စိုမှာစိုးလို့ မိုးမိတယ်
ကိုမိုကို ရှုံးနိမ့်ပြီးနောက် ရလဒ်ဆိုးတွေအတွက် အပြည့်အဝ တာဝန်ယူကြောင်းနဲ့ မန်ယူအသင်းရဲ့ တန်ဖိုးထားမှုတွေကို အဆုံးရှုံးမခံဘူးလို့ ပြောကြားလိုက်တဲ့ နည်းပြ မိုက်ကယ်ကာရစ်ရဲ့ ပွဲကြိုသတင်းစာရှင်းလင်းပွဲ သုံးသပ်ချက်။
ကိုယ့်အမှားကို ဖုံးကွယ်ဖို့ နည်းပြကို အပြစ်ပုံချခဲ့တဲ့ အသင်းခေါင်းဆောင် ဘရူနိုဖာနန်ဒက်စ်ကို လူစာရင်းကနေ ဖယ်ထုတ်ပြီး Mr Nice Guy အဖြစ်ကနေ ပြတ်ပြတ်သားသား အရေးယူဖို့ လိုအပ်နေပြီဖြစ်တဲ့ မန်ယူနည်းပြ မိုက်ကယ်ကာရစ်အကြောင်း။
မန်ယူနည်းပြဘဝမှာ မိုက်ကယ်ကာရစ်ကို အကြံဉာဏ်ပေးသူတွေ အမြဲတမ်းရှိနေပါတယ်။
ပေါလ်စခိုးလ်၊ ရွိုင်ကိန်းတို့လို မန်ယူကစားသမားဟောင်းတွေက " မစားရတဲ့အမဲ သဲနဲ့ပက်" ဆိုသလို ကာရစ်ဘာလုပ်လုပ်အကောင်းမမြင်ကြဘူး။
သူတို့ရဲ့နည်းပြဘဝကို ပြန်ကြည့်လိုက်ရင်ဘာမှအထင်ကြီးစရာမရှိပါဘူး။ အောက်တန်းအသင်းတွေကိုင်ပြီး တိုင်ပတ်ခဲ့ကြတာပါ။
အခုအချိန်မှာ မိုက်ကယ်ကာရစ်နှလုံးသားကို တုတ်နဲ့ထိုးခဲ့သူက ဘရူနိုဖာနန်ဒက်စ်၊ မိုက်ကယ်ကာရစ်ရဲ့နည်းဗျူဟာတွေက တလွဲကြီးဆိုပြီးမပြောရုံတမယ် ဝေဖန်ခဲ့တယ်။
ဘရူနိုဖာနန်ဒက်စ်လည်း ပေါလ်စခိုးလ်နဲ့ ရွိုင်ကိန်းလိုပဲ ကိုယ်ကဖြင့် ဘာအဖြစ်မှ မရှိဘူး။ သူများလက်ညိုးထိုးချင်ပြီး ကိုယ့်မျက်ချေးကိုယ်မမြင်ဘူး။
ဘရူနိုဖာနန်ဒက်စ်ရဲ့ဝေဖန်သံဟာ ကာရစ်အတွက် ပြဿနာကြီးတစ်ခုပါပဲ။
နည်းပြတစ်ယောက်အတွက် အရေးကြီးဆုံးအရာက ကိုယ်ယုံကြည်တဲ့ ကစားသမားတွေကိုပဲ အသင်းမှာနေရာပေးသင့်တယ်" ဆိုတာပါ။
အသင်းခေါင်းဆောင်က နည်းပြတစ်ယောက်ကို ချောက်ထဲရောက်အောင် စကားလုံးတွေနဲ့ တွန်းပို့လိုက်တယ်။
Throw someone under the bus ဆိုတဲ့ အင်္ဂလိပ်စကားပုံအတိုင်း ဘရူနိုဖာနန်ဒက်စ်က သူ့အသုံးမကျတာကို ကာကွယ်ဖို့အတွက်
မိုက်ကယ်ကာရစ် ဒုက္ခရောက်အောင် လုပ်လိုက်ပါတယ်။ လက်ရှိရာသီမှာ ဘရူနိုဖာနန်ဒက်စ်ရဲ့စွမ်းရည်က အတော်လေးကျဆင်းနေတာပါ။
အဲဒီလိုအခြေအနေမျိုးမှာ သူ့ညံ့တာတွေဖုံးကွယ်ရအောင် ဘရူနိူဖာနန်ဒက်စ်က မိုက်ကယ်ကာရစ်ကို အပြစ်ပုံချလိုက်တယ်။
အခုအချိန်မှာ မိုက်ကယ်ကာရစ်လုပ်ရမှာတစ်ခုပဲရှိတယ်။
" မန်ယူအတွက် မပေးဆပ်ချင်တဲ့ ကစားသမားကို အသင်းလူစာရင်းကနေ ဖယ်ထုတ်လိုက်ရုံပါပဲ"
ဖာဂီခေတ်တုန်းက မန်ယူအသင်းရဲ့အထက်မှာ ဘယ်သူမှမရှိဘူးဆိုတဲ့မူဝါဒ ကျင့်သုံးခဲ့တယ်။
အသင်းရဲ့ အကောင်းဆုံးကစားသမားဖြစ်နေရင်တောင် နည်းပြကို ဝေဖန်ရင် နေရာမပေးတဲ့မူဝါဒ" ပါ။
ဖာဂီသာဆိုရင် ဘရူနိုဖာနန်ဒက်စ်ကို ပွဲထွက်ခွင့် ပေးတော့မှာမဟုတ်ဘူး။ မိုက်ကယ်ကာရစ်ကရော ဘယ်လိုဆုံးဖြတ်မှာလဲ။
ဝိန်းရွန်နီက " တာဝန်ယူစိတ်မရှိတဲ့သူတွေကတစ်ယောက်ယောက်ကို အပြစ်ပုံချတတ်တယ်"လို့ပြောပါတယ်။
မာတီနက်ဇ်နဲ့ ဘရူနိုဖာနန်ဒက်စ်ကပြဿနာကောင်တွေဆိုပြီး ဝိန်းရွန်နီတံဆိပ်ကပ်ခဲ့တယ်။
အခုအချိန်ကစပြီး မိုက်ကယ်ကာရစ်က "Mr Nice Guy." သဘောကောင်းပြီး အေးဆေးတဲ့သူလုပ်လို့မရတော့ဘူး။
လူတိုင်းကို အလိုလိုက်နေမယ့်အစား စည်းကမ်းတင်းကျပ်ပြီး ပြတ်ပြတ်သားသား ဆုံးဖြတ်ချက်ချဖို့ လိုအပ်နေပြီ။
ဘရူနိုဖာနန်ဒက်စ်ကို အသင်းလူစာရင်းကနေ ဖယ်ရှားသင့်ပါတယ်။
ကိုမိုကို ရှုံးနိမ့်ပြီးနောက် ရလဒ်ဆိုးတွေအတွက် အပြည့်အဝ တာဝန်ယူကြောင်းနဲ့ မန်ယူအသင်းရဲ့ တန်ဖိုးထားမှုတွေကို အဆုံးရှုံးမခံဘူးလို့ ပြောကြားလိုက်တဲ့ နည်းပြ မိုက်ကယ်ကာရစ်ရဲ့ ပွဲကြိုသတင်းစာရှင်းလင်းပွဲ သုံးသပ်ချက်။
ချန်ပီယံလိဂ်မှာ အောင်မြင်မှု ဝေးကွာနေပေမဲ့ ကြီးမားတဲ့ ရုပ်သံဝင်ငွေနဲ့ ဘဏ္ဍာရေးအင်အားတွေကြောင့် ယူရိုပါလိဂ်နဲ့ ကွန်ဖရင့်လိဂ်ပြိုင်ပွဲတွေမှာ ပြိုင်ဘက်ကင်း လွှမ်းမိုးထားနိုင်တဲ့ ပရီးမီးယားလိဂ်ကလပ်တွေရဲ့ အခြေအနေ သုံးသပ်ချက်။
ချန်ပီယံလိဂ်မှာ မန်ယူအသင်းကို ၄-၁ ဂိုးနဲ့ ဂိုးပြတ်အနိုင်ယူခဲ့တဲ့ ဖာဘရီဂတ်စ်ရဲ့ ကိုမိုအသင်းနဲ့ မက်ဆီရဲ့ မှတ်တမ်းကို လိုက်မီခဲ့တဲ့ ကြယ်ပွင့်ကစားသမား နီကိုပတ်ဇ်အကြောင်း သုံးသပ်ချက်။
ကိုမိုအသင်းကို အရှက်တကွဲ ရှုံးနိမ့်ပြီးနောက် နည်းပြ မိုက်ကယ်ကာရစ်ရဲ့ နည်းဗျူဟာကို ဝေဖန်ခဲ့တဲ့ အသင်းခေါင်းဆောင် ဘရူနိုဖာနန်ဒက်စ်နဲ့ သူတို့နှစ်ဦးကြားက စိတ်ဝမ်းကွဲမှုပြဿနာများအကြောင်း သုံးသပ်ချက်။
ကိုမိုအသင်းကို ဂိုးပြတ်ရှုံးနိမ့်ပြီးနောက် နုတ်ထွက်ဖို့ ဖိအားပေးခံနေရချိန်မှာ ကစားသမားတွေရဲ့ ပေးဆပ်လိုစိတ်ကို ဝေဖန်ထောက်ပြရင်း သူအကောင်းဆုံး ကြိုးစားခဲ့တယ်လို့ တုံ့ပြန်လိုက်တဲ့ မန်ယူနည်းပြ မိုက်ကယ်ကာရစ်ရဲ့ အင်တာဗျူး။
၁၀ လကြာ ပရီးမီးယားလိဂ် ဂိုးပေါက်ပျောက်ဆုံးမှုနဲ့ အနီကတ်ပြဿနာတွေကနေ ရုန်းထွက်ပြီး ချန်ပီယံလိဂ်မှာ ဟက်ထရစ်သွင်းကာ အကောင်းဆုံးပုံစံ ပြန်လည်ရရှိလာတဲ့ ဖိုဒန်ရဲ့ ခြေစွမ်းသုံးသပ်ချက်။
တစ်ပွဲပျမ်းမျှ ၄ ဂိုးကျော်အထိ သွင်းယူနေကြပြီး သမိုင်းတစ်လျှောက် သွင်းဂိုးအများဆုံးရာသီအဖြစ် စံချိန်တင်လာနိုင်တဲ့ ၂၀၂၆ ခုနှစ် ချန်ပီယံလိဂ်ပြိုင်ပွဲရဲ့ အခြေအနေများအကြောင်း သုံးသပ်ချက်။
သွင်းဂိုးအများဆုံးနဲ့ တိုက်စစ်အကောင်းဆုံး PSG နဲ့ ဘာစီလိုနာတို့ ထိပ်တိုက်တွေ့ဆုံမယ့် ချန်ပီယံလိဂ် ပွဲကြိုသုံးသပ်ချက်နဲ့အတူ Ballon d'Or ဆုအတွက် ရေပန်းစားနေတဲ့ ဒမ်ဘီလီနဲ့ ယမားလ်တို့ရဲ့ အားပြိုင်မှု။
နည်းပြ ဒီဇာဘီရဲ့ စိတ်ဓာတ်မြှင့်တင်ရေး အစီအစဉ်တွေနဲ့အတူ ကာလရှည်ဒဏ်ရာကနေ ပြန်လာတဲ့ မက်ဒီဆန်ရဲ့ သွင်းဂိုးအပါအဝင် ကိုဗင်ထရီကို အနိုင်ယူပြီး ၂၀၂၆ ခုနှစ်အတွင်း လေးပွဲမြောက် ပရီးမီးယားလိဂ်နိုင်ပွဲကို ရယူနိုင်ခဲ့တဲ့ စပါးအသင်း သုံးသပ်ချက်။
