Football News

ပရီးမီးယားလိဂ်အသင်းတွေက Hidden Gem ကို ဘယ်လိုရှာဖွေသလဲ

ပရီးမီးယားလိဂ်အသင်းတွေက Hidden Gem ကို ဘယ်လိုရှာဖွေသလဲ

ပရီးမီးယားလိဂ်အသင်းတွေနဲ့ ဥရောပကလပ်တွေဟာ လူငယ်ကြယ်ပွင့် (Hidden Gems) တွေကို ရှာဖွေရာမှာ Data Analytics တွေနဲ့ Eyeball Platform တို့ကို ပေါင်းစပ်ပြီး ဘယ်လိုအသုံးပြုနေလဲဆိုတာကို သုံးသပ်ထားတဲ့ ဆောင်းပါး။

ပရီးမီးယားလိဂ်အသင်းတွေက Hidden Gem ကို ဘယ်လိုရှာဖွေသလဲ

အလက်ဆစ်ဆန်းချက်ဇ်လက်သစ်ကို ဉရောပထိပ်သီးအသင်းတွေစောင့်ကြည့်ခဲ့ကြတယ်။

Universidad de Chile ကနေ လင်းပလာတဲ့ အလက်ဆစ်ဆန်းချက်ဇ်လက်သစ်ဆိုပြီး တင်စားခံရသူ နာမည်က အော်ဆိုရီယိုပါ။

အော်ဆိုရီယိုရဲ့ပါရမီကိုသိပြီးခပ်မြန်မြန်သိမ်းပိုက်ခဲ့တာ မစ်ဂျေးလန်းအသင်းပါ။ အဲဒီအချိန်တုန်းက အသက် ၁၉ နှစ်အရွယ် အော်ဆိုရီယိုကို လိုချင်ခဲ့တာ

မစ်ဂျေးလန်းတစ်သင်းတည်းမဟုတ်ပါဘူး။ အေစီမီလန်၊ လိုက်ပ်ဇစ်၊ ဆာဇ်ဘာ့ဂ်အသင်းတွေကလည်း စောင့်ကြည့်ခဲ့တယ်။

မစ်ဂျေးလန်းမှာ သုံးရာသီကြာကျင်လည်ပြီးနောက် အော်ဆိုရီယိုက ပရီးမီးယားလိဂ်ရပ်ဝန်းဆီ ရောက်လာတယ်။

သူ့ကို မစ်ဂျေးလန်းက ပေါင် ၂၄ သန်းတန် အပြီးသတ်ရောင်းချခွင့်စာချုပ်နဲ့ အငှားစေလွှတ်ထားပါတယ်။

ဒါဟာ မစ်ဂျေးလန်း သမိုင်းတစ်လျှောက် တန်ဖိုးအမြင့်မားဆုံး ကစားသမားရောင်းချရမှုဖြစ်ပါတယ်။

မစ်ဂျေးလန်းက Data Analytics ကို အသုံးပြုပြီး Hidden Gem တွေရှာဖွေရာမှာ နာမည်ကြီးတယ်။

ရှေးရိုးဆန်တဲ့ Classic video scouting ကိုအခြေခံပြီး Subjective Scouting ၊ Data Scouting တွေနဲ့ ရှာဖွေတာပါ။

Subjective Scouting မှာ ကစားသမားရဲ့ဗီဒီယိုတွေကြည့်မယ်၊ Live ကစားတာကြည့်မယ်၊

Data Scouting မှာ ကစားသမားရဲ့စွမ်းရည်ကို အချက်အလက်တွေနဲ့တိုင်းတာမယ်၊ AI သုံးပြီး စစ်ဆေးမယ်စတာတွေ ဖြစ်ပါတယ်။

မစ်ဂျေးလန်းအသင်းကလည်း အော်ဆိုရီယိုကို အဲဒီအချက်အလက်တွေနဲ့ စောင့်ကြည့်လေ့လာခဲ့တာပါ။

Hidden Gem တွေရှာရာမှာ အရေးပါတဲ့စနစ်က Eye Ball ပါ။

Eyeball ဆိုတဲ့ Platform ကနေ အသက် ၁၃ နှစ်ကနေ ၂၁ နှစ်ကြားလူငယ်ကစားသမား လေးသိန်းကျော်ကို စောင့်ကြည့်လေ့လာနေပါတယ်။

Eyeball ကို ဉရောပထိပ်တန်းလိဂ် ငါးခုက ကလပ်အသင်းအများစုအသုံးပြုနေတယ်။ အထူးသဖြင့်ပရီးမီးယားလိဂ်အသင်းတွေ အဓိကအသုံးပြုနေတာပါ။

ဉရောပ၊ အာဖရိကနဲ့ လက်တင်အမေရိကက ကစားသမားစျေးကွက် ၄၂ ခုနဲ့ ချိတ်ဆက်ထားပါတယ်။

Eyeball ကနေ Scout ပြီး ထိပ်တန်းအသင်းတွေဆီ ရောက်လာသူတွေက ဘရိုက်တန်က ယယ်ကူရီ၊ နယူးကာဆယ်က ဘာဇူမာနာတိုရေး၊

ဘာစီလိုနာက ဂျိုဆူးကိုင်စီဒို စသူတို့ပါ။

အဲဒီကစားသမားတွေကို Eyeball ရဲ့စနစ်ကနေ Progressive Pass၊ Distance Covered စတဲ့ စွမ်းရည်အချက်အလက်တွေ စစ်ဆေးပြီး

ခေါ် ယူသင့်၊ မသင့်ဆုံးဖြတ်ပေးတယ်။ ဒါပေမဲ့ ကစားသမားတစ်ဉီး ခေါ် ယူတဲ့အခါ

Data အချက်အလက်တွေအပြင် နောက်ခံသမိုင်းကြောင်း၊မိသားစုအခြေအနေနဲ့ ခံယူချက်တွေသိထားရပါမယ်။

အဲဒီအရာတွေအတွက် လူသားရဲ့ဆင်ခြင်တုံတရားက အရေးကြီးပါတယ်။

အရင်ခေတ်တွေက Hidden Gem တွေကို လူ့စွမ်းအားအရင်းအမြစ်တစ်ခုတည်းနဲ့ အဓိကထား ရှာဖွေခဲ့ရတယ်။

အေးဂျင့်တွေရဲ့ပြောစကားတစ်ခုတည်း ယုံကြည်ခဲ့ရတယ်။

အခုခေတ်မှာ Hidden Gem တွေရှာဖွေရတာ ပိုပြီးလွယ်ကူလာပါတယ်။ Data Analytics တွေကြောင့် ပိုပြီးစမတ်ကျလာပါတယ်။

ข่าวที่เกี่ยวข้อง

မန်စီးတီး တန်းဆင်းရတော့မယ် ထင်တယ်
Football News

မန်စီးတီး တန်းဆင်းရတော့မယ် ထင်တယ်

ဘဏ္ဍာရေးစည်းမျဉ်း ချိုးဖောက်မှု စွဲချက် (၁၁၅) ခုထဲက (၁၁၄) ခုမှာ အပြစ်ရှိကြောင်း တွေ့ရှိရပြီးနောက် တန်းဆင်းပြစ်ဒဏ် ဒါမှမဟုတ် ဆုဖလားရုပ်သိမ်းခံရဖို့ ရှိနေတဲ့ မန်စီးတီးအသင်းရဲ့ အကျပ်အတည်း။

ဒေးဗစ်ဘက်ခမ်ဆီသို့
Football News

ဒေးဗစ်ဘက်ခမ်ဆီသို့

ပြိုင်ဘက်ကင်း ဖရီးကစ်သွင်းဂိုးများ၊ တိကျသေချာတဲ့ ဖြတ်တင်ဘောများနဲ့ မန်ယူအသင်းသမိုင်းတစ်လျှောက် သူချန်ရစ်ခဲ့တဲ့ မေ့ဖျောက်မရနိုင်တဲ့ အနုပညာဆန်ဆန် ခြေစွမ်းများအကြောင်း သုံးသပ်ချက်။

အာတီတာရဲ့" အာဆင်နယ်ခေတ်ရောက်ရမည်မှာ မလွဲပါ"
Football News

အာတီတာရဲ့" အာဆင်နယ်ခေတ်ရောက်ရမည်မှာ မလွဲပါ"

ဂွာဒီယိုလာနဲ့ ကလော့ပ်တို့ခေတ်ကို အဆုံးသတ်စေခဲ့ပြီး အာဆင်နယ်အသင်းမှာ ၁၀ နှစ်ကြာ နေထိုင်ကာ အာဆင်နယ်ခေတ်တစ်ခု တည်ထောင်ဖို့ စာချုပ်သစ် ချုပ်ဆိုလိုက်တဲ့ အာတီတာရဲ့ ရည်မှန်းချက်များအကြောင်း။

ข่าวเพิ่มเติม

အာဆင်နယ်ရဲ့ပရီးမီးယားလိဂ်အဆင့်မဟုတ်တဲ့ခြေစွမ်း
Football News

အာဆင်နယ်ရဲ့ပရီးမီးယားလိဂ်အဆင့်မဟုတ်တဲ့ခြေစွမ်း

ဘရိုက်တန်ကို အရှက်တကွဲ ရှုံးနိမ့်ခဲ့ပြီးနောက် ကစားသမားတွေရဲ့ ခြေစွမ်းဟာ ပရီးမီးယားလိဂ်အဆင့်မဟုတ်ဘူးလို့ နည်းပြ အာတီတာကိုယ်တိုင် ဝေဖန်ခဲ့ရတဲ့ အာဆင်နယ်အသင်းရဲ့ ချန်ပီယံကာကွယ်ရေး အကျပ်အတည်း။

Ballon d'Or ဆုအတွက် ပါရီအမိုးအောက်က ပြိုင်ဘက်နှစ်ဉီး
Football News

Ballon d'Or ဆုအတွက် ပါရီအမိုးအောက်က ပြိုင်ဘက်နှစ်ဉီး

၂၀၂၆ Ballon d'Or ဆုအတွက် ရေပန်းစားနေပေမဲ့ အတ္တအားပြိုင်မှုမရှိဘဲ အပြန်အလှန် လေးစားမှုရှိကြတဲ့ PSG အသင်းဖော်တွေဖြစ်တဲ့ ခွာရတ်စကယ်လီယာနဲ့ ဒမ်ဘီလီတို့ရဲ့ ကြည်နူးဖွယ် ပြိုင်ဆိုင်မှုအကြောင်း။

ပရီးမီးယားလိဂ်ကနေ ပထမဆုံးထုတ်ပယ်ခံရမယ့်နည်းပြက ဘယ်သူလဲ?
Football News

ပရီးမီးယားလိဂ်ကနေ ပထမဆုံးထုတ်ပယ်ခံရမယ့်နည်းပြက ဘယ်သူလဲ?

ရလဒ်ဆိုးတွေကြောင့် ဖိအားဝင်နေတဲ့ မန်ယူနည်းပြ မိုက်ကယ်ကာရစ်၊ ဖူလ်ဟမ်နည်းပြ အာဘီလိုအာနဲ့ စပါးနည်းပြ ဒီဇာဘီတို့ထဲက ဘယ်သူဟာ ပရီးမီးယားလိဂ်ရဲ့ ပထမဆုံး ထုတ်ပယ်ခံရမယ့် နည်းပြဖြစ်လာမလဲဆိုတာကို သုံးသပ်ထားတဲ့ ဆောင်းပါး။

ပရီးမီးယားလိဂ် ဖတ်စာ
Football News

ပရီးမီးယားလိဂ် ဖတ်စာ

ပွဲစဉ် ၅ အပြီး အာဆင်နယ်ရဲ့ ရှုံးပွဲ၊ ဂွာဒီယိုလာမပါဘဲ ခြေစွမ်းပြနေတဲ့ မန်စီးတီး၊ ကာရစ်လက်အောက်က ရုန်းကန်နေရတဲ့ မန်ယူနဲ့ တန်းတက်အသင်းတွေရဲ့ အခြေအနေများကို စုစည်းသုံးသပ်ထားတဲ့ ပရီးမီးယားလိဂ် ဖတ်စာ။

အီတလီရဲ့အကူးအပြောင်းကာလ
Football News

အီတလီရဲ့အကူးအပြောင်းကာလ

အီတလီအသင်းက ဆုဖလားအောင်ပွဲတွေနဲ့ နှစ်ကာလများစွာ ဝေးကွာနေတဲ့အသင်း မဟုတ်ဘူး။ ယူရို ၂၀၂၀ ချန်ပီယံဖလားကို သိမ်းပိုက်ထားတဲ့ အသင်းပါ။ ဒါပေမဲ့ အဲဒီချန်ပီယံဆု သိမ်းပိုက်ပြီးနောက် အီတလီက ကပ်ဘေးကြီးရင်ဆိုင်လိုက်ရတယ်။ မျိုးဆက် တစ်ခု အဆုံးသတ်သွားတယ်။ အီတလီဘောလုံးလောကဟာ ပြန်လည်ကယ်တင်ရေး စီမံကိန်းအတွက် ဘူဖွန်၊ မာလ်ဒီနီ၊ ဂတ်တူဆိုတို့လို အီတလီဂန္ထဝင်တွေလည်း အားတက်သရောပါဝင်ခဲ့တယ်။ ဒါပေမဲ့ အဇူရီအပြာရောင်တိမ်သားတွေရဲ့ အုံ့မှိုင်းချိန်ဟာရှည်ကြာလွန်းခဲ့ပါတယ်။

ကိုဗင်ထရီအတွက် နိုင်ပွဲတစ်ပွဲဟာ Nokia ခေတ်ကနေ Iphone 18 ခေတ်အထိကြာခဲ့တယ်
Players News

ကိုဗင်ထရီအတွက် နိုင်ပွဲတစ်ပွဲဟာ Nokia ခေတ်ကနေ Iphone 18 ခေတ်အထိကြာခဲ့တယ်

ကိုဗင်ထရီနဲ့အတူ တန်းဆင်းသွားတဲ့အသင်းသုံးသင်းထဲ မန်စီးတီးလည်းပါဝင်ခဲ့တယ်။ မန်စီးတီးကပရီးမီးယားလိဂ်ရဲ့အရှင်သခင်ဘဝ ပြန်ရောက်လာပေမယ့် ကိုဗင်ထရီအသင်းကတော့ ပရီးမီးယားလိဂ်နဲ့အခုအချိန်မှ ရေစက်ပြန်ဆုံခွင့်ရခဲ့တယ်။ ၁၉၆၇ ကနေ ၂၀၀၁ ခုနှစ်အထိ အဂ်လန်နိုင်ငံရဲ့ အဆင့်အမြင့်ဆုံးလိဂ်(အခုပရီးမီးယားလိဂ်)မှာ ရှင်သန်ခွင့်ရခဲ့တဲ့ ကိုဗင်ထရီအတွက် ပရီးမီးယားလိဂ်ရင်ငွေ့လှုံခွင့်မရတာ ၂၅ နှစ်ကြာခဲ့ပါတယ်။

Official Channels

ONEX2 banner