၂၀၁၇ ခုနှစ်က မိုနာကိုကနေ ထွက်ခွာချိန်မှာ အမေဖြစ်သူရဲ့ တိုက်တွန်းချက်ကို လွန်ဆန်ပြီး ယာဂန်ကလော့ပ်ရဲ့ လီဗာပူးလ်အသင်းအစား PSG ကို ရွေးချယ်ခဲ့တဲ့ ဘာပေရဲ့ အပြောင်းအရွှေ့ ဇာတ်ကြောင်း။
ဘာပေသာ လီဗာပူးလ်ရောက်ခဲ့ရင်...
တကယ်လို့များ ယာဂန်ကလော့ပ်နဲ့ ဘာပေသာ လီဗာပူးလ်မှာ ရေစက်ဆုံခဲ့ရင် မန်စီးတီးခေတ်ဆိုတာ ရှိလာနိုင်ပါ့မလားမသေချာဘူး။
ဘာပေကို သီးသန့်လေယာဉ်ပို့ပြီး ခေါ်ယူဖို့ လီဗာပူးလ်နည်းပြဟောင်း ယာဂန်ကလော့ပ် ကြိုးပမ်းခဲ့ဖူးပါတယ်။
၂၀၁၇ ခုနှစ်မှာ မိုနာကိုအသင်းကနေ ဘာပေကို သိမ်းပိုက်ဖို့အတွက် ယာဂန်ကလော့ပ်ရဲ့ လီဗာပူးလ် ကြိုးပမ်းခဲ့ဖူးတာပါ။
အဲဒီအချိန်တုန်းက ဘာပေရဲ့ မိသားစုနဲ့ ယာဂန္ကလော့ပ်တို့ တွေ့ဆုံဆွေးနွေးခဲ့ဖူး ပါတယ်။
ဘာပေရဲ့အမေက ယာဂန်ကလော့ပ်ရဲ့Big Fan ပါ။ သူ့သားကို လီဗာပူးလ်မှာကစားတာ သိပ်ပြီးကြည့်ချင်ခဲ့တယ်။
အဲဒီဆန္ဒကြောင့် ဘာပေကို လီဗာပူးလ် အတင်းသွားခိုင်းခဲ့တယ်။ Mama Boy ဘာပေက ဒီတစ်ခါမှာတော့ သူ့အမေစကား နားမထောင်ခဲ့ဘူး။
ပါရီမြို့ကိုယ်စားပြု PSG မှာ ကစားချင်စိတ်ပြင်းထန်ခဲ့တယ်။
" အမေက လီဗာပူးလ်နဲ့ ယာဂန်ကလော့ပ်အသည်းစွဲဆိုတော့ ကျွန်တော့်ကို ပြောင်းစေချင်တယ်။
ဒါပေမဲ့အမေ့စကားကို ကျွန်တော်နားမထောင်ခဲ့ဘူး။ ပါရီမှာပဲဘောလုံးကစားချင်ခဲ့တယ်။
ကျွန်တော့်ဘာကောင်မှ မဖြစ်ခင် ပါရီမြို့အပြင်ဘက်မှာ ဘောလုံးမကစားချင်ခဲ့ဘူး" လို့ ဘာပေ ပြန်ပြောပြတယ်။
ဘာပေရဲ့အမေက ယာဂန်ကလော့ပ်နဲ့အတူ ညစာစားခွင့်ရပေမယ့် သူ့သား လီဗာပူးလ်မှာကစားတာ မြင်ခွင့်မရခဲ့ဘူး။
ဘာပေရဲ့အမေက လီဗာပူးလ်မြို့ကိုသွားတယ်၊အန်ဖီးလ်ကို သွားတယ်၊ ပွဲတွေတစ်ယောက်တည်းကြည့်တယ်။
လီဗာပူးလ်လို မိသားစုဆန်ပြီးခမ်းနားကြီးကျယ်တဲ့အသင်းမှာ သူ့သား ကစားတာကို စိတ်ကူးယဉ်ခဲ့ပါတယ်။
ဒါပေမဲ့ ဘာပေက PSG အသင်းကို ရွေးချယ်လိုက်လို့ သူ့အမေရဲ့မျှော်လင့်ချက်တွေ အရည်ပျော်ကျခဲ့တယ်။
လီဗာပူးလ်က ဘာပေမရှိပေမယ့် ယာဂန်ကလော့ပ်နဲ့အတူ ခေတ်တစ်ခေတ် တည်ထောင်နိုင်ခဲ့ပါတယ်။
ဘာပေသာရှိခဲ့ရင် လီဗာပူးလ်ကပိုလို့တန်ခိုးထွားနိုင်ပြီး ဂွာဒီယိုလာတည်ထောင်မယ့်မန်စီးတီးခေတ်ဆိုတာ ရှိလာနိုင်မယ်မထင်ပါဘူး။