သံမဏိအရည်ပျော်ချိန်
နည်းပြဘဝရဲ့ ကြီးမားတဲ့ စိတ်ဖိစီးမှုနဲ့ ကျန်းမာရေးပြဿနာတွေကြောင့် လေ့ကျင့်ရေးကွင်းမှာ ရုတ်တရက် လဲကျခဲ့ရပြီး အနားယူဖို့ လိုအပ်နေတဲ့ ဘိုင်ယန်မြူးနစ်နည်းပြ ကွန်ပနီရဲ့ အခြေအနေ သုံးသပ်ချက်။
ဘဏ္ဍာရေးစည်းမျဉ်း ချိုးဖောက်မှု စွဲချက် (၁၁၅) ခုထဲက (၁၁၄) ခုမှာ အပြစ်ရှိကြောင်း တွေ့ရှိရပြီးနောက် တန်းဆင်းပြစ်ဒဏ် ဒါမှမဟုတ် ဆုဖလားရုပ်သိမ်းခံရဖို့ ရှိနေတဲ့ မန်စီးတီးအသင်းရဲ့ အကျပ်အတည်း။
မန်စီးတီးက ၂၀၀၉ ခုနှစ်က ၂၀၁၈ ခုနှစ်အတွင်း ကစားသမားနဲ့ နည်းပြတွေအတွက် ငွေကြေးပေးချေရာမှာ မသမာမှုကျူးလွန်တာ၊
၂၀၁၃ ခုနှစ်ကနေ ၂၀၁၈ ခုနှစ်အတွင်း UEFA ရဲ့ဘဏ္ဍာရေးစည်းမျဉ်းချိုးဖောက်တာ၊ ၂၀၁၅ ခုနှစ်ကနေ ၂၀၁၈ ခုနှစ်အတွင်း
ပရီးမီးယားလိဂ်ရဲ့PSR ဘဏ္ဍာရေးအချက်အလက်တွေ ချိုးဖောက်တာတွေကြောင့် တရားစွဲခံခဲ့ရပါတယ်။
အခုအမှုပေါင်းတစ်ရာကျော်နဲ့ တရားစွဲဆိုခံထားရတဲ့ မန်စီးတီးအဖြစ်က ဂိမ်းပေါင်းတစ်ရာကျော်ကစားသူတွေထက် အခြေအနေပိုဆိုးတော့မယ်။
အမှုပေါင်းတစ်ရာကျော်နဲ့ တရားစွဲခံရတာ သုံးနှစ်ခွဲ၊ တရားဝင်ကြားနာစစ်ဆေးနေတာ တစ်နှစ်ခွဲကျော်ကြာပြီးနောက်
မန်စီးတီးအသင်းအပေါ် စွဲချက်တင်ထားတဲ့ ၁၁၅ ခုအနက် ၁၁၄ ခုမှာ အပြစ်ကျူးလွန်ကြောင်းတွေ့ရှိခဲ့တယ်။
မန်စီးတီးက ရမှတ်လျှော့ခံရတာ၊ ဆုဖလားရုပ်သိမ်းခံရတာ၊ အဆိုးဆုံးအနေနဲ့ တန်းဆင်းပြစ်ဒဏ် ချမှတ်ခံရနိုင်ပါတယ်။
မန်စီးတီးရဲ့အမှုတွေက ၂၀၀၉-၁၀ ရာသီကနေ ၂၀၁၇-၁၈ ရာသီအတွင်း ဘဏ္ဍာရေးအချက်အလက်တွေ အတိအကျပေးချေရန်ပျက်ကွက်မှု ၅၄ ကြိမ်၊
၂၀၀၉-၁၀ ရာသီကနေ ၂၀၁၇-၁၈ ရာသီအတွင်း ကစားသမားနဲ့ နည်းပြတွေအတွက် ငွေပေးချေမှုကို အတိအကျဖော်ပြရန်ပျက်ကွက်မှု ၁၄ ကြိမ်၊
၂၀၁၃-၁၄ ရာသီကနေ ၂၀၁၇-၁၈ ရာသီအတွင်းမှာ UEFA ရဲ့ဘဏ္ဍာရေးစည်းမျဉ်း FFP ကို ၅ ကြိမ်တိုင်ချိုးဖောက်မှု
၂၀၁၅-၁၆ ရာသီကနေ ၂၀၁၇-၁၈ ရာသီအတွင်း ပရီးမီးယားလိဂ်ရဲ့ဘဏ္ဍာရေးစည်းမျဉ်း PSR ကို ၇ ကြိမ်တိုင်ချိုးဖောက်မှု
၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာကနေ ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလအတွင်း ပရီးမီးယားလိဂ်ရဲ့စစ်ဆေးမှုကိုပူးပေါင်းပါဝင်ရန်ပျက်ကွက်မှု ၃၅ ကြိမ် ဖြစ်ပါတယ်။
မန်စီးတီးက အဲဒီအမှုတွေအတွက် တစ်နာရီပေါင် ၅၀၀၀ ပေးရတဲ့ နာမည်ကျော်ရှေ့နေ Lord Pannick KC ဉီးဆောင်ပြီး တရားရင်ဆိုင်နေပါတယ်။
Lord Pannick KC က ၂၀၂၀ ခုနှစ်မှာ မန်စီးတီးအသင်း ဉရောပပြိုင်ပွဲ ဝင်ခွင့် ၂ နှစ် ပိတ်ပင်ခံရတုန်းက ပြစ်ဒဏ်ချမှတ်မခံရအောင် ကူညီပေးခဲ့ဖူးတယ်။
ဒါပေမဲ့ လက်ရှိဘဏ္ဍာရေးအမှုမှာတော့ မန်စီးတီးအသင်း ပြစ်ဒဏ်ကနေ ကွင်းလုံးကျွတ်လွတ်ဖို့မဖြစ်နိုင်ပါဘူး။
ရမှတ်လျှော့ခံရမလား၊ တန်းဆင်းရမလား၊ ဆုဖလားရုပ်သိမ်းခံရမလား၊ ငွေဒဏ်ချမှတ်ခံရမလား၊ ပြစ်ဒဏ်တစ်ခုမဟုတ်တစ်ခု ချမှတ်ခံရမှာပါ။
တကယ်လို့များ ဆုဖလားရုပ်သိမ်းခံရမယ်ဆိုရင် အခုလိုမျိုးဖြစ်လာမှာပါ။
2011-12: Manchester United
2013-14: Liverpool
2017-18: Manchester United
2010-11: Stoke City
2013-14: Sunderland
2015-16: Liverpool
2017-18: Arsenal တို့အစားထိုးရရှိမှာ ဖြစ်ပါတယ်။
မန်စီးတီးကတော့ အခုအချိန်အထိ သူတို့အမှားတစ်ခုမှ မကျူးလွန်ဘူးလို့ ကာကွယ်ထားပြီး အယူခံဝင်သွားမှာပါ။
နည်းပြဘဝရဲ့ ကြီးမားတဲ့ စိတ်ဖိစီးမှုနဲ့ ကျန်းမာရေးပြဿနာတွေကြောင့် လေ့ကျင့်ရေးကွင်းမှာ ရုတ်တရက် လဲကျခဲ့ရပြီး အနားယူဖို့ လိုအပ်နေတဲ့ ဘိုင်ယန်မြူးနစ်နည်းပြ ကွန်ပနီရဲ့ အခြေအနေ သုံးသပ်ချက်။
အဓိကကစားသမားတွေ ပါဝင်ခဲ့ပေမဲ့ လိဂ်တူးကလပ် ဖလက်ဝုဒ်တောင်းအသင်းကို ပယ်နယ်တီအဆုံးအဖြတ်မှာ ရှုံးနိမ့်ပြီး လိဂ်ဖလားပြိုင်ပွဲကနေ စောစီးစွာ ထွက်ခွာခဲ့ရတဲ့ အာဆင်နယ်အသင်းရဲ့ ရှက်စရာရှုံးပွဲ သုံးသပ်ချက်။
၈ ပွဲဆက် နိုင်ပွဲပျောက်နေပေမဲ့ နည်းပြရာထူးကနေ မထုတ်ပယ်ခံရသေးဘဲ ချယ်လ်ဆီးနဲ့ပွဲမှာ နောက်ဆုံးအခွင့်အရေး ထပ်မံရရှိလိုက်တဲ့ မန်ယူနည်းပြ မိုက်ကယ်ကာရစ်ရဲ့ ကံကြမ္မာ သုံးသပ်ချက်။
အင်တာဗျူးတစ်ခုမှာ အမှားအယွင်းပြောဆိုမိခဲ့တဲ့ ဘာပေကြောင့် တရုတ်နိုင်ငံရဲ့ ပြင်းထန်တဲ့ တုံ့ပြန်မှုနဲ့ သပိတ်မှောက်မှုတွေကို ရင်ဆိုင်နေရပြီး ရုပ်သံဈေးကွက် ဆုံးရှုံးမယ့်အရေးနဲ့ ကြုံနေရတဲ့ လာလီဂါအကြောင်း သုံးသပ်ချက်။
ဖလက်ဝုဒ်နဲ့ပွဲမှာ အနီကတ်ပြခံရလို့ အာတီတာရဲ့ ဆူပူမှုကို ခံခဲ့ရတဲ့ ဒေါင်းမန်းနဲ့ ရွန်နီ၊ မက်ဆီတို့လို လူငယ်ဘဝမှာ စိတ်လိုက်မာန်ပါ အမှားလုပ်ခဲ့ကြတဲ့ နာမည်ကျော်ကစားသမားတွေအကြောင်း သုံးသပ်ချက်။
၈ ပွဲဆက် နိုင်ပွဲပျောက်နေပေမဲ့ နည်းပြရာထူးကနေ မထုတ်ပယ်ခံရသေးဘဲ ချယ်လ်ဆီးနဲ့ပွဲမှာ နောက်ဆုံးအခွင့်အရေး ထပ်မံရရှိလိုက်တဲ့ မန်ယူနည်းပြ မိုက်ကယ်ကာရစ်ရဲ့ ကံကြမ္မာ သုံးသပ်ချက်။
အောက်တန်းလိဂ် အငှားကစားသမားဘဝကနေ ၂၀၂၆ Ballon d'Or ဆုရှင်အဖြစ် အမြင့်ဆုံး ရောက်ရှိလာတဲ့ ဟာရီကိန်းရဲ့ ဒဏ္ဍာရီဆန်တဲ့ ဖြတ်သန်းမှုနဲ့ စပါးအသင်းဆီ ပြန်လာနိုင်ခြေ သုံးသပ်ချက်။
ကမ္ဘာ့ဖလားနဲ့ ချန်ပီယံလိဂ် မရဘဲ Ballon d'Or ဆုကို ဆွတ်ခူးနိုင်ခဲ့ပြီး မက်ဆီ၊ စီရော်နယ်လ်ဒိုတို့နဲ့ ဂုဏ်ရည်တူသွားတဲ့ ဂန္ထဝင်တိုက်စစ်မှူး ဟာရီကိန်းရဲ့ စံချိန်တင် သွင်းဂိုးမှတ်တမ်းများအကြောင်း သုံးသပ်ချက်။
နည်းစနစ်ကို ဝေဖန်ခဲ့တဲ့ ဘရူနိုဖာနန်ဒက်စ်ကို ပွဲထွက်စာရင်းကနေ ဖယ်ရှားခဲ့ပေမဲ့ ဘုန်းမောက်ကို ဂိုးပြတ်ရှုံးနိမ့်ပြီး (၈) ပွဲဆက် နိုင်ပွဲပျောက်ခဲ့တဲ့ မန်ယူနည်းပြ မိုက်ကယ်ကာရစ်ရဲ့ ကျရှုံးသွားတဲ့ စွန့်စားခန်း။
