ဂွန်ကာလိုရာမို့စ်၊ No 10 Role အဖြစ် ဘရူနိုဖာနန်ဒက်စ်၊ တောင်ပံနှစ်ဘက်မှာ နေတို၊ လီယာအိုတို့ကစားခဲ့တယ်။

အဲဒီတိုက်စစ်အစုအဖွဲ့က ဟန်ချက်ညီပြီး ဂိုးပေါက်ကန်သွင်းမှု ၁၉ ကြိမ်၊ ဂိုးပေါက်တည့်တဲ့ကန်ချက် ၁၀ ကြိမ်အထိရခဲ့တယ်။

ပေါ်တူဂီအသင်းအတွက် ဂိုးတွေကို ဂွန်ကာလိုရာမို့စ်၊ ကန်ဆယ်လို၊ ဗီတင်ညာ၊ လူစားဝင်လာတဲ့ ယော်အိုဖေးလစ်တို့ သွင်းယူပေးခဲ့ပါတယ်။

စီရော်နယ်လ်ဒိုနဲ့ ပြဿနာဖြစ်ခဲ့သူ ပေါ်တူဂီအသင်းနည်းပြဂျီးဆပ်က လက်ရှိရလဒ်အတွက် ဂုဏ်ယူနေပြီး

အသင်းရဲ့အထက်မှာ ဘယ်ကစားသမားမှမရှိဘူးလို့ အသိထပ်ပေးခဲ့တယ်။

စီရော်နယ်လ်ဒိုရဲ့အဆုံးသတ်စွမ်းရည်က အထင်ကြီးစရာကောင်းနေဆဲဖြစ်ပေမယ့် တိုက်စစ်မှာနေရာစုံရွေ့လျားကစားနိုင်စွမ်း မရှိတော့ပါဘူး။

စီရော်နယ်လ်ဒိုရှိနေရင် ပေါ်တူဂီအသင်းရဲ့တိုက်စစ်က ဖြတ်တင်ဘောတွေကိုသာ အားထားနေရပြီး ပြိုင်ဘက်တွေရှင်းထုတ်ရလွယ်ကူခဲ့ပါတယ်။

ပြောရရင် စီရော်နယ်လ်ဒိုက ပေါ်တူဂီအသင်းအတွက် ဝန်ထုပ်ဝန်ပိုး၊ ဗြဟ္မာကြီးဉီးခေါင်း ဖြစ်နေတာပါ။

နာမည်ကျော်စပိန်ဂျာနယ်လစ် ဘယ်လာဂွီက "ပီလီ၊ မာရာဒိုနာ၊ မက်ဆီတို့လိုကစားသမားတွေကို

ကွင်းဘေးမှာ သွေးပူလေ့ကျင့်ခန်း ဆင်းခိုင်းပြီးမှ ဝင်မကစားခိုင်းလို့မရပါဘူး" လို့ ဝေဖန်ခဲ့တယ်။

ဒါပေမဲ့ အသင်းခေါင်းဆောင်တစ်ယောက်၊ အသင်းရဲ့ဂန္ထဝင်တစ်ယောက်က အခုလိုမျိုး သူပုန်ဆန်ခဲ့တာစိတ်ပျက်စရာပါ။

ပေါ်တူဂီအသင်းနည်းပြ ဂျီးဆပ်က စီရော်နယ်လ်ဒိုမရှိချိန်မှာ ဂိုးမိုးရွာပြလိုက်တော့ သူ့ကိုမလိုတော့ဘူးဆိုတာ ပိုပြီးမြင်သာစေတယ်။

၂၀၁၇ ခုနှစ်ကစတင်ပြီး ပေါ်တူဂီအသင်းက စီရော်နယ်လ်မပါချိန်မှာ နိုင်ပွဲရာခိုင်နှုန်း ပိုများသလို၊

တစ်ပွဲပျမ်းမျှသွင်းဂိုးကလည်း ၂ ဒဿမ ၇ ဂိုးနဲ့ ပိုများခဲ့ပါတယ်။

စီရော်နယ်လ်ဒိုက ပေါ်တူဂီရဲ့ခေတ်သစ်ကို စံချိန်တင်သွင်းဂိုးတွေနဲ့ ဂန္ထဝင်ဆန်ဆန်ဖန်ဆင်းခဲ့ပေမယ့် အခုအချိန်မှာတော့ ဘေးဖယ်ပေးသင့်ပါပြီ။

ข่าวที่เกี่ยวข้อง

စီရော်နယ်လ်ဒို၊ ကိုယ့်ဘဝကိုယ်မသိသူ
Players News

စီရော်နယ်လ်ဒို၊ ကိုယ့်ဘဝကိုယ်မသိသူ

အသက် ၄၀ ကျော်အရွယ်ရောက်လာပေမဲ့ ကိုယ့်ကိုယ်ကိုယ် သိနားလည်မှု (Self-understanding) အားနည်းပြီး အတ္တကြီးလွန်းတဲ့ စီရော်နယ်လ်ဒိုရဲ့ ရင့်ကျက်မှုမရှိတဲ့ လုပ်ရပ်တွေအပေါ် ဝေဖန်သုံးသပ်ချက်။

Post Messi Era
Players News

Post Messi Era

မက်ဆီ အနားယူသွားပြီးနောက်ပိုင်း (Post-Messi Era) ပထမဆုံးပွဲစဉ်အဖြစ် ဘိုလစ်ဗီးယားကို လေးဂိုးပြတ် အနိုင်ရခဲ့ပြီး ပရိသတ်တွေရဲ့ စိုးရိမ်စိတ်ကို လျော့ပါးစေခဲ့တဲ့ အာဂျင်တီးနားအသင်းရဲ့ ခြေစွမ်းသုံးသပ်ချက်။

မဟာတံတိုင်းရဲ့ကြမ်းရှရှလောကဓံ
Players News

မဟာတံတိုင်းရဲ့ကြမ်းရှရှလောကဓံ

အာဆင်နယ်အသင်းရဲ့ ချန်ပီယံအိပ်မက်ကို ဝေးကွာစေခဲ့တဲ့ အမှားကနေတစ်ဆင့် အာတီတာရဲ့ ယုံကြည်မှုကို ဆုံးရှုံးခဲ့ရပြီး ဆောက်သမ်တန်၊ နယူးကာဆယ်တို့မှာပါ ဇာတာကျဆင်းနေတဲ့ ဂိုးသမား ရမ်စ်ဒေးလ်ရဲ့ အကြောင်း။

ข่าวเพิ่มเติม

ဖိအားနွံထဲ ဘယ်သူထပ်ကျမလဲ? | ကာရစ်လား၊ ဒီဇာဘီလား
Football News

ဖိအားနွံထဲ ဘယ်သူထပ်ကျမလဲ? | ကာရစ်လား၊ ဒီဇာဘီလား

ရလဒ်ဆိုးတွေနဲ့ ရုန်းကန်နေရတဲ့ မိုက်ကယ်ကာရစ်ရဲ့ မန်ယူနဲ့ အမှတ်ပေးဇယားအောက်ဆုံးက ဒီဇာဘီရဲ့ စပါးအသင်းတို့ ထိပ်တိုက်တွေ့ဆုံနေပြီး ရှုံးတဲ့သူ ရာထူးပြုတ်နိုင်တဲ့အထိ ဖိအားများနေတဲ့ ပွဲစဉ်သုံးသပ်ချက်။

ဒီလာဖွန်တေနဲ့ စပိန်အနီရောင်ခေတ်
Football News

ဒီလာဖွန်တေနဲ့ စပိန်အနီရောင်ခေတ်

နာမည်ကျော် ကစားသမားတွေကို ပစ်ပယ်ပြီး လူငယ်ကစားသမားတွေအပေါ် ယုံကြည်မှုနဲ့အတူ စပိန်အသင်းကို ယူရို ၂၀၂၄ နဲ့ ၂၀၂၆ ကမ္ဘာ့ဖလား ချန်ပီယံဖြစ်အောင် စွမ်းဆောင်ပေးခဲ့တဲ့ နည်းပြ လူးဝစ်ဒီလာဖွန်တေအကြောင်း။

မန်စီးတီးအတွက် လွတ်မြောက်လမ်းမရှိတော့ဘူး
Football News

မန်စီးတီးအတွက် လွတ်မြောက်လမ်းမရှိတော့ဘူး

ဘဏ္ဍာရေးစည်းမျဉ်း ချိုးဖောက်မှု (၁၁၅) ချက်စလုံးကို ကျူးလွန်ခဲ့ကြောင်း ပရီးမီးယားလိဂ်က စစ်ဆေးတွေ့ရှိခဲ့ပြီးနောက် အဝီစိထိုးဆင်းရတော့မယ့် မန်စီးတီးရဲ့ စပွန်ဆာလိမ်လည်မှုများနဲ့ အယူခံဝင်မယ့် လုပ်ငန်းစဉ်များအကြောင်း။

ပြင်သစ်အသင်းခေတ်သစ်အတွက် ဂန္ထဝင်ဇီဒန်းလာပြီ
Football News

ပြင်သစ်အသင်းခေတ်သစ်အတွက် ဂန္ထဝင်ဇီဒန်းလာပြီ

နည်းပြ ဒေးရွှမ့်စ်နေရာမှာ အစားဝင်လာပြီးနောက် တူရကီနဲ့ ဘယ်လ်ဂျီယံတို့ကို အနိုင်ယူကာ ပြင်သစ်အသင်းနဲ့အတူ နေးရှင်းလိဂ်မှာ အကောင်းဆုံး စတင်နိုင်ခဲ့တဲ့ နည်းပြသစ် ဇီဒန်းရဲ့ အကြောင်း သုံးသပ်ချက်။

ပရီးမီးယားလိဂ်မှာ Possession Football ကျရှုံးပြီလား
Football News

ပရီးမီးယားလိဂ်မှာ Possession Football ကျရှုံးပြီလား

ဂွာဒီယိုလာ မရှိတော့တဲ့နောက်ပိုင်း ပရီးမီးယားလိဂ်မှာ ဘောလုံးပိုင်ဆိုင်မှုအသားပေး ကစားဟန် (Possession Football) ကျရှုံးလာပြီး တန်ပြန်တိုက်စစ်နဲ့ လျင်မြန်တဲ့ အကူးအပြောင်းတွေက ပိုမိုအရေးပါလာကြောင်း နည်းဗျူဟာ သုံးသပ်ချက်။

မန်စီးတီးကို ကမ္ဘာပျက်စေခဲ့သူ
Football News

မန်စီးတီးကို ကမ္ဘာပျက်စေခဲ့သူ

Football Leaks ကနေတစ်ဆင့် ဘောလုံးလောကရဲ့ အမှောင်ဘက်ခြမ်းကို ဖွင့်ချခဲ့ပြီး မန်စီးတီးရဲ့ ဘဏ္ဍာရေး အရှုပ်အထွေး အမှု (၁၁၅) ခုကို စတင်မီးမွှေးခဲ့တဲ့ ပေါ်တူဂီ ဟက်ကာ ရူအီပင်တို (Rui Pinto) အကြောင်း။

Official Channels

ONEX2 banner