Football News

ဗင်နီစီယက်စ်မရှိလည်း စိတ်ပူစရာမလိုဘူး

ဗင်နီစီယက်စ်မရှိလည်း စိတ်ပူစရာမလိုဘူး

ဗင်နီစီယက်စ် ပွဲပယ်ခံထားရလို့ El Clasico လွဲချော်မယ့်အချိန်မှာ ဘာပေ၊ ဘယ်လင်ဟမ်၊ အန်ဒရစ်တို့နဲ့အတူ ရီးယဲလ်တိုက်စစ်မှာ အံဝင်ခွင်ကျ ခြေစွမ်းပြနေတဲ့ ဒီယိုမန်ဒီနဲ့ မော်ရင်ဟိုရဲ့ နည်းစနစ်ပိုင်း သုံးသပ်ချက်။

ရီးယဲလ်က အရည်အသွေးမြင့်တိုက်စစ်ကစားသမားတွေ အမြဲတမ်းပိုင်ဆိုင်ခဲ့ပေမယ့် အဲဒီကစားသမားတွေကို

ဘယ်လိုအကောင်းဆုံး ပေါင်းစပ်အသုံးချရမလဲဆိုတာ ပြဿနာတစ်ခုလို တည်ရှိခဲ့ပါတယ်။

ဘာပေရောက်လာခါစမှာ ဗင်နီစီယက်စ်နဲ့ ဟန်ချက်မညီခဲ့ဘဲ အတ္တအားပြိုင်ပွဲတွေ မြင်ခဲ့ရတယ်။ စုစည်းမှုတစ်ခု ဖြစ်အောင် အချိန်ပေးခဲ့ရပါတယ်။

အခုလည်း ရီးယဲလ်တိုက်စစ်အစုအဖွဲ့အသစ်ကို မော်ရင်ဟိုတွေးနေရတယ်။

ပွဲပယ်ပြစ်ဒဏ်ကြောင့် ဗင်နီစီယက်စ် မပါနိုင်လို့ El Clasico မှာ တိုက်စစ်အစုအဖွဲ့ပြောင်းရမှာပါ။

ဆီဗီလာနဲ့ပွဲမှာ ရီးယဲလ်က ဗင်နီစီယက်စ်မပါတဲ့ တိုက်စစ်ကစားသမား သုံးဦးကို ပုံစံသစ်နဲ့ တွဲဖက်အသုံးပြုခဲ့ပါတယ်။

တိုက်စစ်အထောင်နေရာမှာ ဘာပေ၊ ဦးဆောင်ကစားခဲ့ပြီး ညာတောင်ပံမှာ အန်ဒရစ်၊ ဘယ်တောင်ပံမှာ ဒီယိုမန်ဒီ၊ No. 10 Role အဖြစ် ဘယ်လင်ဟမ် ကစားပြီး

ဂိုးပြတ်အောင်ပွဲ ရခဲ့တယ်။ လက်ရှိရာသီမှာ ထက်မြက်လွန်းတဲ့ရီးယဲလ်တိုက်စစ်ကို မြင်ခဲ့ရတာပါ။

ချန်ပီယံလိဂ်ပွဲမှာလည်း ရီးယဲလ် ဂိုးမိုးရွာနိုင်ခဲ့တယ်။ ဘာပေ၊ ဗင်နီစီယက်စ်၊ အာဒါဂူလာတို့နဲ့ တိုက်စစ်ပိုင်းက ဂိုးတွေအများကြီး သွင်းပြီး တောက်ပခဲ့တာပါ။

ပွဲကစားချိန် ၆၉ မိနစ်မှာ ဒီယိုမန်ဒီက ဗင်နီစီးယပ်စ်အစား လူစားဝင်လာခဲ့ပြီး ချက်ချင်းဆိုသလို အံမခန်း စွမ်းဆောင်ရည်ကို ပြသနိုင်ခဲ့ပါတယ်။

ရီးယဲလ်အတွက် စတုတ္ထမြောက်ဂိုးကို လှလှပပသွင်းယူပေးခဲ့ပါတယ်။

မော်ရင်ဟိုက ရီးယဲလ်မှာ Untouchable Player မရှိဘူးလို့ သတိပေးထားတယ်။

နာမည်ကိုမကြည့်ဘူး၊ ကွင်းအတွင်းစွမ်းရည်ကိုသာ ကြည့်မယ့်သဘောပါ။

ဒီယိုမန်ဒီက မော်ရင်ဟိုရဲ့Attacking puzzle ပါ။ ပြီးခဲ့တဲ့ရာသီမှာ လိုက်ပ်ဇစ်အသင်းနဲ့အတူ အစွမ်းပြပြီး ၁၂ ဂိုးသွင်း၊ ဂိုးဖန်တီးမှု ၉ ကြိမ် ပြုလုပ်ခဲ့ပါတယ်။

သူက အမြန်နှုန်း၊ အလိမ်အခေါက်စွမ်းရည်၊ တစ်ဦးချင်းကျော်ဖြတ်နိုင်စွမ်းတွေနဲ့ ရီးယဲလ်တိုက်စစ်မှာ အားထားလာရတယ်။

မော်ရင်ဟိုက ဒီယိုမန်ဒီကို ခပ်လွယ်လွယ် မယုံကြည်ခဲ့ပါဘူး။ ရာသီအစ ပထမဆုံးငါးပွဲမှာ ဒီယိုမန်ဒီကစားခွင့်မရခဲ့ဘူး။

အခုတော့ အရာအားလုံးပြောင်းလဲသွားပြီး ရီးယဲလ်ရဲ့နောက်ဆုံး ၆ ပွဲမှာ ၅ ပွဲအထိ ဒီယိုမန်ဒီ ပွဲထွက်ခွင့်ရလာပါတယ်။

ဒီယိုမန်ဒီက ၃ ဂိုးသွင်း၊ ဂိုးဖန်တီးမှု ၄ ကြိမ်လုပ်ပြီး ရီးယဲလ်တိုက်စစ်အတွက် ထူးချွန်နေတာပါ။

တစ်ပွဲပျမ်းမျှလိမ်ခေါက်ကျော်ဖြတ်မှုအအောင်မြင်ဆုံး ရီးယဲလ်ကစားသမားအဖြစ်လည်း ထည်ဝါနေခဲ့တယ်။

လက်ရှိဒီယိုမန်ဒီရဲ့စွမ်းဆောင်ရည်ကြောင့် El Clasico ပွဲမှာ ဗင်နီစီယက်စ်မရှိလည်း  ရီးယဲလ်တိုက်စစ်က စိတ်ပူစရာမလိုတော့ပါဘူး။

Related News

Mr Nice Guy လုပ်နေ့လို့မရတော့ဘူး ကာရစ်
Football News

Mr Nice Guy လုပ်နေ့လို့မရတော့ဘူး ကာရစ်

ကိုယ့်အမှားကို ဖုံးကွယ်ဖို့ နည်းပြကို အပြစ်ပုံချခဲ့တဲ့ အသင်းခေါင်းဆောင် ဘရူနိုဖာနန်ဒက်စ်ကို လူစာရင်းကနေ ဖယ်ထုတ်ပြီး Mr Nice Guy အဖြစ်ကနေ ပြတ်ပြတ်သားသား အရေးယူဖို့ လိုအပ်နေပြီဖြစ်တဲ့ မန်ယူနည်းပြ မိုက်ကယ်ကာရစ်အကြောင်း။

Read more
စိုမှာစိုးလို့ မိုးမိတယ်
Football News

စိုမှာစိုးလို့ မိုးမိတယ်

ကိုမိုကို ရှုံးနိမ့်ပြီးနောက် ရလဒ်ဆိုးတွေအတွက် အပြည့်အဝ တာဝန်ယူကြောင်းနဲ့ မန်ယူအသင်းရဲ့ တန်ဖိုးထားမှုတွေကို အဆုံးရှုံးမခံဘူးလို့ ပြောကြားလိုက်တဲ့ နည်းပြ မိုက်ကယ်ကာရစ်ရဲ့ ပွဲကြိုသတင်းစာရှင်းလင်းပွဲ သုံးသပ်ချက်။

Read more
ဉရောပပြိုင်ပွဲနဲ့ ပရီးမီးယားလိဂ်ပါဝါ
Football News

ဉရောပပြိုင်ပွဲနဲ့ ပရီးမီးယားလိဂ်ပါဝါ

ချန်ပီယံလိဂ်မှာ အောင်မြင်မှု ဝေးကွာနေပေမဲ့ ကြီးမားတဲ့ ရုပ်သံဝင်ငွေနဲ့ ဘဏ္ဍာရေးအင်အားတွေကြောင့် ယူရိုပါလိဂ်နဲ့ ကွန်ဖရင့်လိဂ်ပြိုင်ပွဲတွေမှာ ပြိုင်ဘက်ကင်း လွှမ်းမိုးထားနိုင်တဲ့ ပရီးမီးယားလိဂ်ကလပ်တွေရဲ့ အခြေအနေ သုံးသပ်ချက်။

Read more

More News

အပယ်ရတနာ
Players News

အပယ်ရတနာ

ချယ်လ်ဆီးနဲ့ ဘိုင်ယန်မြူးနစ်တို့မှာ အပယ်ခံဘဝ ရောက်ခဲ့ပေမဲ့ အက်စတွန်ဗီလာမှာ ဝက်ကင်စ်ရဲ့ နေရာကို အကောင်းဆုံး အစားထိုးဝင်ရောက်ပြီး သွင်းဂိုးတွေနဲ့အတူ ပြန်လည်တောက်ပလာတဲ့ တိုက်စစ်မှူး ဂျက်ဆန်အကြောင်း သုံးသပ်ချက်။

Read more
ဂုဏ်ယူမဆုံးဖြစ်နေတဲ့ ကိုမို
Football News

ဂုဏ်ယူမဆုံးဖြစ်နေတဲ့ ကိုမို

ချန်ပီယံလိဂ်မှာ မန်ယူအသင်းကို ၄-၁ ဂိုးနဲ့ ဂိုးပြတ်အနိုင်ယူခဲ့တဲ့ ဖာဘရီဂတ်စ်ရဲ့ ကိုမိုအသင်းနဲ့ မက်ဆီရဲ့ မှတ်တမ်းကို လိုက်မီခဲ့တဲ့ ကြယ်ပွင့်ကစားသမား နီကိုပတ်ဇ်အကြောင်း သုံးသပ်ချက်။

Read more
ဘရူနိုနဲ့ မိုက်ကယ်ကာရစ် ထိကြ ငြိကြပြီ
Players News

ဘရူနိုနဲ့ မိုက်ကယ်ကာရစ် ထိကြ ငြိကြပြီ

ကိုမိုအသင်းကို အရှက်တကွဲ ရှုံးနိမ့်ပြီးနောက် နည်းပြ မိုက်ကယ်ကာရစ်ရဲ့ နည်းဗျူဟာကို ဝေဖန်ခဲ့တဲ့ အသင်းခေါင်းဆောင် ဘရူနိုဖာနန်ဒက်စ်နဲ့ သူတို့နှစ်ဦးကြားက စိတ်ဝမ်းကွဲမှုပြဿနာများအကြောင်း သုံးသပ်ချက်။

Read more
ကျွန်တော်အကောင်းဆုံး လုပ်ခဲ့ပါတယ် (မိုက်ကယ်ကာရစ်)
Football News

ကျွန်တော်အကောင်းဆုံး လုပ်ခဲ့ပါတယ် (မိုက်ကယ်ကာရစ်)

ကိုမိုအသင်းကို ဂိုးပြတ်ရှုံးနိမ့်ပြီးနောက် နုတ်ထွက်ဖို့ ဖိအားပေးခံနေရချိန်မှာ ကစားသမားတွေရဲ့ ပေးဆပ်လိုစိတ်ကို ဝေဖန်ထောက်ပြရင်း သူအကောင်းဆုံး ကြိုးစားခဲ့တယ်လို့ တုံ့ပြန်လိုက်တဲ့ မန်ယူနည်းပြ မိုက်ကယ်ကာရစ်ရဲ့ အင်တာဗျူး။

Read more
ဒုက္ခတွင်းက လွတ်မြောက်လာသူ
Football News

ဒုက္ခတွင်းက လွတ်မြောက်လာသူ

၁၀ လကြာ ပရီးမီးယားလိဂ် ဂိုးပေါက်ပျောက်ဆုံးမှုနဲ့ အနီကတ်ပြဿနာတွေကနေ ရုန်းထွက်ပြီး ချန်ပီယံလိဂ်မှာ ဟက်ထရစ်သွင်းကာ အကောင်းဆုံးပုံစံ ပြန်လည်ရရှိလာတဲ့ ဖိုဒန်ရဲ့ ခြေစွမ်းသုံးသပ်ချက်။

Read more
သွင်းဂိုးမုန်တိုင်းကြားက ချန်ပီယံလိဂ်
Football News

သွင်းဂိုးမုန်တိုင်းကြားက ချန်ပီယံလိဂ်

တစ်ပွဲပျမ်းမျှ ၄ ဂိုးကျော်အထိ သွင်းယူနေကြပြီး သမိုင်းတစ်လျှောက် သွင်းဂိုးအများဆုံးရာသီအဖြစ် စံချိန်တင်လာနိုင်တဲ့ ၂၀၂၆ ခုနှစ် ချန်ပီယံလိဂ်ပြိုင်ပွဲရဲ့ အခြေအနေများအကြောင်း သုံးသပ်ချက်။

Read more

Official Channels

ONEX2 banner