Players News

ပတ်ဒရီရဲ့အရင်ကဇာတ်လမ်းလေး (၂)

ပတ်ဒရီရဲ့အရင်ကဇာတ်လမ်းလေး (၂)

ဘာစီလိုနာ လေ့ကျင့်ရေးကွင်းကို ပထမဆုံးရောက်ချိန် မက်ဆီရဲ့ နွေးထွေးစွာ ကြိုဆိုမှု၊ ရော်နယ်ကိုးမန်းရဲ့ ယုံကြည်မှုတို့နဲ့အတူ ငယ်ဘဝအိပ်မက်တွေ အကောင်အထည်ပေါ်လာခဲ့တဲ့ ပတ်ဒရီရဲ့ စိတ်ဝင်စားဖွယ် ဇာတ်ကြောင်း အပိုင်း (၂)။

"ဘာစီလိုနာဆိုတာ ကျွန်တော်တို့မိသားစုရဲ့သွေးထဲ စီးဆင်းနေတဲ့အရာပါ"

ဘာစီလိုနာမြို့ဆီ ရင်ခုန်စွာချီတက်တော့ ကျွန်တော့်အစ်ကိုကလိုက်ပို့တယ်။

ကျွန်တော်တို့နှစ်ယောက်စလုံး လိုင်စင်မရှိတော့ ယိုအန်ဂမ်ပါကွင်းဆီ Taxi နဲ့ပဲသွားကြတယ်။

ကိုဗစ်ကာလဆိုတော့ အကာအကွယ် အဆောင်အယောင်တွေနဲ့ ပေါ့လေ။

ကျွန်တော့်အိတ်ထဲမှာ ဘာစီလိုနာ Training kit ပါတယ်။

ကွင်းရောက်တော့ လုံခြုံရေးကို  "ဟယ်လို၊ ကျွန်တော် ပတ်ဒရီပါ၊ လေ့ကျင့်ခန်းလာဆင်းတာ" ဆိုပြီးပြောလိုက်တယ်။

လုံခြုံရေးက ဘာမှပြန်မပြောဘဲ၊ လက်ပြပြီး သွားခိုင်းပါတယ်။ ကွင်းထဲရောက်တော့ ဘယ်သွားရမလဲမသိဘူး။

ဘာစီလိုနာကစားသမားတွေရှိတဲ့နေရာရောက်တော့ ပထမဆုံးမြင်လိုက်ရသူက မက်ဆီပါ။ သူက ကျွန်တော့်ရှေ့မှာ မတ်တပ်ရပ်နေတယ်။

သူ့ကိုမြင်လိုက်ချိန်မှာ ဆွံအသွားပြီး ဘာပြောရမယ်မသိတော့ဘူး။

မက်ဆီက ကျွန်တော့်ကိုပြုံးပြလိုက်ချိန်မှာ လေထုထဲ လွင့်မျောသွားသလိုပဲ။ သူက " သက်သောင့်သက်သာနေဖို့" ပြောတယ်။ အဝတ်လဲခန်းထဲ လာခိုင်းတယ်။

ဒါပေမဲ့ ကျွန်တော်တို့လိုချာတိတ်တွေအတွက် ဘူးစကွက်စ်၊ ပီကေး၊ အယ်လ်ဘာ၊ မက်ဆီတို့နဲ့အတူ အဝတ်လဲခန်းအတူဝင်ရမှာကို ထိတ်လန့်နေတတ်တယ်။

အဝတ်လဲခန်းအပေါက်ဝမှာ ဘာလုပ်လို့ လုပ်မိနေမှန်းမသိဘူး။ ဖိနပ်ကြိုးချည်ရမှာလိုလို၊ ပစ္စည်းတွေသိမ်းရမှာလိုလို ဖြစ်နေတတ်တယ်။

တစ်ရက်တော့ မက်ဆီက " ကိုယ့်လူတို့၊ ဘာလုပ်နေတာလဲ? အဝတ်လဲခန်းထဲ လာပြီး ငါတို့နဲ့အောင်ပွဲခံလေ" ဆိုပြီး ပြောခဲ့ပါတယ်။

ပြီးတော့ မက်ဆီကပဲ အဝတ်လဲခန်းထဲ  ဦးဆောင်ပြီး ခေါ် တယ်။ ထိုင်ရမယ့်နေရာပြတယ်။

အဲဒီဖြစ်ရပ်အတွက် မက်ဆီကို ကျွန်တော်ထာဝရ ကျေးဇူးတင်မိပါတယ်။

မက်ဆီက အေးစက်သလိုဖြစ်နေတဲ့ အဝတ်လဲခန်းထဲမှာ ကျွန်တော့်အတွက် အနွေးဓာတ်ပေးခဲ့တာပါ။

လေ့ကျင့်ရေးကွင်းမှာ ကျွန်တော်က လုပ်နိုင်သမျှ အကောင်းဆုံးလုပ်ပြနိုင်သလို၊ ပါရမီရှင်တွေနဲ့ တွဲကစားရတာဖြစ်လို့ အရာရာလွယ်ကူပါတယ်။

ဒါပေမဲ့ ကျွန်တော်ကစားနေရတာ ဘာကာ၊ လူစာရင်းကိုကြည့်လိုက်တိုင်း " နေရာရပါ့မလား" လို့ တွေးမိတယ်။

တစ်ရက်တော့ ရော်နယ်ကိုးမန်းက သူ့ရုံးခန်းထဲ ခေါ်တယ်။ " တောင်ပံ ဒါမှမဟုတ် ကွင်းလယ်မှာ ကစားခွင့်ပေးမယ်" လို့ ပြောတယ်။

သူ့လက်ကိုစိတ်လှုပ်ရှားစွာ ကျွန်တော်ဆုပ်ကိုင်မိခဲ့တယ်။ သူ့အခန်းထဲကနေ ထွက်လာတော့ ကျွန်တော့်မျက်နှာမှာ အပြုံးတွေက ဖုံးကွယ်မရနိုင်ပါဘူး။

တိုက်ခန်းပြန်ရောက်ချိန်မှာ ဘာစီလိုနာကစားသမားဖြစ်ပြီဆိုတာ မိဘတွေကိုပြောပြတော့ သူတို့လည်း ဝမ်းသာလွန်းလို့မျက်ရည်ကျကြတယ်။

ဘာစီလိုနာဆိုတာ ကျွန်တော်တို့အတွက် ထိပ်တန်းကလပ်အသင်းဖြစ်ရုံ သက်သက်မဟုတ်ဘူး။

ဘာစီလိုနာဆိုတာ ကျွန်တော်တို့မိသားစုရဲ့သွေးထဲ စီးဆင်းနေတဲ့အရာပါ။

အဖေက ကျွန်တော်ကလေးဘဝအရွယ်ကတည်းက ကတိပေးထားတာတစ်ခုရှိတယ်။

လေ့ကျင့်ခန်းသွားဆင်းတိုင်း ဖိနပ်၊ Shin guards ဒါမှမဟုတ် တစ်ခုခုမေ့ကျန်တတ်တဲ့ ကျွန်တော့်ကို အဖေက " သားရေ၊ မင်းဘောလုံးသမားဖြစ်လာရင်

အဖေ လက်ထောက်လုပ်ပေးမယ်။ ပစ္စည်းတွေမေ့မကျန်အောင် ဂရုစိုက်ပေးမယ်။ သားအဖနှစ်ယောက် ကမ္ဘာပတ်ကြမယ်" လို့ ကတိပေးထားတာပါ။

အဖေကအဲဒီလိုပြောတဲ့အခါ ကျွန်တော်ကလည်း " ဘာစီလိုနာခြေအိတ်တွေ မကျန်အောင် ဂရုစိုက်ပေးနော်အဖေ၊

ချန်ပီယံလိဂ်ကစားရင် အဲဒါတွေမေ့လို့မရဘူး" ဆိုပြီးတုံ့ပြန်တတ်တယ်။

နေ့စဉ်နေ့တိုင်း ကျွန်တော်တို့ သားအဖနှစ်ယောက် အဲဒီလိုမျိုးစကားတွေ ပြောဖြစ်ကြတယ်။

တကယ်တမ်းဘာစီလိုနာကစားသမားဘဝ  ရောက်လာချိန်မှာ ပြောမပြတတ်အောင် ပျော်ရတယ်။

တစ်ချိန်တည်းမှာပဲ ငယ်ဘဝတုန်းက အဘိုးရဲ့Old School Style စားသောက်ဆိုင် ​မြေအောက်ခန်း ကို နူးကမ့်လို

စိတ်ထဲသဘောထားပြီး ဘောလုံးတစ်လုံးနဲ့ အကြိုက်ကန်ခဲ့ချိန်တွေကိုလည်းကျွန်တော် လွမ်းနေမိတယ်။

ข่าวที่เกี่ยวข้อง

စီရော်နယ်လ်ဒို ပြန်လာခွင့်ရှိပါတယ်
Players News

စီရော်နယ်လ်ဒို ပြန်လာခွင့်ရှိပါတယ်

ပွဲကစားခွင့်မရလို့ အသင်းကနေ ထွက်ခွာသွားတဲ့ စီရော်နယ်လ်ဒိုကို ပြန်လာဖို့ တံခါးဖွင့်ထားဆဲဖြစ်ပေမဲ့ ပွဲထွက်ခွင့်ကိုတော့ အာမခံမှာမဟုတ်ဘူးလို့ ပြောဆိုလိုက်တဲ့ ပေါ်တူဂီနည်းပြ ဂျီးဆပ်ရဲ့ သဘောထားမှတ်ချက်။

Doctor Messi
Players News

Doctor Messi

အာဂျင်တီးနားရဲ့ နာတာရှည်ရောဂါကို ကုသပေးခဲ့ပြီး ဘောလုံးပညာရပ်မှာ ခွဲစိတ်ဆရာဝန်တစ်ဦးလို တိကျသပ်ရပ်လွန်းတဲ့အတွက် ဗျူနိုအေရိစ်တက္ကသိုလ်ကနေ ဂုဏ်ထူးဆောင်ဒေါက်တာဘွဲ့ ချီးမြှင့်ခံရမယ့် Doctor Messi အကြောင်း။

Next Level ရောက်သွားတဲ့ ဘယ်လင်ဂမ်
Players News

Next Level ရောက်သွားတဲ့ ဘယ်လင်ဂမ်

နည်းပြ တူဟယ်လ်ရဲ့ အမေ့ခံဘဝကနေ ၂၀၂၆ ကမ္ဘာ့ဖလားမှာ ခြေစွမ်းပြပြီး ခရိုအေးရှားနဲ့ပွဲမှာပါ အသင်းခေါင်းဆောင်အဖြစ် ခြေစွမ်းပြခဲ့တဲ့ အင်္ဂလန်ရဲ့ အကောင်းဆုံး No.10 ဘယ်လင်ဂမ်အကြောင်း သုံးသပ်ချက်။

ข่าวเพิ่มเติม

မန်ယူက ဖာဂူဆန်ရဲ့အသက်ရှည်ဆေး
Football News

မန်ယူက ဖာဂူဆန်ရဲ့အသက်ရှည်ဆေး

ဦးနှောက်သွေးကြောပေါက်တဲ့ ကျန်းမာရေးအကျပ်အတည်းကနေ ရုန်းထွက်နိုင်ခဲ့ပြီး မန်ယူအသင်းကို အသက်ရှည်ဆေးတစ်ခွက်လို မှီဝဲနေတဲ့ ဂန္ထဝင်နည်းပြကြီး ဆာအဲလက်စ်ဖာဂူဆန်ရဲ့ စိတ်လှုပ်ရှားဖွယ်ရာ ဇာတ်ကြောင်း။

ေ-သ-န-တ် ပြောင်းဝရှေ့က ရူအီပင်တို
Football News

ေ-သ-န-တ် ပြောင်းဝရှေ့က ရူအီပင်တို

မန်စီးတီးနဲ့ ထိပ်သီးကလပ်အသင်းတွေရဲ့ ဘဏ္ဍာရေးအရှုပ်အထွေးတွေကို ဖွင့်ချခဲ့ပေမဲ့ ပေါ်တူဂီအစိုးရရဲ့ သက်သေအဖြစ် အကာအကွယ်ပေးမှု ရုပ်သိမ်းခံလိုက်ရလို့ အသက်အန္တရာယ် စိုးရိမ်နေရတဲ့ ဟက်ကာ ရူအီပင်တို (Rui Pinto) အကြောင်း။

ချစ်မြတ်နိုးစိတ် အရင်းခံတဲ့ ဂျာစီလဲလှယ်မှု အနုပညာ
Players News

ချစ်မြတ်နိုးစိတ် အရင်းခံတဲ့ ဂျာစီလဲလှယ်မှု အနုပညာ

ဘောလုံးလောကရဲ့ ယဉ်ကျေးမှုတစ်ခုဖြစ်တဲ့ ဂျာစီလဲလှယ်ခြင်း သမိုင်းကြောင်း၊ မက်ဆီရဲ့ ဝတ်စုံ ဝယ်လိုအားနဲ့ ကစားသမားတွေရဲ့ စိတ်ဝင်စားဖွယ် ဂျာစီအမှတ်တရ ဇာတ်ကြောင်းများအကြောင်း။

ပညာတတ် ဘောလုံးသမားတွေအကြောင်း
Players News

ပညာတတ် ဘောလုံးသမားတွေအကြောင်း

ဘောလုံးသမားတွေဟာ ပညာရေးမှာ အားနည်းတယ်ဆိုတဲ့ အမြင်တွေကို ချေဖျက်ပြီး ကစားသမားဘဝအလွန်အတွက် ကြိုတင်ပြင်ဆင်ကာ PFA Business School ကနေ ဘွဲ့ယူခဲ့ကြတဲ့ အီဝိုနီရီ၊ ဒူလ်စ်ဘယ်ရီ စတဲ့ ကစားသမားများအကြောင်း။

စီရော်နယ်လ်ဒို ဘေးဖယ်ပေးရမယ့်အချိန်
Players News

စီရော်နယ်လ်ဒို ဘေးဖယ်ပေးရမယ့်အချိန်

ပွဲမကစားရလို့ အသင်းကနေ သူပုန်ဆန်ထွက်ပြေးသွားတဲ့ စီရော်နယ်လ်ဒိုမပါဝင်ဘဲ ဒိန်းမတ်အသင်းကို တိုက်စစ်အစွမ်းပြ ဂိုးပြတ်အနိုင်ယူခဲ့တဲ့ ခေတ်သစ် (Post-Ronaldo Era) ပေါ်တူဂီအသင်းရဲ့ ပွဲစဉ်သုံးသပ်ချက်။

စီရော်နယ်လ်ဒို၊ ကိုယ့်ဘဝကိုယ်မသိသူ
Players News

စီရော်နယ်လ်ဒို၊ ကိုယ့်ဘဝကိုယ်မသိသူ

အသက် ၄၀ ကျော်အရွယ်ရောက်လာပေမဲ့ ကိုယ့်ကိုယ်ကိုယ် သိနားလည်မှု (Self-understanding) အားနည်းပြီး အတ္တကြီးလွန်းတဲ့ စီရော်နယ်လ်ဒိုရဲ့ ရင့်ကျက်မှုမရှိတဲ့ လုပ်ရပ်တွေအပေါ် ဝေဖန်သုံးသပ်ချက်။

Official Channels

ONEX2 banner