Football News

မန်ယူက ဖာဂူဆန်ရဲ့အသက်ရှည်ဆေး

မန်ယူက ဖာဂူဆန်ရဲ့အသက်ရှည်ဆေး

ဦးနှောက်သွေးကြောပေါက်တဲ့ ကျန်းမာရေးအကျပ်အတည်းကနေ ရုန်းထွက်နိုင်ခဲ့ပြီး မန်ယူအသင်းကို အသက်ရှည်ဆေးတစ်ခွက်လို မှီဝဲနေတဲ့ ဂန္ထဝင်နည်းပြကြီး ဆာအဲလက်စ်ဖာဂူဆန်ရဲ့ စိတ်လှုပ်ရှားဖွယ်ရာ ဇာတ်ကြောင်း။

သမိုင်းတစ်လျှောက် စိတ်ဓာတ်အပြင်းထန်ဆုံးနဲ့ ဒေါသအကြီးဆုံးနည်းပြကို ပြပါဆိုရင် ဆာအဲလက်စ်ဖာဂူဆန်ကိုပဲ ပြရမယ်ထင်တယ်။

သူ့ရဲ့Hairdryer-Treatment တွေကြောင့် မန်ယူကစားသမားတွေရဲ့တိုက်ပွဲဝင်စိတ်ဓာတ်ဟာ အမြဲတမ်း ပြင်းထန်ခဲ့တယ်။

နောက်ဆုံးအချိန်အထိ အရှုံးမပေးလိုတာ မန်ယူရဲ့DNA ဖြစ်ခဲ့တယ်။

၂၀၁၈ ခုနှစ်၊ မေလအတွင်းမှာ ခေါင်းမာလွန်းသူ စကော့တစ်ရှ်အဘိုးကြီးက ဉီးနှောက်သွေးယိုစိမ့်မှုကြောင့်

သူချစ်တဲ့ဘောလုံးပွဲတွေရဲ့အဝေး ထွက်ခွာရမလို ဖြစ်ခဲ့ပါတယ်။ အရေး ပေါ် ခွဲစိတ်ကုသမှု ခံယူရပြီး

လေးလအကြာမှာ ဖာဂူဆန်က သူ့နှလုံးသားထဲက မန်ယူအသင်းရဲ့ပွဲကို ကွင်းထဲလာကြည့်ခဲ့တယ်။

ဖာဂူဆန်က " ကျွန်တော့်အသံပျောက်သွားပြီး စကားမပြောနိုင်ခဲ့ပါဘူး။ တကယ်ထိတ်လန့်စရာပါ။ ကျွန်တော့်မြေးတွေလာကြည့်တော့ စကားပြန်မပြောနိုင်ခဲ့ဘူး။

ကျွန်တော့်ကို ဆရာဝန်တွေက ငှက်နာမည်၊ တိရစ္ဆာန်နာမည်နဲ့ မြစ်နာမည်တွေချရေးခိုင်းတယ်။ အဲဒီနည်းလမ်းနဲ့ စကားပြန်ပြောနိုင်ခဲ့တာပါ"လို့ ရှင်းပြတယ်။

ဖာဂူဆန်က ကျန်းမာရေးမကောင်းချိန်မှာ မန်ယူပွဲကြည့်ပြီးသူ့နာကျင်မှုကို မေ့ပစ်ခဲ့တာပါ။

အိုးလ်ထရက်ဖို့ဒ်ကွင်းထဲ ဖာဂူဆန်နဲ့ သူ့ဇနီးအန်တီကေသီတို့ရောက်လာချိန်မှာ ပရိသတ်တွေက မတ်တပ်ရပ်၊ လက်ခုပ်တီးပြီးဂုဏ်ပြုကြိုဆိုခဲ့ပါတယ်။

အဲဒီဖြစ်ရပ်ကို ဖာဂူဆန် မမေ့နိုင်သေးပါဘူး။ " ကျွန်တော့်ဇနီးက မန်ယူပရိသတ်တွေရဲဲကြိုဆိုပုံကြောင့် မျက်ရည်ကျလုနီးပါး ဖြစ်ခဲ့ပါတယ်။

တကယ်အံ့အားသင့်စရာပဲလို့ပြောတယ်" လို့ ဖာဂူဆန်က အတိတ်ပုံရိပ်တွေအကြောင်း လွမ်းမောတမ်းတစွာပြန်ပြောပြတယ်။

အသက် ၈၅ နှစ်ပြည့်တော့မယ့် " ဒဏ်ရာသေးသေးလေးတွေရှိပေမယ့် နေလို့ထိုင်လို့ကောင်းပါတယ်" လို့ ပြောပါတယ်။

ဖာဂူဆန်အတွက်တော့ မန်ယူဟာ အသက်ရှည်ဆေး ဖြစ်ပါတယ်။

မန်ယူကိုကြည့်နေရချိန်မှာ သူ့ရဲ့ရောဂါတွေ သက်သာသလိုခံစားနေရပါတယ်။

ข่าวที่เกี่ยวข้อง

ေ-သ-န-တ် ပြောင်းဝရှေ့က ရူအီပင်တို
Football News

ေ-သ-န-တ် ပြောင်းဝရှေ့က ရူအီပင်တို

မန်စီးတီးနဲ့ ထိပ်သီးကလပ်အသင်းတွေရဲ့ ဘဏ္ဍာရေးအရှုပ်အထွေးတွေကို ဖွင့်ချခဲ့ပေမဲ့ ပေါ်တူဂီအစိုးရရဲ့ သက်သေအဖြစ် အကာအကွယ်ပေးမှု ရုပ်သိမ်းခံလိုက်ရလို့ အသက်အန္တရာယ် စိုးရိမ်နေရတဲ့ ဟက်ကာ ရူအီပင်တို (Rui Pinto) အကြောင်း။

ဖိအားနွံထဲ ဘယ်သူထပ်ကျမလဲ? | ကာရစ်လား၊ ဒီဇာဘီလား
Football News

ဖိအားနွံထဲ ဘယ်သူထပ်ကျမလဲ? | ကာရစ်လား၊ ဒီဇာဘီလား

ရလဒ်ဆိုးတွေနဲ့ ရုန်းကန်နေရတဲ့ မိုက်ကယ်ကာရစ်ရဲ့ မန်ယူနဲ့ အမှတ်ပေးဇယားအောက်ဆုံးက ဒီဇာဘီရဲ့ စပါးအသင်းတို့ ထိပ်တိုက်တွေ့ဆုံနေပြီး ရှုံးတဲ့သူ ရာထူးပြုတ်နိုင်တဲ့အထိ ဖိအားများနေတဲ့ ပွဲစဉ်သုံးသပ်ချက်။

ဒီလာဖွန်တေနဲ့ စပိန်အနီရောင်ခေတ်
Football News

ဒီလာဖွန်တေနဲ့ စပိန်အနီရောင်ခေတ်

နာမည်ကျော် ကစားသမားတွေကို ပစ်ပယ်ပြီး လူငယ်ကစားသမားတွေအပေါ် ယုံကြည်မှုနဲ့အတူ စပိန်အသင်းကို ယူရို ၂၀၂၄ နဲ့ ၂၀၂၆ ကမ္ဘာ့ဖလား ချန်ပီယံဖြစ်အောင် စွမ်းဆောင်ပေးခဲ့တဲ့ နည်းပြ လူးဝစ်ဒီလာဖွန်တေအကြောင်း။

ข่าวเพิ่มเติม

Doctor Messi
Players News

Doctor Messi

အာဂျင်တီးနားရဲ့ နာတာရှည်ရောဂါကို ကုသပေးခဲ့ပြီး ဘောလုံးပညာရပ်မှာ ခွဲစိတ်ဆရာဝန်တစ်ဦးလို တိကျသပ်ရပ်လွန်းတဲ့အတွက် ဗျူနိုအေရိစ်တက္ကသိုလ်ကနေ ဂုဏ်ထူးဆောင်ဒေါက်တာဘွဲ့ ချီးမြှင့်ခံရမယ့် Doctor Messi အကြောင်း။

Next Level ရောက်သွားတဲ့ ဘယ်လင်ဂမ်
Players News

Next Level ရောက်သွားတဲ့ ဘယ်လင်ဂမ်

နည်းပြ တူဟယ်လ်ရဲ့ အမေ့ခံဘဝကနေ ၂၀၂၆ ကမ္ဘာ့ဖလားမှာ ခြေစွမ်းပြပြီး ခရိုအေးရှားနဲ့ပွဲမှာပါ အသင်းခေါင်းဆောင်အဖြစ် ခြေစွမ်းပြခဲ့တဲ့ အင်္ဂလန်ရဲ့ အကောင်းဆုံး No.10 ဘယ်လင်ဂမ်အကြောင်း သုံးသပ်ချက်။

ချစ်မြတ်နိုးစိတ် အရင်းခံတဲ့ ဂျာစီလဲလှယ်မှု အနုပညာ
Players News

ချစ်မြတ်နိုးစိတ် အရင်းခံတဲ့ ဂျာစီလဲလှယ်မှု အနုပညာ

ဘောလုံးလောကရဲ့ ယဉ်ကျေးမှုတစ်ခုဖြစ်တဲ့ ဂျာစီလဲလှယ်ခြင်း သမိုင်းကြောင်း၊ မက်ဆီရဲ့ ဝတ်စုံ ဝယ်လိုအားနဲ့ ကစားသမားတွေရဲ့ စိတ်ဝင်စားဖွယ် ဂျာစီအမှတ်တရ ဇာတ်ကြောင်းများအကြောင်း။

ပညာတတ် ဘောလုံးသမားတွေအကြောင်း
Players News

ပညာတတ် ဘောလုံးသမားတွေအကြောင်း

ဘောလုံးသမားတွေဟာ ပညာရေးမှာ အားနည်းတယ်ဆိုတဲ့ အမြင်တွေကို ချေဖျက်ပြီး ကစားသမားဘဝအလွန်အတွက် ကြိုတင်ပြင်ဆင်ကာ PFA Business School ကနေ ဘွဲ့ယူခဲ့ကြတဲ့ အီဝိုနီရီ၊ ဒူလ်စ်ဘယ်ရီ စတဲ့ ကစားသမားများအကြောင်း။

စီရော်နယ်လ်ဒို ဘေးဖယ်ပေးရမယ့်အချိန်
Players News

စီရော်နယ်လ်ဒို ဘေးဖယ်ပေးရမယ့်အချိန်

ပွဲမကစားရလို့ အသင်းကနေ သူပုန်ဆန်ထွက်ပြေးသွားတဲ့ စီရော်နယ်လ်ဒိုမပါဝင်ဘဲ ဒိန်းမတ်အသင်းကို တိုက်စစ်အစွမ်းပြ ဂိုးပြတ်အနိုင်ယူခဲ့တဲ့ ခေတ်သစ် (Post-Ronaldo Era) ပေါ်တူဂီအသင်းရဲ့ ပွဲစဉ်သုံးသပ်ချက်။

စီရော်နယ်လ်ဒို၊ ကိုယ့်ဘဝကိုယ်မသိသူ
Players News

စီရော်နယ်လ်ဒို၊ ကိုယ့်ဘဝကိုယ်မသိသူ

အသက် ၄၀ ကျော်အရွယ်ရောက်လာပေမဲ့ ကိုယ့်ကိုယ်ကိုယ် သိနားလည်မှု (Self-understanding) အားနည်းပြီး အတ္တကြီးလွန်းတဲ့ စီရော်နယ်လ်ဒိုရဲ့ ရင့်ကျက်မှုမရှိတဲ့ လုပ်ရပ်တွေအပေါ် ဝေဖန်သုံးသပ်ချက်။

Official Channels

ONEX2 banner