Players News

ဘရူနိုနဲ့ မိုက်ကယ်ကာရစ် ထိကြ ငြိကြပြီ

ဘရူနိုနဲ့ မိုက်ကယ်ကာရစ် ထိကြ ငြိကြပြီ

ကိုမိုအသင်းကို အရှက်တကွဲ ရှုံးနိမ့်ပြီးနောက် နည်းပြ မိုက်ကယ်ကာရစ်ရဲ့ နည်းဗျူဟာကို ဝေဖန်ခဲ့တဲ့ အသင်းခေါင်းဆောင် ဘရူနိုဖာနန်ဒက်စ်နဲ့ သူတို့နှစ်ဦးကြားက စိတ်ဝမ်းကွဲမှုပြဿနာများအကြောင်း သုံးသပ်ချက်။

မန်ယူအသင်းခေါင်းဆောင် ဘရူနိုဖာနန်ဒက်စ်က အသင်းရဲ့ဥရောပဘောလုံးသမိုင်းတစ်လျှောက် အရှက်ရစရာအကောင်းဆုံးညတစ်ညကို ရင်ဆိုင်ရပြီးနောက်

နည်းပြ မိုက်ကယ်ကာရစ်ကို ပြင်းပြင်းထန်ထန် ဝေဖန်လိုက်ပါတယ်။

ကိုမိုအသင်းကို ချန်ပီယံလိဂ်ပွဲမှာ အရှက်တကွဲ ရှုံးနိမ့်ခဲ့လို့ ကာရစ်ရဲ့နည်းပြရာထူး အနာဂတ်က ပိုပြီးလှုပ်ခတ်ခဲ့တယ်။

ကိုမိုနဲ့ပွဲအပြီးမှာ မိုက်ကယ်ကာရစ်က အီတလီမြေအထိ လိုက်ပါအားပေးတဲ့ မန်ယူပရိသတ် ၇၀၀ ခန့်ကို သွားရောက်တောင်းပန်ခဲ့ပါတယ်။

ဒါပေမဲ့ ကွင်းထဲမှာစိတ်ပျက်လက်ပျက်ဖြစ်နေတဲ့ မန်ယူကစားသမားတွေကို ဂရုမစိုက်ဘဲ လျစ်လျှူရှုခဲ့ပါတယ်။

သူ့ရဲ့အပြုအမူဟာ ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလအတွင်းက ဝက်ဖို့ဒ်အသင်းကို ၄-၁ ဂိုးနဲ့ ရှုံးနိမ့်ပြီးနောက် ၂၄ နာရီ အကြာမှာ ထုတ်ပယ်ခံရတဲ့ အိုလီ ဆိုးလ်ရှားရဲ့ အပြုအမူမျိုးပါ။

TNT Sports နဲ့ ပွဲအပြီးအင်တာဗျူးမှ.ဘရူနို ဖာနန်ဒက်စ်က "ပြိုင်ဘက်ကစားသမားတစ်ဦးချင်းစီကို လူကပ်ပြီး ဖိအားပေးကစားတာ မလုပ်ဖို့၊

တစ်ခါတလေ နောက်ဘက်မှာ နေရာလွတ်တွေ ချန်ထားပြီး ဘောလုံးပြန်ရအောင် ကြိုးစားဖို့ဆိုတာ နည်းပြအဖွဲ့ရဲ့ ဆုံးဖြတ်ချက်ပါ။

ဒါပေမဲ့ တစ်ခါတလေမှာ ဒီလိုအသင်းမျိုးကို ဘောလုံးပိုင်ဆိုင်ခွင့် အများကြီးပေးလိုက်ရင် သူတို့က  ယုံကြည်မှု ပိုရှိလာတတ်ပါတယ်။

အဲဒါကို ဆုံးဖြတ်သုံးသပ်ရတာ နည်းပြနဲ့ နည်းပြအဖွဲ့ရဲ့ တာဝန်ပါ။ ကျွန်တော့်တာဝန် မဟုတ်ပါဘူး။

တစ်ခါတလေမှာ ပြိုင်ဘက်ရဲ့ ဖိအားပေးမှုအောက်မှာ ပိုပြီး ရဲရဲဝံ့ဝံ့ ကစားဖို့ လိုပါတယ်။

ရှေ့တန်းအထိ တက်ပြီး ဖိအားပေးကစားဖို့ စွန့်စားရပါမယ်။ ဒါမှ ပြိုင်ဘက်ကို သက်သောင့်သက်သာ မကစားနိုင်အောင် လုပ်နိုင်မှာပါ" လို့ ဝေဖန်ခဲ့တာပါ။

ဘရူနိုဖာနန်ဒက်စ်ရဲ့ဝေဖန်မှုအ ပေါ် မိုက်ကယ်ကာရစ်က

"ဘယ်လိုကစားကွက်စနစ်ပဲ သုံးသုံး၊ ဘယ်လိုနည်းဗျူဟာပဲ ချမှတ်ချမှတ်၊  အဲဒီထဲမှာ အရေးပါတဲ့အချက်တစ်ခု ရှိပါတယ်။

ခင်ဗျားတို့ မပြေးဘူး၊ ရှေ့ကိုလည်း မပြေးဘူး၊ နောက်ကိုလည်း ပြန်မပြေးဘူးဆိုရင်တော့ ဘယ်လိုမှ အနိုင်ရမှာ မဟုတ်ပါဘူး" လို့ တုံ့ပြန်ခဲ့တယ်။

မန်ယူရဲ့ဆိုးရွားစုတ်ပြတ်လွန်းတဲ့ကာလမှာ နည်းပြမိုက်ကယ်ကာရစ်နဲ့ အသင်းခေါင်းဆောင် ဘရူနိုဖာနန်ဒက်စ်တို့ကြား စိတ်ဝမ်းကွဲနေကြပါပြီ။

ဘာတွေဆက်ဖြစ်မလဲ စောင့်ကြည့်ရပါမယ်။

Related News

မာဒူအေကေကြောင့် ကံကောင်းတဲ့အာဆင်နယ်
Players News

မာဒူအေကေကြောင့် ကံကောင်းတဲ့အာဆင်နယ်

နော်တင်ဟမ်ဖောရက်စ်နဲ့ လိဒ်စ်တို့ကို အနိုင်ဂိုးသွင်းပေးပြီး အာဆင်နယ်တိုက်စစ်မှာ အာတီတာ အယုံကြည်ရဆုံး Finisher ဖြစ်လာတဲ့ မာဒူအေကေရဲ့ ခြေစွမ်းသုံးသပ်ချက်။

Read more
ချယ်လ်ဆီးဂိုးသမား မာတီနက်ဇ် ဘယ်လောက်အနားယူရမလဲ ?
Players News

ချယ်လ်ဆီးဂိုးသမား မာတီနက်ဇ် ဘယ်လောက်အနားယူရမလဲ ?

အဲဗာတန်နဲ့ပွဲမှာ ဦးခေါင်းထိခိုက်မိပြီး Concussion ဖြစ်သွားတဲ့ ချယ်လ်ဆီးဂိုးသမား မာတီနက်ဇ်ရဲ့ ဒဏ်ရာအခြေအနေနဲ့ ပီတာချက်ရဲ့ ဖြစ်ရပ်ကို နှိုင်းယှဉ်သုံးသပ်ချက်။

Read more
El Clasico မကစားရတဲ့ ဗင်နီစီယက်စ်အတု
Players News

El Clasico မကစားရတဲ့ ဗင်နီစီယက်စ်အတု

ခြေစွမ်းကျဆင်းမှု၊ အချစ်ရေးကံခေမှုတွေနဲ့အတူ ဆံပင်ဆွဲလို့ ၄ ပွဲပယ်ခံရတာကြောင့် အယ်လ်ကလက်စီကို (El Clasico) လွဲချော်မယ့် ရီးယဲလ်တိုက်စစ်မှူး ဗင်နီစီယက်စ်ရဲ့ ရှုပ်ထွေးနေတဲ့ အခြေအနေများအကြောင်း သုံးသပ်ချက်။

Read more

More News

ဂုဏ်ယူမဆုံးဖြစ်နေတဲ့ ကိုမို
Football News

ဂုဏ်ယူမဆုံးဖြစ်နေတဲ့ ကိုမို

ချန်ပီယံလိဂ်မှာ မန်ယူအသင်းကို ၄-၁ ဂိုးနဲ့ ဂိုးပြတ်အနိုင်ယူခဲ့တဲ့ ဖာဘရီဂတ်စ်ရဲ့ ကိုမိုအသင်းနဲ့ မက်ဆီရဲ့ မှတ်တမ်းကို လိုက်မီခဲ့တဲ့ ကြယ်ပွင့်ကစားသမား နီကိုပတ်ဇ်အကြောင်း သုံးသပ်ချက်။

Read more
ကျွန်တော်အကောင်းဆုံး လုပ်ခဲ့ပါတယ် (မိုက်ကယ်ကာရစ်)
Football News

ကျွန်တော်အကောင်းဆုံး လုပ်ခဲ့ပါတယ် (မိုက်ကယ်ကာရစ်)

ကိုမိုအသင်းကို ဂိုးပြတ်ရှုံးနိမ့်ပြီးနောက် နုတ်ထွက်ဖို့ ဖိအားပေးခံနေရချိန်မှာ ကစားသမားတွေရဲ့ ပေးဆပ်လိုစိတ်ကို ဝေဖန်ထောက်ပြရင်း သူအကောင်းဆုံး ကြိုးစားခဲ့တယ်လို့ တုံ့ပြန်လိုက်တဲ့ မန်ယူနည်းပြ မိုက်ကယ်ကာရစ်ရဲ့ အင်တာဗျူး။

Read more
ဒုက္ခတွင်းက လွတ်မြောက်လာသူ
Football News

ဒုက္ခတွင်းက လွတ်မြောက်လာသူ

၁၀ လကြာ ပရီးမီးယားလိဂ် ဂိုးပေါက်ပျောက်ဆုံးမှုနဲ့ အနီကတ်ပြဿနာတွေကနေ ရုန်းထွက်ပြီး ချန်ပီယံလိဂ်မှာ ဟက်ထရစ်သွင်းကာ အကောင်းဆုံးပုံစံ ပြန်လည်ရရှိလာတဲ့ ဖိုဒန်ရဲ့ ခြေစွမ်းသုံးသပ်ချက်။

Read more
သွင်းဂိုးမုန်တိုင်းကြားက ချန်ပီယံလိဂ်
Football News

သွင်းဂိုးမုန်တိုင်းကြားက ချန်ပီယံလိဂ်

တစ်ပွဲပျမ်းမျှ ၄ ဂိုးကျော်အထိ သွင်းယူနေကြပြီး သမိုင်းတစ်လျှောက် သွင်းဂိုးအများဆုံးရာသီအဖြစ် စံချိန်တင်လာနိုင်တဲ့ ၂၀၂၆ ခုနှစ် ချန်ပီယံလိဂ်ပြိုင်ပွဲရဲ့ အခြေအနေများအကြောင်း သုံးသပ်ချက်။

Read more
Ballon d'Or အကြို ဒမ်ဘီလီနဲ့ ယမားလ်တို့ရဲ့ အားပြိုင်ပွဲ
Football News

Ballon d'Or အကြို ဒမ်ဘီလီနဲ့ ယမားလ်တို့ရဲ့ အားပြိုင်ပွဲ

သွင်းဂိုးအများဆုံးနဲ့ တိုက်စစ်အကောင်းဆုံး PSG နဲ့ ဘာစီလိုနာတို့ ထိပ်တိုက်တွေ့ဆုံမယ့် ချန်ပီယံလိဂ် ပွဲကြိုသုံးသပ်ချက်နဲ့အတူ Ballon d'Or ဆုအတွက် ရေပန်းစားနေတဲ့ ဒမ်ဘီလီနဲ့ ယမားလ်တို့ရဲ့ အားပြိုင်မှု။

Read more
စပါးရဲ့ ၂၀၂၆ ခုနှစ်အတွင်း လေးပွဲမြောက် ပရီးမီးယားလိဂ်နိုင်ပွဲ
Football News

စပါးရဲ့ ၂၀၂၆ ခုနှစ်အတွင်း လေးပွဲမြောက် ပရီးမီးယားလိဂ်နိုင်ပွဲ

နည်းပြ ဒီဇာဘီရဲ့ စိတ်ဓာတ်မြှင့်တင်ရေး အစီအစဉ်တွေနဲ့အတူ ကာလရှည်ဒဏ်ရာကနေ ပြန်လာတဲ့ မက်ဒီဆန်ရဲ့ သွင်းဂိုးအပါအဝင် ကိုဗင်ထရီကို အနိုင်ယူပြီး ၂၀၂၆ ခုနှစ်အတွင်း လေးပွဲမြောက် ပရီးမီးယားလိဂ်နိုင်ပွဲကို ရယူနိုင်ခဲ့တဲ့ စပါးအသင်း သုံးသပ်ချက်။

Read more

Official Channels

ONEX2 banner