Football News

မော်ရင်ဟိုက လုပ်ချလိုက်ပြန်ပြီ

မော်ရင်ဟိုက လုပ်ချလိုက်ပြန်ပြီ

ဗင်နီစီယက်စ်ရဲ့ သွင်းဂိုးကို ပယ်ဖျက်ပြီး အနီကတ်ပြခဲ့တဲ့ ဒိုင်လူကြီးရဲ့ ဆုံးဖြတ်ချက်ကို မကျေနပ်လို့ သတင်းစာရှင်းလင်းပွဲ မတက်ဘဲ ဆန္ဒပြခဲ့တဲ့ ရီးယဲလ်နည်းပြ မော်ရင်ဟိုအကြောင်း။

ဗီလာရီးယဲလ်ကို တစ်ဂိုးဂိုးမရှိနဲ့အနိုင်ရပြီးနောက် မော်ရင်ဟိုက သတင်းစာရှင်းလင်းပွဲမတက်ခဲ့ပါဘူး။

ရီးယဲလ်အသင်းအနိုင်ရပေမယ့် မော်ရင်ဟိုက ကွင်းလယ်ဒိုင်ရဲ့ဆုံးဖြတ်ချက်ကိုမကျေနပ်ဘဲ သတင်းစာရှင်းလင်းပွဲမတက်ခဲ့တာပါ။

ဂျာနယ်လစ်တွေက သတင်းစာရှင်းလင်းပွဲလုပ်မယ့်အခန်းထဲစောင့်ဆိုင်းနေပေမယ့်

မော်ရင်ဟိုက " မျှော်သာမျှော် မောင် မလာ" ဇာတ်ကားရိုက်ပြီး ဂျာနယ်လစ်တွေကို အရူးလုပ်ခဲ့ပါတယ်။

မော်ရင်ဟိုပေါက်ကွဲရတဲ့အကြောင်းရင်းက ဒီလိုပါ။

ပွဲချိန်မိနစ် ၇၀ ဝန်းကျင်မှာ ဗင်နီစီယက်စ်က ရီးယဲလ်အတွက် ဒုတိယဂိုးသွင်းယူခဲ့ပါတယ်။

ဗင်နီစီယက်စ် ဂိုးသွင်းပြီးချိန်မှာ မော်ရင်ဟိုက ရီးယဲလ်အသင်းသားတွေနဲ့အတူ အကြီးအကျယ်အောင်ပွဲခံခဲ့ပါတယ်။

ဒါပေမဲ့ ကွင်းလယ်ဒိုင်က VAR ပြန်ကြည့်ပြီးနောက် ဂိုးမသွင်းယူခင် Build up မှာ ဗင်နီစီယက်စ်က ဗီလာရီးယဲလ်ကစားသမား

နာသန်ဆာလီဘာရဲ့ဆံပင်ကို ဆွဲတယ်လို့ယူဆပြီး အနီကတ်ပြခဲ့ပါတယ်။

ဂိုးမရတဲ့အပြင် ဗင်နီစီယက်စ်ပါ ထုတ်ပယ်ခံလိုက်ရလို့ မြွေပါလည်းဆုံး သားလည်းဆုံးဖြစ်ခဲ့ရသူ

မော်ရင်ဟိုက သတင်းစာရှင်းလင်းပွဲမတက်ဘဲ ဆန္ဒပြခဲ့တာပါ။

မော်ရင်ဟိုက ပြီးခဲ့တဲ့စက်တင်ဘာလအတွင်းကစားတဲ့ အက်သလက်တီကိုအသင်းနဲ့ မက်ဒရစ်ဒါဘီပွဲအပြီးမှာလည်း

ဒိုင်တွေရဲ့ဆုံးဖြတ်ချက်ကိုမကျေနပ်လို့ သတင်းစာရှင်းလင်းပွဲအတွင်း အက်သလက်တီကိုကစားသမားတွေလူချတဲ့ဓာတ်ပုံတွေ

Print ထုတ်ပြီး ဝေဖန်ခဲ့ဖူးပါတယ်။

အခုဗီလာရီးယဲလ်နဲ့ပွဲအပြီးမှာလည်း မော်ရင်ဟိုက  သူ့ရဲ့ဗီဇအတိုင်း သတင်းစာရှင်းလင်းပွဲမတက်ဘဲ ခပ်ရွဲ့ရွဲ့တုံ့ပြန်ခဲ့တာပါ။

နည်းပြဘဝမှာ မော်ရင်ဟိုက ဒိုင်တွေနဲ့ ပြဿနာဖြစ်လို့ မကြာခဏ ထုတ်ပယ်ခံရဖူးပါတယ်။

ข่าวที่เกี่ยวข้อง

၃၈ ပွဲကစား ၃၈ မှတ်ဆိုရင် တန်းဆင်းရလိမ့်မယ် မန်ယူ
Football News

၃၈ ပွဲကစား ၃၈ မှတ်ဆိုရင် တန်းဆင်းရလိမ့်မယ် မန်ယူ

ယာယီနည်းပြဘဝကနေ အမြဲတမ်းနည်းပြဖြစ်လာပြီးနောက် ဖာဂူဆန်ခေတ်လွန် အဆိုးရွားဆုံး ရာသီအစမှတ်တမ်းနဲ့အတူ ရာထူးပြုတ်နိုင်တဲ့ ဖိအားတွေကြားက တန်းဆင်းအန္တရာယ်ရှိနေတဲ့ မိုက်ကယ်ကာရစ်ရဲ့ မန်ယူအသင်း သုံးသပ်ချက်။

အာဆင်နယ်ကို အနိုင်ရမယ့် နည်းလမ်း
Football News

အာဆင်နယ်ကို အနိုင်ရမယ့် နည်းလမ်း

ပြီးခဲ့တဲ့ရာသီက ပရီးမီးယားလိဂ် ချန်ပီယံဖြစ်ခဲ့တဲ့ အာဆင်နယ်အသင်းဟာ 3-1-6 ကစားဟန်အသစ်ကို စမ်းသပ်နေပေမဲ့ ဘရိုက်တန်ရဲ့ High Intensity ကစားဟန်အောက်မှာ ဂိုးပြတ်ရှုံးနိမ့်ခဲ့ရတဲ့ နည်းဗျူဟာ သုံးသပ်ချက်။

လီဗာပူးလ်ရဲ့တိုက်စစ်ဒုက္ခ
Football News

လီဗာပူးလ်ရဲ့တိုက်စစ်ဒုက္ခ

ဘဏ္ဍာရေးအရှုပ်အထွေးကြောင့် ဖိအားဝင်နေတဲ့ မန်စီးတီးအသင်းနဲ့ အီဆက်ခ်၊ ဂတ်ပိုတို့ ဒဏ်ရာရနေလို့ တိုက်စစ်ပိုင်း ပြဿနာတက်နေတဲ့ နည်းပြ အီရာအိုလာရဲ့ လီဗာပူးလ်တို့ ရင်ဆိုင်ရမယ့် ပွဲကြိုသုံးသပ်ချက်။

ข่าวเพิ่มเติม

ဟာရီကိန်းကို အင်္ဂလန်နဲ့အတူ ချန်ပီယံဖြစ်စေချင်တယ်
Players News

ဟာရီကိန်းကို အင်္ဂလန်နဲ့အတူ ချန်ပီယံဖြစ်စေချင်တယ်

အင်္ဂလန်အသင်းသမိုင်းတစ်လျှောက် ပွဲအများဆုံး စံချိန်နဲ့ သွင်းဂိုးအများဆုံး စံချိန်တွေကို ပိုင်ဆိုင်ထားပြီး အင်္ဂလန်နဲ့အတူ ဆုဖလားတစ်ခု ထိုက်ထိုက်တန်တန် ရသင့်နေပြီဖြစ်တဲ့ ဟာရီကိန်းအကြောင်း။

လက်ရွေးစင်အသင်းအတွက် ကစားပေးရင်း ဒဏ်ရာရရင် လျော်ကြေးဘယ်လောက်ရလဲ ?
Football News

လက်ရွေးစင်အသင်းအတွက် ကစားပေးရင်း ဒဏ်ရာရရင် လျော်ကြေးဘယ်လောက်ရလဲ ?

နိုင်ငံတကာပွဲစဉ်တွေကြောင့် ကစားသမားတွေ ဒဏ်ရာရရှိမှု များပြားလာတဲ့ ပြဿနာနဲ့ ဖီဖာ (FIFA) ဆီကနေ ကလပ်အသင်းတွေ လျော်ကြေးတောင်းခံနိုင်မယ့် အခွင့်အရေးများအကြောင်း သုံးသပ်ချက်။

ပတ်ဒရီရဲ့အရင်ကဇာတ်လမ်းလေး (၂)
Players News

ပတ်ဒရီရဲ့အရင်ကဇာတ်လမ်းလေး (၂)

ဘာစီလိုနာ လေ့ကျင့်ရေးကွင်းကို ပထမဆုံးရောက်ချိန် မက်ဆီရဲ့ နွေးထွေးစွာ ကြိုဆိုမှု၊ ရော်နယ်ကိုးမန်းရဲ့ ယုံကြည်မှုတို့နဲ့အတူ ငယ်ဘဝအိပ်မက်တွေ အကောင်အထည်ပေါ်လာခဲ့တဲ့ ပတ်ဒရီရဲ့ စိတ်ဝင်စားဖွယ် ဇာတ်ကြောင်း အပိုင်း (၂)။

စီရော်နယ်လ်ဒို ပြန်လာခွင့်ရှိပါတယ်
Players News

စီရော်နယ်လ်ဒို ပြန်လာခွင့်ရှိပါတယ်

ပွဲကစားခွင့်မရလို့ အသင်းကနေ ထွက်ခွာသွားတဲ့ စီရော်နယ်လ်ဒိုကို ပြန်လာဖို့ တံခါးဖွင့်ထားဆဲဖြစ်ပေမဲ့ ပွဲထွက်ခွင့်ကိုတော့ အာမခံမှာမဟုတ်ဘူးလို့ ပြောဆိုလိုက်တဲ့ ပေါ်တူဂီနည်းပြ ဂျီးဆပ်ရဲ့ သဘောထားမှတ်ချက်။

မန်ယူက ဖာဂူဆန်ရဲ့အသက်ရှည်ဆေး
Football News

မန်ယူက ဖာဂူဆန်ရဲ့အသက်ရှည်ဆေး

ဦးနှောက်သွေးကြောပေါက်တဲ့ ကျန်းမာရေးအကျပ်အတည်းကနေ ရုန်းထွက်နိုင်ခဲ့ပြီး မန်ယူအသင်းကို အသက်ရှည်ဆေးတစ်ခွက်လို မှီဝဲနေတဲ့ ဂန္ထဝင်နည်းပြကြီး ဆာအဲလက်စ်ဖာဂူဆန်ရဲ့ စိတ်လှုပ်ရှားဖွယ်ရာ ဇာတ်ကြောင်း။

ေ-သ-န-တ် ပြောင်းဝရှေ့က ရူအီပင်တို
Football News

ေ-သ-န-တ် ပြောင်းဝရှေ့က ရူအီပင်တို

မန်စီးတီးနဲ့ ထိပ်သီးကလပ်အသင်းတွေရဲ့ ဘဏ္ဍာရေးအရှုပ်အထွေးတွေကို ဖွင့်ချခဲ့ပေမဲ့ ပေါ်တူဂီအစိုးရရဲ့ သက်သေအဖြစ် အကာအကွယ်ပေးမှု ရုပ်သိမ်းခံလိုက်ရလို့ အသက်အန္တရာယ် စိုးရိမ်နေရတဲ့ ဟက်ကာ ရူအီပင်တို (Rui Pinto) အကြောင်း။

Official Channels

ONEX2 banner