ညံ့ဖျင်းလွန်းတဲ့ အထည်ကြီးပျက် မန်ယူ
ဘုန်းမောက်ကို ဂိုးပြတ်ရှုံးနိမ့်ခဲ့ပြီးနောက် ဖန်တီးမှုကင်းမဲ့နေတဲ့ ကွင်းလယ်၊ စိတ်ဓာတ်ကျဆင်းနေတဲ့ ကစားသမားတွေနဲ့အတူ နလံထူဖို့ ခက်ခဲနေတဲ့ နည်းပြ မိုက်ကယ်ကာရစ်ရဲ့ မန်ယူအသင်းအကြောင်း ပြင်းပြင်းထန်ထန် သုံးသပ်ချက်။
ဘာစီလိုနာရဲ့ လွှမ်းမိုးမှုကို ရပ်တန့်ဖို့ ရီးယဲလ်နည်းပြအဖြစ် ပြန်ရောက်လာတဲ့ မော်ရင်ဟို၊ ယမားလ်ရဲ့ တုံ့ပြန်မှုနဲ့ ဗင်နီစီယက်စ် လွဲချော်မယ့် El Clasico ပွဲကြိုသုံးသပ်ချက်။
လာလီဂါကို မော်ရင်ဟို ပြန်ရောက်တာ သုံးလကျော် ပဲရှိသေးတယ်။ သူ့ရဲ့ ထုံးစံအတိုင်း ပွဲဆူစေမယ့်ကိစ္စတွေဖန်တီးခဲ့တယ်။ မက်ဒရစ်ဒါဘီပွဲအပြီး
သတင်းစာရှင်းလင်းပွဲမှာ ပွဲချိန်အတွင်းက အငြင်းပွားဖွယ်ရာဖြစ်ရပ်ဓာတ်ပုံတွေ Print ထုတ်ပြခဲ့သလို၊ ဗီလာရီးယဲလ်နဲ့ ပွဲမှာ ဗင်နီစီယက်စ်ထုတ်ပယ်ခံရပြီး
ဂိုးတစ်ဂိုးပယ်ဖျက်ခံရလို့ မော်ရင်ဟိုက သတင်းစာရှင်းလင်းပွဲ မတက်ခဲ့ပါဘူး။
အခုတနင်္ဂနွေမှာ မော်ရင်ဟိုအတွက် ပွဲဆူစေမယ့် El Clasico စောင့်ကြိုနေပါတယ်။ တစ်ချိန်တုန်းက El Clasico ပွဲစဉ်တိုင်းမှာ
ပွဲဆူစေမယ့်စကားလုံးတွေ ဖန်ဆင်းခဲ့သူ မော်ရင်ဟိုက ဒီတစ်ခါ El Clasico အတွက် စကားလုံးတွေစီနေပြီလား။
El Clasico နဲ့ မော်ရင်ဟိုပတ်သက်ခဲ့တာ နှစ်ပေါင်း (၃၀) တိုင်ခဲ့ပါပြီ၊ ဘာစီလိုနာနည်းပြ ဆာဘော်ဘီရော့ဘ်ဆန်ရဲ့ လက်ထောက်နည်းပြလေးအဖြစ်
မော်ရင်ဟိုက El Clasico ကို ပထမဆုံးရင်ဆိုင်ခဲ့ရတာပါ။ ၂၀၁၃ ခုနှစ်မှာ ရီးယဲလ်နည်းပြအဖြစ် မော်ရင်ဟိုက El Clasico ပွဲ နောက်ဆုံးဆင်နွှဲခဲ့ရပါတယ်။
အခု (၁၃)နှစ်အကြာမှာ မော်ရင်ဟိုက El Clasico နဲ့ ရေစက်ပြန်ဆုံခွင့်ရပါပြီ။
မော်ရင်ဟိုက "ကျွန်တော့်နှလုံးသားထဲမှာ ဘာစီလိုနာဆိုတဲ့ နာမည်ဟာ အချိန်တိုင်းရှိနေခဲ့တယ်။ ဘာစီလိုနာကို အမြဲတမ်းအနိုင်ယူချင်ခဲ့တယ်"လို့ ပြောဖူးပါတယ်။
မော်ရင်ဟိုက စိန်ခေါ်စကားဆိုနေသလို၊ ယမားလ်ကလည်း လူငယ်တစ်ဦးပီပီ ခပ်ရဲရဲတုံ့ပြန်ထားတယ်။ "မော်ရင်ဟို-ဂွာဒီယိုလာခေတ်က
El Clasico ကို သိပ်ပြီးသဘောကျပါတယ်။ ဒါဟာ ဘောလုံးပွဲတစ်ပွဲရဲ့ ရသပါပဲ။ အားကစားပွဲတွေက တကယ်ကြီး ပြိုင်ဆိုင်မှုပြင်းထန်ပါတယ်။
အခုအချိန်မှာတော့ ကျွန်တော်တို့က ပိုကောင်းတယ်ဆိုတာ သက်သေပြချင်ပါတယ်" လို့ ယမားလ် ပြောခဲ့တာပါ။
၂၀၁၀ ခုနှစ်၊ ချန်ပီယံလိဂ်ဆီမီးဖိုင်နယ်ပွဲကလည်း မော်ရင်ဟိုအတွက် မမေ့နိုင်စရာပါ။ အင်တာမီလန်နဲ့အတူ ဘာစီလိုနာကို ကျော်ဖြတ်ပြီးနောက်
မော်ရင်ဟိုက နူးကမ့်ကွင်းထဲ စိတ်လွတ်လက်လွတ် ပြေးလွှားအောင်ပွဲခံတဲ့မြင်ကွင်းဟာ ချန်ပီယံလိဂ်ရဲ့ ဂန္ထ၀င်ပုံရိပ်ပါ။
အဲဒီအောင်ပွဲအလွန်မှာ မော်ရင်ဟိုက ရီးယဲလ်ဥက္ကဋ္ဌပီရက်ဇ် မျက်စိကျတာခံခဲ့ရတယ်။ အဲဒီ ၂၀၁၀ ခုနှစ်၊ ချန်ပီယံလိဂ်ဖိုင်နယ်ကို
ရီးယဲလ်အိမ်ကွင်း ဘာနေဗျူးမှာ ကျင်းပခဲ့တာပါ။ အင်တာမီလန် ချန်ပီယံဖြစ်ပြီးနောက် မော်ရင်ဟိုက ရီးယဲလ်ဥက္ကဋ္ဌ ပီရက်ဇ်ရဲ့ ကားပေါ် ပါသွားခဲ့ပါတယ်။
၂၀၁၀ ခုနှစ်ကာလတွေမှာ ဘာစီလိုနာရဲ့ လွှမ်းမိုးမှုဟာ သိပ်ပြီးကြီးမားခဲ့တယ်။ ယူရို ၂၀၀၈ ချန်ပီယံနဲ့ ၂၀၁၀ ကမ္ဘာ့ဖလားချန်ပီယံ စပိန်အသင်းပွဲထွက်လူစာရင်းမှာ
ဘာစီလိုနာကစားသမား (၆) ဦးအထိ ပါခဲ့တာပါ။ ဘာစီလိုနာရဲ့ လွှမ်းမိုးမှုကို တော်လှန်ရေးဆင်နွှဲရအောင် ပီရက်ဇ်က မော်ရင်ဟိုကို ယုံကြည်ခဲ့တယ်။
မော်ရင်ဟိုရောက်လာပြီးနောက် ပီရက်ဇ်က " ဒီနှစ်က ရီးယဲလ်အသင်းနှစ်"လို့ စ-စ်ကြေညာလိုက်တယ်။
ဒါပေမဲ့ မော်ရင်ဟိုရဲ့ ပထမဆုံး El Clasico ပြဲက မလွပခဲ့ပါဘူး။ ဘာစီလိုနာကို (၅) ဂိုးဂိုးမရှိနဲ့ အညံ့ခံခဲ့ရပါတယ်။
ဘာစီလိုနာရဲ့ လွှမ်းမိုးမှုကိုလည်း မော်ရင်ဟို မရပ်တန့်နိုင်ခဲ့ပါဘူး။ ဘာစီလိုနာက မော်ရင်ဟိုရဲ့ ရီးယဲလ်နည်းပြဘ၀သက်တမ်းအတွင်း
ချန်ပီယံလိဂ်အောင်ပွဲပါ ထပ်ယူပြခဲ့ပါတယ်။ အခြားတစ်ဘက်မှာ မော်ရင်ဟိုက ရီးယဲလ်အသင်းရဲ့ (၁၀)ကြိမ်မြောက်ချန်ပီယံလိဂ်အောင်ပွဲကို မဖန်ဆင်းပေးနိုင်ခဲ့ဘူး။
ပြည်တွင်းဖလားတွေနဲ့သာ မော်ရင်ဟိုရဲ့ ရီးယဲလ်နည်းပြဘ၀ပထမသက်တမ်းက ကုန်ဆုံးခဲ့ရတယ်။
နှစ်ကာလတွေက ခပ်မြန်မြန်ပဲ ဖြတ်သန်းစီးဆင်းခဲ့ပါတယ်။ မော်ရင်ဟိုရဲ့ ရီးယဲလ်နည်းပြဘ၀ ပထမသက်တမ်းတုန်းကလိုပဲ
ရီးယဲလ် လာလီဂါရပ်၀န်းမှာ အိမ်နိမ့်စံဖြစ်နေတယ်။ နှစ်ရာသီဆက်ဖလားလက်မဲ့ အခြေအနေဆိုးနဲ့ ရီးယဲလ်ရင်ဆိုင်နေရတာပါ။
ဘာစီလိုနာက ပြည်တွင်းဖလားသုံးလုံးအောင်ပွဲရတဲ့အထိ ထည်ဝါနေသလို၊ El Clasico စီးချင်းထိုးပွဲမှာ ရီးယဲလ်ကို လေးကြိမ်အထိ အနိုင်ယူပြခဲ့ပါတယ်။
၂၀၁၀ ကမ်ဘာ့ဖလားတုန်းကလိုပဲ ၂၀၂၆ ကမ္ဘာ့ဖလားချန်ပီယံစပိန်အသင်းမှာ ဘာစီလိုနာကစားသမား (၈)ဦးအထိ ပါ၀င်ခဲ့တယ်။
ဘာစီလိုနာ သန္ဓေကြောင့် စပိန်အသင်းအောင်ပွဲထပ်ရခဲ့ပါတယ်။
ရီးယဲလ်ဥက္ကဋ္ဌပီရက်ဇ်က ၂၀၁၀ တုန်းကလိုပဲ ဘာစီလိုနာ ပြိုလဲအောင် ကြံစည်ပြီး မော်ရင်ဟိုကိုထပ်ယုံကြည်ခဲ့တယ်။
ပြီးတော့ ဘာစီလိုနာက ဒိုင်တွေကို ငွေပေးပြီးရွေးချယ်တယ်ဆိုတဲ့ Case ကိုလည်းပီရက်ဇ် အစပြန်ဖော်ခဲ့တယ်။
ဒါပေမဲ့ ဒီတစ်ခါလည်း ကံတရားက ရီးယဲလ်ဘက်မှာ ရွိမေနပါဘူး။ ဘာစီလိုနာရဲ့ အားမာန္ကို ရီးယဲလ် အံမတုနိုင်ပါဘူး။
El Clasico ပွဲမတိုင်ခင်မှာ ဗင်နီစီယက်စ် ပွဲပယ်ခံထားရလို့ မော်ရင်ဟိုရဲ့ ရီးယဲလ် အခက်တွေ့နိုင်ပါတယ်။
လက်ရှိအချိန်လာလီဂါချန်ပီယံပြေးလမ်းမှာ ဘာစီလိုနာက ရီးယဲလ္ကို (၆) မှတ်ဖြတ်ထားပြီး အသာစီးယူထားတယ်။
El Clasico မွာ ထပ်ပြီး အညံ့ခံရရင် ရီးယဲလ်ရဲ့ လာလီဂါချန်ပီယံမျှော်လင့်ချက် ကုန်ဆုံးသလောက် ဖြစ်သွားနိုင်တယ်။
မော်ရင်ဟိုက " ဘာစီလိုနာအကြောင်း ကျွန်တော် သိပ်မသိသေးပါဘူး။ အခု ရီးယဲလ်ကို ပြန်ရောက်တာ (၁၀၅)ရက်ပဲ ရှိသေးပြီး
သိပ်မကြာသေးဘူးမဟုတ်လား" လို့ ပြောလိုက်တယ်။ ဒါဟာ မော်ရင်ဟိုက စ-စ်မရောက်ခင် မြားကုန်သွားတာများလား။
ဒါမှမဟုတ် Mind Game တစ်ခုလား။
ဘုန်းမောက်ကို ဂိုးပြတ်ရှုံးနိမ့်ခဲ့ပြီးနောက် ဖန်တီးမှုကင်းမဲ့နေတဲ့ ကွင်းလယ်၊ စိတ်ဓာတ်ကျဆင်းနေတဲ့ ကစားသမားတွေနဲ့အတူ နလံထူဖို့ ခက်ခဲနေတဲ့ နည်းပြ မိုက်ကယ်ကာရစ်ရဲ့ မန်ယူအသင်းအကြောင်း ပြင်းပြင်းထန်ထန် သုံးသပ်ချက်။

ဗင်နီစီယက်စ် ပွဲပယ်ခံထားရလို့ El Clasico လွဲချော်မယ့်အချိန်မှာ ဘာပေ၊ ဘယ်လင်ဟမ်၊ အန်ဒရစ်တို့နဲ့အတူ ရီးယဲလ်တိုက်စစ်မှာ အံဝင်ခွင်ကျ ခြေစွမ်းပြနေတဲ့ ဒီယိုမန်ဒီနဲ့ မော်ရင်ဟိုရဲ့ နည်းစနစ်ပိုင်း သုံးသပ်ချက်။
ကိုယ့်အမှားကို ဖုံးကွယ်ဖို့ နည်းပြကို အပြစ်ပုံချခဲ့တဲ့ အသင်းခေါင်းဆောင် ဘရူနိုဖာနန်ဒက်စ်ကို လူစာရင်းကနေ ဖယ်ထုတ်ပြီး Mr Nice Guy အဖြစ်ကနေ ပြတ်ပြတ်သားသား အရေးယူဖို့ လိုအပ်နေပြီဖြစ်တဲ့ မန်ယူနည်းပြ မိုက်ကယ်ကာရစ်အကြောင်း။
ကိုမိုကို ရှုံးနိမ့်ပြီးနောက် ရလဒ်ဆိုးတွေအတွက် အပြည့်အဝ တာဝန်ယူကြောင်းနဲ့ မန်ယူအသင်းရဲ့ တန်ဖိုးထားမှုတွေကို အဆုံးရှုံးမခံဘူးလို့ ပြောကြားလိုက်တဲ့ နည်းပြ မိုက်ကယ်ကာရစ်ရဲ့ ပွဲကြိုသတင်းစာရှင်းလင်းပွဲ သုံးသပ်ချက်။
ချန်ပီယံလိဂ်မှာ အောင်မြင်မှု ဝေးကွာနေပေမဲ့ ကြီးမားတဲ့ ရုပ်သံဝင်ငွေနဲ့ ဘဏ္ဍာရေးအင်အားတွေကြောင့် ယူရိုပါလိဂ်နဲ့ ကွန်ဖရင့်လိဂ်ပြိုင်ပွဲတွေမှာ ပြိုင်ဘက်ကင်း လွှမ်းမိုးထားနိုင်တဲ့ ပရီးမီးယားလိဂ်ကလပ်တွေရဲ့ အခြေအနေ သုံးသပ်ချက်။
ချန်ပီယံလိဂ်မှာ မန်ယူအသင်းကို ၄-၁ ဂိုးနဲ့ ဂိုးပြတ်အနိုင်ယူခဲ့တဲ့ ဖာဘရီဂတ်စ်ရဲ့ ကိုမိုအသင်းနဲ့ မက်ဆီရဲ့ မှတ်တမ်းကို လိုက်မီခဲ့တဲ့ ကြယ်ပွင့်ကစားသမား နီကိုပတ်ဇ်အကြောင်း သုံးသပ်ချက်။
ကိုမိုအသင်းကို အရှက်တကွဲ ရှုံးနိမ့်ပြီးနောက် နည်းပြ မိုက်ကယ်ကာရစ်ရဲ့ နည်းဗျူဟာကို ဝေဖန်ခဲ့တဲ့ အသင်းခေါင်းဆောင် ဘရူနိုဖာနန်ဒက်စ်နဲ့ သူတို့နှစ်ဦးကြားက စိတ်ဝမ်းကွဲမှုပြဿနာများအကြောင်း သုံးသပ်ချက်။
ကိုမိုအသင်းကို ဂိုးပြတ်ရှုံးနိမ့်ပြီးနောက် နုတ်ထွက်ဖို့ ဖိအားပေးခံနေရချိန်မှာ ကစားသမားတွေရဲ့ ပေးဆပ်လိုစိတ်ကို ဝေဖန်ထောက်ပြရင်း သူအကောင်းဆုံး ကြိုးစားခဲ့တယ်လို့ တုံ့ပြန်လိုက်တဲ့ မန်ယူနည်းပြ မိုက်ကယ်ကာရစ်ရဲ့ အင်တာဗျူး။
