မန်စီးတီး တန်းဆင်းရတော့မယ် ထင်တယ်
ဘဏ္ဍာရေးစည်းမျဉ်း ချိုးဖောက်မှု စွဲချက် (၁၁၅) ခုထဲက (၁၁၄) ခုမှာ အပြစ်ရှိကြောင်း တွေ့ရှိရပြီးနောက် တန်းဆင်းပြစ်ဒဏ် ဒါမှမဟုတ် ဆုဖလားရုပ်သိမ်းခံရဖို့ ရှိနေတဲ့ မန်စီးတီးအသင်းရဲ့ အကျပ်အတည်း။
ပြိုင်ဘက်ကင်း ဖရီးကစ်သွင်းဂိုးများ၊ တိကျသေချာတဲ့ ဖြတ်တင်ဘောများနဲ့ မန်ယူအသင်းသမိုင်းတစ်လျှောက် သူချန်ရစ်ခဲ့တဲ့ မေ့ဖျောက်မရနိုင်တဲ့ အနုပညာဆန်ဆန် ခြေစွမ်းများအကြောင်း သုံးသပ်ချက်။
သူ့ရဲ့ ရွှေဝါရောင်ဆံနွယ်တွေ လေထဲ လွင့်နေတယ်။ သူ့ရဲ့ မျက်လုံးတွေဟာ တည်ငြိမ်စူးရဲလို့ သူက ဘောလုံးကို တည်ငြိမ်အောင် တည်ထားလိုက်တယ်။
ပြီးရင် ဘောလုံးရဲ့ အနောက်ဘက်ကို ခြေလှမ်းခုနှစ်လှမ်းလောက်ဆုတ်လိုက်ပါတယ်။ သူ့ရှေ့က မြင်ကွင်း အခြေအနေကို ခွဲခြမ်းစိတ်ဖြာတယ်။
ပြိုင်ဘက်ကစားသမားတွေရဲ့ လူတံတိုင်း၊ ဂိုးသမားနေရာယူထားပုံနဲ့ ကန်မယ့်နေရာကနေ ဂိုးပေါက်အကွာအဝေးတွေကို သူ ခွဲခြမ်းစိတ်ဖြာပါတယ်။
(၄၅)ဒီဂရီလောက် စောင်းပြီး ဘောလုံးဆီ မနှေးလွန်းမမြန်လွန်းဘဲ သူ ရွေ့လျားသွားတယ်။
ဘောလုံးနဲ့ (၅)လက်မ၊ (၆)လက်မလောက် အကွာမှာ ရပ်လိုက်ပြီး ဘောလုံးကန်ဖိနပ်ရဲ့ အတွင်းဘက်နဲ့ ကန်လိုက်ပါတယ်။
ဘောလုံးဟာ သက်တံ့တစ်ခုလို ကွေးညွတ်ထွက်သွားပြီး အဝေးထိန်းခလုပ်နဲ့ ထိန်းချုပ်ထားသလိုမျိုး လိုရာအရပ်ဆီ ရောက်ရှိသွားတယ်။
ဒီဖြစ်စဉ်မှာ ခြေထောက်က အဓိကကျတဲ့အစိတ်အပိုင်းဖြစ်ပေမယ့် ဦးနှောက်၊ စိတ်နဲ့ ခန္ဓာကိုယ်ဟန်ချက်ညီစွာ လှုပ်ရှားရပါတယ်။
ဒီလိုနဲ့ ဘယ်တော့မှ မေ့ပစ်ချင်စရာမကောင်းမယ့် ဒေးဗစ်ဘက်ခမ်ရဲ့ ဖရီးကစ်သွင်းဂိုးတွေ မြင်တွေ့ခံစားခွင့်ရတာပါပဲ။
ဒေးဗစ်ဘက်ခမ်ဟာ ပရီးမီးယားလိဂ်ခေတ်ဦးရဲ့ ရွှေမင်းသားဖြစ်သလို၊ မန်ယူအသင်းရဲ့ သမိုင်းဝင်အောင်ပွဲတွေအတွက်
အိန်ဂျယ်ဖန်ဆင်းပေးလိုက်တဲ့ ရွှေတောင်ပံပါပဲ။ ဒေးဗစ်ဘက်ခမ်ကြောင့် မန်ယူပရိသတ်ဖြစ်လာသူတွေ၊
အင်္ဂလန်ပရိသတ်ဖြစ်လာသူတွေ အများကြီးရှိနေပါတယ်။ ဆာအဲလက်စ်ဖာဂူဆန်အတွက် ဒေးဗစ်ဘက်ခမ်ဟာ
သိပ်အားကိုးရတဲ့ သားတပည့်ဖြစ်သလို၊ ဗစ်တိုးရီးယားနဲ့ အကြောင်းပါပြီး ဖက်ရှင်ဘက် စိတ်ပါ၀င်စားလွန်းလို့
အမြင်မကြည်ရတဲ့ မလိမ်မာတဲ့သားလည်းဖြစ်ခဲ့ဖူးတယ်။ မန်ယူအသင်းကနေ ဒေးဗစ်ဘက်ခမ် ထွက်ခွာရတာဟာ
အဝတ်လဲခန်းထဲမှာ ဒေါသပေါက်ကွဲပြီး ဆာအဲလက်စ်ဖာဂူဆန် ကန်လိုက်တဲ့ ဘောလုံးကန်ဖိနပ်ထိကာ မျက်ခုံးကွဲသွားတဲ့ ဖြစ်ရပ်ကြောင့်လို့ ဆိုကြပါတယ်။
ဘယ်လိုပဲဖြစ်ဖြစ် ဒေးဗစ်ဘက်ခမ်ရဲ့ အထင်ရှားဆုံးပါရမီဟာ ဖရီးကစ်ကန်သွင်းခြင်းပါပဲ။ ခေတ်ပေါ်ဘောလုံးကမ္ဘာရဲ့ စကားနဲ့ ပြောရရင်
ဒေးဗစ်ဘက်ခမ်ဟာ စွယ်စုံရကစားသမားဖြစ်ချင်မှ ဖြစ်ပါလိမ့်မယ်။ မမောနိုင်မပန်းနိုင် ကစားနိုင်သူဖြစ်ချင်မှ ဖြစ်ပါလိမ့်မယ်။
ဒါပေမဲ့ ဒေးဗစ်ဘက်ခမ်တို့ခေတ်က နာမည်ကျော်ကစားသမားအများစုရဲ့ ကစားဟန်ဟာ အနုပညာဆန်ပါတယ်။
ဒီတော့ ဒေးဗစ်ဘက်ခမ် ဖန်ဆင်းတဲ့ တုနှိုင်းမမီတဲ့ အနုပညာဟာ ဖရီးကစ်သွင်းဂိုးတွေပဲဖြစ်လိမ့်မယ်။
ဒေးဗစ်ဘက်ခမ်က ပရီးမီးယားလိဂ်ဖရီးကစ်သွင်းဂိုးအရေအတွက်ဟာ (၁၈)ဂိုးအထိ ရှိပြီး အွန်နရီ၊ စီရော်နယ်လ်ဒိုတို့ထက် သာလွန်ခဲ့ပါတယ်။
အွန်နရီနဲ့ စီရော်နယ်လ်ဒိုက ဖရီးကစ်သွင်းဂိုး (၁၂) ဂိုးစီသာ ပိုင်ဆိုင်ခဲ့ပြီး ဒေးဗစ်ဘက်ခမ်ရဲ့ အဝေးရှိနေခဲ့တာပါပဲ။
ဒေးဗစ်ဘက်ခမ်ရဲ့ ဖြတ်တင်ဘောတွေဟာ အဆုံးသတ်မယ့်သူတွေအတွက် အသင့်သုံးအခြေအနေမျိုးပါ။
ညာတောင်ပံကနေ ဖြတ်တင်ဘောလိုက်တဲ့ ဘောလုံးတွေ၊ ထောင့်ကန်ဘောကနေ ဖြတ်တင်ပေးလိုက်တဲ့ ဘောလုံးတွေဟာ
အသင်းဖော်တွေအတွက် ပျော်ရွှင်ဖွယ်ရာ သွင်းဂိုးနိမိတ်ပုံတွေဖြစ်ခဲ့ပါတယ်။
မန်ယူတစ်ခေတ်မှာတုန်းက ဒေးဗစ်ဘက်ခမ်က ညာတောင်ပံ၊ ရိုင်ယန်ဂစ်က ဘယ်တောင်ပံမှာ နေရာယူပြီး
ဖြတ်တင်ဘောများစွာ၊ ဂိုးဖန်တီးမှုများစွာ စွမ်းဆောင်နိုင်ခဲ့ပါတယ်။ ပရီးမီးယားလိဂ်သမိုင်းတစ်လျှောက်
ဂိုးဖန်တီးမှုအများဆုံးအဖြစ် ရိုင်ယန်ဂစ်က (၁၆၂) ကြိမ်နဲ့ စံချိန်တင်ထားပြီး ဒေးဗစ်ဘက်ခမ်က (၈၀)ကြိမ်နဲ့
ဂိုးဖန်တီးမှုအများဆုံး ထိပ်ဆုံး (၁၀)ဦး စာရင်းဝင်နေပါတယ်။ ဒေးဗစ်ဘက်ခမ်ရဲ့ ပထမဆုံးပရီးမီယားလိဂ်ပွဲထွက်ချိန်
၁၉၉၅ ခုနှစ်၊ ဧပြီလကနေ နောက်ဆုံးပရီးမီးယားလိဂ်ပွဲကစားချိန် ၂၀၀၃ ခုနှစ်၊ မေလအတွင်းမှာ
ဒေးဗစ်ဘက်ခမ်ထက် ဂိုးဖန်တီးမှု ပိုပြီးပြုလုပ်နိုင်သူ မရှိခဲ့ပါဘူး။
အဲဒီကာလအတွင်း ပရီးမီးယားလိဂ်မှာ ဂိုးဖန်တီးမှု အများဆုံးပြုလုပ်နိုင်သူတွေက ဒေးဗစ်ဘက်ခမ်၊
ဘားကမ့် (၇၄ ကြိမ်)၊ ရိုင်ယန်ဂစ် (၆၈ ကြိမ်) ၊ ရှာရင်ဂမ် (၄၇ ကြိမ်)နဲ့ ဆိုလာနို (၄၅ ကြိမ်) တို့ပဲဖြစ်ပါတယ်။
တကယ်လို့များ ပရီးမီးယားလိဂ်မှာသာ ဒေးဗစ်ဘက်ခမ် ဆက်ကစားမယ်ဆိုရင် ရိုင်ယန်ဂစ်ရဲ့ စံချိန်မျိုး
ပိုင်ဆိုင်ခွင့်ရကောင်းရနိုင်ပါတယ်။ ဒေးဗစ်ဘက်ခမ်ရဲ့ ကစားသမားဘဝတစ်လျှောက် ဂိုးဖန်တီးမှုစုစုပေါင်းဟာ (၂၅၉)ကြိမ်အထိ ရှိခဲ့ပါတယ်။
ကစားပွဲတစ်ပွဲဟာ ဒေတာအချက်အလက်တွေနဲ့ အသေးစိတ်ခွဲခြမ်းစိတ်ဖြာခံလာရတယ်။
တန်ဖိုးတွေနဲ့အတူ အပိုင်သေချာမယ့် အခွင့်အရေးတွေကိုပဲ ဦးစားပေးဖန်တီးလာကြတယ်။
ဟိုးအရင်ခေတ်ကလိုမျိုး စွန့်စားပြီး ကန်သွင်းတာမျိုးတွေ သိပ်မလုပ်တော့ဘူး။
ဒီတော့ ဂိုးဧရိယာအပြင်ဘက်ကနေ ကန်သွင်းမှုတွေ သိပ်မမြင်ရတော့ဘူး။
အဲဒီလိုကန်ချက်တွေဟာ တန်ဖိုးနိမ့်ပါးတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ တဖြည်းဖြည်း နည်းပါးလာပါတယ်။
ပရီးမီးယားလိဂ်သမိုင်းတစ်လျှောက် ဂိုးဧရိယာအပြင်ဘက်ကနေ ဂိုးအများဆုံးသွင်းယူထားသူဟာ ချယ်လ်ဆီးဂန္ထဝင် ကွင်းလယ်လူ လမ်းပတ်ပါပဲ။
လမ်းပတ်ဟာ ဂိုးဧရိယာအပြင်ဘက်ကနေ (၄၁)ဂိုး သွင်းယူခဲ့ပါတယ်။
လမ်းပတ်ရဲ့ နောက်မှာ ဒုတိယအများဆုံးက အလန်ရှီးယားဖြစ်ပြီး (၃၅) ဂိုးသွင်းယူခဲ့ပါတယ်။
ဒေးဗစ်ဘက်ခမ်က ဂိုးဧရိယာအပြင်ဘက်ကနေ (၃၄)ဂိုးသွင်းယူခဲ့ပြီး ပရီးမီးယားလိဂ်သမိုင်းတစ်လျှောက်
ဂိုးဧရိယာအပြင်ဘက်ကနေ တတိယမြောက် ဂိုးအများဆုံးသွင်းသူအဖြစ် မှတ်တမ်းဝင်ထားပါတယ်။
ဒေးဗစ်ဘက်ခမ်က ပရီးမီးယားလိဂ်မှာ (၆၂)ဂိုး သွင်းယူခဲ့ပါတယ်။
ပရီးမီးယားလိဂ်သမိုင်းတစ်လျှောက် ဂိုး (၅၀)နဲ့အထက် သွင်းယူခဲ့သူ ရာနဲ့ချီရှိနေပါတယ်။
အဲဒီကစားသမားတွေထဲ သွင်းဂိုးစုစုပေါင်းရဲ့ (၅၀)ရာခိုင်နှုန်းကျော်ကိုဂိုးဧရိယာအပြင်ဘက်ကနေ သွင်းယူနိုင်သူဟာ
ဒေးဗစ်ဘက်ခမ်တစ်ဦးတည်း ရှိပါတယ်။ ဒေးဗစ်ဘက်ခမ်က သွင်းဂိုးစုစုပေါင်းရဲ့ (၅၅)ရာခိုင်နှုန်းကို ဂိုးဧရိယာအပြင်ဘက်ကနေ သွင်းယူခဲ့တာပါ။
ဒေးဗစ်ဘက်ခမ်ရဲ့ နောက်မှာ အဲရစ်ဆင်က သွင်းဂိုးစုစုပေါင်းရဲ့ (၄၃)ရာခိုင်နှုန်းကို ဂိုးဧရိယာ
အပြင်ဘက်ကနေ သွင်းယူပြီး ဒုတိယအများဆုံးအဖြစ် မှတ်တမ်းဝင်နေပါတယ်။
အဲရစ်ဆင်က ပရီးမီးယားလိဂ် သွင်းဂိုး (၅၃)ဂိုးထဲက (၂၃)ဂိုးကို ဂိုးဧရိယာ အပြင်ဘက်ကနေ သွင်းယူခဲ့တာပါ။
ဒေးဗစ်ဘက်ခမ်က ဒီဘက်ခေတ်မှာဆိုရင် ဒီဘရိုင်းနားလို ကိုယ်ရည်ကိုယ်သွေးရှိသူပါ။
ဒီဘရိုင်းနားနဲ့ ကစားဟန်အများကြီးကွဲပြားခြားနားပေမယ့် ဒီဘရိုင်းနားလိုမျိုး သွင်းဂိုးပါ၀င်ပတ်သက်မှု သိပ်ပြီးကောင်းမွန်ပါတယ်။
ဒေးဗစ်ဘက်ခမ်က ပရီးမီးယားလိဂ်မှာ သွင်းဂိုးနဲ့ ဂိုးဖန်တီးမှုနှစ်ခုပေါင်း (၁၄၂) ကြိမ်အထိ ပိုင်ဆိုင်ခဲ့ပါတယ်။
အဲဒီအရေအတွက်ဟာ non-forward တစ်ဦးအတွက် ဂုဏ်ယူစရာမှတ်တမ်းမျိုးပါပဲ။
ပရီးမီးယားလိဂ်မှာ ဒေးဗစ်ဘက်ခမ်ကစားခဲ့တဲ့ကာလအတွင်း သူ့ထက် သွင်းဂိုးပါ၀င်ပတ်သက်မှုအကောင်းဆုံးကစားသမား(၃)ဦးသာရှိပါတယ်။
သူတို့က အလန်ရှီးယား (၁၇၉) ကြိမ်၊ ဘားကမ့် (၁၄၇) ကြိမ်၊ ဒွိုက်ယော့ခ် (၁၄၄)ကြိမ်ပဲ ဖြစ်ပါတယ်။
ပရီးမီးယားလိဂ်သမိုင်းမှာ Assist King များစွာ ရှိခဲ့ဖူးပါတယ်။
အိုဇေးလ်၊ ဖာဘရီဂတ်စ်၊ ဝိန်းရွန်နီ၊ ဒီဘရိုင်းနားစသူတို့ဟာ ပရိသတ်ရင်ထဲ စွဲမြဲနေပါလိမ့်မယ်။
ဒေးဗစ်ဘက်ခမ်က Assist King ဆိုပြီးတင်စားခံရဖူးတဲ့ ဒီဘရိုင်းနား မပိုင်ဆိုင်ဖူးတဲ့ စံချိန်တစ်ခုကို ပိုင်ဆိုင်ဖူးပါတယ်။
အဲဒီစံချိန်က ပရီးမီးယားလိဂ်လေးရာသီဆက် ဂိုးဖန်တီးမှု (၁၀)ကြိမ်နဲ့ အထက် ပြုလုပ်နိုင်တဲ့စံချိန်ပါပဲ။
ဒေးဗစ်ဘက်ခမ်က အဲဒီစံချိန်ကို ပထမဆုံး ပိုင်ဆိုင်ခွင့်ရတဲ့ ပရီးမီးယားလိဂ်ကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့တယ်။
၁၉၉၇-၉၈ ရာသီကနေ ၂၀၀၀-၀၁ ရာသီအတွင်းဂိုးဖန်တီးမှု (၁၀)ကြိမ်နဲ့ အထက် ဒေးဗစ်ဘက်ခမ် ပြုလုပ်နိုင်ခဲ့တာဖြစ်ပါတယ်။
ဒေးဗစ်ဘက်ခမ်ရဲ့ စံချိန်ကို ၂၀၁၅-၁၆ ကနေ ၂၀၁၈-၁၉ ရာသီအတွင်း ဂိုးဖန်တီးမှု (၁၀)ကြိမ်နဲ့ အထက် ပြုလုပ်ပြီး အဲရစ်ဆင်က လိုက်မီခဲ့ပါတယ်။
မန်ယူအသင်းသမိုင်းမှာ ကွင်းလယ်ကြယ်ပွင့်များစွာ ပိုင်ဆိုင်ခဲ့ပါတယ်။
ဒါပေမဲ့ ဒေးဗစ်ဘက်ခမ်လောက် မန်ယူအသင်းပရိသတ်တွေကို လွှမ်းမိုးနိုင်သူ သိပ်မရှိပါဘူး။
ဝိန်းရွန်နီကို မန်ယူအသင်းပရိသတ်တွေ စွဲလန်းတဲ့ပုံစံကတစ်မျိုးဖြစ်ပြီး
ဒေးဗစ်ဘက်ခမ်ကို မန်ယူအသင်းပရိသတ်တွေ စွဲလန်းတဲ့ပုံစံက တစ်မျိုးဖြစ်နေပါလိမ့်မယ်။
ဒေးဗစ်ဘက်ခမ်က မန်ယူအသင်းကစားသမားဘဝမှာ တစ်ရာသီအတွင်းပြိုင်ပွဲစုံ
ဂိုးဖန်တီးမှုအများဆုံးကစားသမားအဖြစ်(၃)ကြိမ်တိုင် ရပ်တည်နိုင်ခဲ့ပါတယ်။
၂၀၀၃-၀၄ ရာသီမှာ ရိုင်ယန်ဂစ်က ပြိုင်ပွဲစုံ ဂိုးဖန်တီးမှု (၂၂)ကြိမ်အထိ စွမ်းဆောင်နိုင်ပြီး
တစ်ရာသီအတွင်း ပြိုင်ပွဲစုံ ဂိုးဖန်တီးမှုအများဆုံးကစားသမားအဖြစ် ရပ်တည်နိုင်ခဲ့ပါတယ်။
ဒေးဗစ်ဘက်ခမ်က ၁၉၉၇-၉၈ ရာသီမှာ ပြိုင်ပွဲစုံ ဂိုးဖန်တီးမှု (၂၀)ကြိမ်၊ ၁၉၉၈-၉၉ ရာသီမှာ ပြိုင်ပွဲစုံ ဂိုးဖန်တီးမှု (၁၉) ကြိမ်၊
၁၉၉၉-၀၀ ရာသီမှာ ပြိုင်ပွဲစုံဂိုးဖန်တီးမှု (၁၉)ကြိမ်စီနဲ့ တစ်ရာသီအတွင်းပြိုင်ပွဲစုံ
ဂိုးဖန်တီးမှုအများဆုံးကစားသမားအဖြစ် (၃) ကြိမ်တိုင် ရပ်တည်နိုင်ခဲ့ပါတယ်။
ဘဏ္ဍာရေးစည်းမျဉ်း ချိုးဖောက်မှု စွဲချက် (၁၁၅) ခုထဲက (၁၁၄) ခုမှာ အပြစ်ရှိကြောင်း တွေ့ရှိရပြီးနောက် တန်းဆင်းပြစ်ဒဏ် ဒါမှမဟုတ် ဆုဖလားရုပ်သိမ်းခံရဖို့ ရှိနေတဲ့ မန်စီးတီးအသင်းရဲ့ အကျပ်အတည်း။
ဂွာဒီယိုလာနဲ့ ကလော့ပ်တို့ခေတ်ကို အဆုံးသတ်စေခဲ့ပြီး အာဆင်နယ်အသင်းမှာ ၁၀ နှစ်ကြာ နေထိုင်ကာ အာဆင်နယ်ခေတ်တစ်ခု တည်ထောင်ဖို့ စာချုပ်သစ် ချုပ်ဆိုလိုက်တဲ့ အာတီတာရဲ့ ရည်မှန်းချက်များအကြောင်း။
ဘရိုက်တန်ကို အရှက်တကွဲ ရှုံးနိမ့်ခဲ့ပြီးနောက် ကစားသမားတွေရဲ့ ခြေစွမ်းဟာ ပရီးမီးယားလိဂ်အဆင့်မဟုတ်ဘူးလို့ နည်းပြ အာတီတာကိုယ်တိုင် ဝေဖန်ခဲ့ရတဲ့ အာဆင်နယ်အသင်းရဲ့ ချန်ပီယံကာကွယ်ရေး အကျပ်အတည်း။
၂၀၂၆ Ballon d'Or ဆုအတွက် ရေပန်းစားနေပေမဲ့ အတ္တအားပြိုင်မှုမရှိဘဲ အပြန်အလှန် လေးစားမှုရှိကြတဲ့ PSG အသင်းဖော်တွေဖြစ်တဲ့ ခွာရတ်စကယ်လီယာနဲ့ ဒမ်ဘီလီတို့ရဲ့ ကြည်နူးဖွယ် ပြိုင်ဆိုင်မှုအကြောင်း။
ရလဒ်ဆိုးတွေကြောင့် ဖိအားဝင်နေတဲ့ မန်ယူနည်းပြ မိုက်ကယ်ကာရစ်၊ ဖူလ်ဟမ်နည်းပြ အာဘီလိုအာနဲ့ စပါးနည်းပြ ဒီဇာဘီတို့ထဲက ဘယ်သူဟာ ပရီးမီးယားလိဂ်ရဲ့ ပထမဆုံး ထုတ်ပယ်ခံရမယ့် နည်းပြဖြစ်လာမလဲဆိုတာကို သုံးသပ်ထားတဲ့ ဆောင်းပါး။
ပွဲစဉ် ၅ အပြီး အာဆင်နယ်ရဲ့ ရှုံးပွဲ၊ ဂွာဒီယိုလာမပါဘဲ ခြေစွမ်းပြနေတဲ့ မန်စီးတီး၊ ကာရစ်လက်အောက်က ရုန်းကန်နေရတဲ့ မန်ယူနဲ့ တန်းတက်အသင်းတွေရဲ့ အခြေအနေများကို စုစည်းသုံးသပ်ထားတဲ့ ပရီးမီးယားလိဂ် ဖတ်စာ။
အီတလီအသင်းက ဆုဖလားအောင်ပွဲတွေနဲ့ နှစ်ကာလများစွာ ဝေးကွာနေတဲ့အသင်း မဟုတ်ဘူး။ ယူရို ၂၀၂၀ ချန်ပီယံဖလားကို သိမ်းပိုက်ထားတဲ့ အသင်းပါ။ ဒါပေမဲ့ အဲဒီချန်ပီယံဆု သိမ်းပိုက်ပြီးနောက် အီတလီက ကပ်ဘေးကြီးရင်ဆိုင်လိုက်ရတယ်။ မျိုးဆက် တစ်ခု အဆုံးသတ်သွားတယ်။ အီတလီဘောလုံးလောကဟာ ပြန်လည်ကယ်တင်ရေး စီမံကိန်းအတွက် ဘူဖွန်၊ မာလ်ဒီနီ၊ ဂတ်တူဆိုတို့လို အီတလီဂန္ထဝင်တွေလည်း အားတက်သရောပါဝင်ခဲ့တယ်။ ဒါပေမဲ့ အဇူရီအပြာရောင်တိမ်သားတွေရဲ့ အုံ့မှိုင်းချိန်ဟာရှည်ကြာလွန်းခဲ့ပါတယ်။
ကိုဗင်ထရီနဲ့အတူ တန်းဆင်းသွားတဲ့အသင်းသုံးသင်းထဲ မန်စီးတီးလည်းပါဝင်ခဲ့တယ်။ မန်စီးတီးကပရီးမီးယားလိဂ်ရဲ့အရှင်သခင်ဘဝ ပြန်ရောက်လာပေမယ့် ကိုဗင်ထရီအသင်းကတော့ ပရီးမီးယားလိဂ်နဲ့အခုအချိန်မှ ရေစက်ပြန်ဆုံခွင့်ရခဲ့တယ်။ ၁၉၆၇ ကနေ ၂၀၀၁ ခုနှစ်အထိ အဂ်လန်နိုင်ငံရဲ့ အဆင့်အမြင့်ဆုံးလိဂ်(အခုပရီးမီးယားလိဂ်)မှာ ရှင်သန်ခွင့်ရခဲ့တဲ့ ကိုဗင်ထရီအတွက် ပရီးမီးယားလိဂ်ရင်ငွေ့လှုံခွင့်မရတာ ၂၅ နှစ်ကြာခဲ့ပါတယ်။
ဟာရီကိန်းက ဘွန်ဒစ်လီဂါသမိုင်းတစ်လျှောက် ဂိုး ၁၀၀ အမြန်ဆုံးပြည့်တဲ့ စံချိန်ပိုင်ဆိုင်ခဲ့တာပါ။ ဘွန်ဒစ်လီဂါသမိုင်းတစ်လျှောက် ဂိုး ၁၀၀ အမြန်ဆုံး ပြည့်တဲ့စံချိန် ပိုင်ဆိုင်ထားသူက ဒီယက်တာမူလာဖြစ်ပြီး ၁၂၉ နဲ့စံချိန်တင်ခဲ့တာပါ။ အခု ဟာရီကိန်းက ၉၈ ပွဲနဲ့ ဂိုး ၁၀၀ ပြည့်တဲ့စံချိန်သစ်တင်ခဲ့ပါတယ်။
