နည်းပြ ဒေးရွှမ့်စ်နေရာမှာ အစားဝင်လာပြီးနောက် တူရကီနဲ့ ဘယ်လ်ဂျီယံတို့ကို အနိုင်ယူကာ ပြင်သစ်အသင်းနဲ့အတူ နေးရှင်းလိဂ်မှာ အကောင်းဆုံး စတင်နိုင်ခဲ့တဲ့ နည်းပြသစ် ဇီဒန်းရဲ့ အကြောင်း သုံးသပ်ချက်။
ဇီဒန်းရဲ့နည်းပြဘဝက ပျော်စရာတွေများလွန်းပါတယ်။ ဇီဒန်းက ရီးယဲလ်အသင်းနဲ့အတူ
ချန်ပီယံလိဂ်သုံးကြိမ်ဆက် ရရှိအောင်ထူးထူးခြားခြား စွမ်းဆောင်ပေးပြီး ဂန္ထဝင်စာရင်း ဝင်ခဲ့တယ်။
အဲဒီအချိန်တုန်းက ရီးယဲလ်တိုက်စစ်မှာ ဘန်ဇီမာ၊ ဘေးလျ၊ စီရော်နယ်လ်ဒိုတို့သုံးဦးနဲ့ BBC တိုက်စစ်ကို ဇီဒန်းက အထက်မြက်ဆုံးသရုပ်ဖော်ခဲ့ပါတယ်။
ရီးယဲလ်နဲ့အတူ ခမ်းနားအောင်ပွဲတွေပိုင်ဆိုင်ပြီးနောက် ဇီဒန်းက အနိုင်ပိုင်းကာနည်းပြလောကကနေ အချိန်အကြာကြီးပျောက်ကွယ်ဇာတ်မြှုပ်နေခဲ့တယ်။
၂၀၂၁ ခုနှစ်နောက်ပိုင်းနည်းပြလောကကနေ အနားယူနေတဲ့ ဇီဒန်းက ဒေးရွှမ့်စ်မရှိတော့တဲ့ ပြင်သစ်အသင်းနည်းပြရာထူးကို ဆက်ခံခဲ့တယ်။
ဂန္ထဝင်ကွင်းလယ်လူ ဇီဒန်းကပြင်သစ်အသင်းကို ၂၀၃၀ ကမ္ဘာ့ဖလားအထိ တာဝန်ယူသွားမှာဖြစ်ပါတယ်။
ဇီဒန်းက " ပြင်သစ်အသင်းနည်းပြရာထူးကို ပိုင်ဆိုင်ခွင့်ရတာဟာ ဂုဏ်ယူစရာအကောင်းဆုံးအရာပါ" လို့ပြောခဲ့ပါတယ်။
ပြင်သစ်အသင်းက ၁၄ နှစ်ကြာလက်တွဲလာတဲ့ နည်းပြဒေးရွှမ့်စ်နေရာမှာ ဇီဒန်းနဲ့အစားထိုးပြီးနောက် ပထမဆုံးစမ်းသပ်ခန်းအဖြစ်
နေးရှင်းလိဂ်ကစားခဲ့ရတယ်။ ဇီဒန်းလက်ထက် နေးရှင်းလိဂ်မှာ ပြင်သစ်အသင်းက နှစ်ပွဲဆက်အနိုင်ရပြီး မျက်နှာပန်းလှနေပါတယ်။
ပြင်သစ်အသင်းက တူရကီနဲ့ ဘယ်လ်ဂျီယံတို့ကို အဝေးကွင်းမှာ တစ်ဂိုးဂိုးမရှိရလဒ်တွေနဲ့ နှစ်ပွဲဆက်အနိုင်ရခဲ့တာပါ။
ဘယ်လ်ဂျီယံနဲ့ပွဲမှာ အိုလစ်ဆီက နောက်ကျချေပဂိုး သွင်းယူပြီးနောက် ဇီဒန်းက သဘောကျလွန်းလို့ အားရပါးရ အောင်ပွဲခံခဲ့တယ်။
အိုလစ်ဆီရဲ့မှော်ဆန်တဲ့စွမ်းရည်နဲ့သွင်းဂိုးဟာ မှော်ဆရာဟောင်းဇီဒန်းကို အံ့အားသင့်ပျော်ရွှင်စေခဲ့ပါတယ်။
ဘယ်လိုပဲဖြစ်ဖြစ် ဇီဒန်းလက်ထက်မှာ ရီးယဲလ်အသင်းက တိုက်စစ်စွမ်းရည် ထက်မြက်လွန်းသလို၊
ပြင်သစ်အသင်းကလည်း ဘာပေ၊ ဒမ်ဘီလီ၊ အိုလစ်ဆီ တို့နဲ့အင်အားကြီးမားပြီးရင်းကြီးမားလာမှာပါ။