ကိုမိုကို ရှုံးနိမ့်ပြီးနောက် ရလဒ်ဆိုးတွေအတွက် အပြည့်အဝ တာဝန်ယူကြောင်းနဲ့ မန်ယူအသင်းရဲ့ တန်ဖိုးထားမှုတွေကို အဆုံးရှုံးမခံဘူးလို့ ပြောကြားလိုက်တဲ့ နည်းပြ မိုက်ကယ်ကာရစ်ရဲ့ ပွဲကြိုသတင်းစာရှင်းလင်းပွဲ သုံးသပ်ချက်။
ဘုန်းမောက်အသင်းနဲ့ ပွဲမတိုင်ခင်သတင်းစာရှင်းလင်းပွဲမှာ မန်ယူနည်းပြ မိုက်ကယ်ကာရစ်က ၆ မိနစ်ကြာ စကားပြောခဲ့ပါတယ်။
မီဒီယာတွေဘာမှမမေးခင်မှာ မိုက်ကယ်ကာရစ်က သူ့ခံစားချက်ကို ထုတ်ဖော်ပြောဆိုခဲ့တာပါ။
မိုက်ကယ်ကာရစ်က မန်ယူအသင်းဟာ မကြာသေးခင်ကာလတွေမှာ လုံလောက်တဲ့ စွမ်းဆောင်ရည်မျိုး မပြသနိုင်ခဲ့ဘူးလို့ စတင်ပြောဆိုခဲ့ပါတယ်။
ဒါ့အပြင် အသင်းအနေနဲ့ လုံးဝစိတ်ကျေနပ်စရာမရှိတဲ့ ရလဒ်ဆိုးတွေ ဆက်တိုက်ကြုံတွေ့ခဲ့ရတဲ့ ကာလတစ်ခုကိုလည်း ဖြတ်သန်းခဲ့ရတယ်လို့ ဝန်ခံခဲ့တယ်။
ဗုဒ္ဓဟူးနေ့က ချန်ပီယံလိဂ်မှာ ကိုမို အသင်းကို ရှုံးနိမ့်ခဲ့ရတာဟာ ဘယ်လိုပဲတွေးတွေး ဆိုးရွားတဲ့ညတစ်ည ဖြစ်ခဲ့တယ်လို့ သူက ဆက်ပြောပါတယ်။
ဒါ့အပြင် အဲဒီရှုံးပွဲဟာ မန်ယူအသင်းအတွက် သိပ်ပြီး နာကျင်စရာကောင်းခဲ့တယ်ဆိုတာ မိုက်ကယ်ကာရစ် သိပါတယ်။
မိုက်ကယ်ကာရစ်က "ကျွန်တော့်ရဲ့ တာဝန်က မန်ယူအသင်းကို ကိုယ်စားပြုနိုင်တဲ့၊ ပရိသတ်တွေကို ကိုယ်စားပြုနိုင်တဲ့ အသင်းတစ်သင်းကို တည်ဆောက်ဖို့ပါ။
ဒါ့အပြင် ကျွန်တော်တို့ ကစားပုံနဲ့ အသင်းရဲ့ ကိုယ်ပိုင်ဟန်ပန်တွေကြောင့် ပရိသတ်တွေ ဂုဏ်ယူနိုင်တဲ့ အသင်းတစ်သင်းဖြစ်ဖို့လည်း လိုပါတယ်။"
မကြာသေးခင်က ကစားခဲ့တဲ့ ပွဲတချို့မှာတော့ ကျွန်တော်တို့ဟာ မန်ယူ အသင်းရဲ့ဟန်ပန်နဲ့ စံနှုန်းတွေ မရှိခဲ့ပါဘူး။
အဲဒီအခြေအနေကို ကျွန်တော် ကောင်းကောင်း သိရှိထားပြီး ပြုပြင်ပြောင်းလဲသွားအောင် သေချာပေါက် လုပ်ဆောင်နေပါတယ်" လို့ ပြောပါတယ်။
မိုက်ကယ်ကာရစ် က မန်ယူအသင်းရဲ့ သမိုင်းနဲ့ တန်ဖိုးထားမှုတွေဟာ နှစ်ပေါင်းများစွာကတည်းက ခိုင်မာစွာ အမြစ်တွယ်နေပြီး
အဲဒီတန်ဖိုးထားမှုတစ်ခုချင်းစီကိုဆက်လက်ထိန်းသိမ်းချင်နေပါတယ်။
မန်ယူအသင်းမှာကစားမယ်ဆိုရင် "နှိမ့်ချရမယ်၊ ကြိုးကြိုးစားစား အလုပ်လုပ်ပြီး အဲဒီတန်ဖိုးထားမှုတွေကို လက်တွေ့လိုက်နာကျင့်သုံးနိုင်လို့ ဂုဏ်ယူတာဖြစ်ပါတယ်။
မိုက်ကယ်ကာရစ်က မန်ယူအသင်းမှာနှစ်ကာလများစွာ တည်ရှိနေတဲ့ "အဲဒီတန်ဖိုးတွေကို အဆုံးရှုံးခံမှာ မဟုတ်ပါဘူး" ။
ဖာဂူဆန်ပြောခဲ့ဖူးတဲ့ မန်ယူအသင်းရဲ့အထက်မှာ ဘယ်သူမှမရှိဖူးဆိုတာကိုလည်း မိုက်ကယ်ကာရစ် လက်ခံထားပါတယ်။
"မန်ယူအသင်းထက်ပိုပြီးကြီးကျယ်တဲ့ကစားသမားမရှိပါဘူး။ အရင်တုန်းကလည်း မရှိဘူး၊ အခုလည်းမရှိဘူး၊
နောင်လည်းရှိလာမှာမဟုတ်ဘူး" လို့ မိုက်ကယ်ကာရစ်ပြောပါတယ်။
မန်ယူအသင်းက ပျက်စီးနေပေမယ့် လမ်းကြောင်းမှန် ပြန်ရောက်လာမယ်လို့လည်း အပြည့်အဝ ယုံကြည်နေပါတယ်။
အဓိကက မန်ယူအသင်းကို လေးစားပါ။ ဒီအသင်းမှာ ပါဝင်ကစားဖို့နဲ့ အသင်းအတွက် အောင်မြင်မှုရရှိဖို့
ဘယ်လောက်ကြိုးစားအားထုတ်ရတယ်ဆိုတာကိုလည်း လေးစားနားလည်ပါ။ ဘာကြောင့်လဲဆိုတော့ ဒီအရာတွေဟာ သိပ်ပြီးအရေးကြီးပါတယ်။
မိုက်ကယ်ကာရစ်က "မန်ယူအသင်းမှာ ကိုယ့်ကိုယ်ကို အခွင့်အရေးရထိုက်သူလို့ သတ်မှတ်ထားတဲ့စိတ်ဓာတ်မျိုး ရှိနေလို့မရပါဘူး။
မန်ယူအသင်းမှာ ကစားခွင့်ရဖို့ဆိုရင် ကြိုးစားအားထုတ်မှုတွေနဲ့ အနစ်နာခံမှုများစွာ လိုအပ်တယ်" လို့ သတိပေးခဲ့တယ်။
မန်ယူအသင်းရဲ့ လက်ရှိရလဒ်တွေနဲ့ စွမ်းဆောင်ရည်အပေါ် ကစားသမားတွေအားလုံး စိတ်ပျက်နေကြပါတယ်။
မိုက်ကယ်ကာရစ်က တာဝန်အရှိဆုံးလူက သူဖြစ်တယ်ဆိုပြီး ပြောပါတယ်။
"နည်းပြရာထူးမှာ ရှိနေတဲ့ ကျွန်တော့်ရဲ့ တာဝန်က အသင်းကို ဦးဆောင်ဖို့ပါ။" ကျွန်တော် မိုးစိုချင်စိုပါစေ၊ တခြားသူတွေအားလုံး
မိုးမစိုရအောင် ထီးကို မိုးပေးထားမှာပါ"လို့ မိုက်ကယ်ကာရစ် တာဝန်ယူလိုက်ပါတယ်။
မိုက်ကယ်ကာရစ်ရဲ့စကားလုံးတွေက အားမာန်အပြည့်နဲ့ မန်ယူရဲ့DNA ၊ အသင်းရဲ့အထက်မှာဘယ်သူမှမရှိဘူး ဆိုတဲ့မူဝါဒ၊
နည်းပြတစ်ယောက်အဖြစ် တာဝန်ယူလိုစိတ်တွေ မြင်ရပါတယ်။
မိုက်ကယ်ကာရစ်နဲ့ မန်ယူ ပြန်လာနိုင်မလား။