လီဗာပူးလ်ရဲ့တိုက်စစ်ဒုက္ခ
ဘဏ္ဍာရေးအရှုပ်အထွေးကြောင့် ဖိအားဝင်နေတဲ့ မန်စီးတီးအသင်းနဲ့ အီဆက်ခ်၊ ဂတ်ပိုတို့ ဒဏ်ရာရနေလို့ တိုက်စစ်ပိုင်း ပြဿနာတက်နေတဲ့ နည်းပြ အီရာအိုလာရဲ့ လီဗာပူးလ်တို့ ရင်ဆိုင်ရမယ့် ပွဲကြိုသုံးသပ်ချက်။
ပြီးခဲ့တဲ့ရာသီက ပရီးမီးယားလိဂ် ချန်ပီယံဖြစ်ခဲ့တဲ့ အာဆင်နယ်အသင်းဟာ 3-1-6 ကစားဟန်အသစ်ကို စမ်းသပ်နေပေမဲ့ ဘရိုက်တန်ရဲ့ High Intensity ကစားဟန်အောက်မှာ ဂိုးပြတ်ရှုံးနိမ့်ခဲ့ရတဲ့ နည်းဗျူဟာ သုံးသပ်ချက်။
အာဆင်နယ်နည်းပြဘဝမှာ အာတီတာရဲ့နည်းဗျူဟာဖက်ရှင်အမျိုးမျိုး မြင်ခဲ့ရတယ်။
၂၀၁၉ ခုနှစ်မှာ အာတီတာက အာဆင်နယ်နည်းပြ ဖြစ်လာပြီးနောက် အက်ဖ်အေဖလားယူပြခဲ့တယ်။
အဲဒီအချိန်တုန်းက အာတီတာက ခံစစ်ငါးယောက်တန်း ကစားဖို့ဝန်မလေးဘဲ Defensive Style နဲ့ ချီတက်ခဲ့တယ်။
အာဆင်နယ်နည်းပြဘဝ သက်တမ်းကြာလာတဲ့အခါ အာတီတာက အာဆင်နယ်ရဲ့တိုက်စစ်ယဉ်ကျေးမှုကို အသက်ပြန်သွင်းပါတယ်။
၂၀၂၂ ခုနှစ်မှာ အာတီတာက ပြိုင်ဘက်အသင်းကို တဖက်သတ်လွှမ်းမိုးကစားပြီး ရုပ်ပိုင်းဆိုင်ရာသန်မာလွန်းတဲ့ တိုက်စစ်ဉီးစားပေးပုံစံ ဖြစ်လာခဲ့တယ်။
ပြီးခဲ့တဲ့ရာသီမှာ ပရီးမီးယားလိဂ်ချန်ပီယံ ဖြစ်ပြီးနောက် အာတီတာက အာဆင်နယ်ကိုအသွင်ထပ်ပြောင်းနေတယ်။
အရင်တုန်းကထက် ပိုပြီးစွန့်စားကစားဟန်တွေ မြင်လာရတာပါ။ အဲဒီလိုစွန့်စားကစားဟန်ကြောင့် အာဆင်နယ်က ဖျော်ဖြေရေးပိုဆန်လာခဲ့တယ်။
ရလဒ်ရှုံးချင်ရှုံးပါစေ၊ ကစားဟန်မရှုံးစေရဘူး။ အာစင်ဝင်းဂါးလက်ထက်က ပုံစံမျိုးဖြစ်လာတယ်။
ဘရိုက်တန်နဲ့ပွဲမှာ အာဆင်နယ်ဂိုးပြတ်ရှုံးသွားတာ စွန့်စားကစားဟန်ကြောင့်လား။
ပြီးခဲ့တဲ့ရာသီတုန်းက အာဆင်နယ်ကွင်းလယ်မှာ ဇူဘီမန်ဒီက ဒက်ဂလန်ရိုက်စ်နဲ့အတူ Box-to-Box ကစားခဲ့တယ်။
ရာသီကုန်ခါနီးမှာ အဲဒီအထိုင်ပျက်သလိုဖြစ်တော့ လူးဝစ်စကယ်လီကို Holding Midfielder လို အာတီတာ ကစားစေတယ်။
အဲဒီအချိန်ကစပြီး အာတီတာက အသက် ၂၀ အရွယ် လူးဝစ်စကယ်လီကို ယုံကြည်စိတ်ပြင်းထန်ခဲ့ပါတယ်။
လက်ရှိရာသီမှာ အာဆင်နယ်က ဘောလုံးပိုင်ဆိုင်ထားတဲ့အခါ 3-1-6 ပုံစံဖြစ်သွားတယ်။
အဲဒီအခြေအနေမှာ ဒက်ဂလန်ရိုက်စ်က ပြီးခဲ့တဲ့ရာသီကလို တိုက်စစ်ကို လိုက်ပါခွင့်မရဘဲ ကွန်ဆာ၊ ဂါဘရီယဲလ်တို့နဲ့အတူ သုံးယောက်တန်းခံစစ်ကိုသရုပ်ဖော်ရတယ်။
ဒီနေရာမှာ လူးဝစ်စကယ်လီရဲ့အခန်းကဏ္ဍက အရေးကြီးလာပြီ။ ခံစစ်နဲ့ တိုက်စစ်ကို ချိတ်ဆက်ပေးရတဲ့ Single pivot အဖြစ် လူးဝစ်စကယ်လီကစားရတာပါ။
လူးဝစ်စကယ်လီရဲ့ဖိအားဇုန်ထဲ သွေးအေးစွာတုံ့ပြန်နိုင်မှု၊ Hold-up Strength ၊ တစ်ဦးချင်းရင်ဆိုင်တွေ့တဲ့အခါ ကျော်ဖြတ်နိုင်မှု၊
စွန့်စားပေးပို့မှုတွေက အာဆင်နယ်တိုက်စစ်အတွက် အကျိုးရှိနေတယ်။
နည်းပြဟာဇယ်လာရဲ့ဘရိုက်တန်အသင်းက အချိန်တိုင်းမှာ High Intensity ကစားပါတယ်။
Positional Play ကောင်းမွန်ပြီး ချိန်သားကိုက်ရွေ့လျားပုံတွေကအထင်ကြီးစရာပါ။
ဘရိုက်တန်အသင်းရဲ့ Man-to-man press အာဆင်နယ်ရဲ့Shape ကို ပျက်စီးစေတယ်။
ဂိုးရပြီးနောက် Low-block ကစားဟန်ကြောင့် အာဆင်နယ်ပိုပြီးအခက်တွေ့ရတယ်။
ဒီလိုနဲ့ပဲ အာဆင်နယ်အတွက် ခါးသီးတဲ့အရှုံးဖြစ်ခဲ့တယ်။ အာဆင်နယ်ရဲ့အရင်ကထက်ပြိုင်ဘက်ကိုလွှမ်းမိုးကစားလိုစိတ်၊
ဘောလုံးပိုင်ဆိုင်ထားချိန် 3-1-6 ပုံစံဖြစ်သွားပုံတွေကနေအားနည်းချက်ကိုရှာပြီး ဘရိုက်တန် ထိုးနှက်ခဲ့တာပါ။
အာဆင်နယ်နဲ့ရင်ဆိုင်ရတဲ့အခါ ဘရိုက်တန် နည်းလမ်းက တခြားအသင်းတွေအတွက် အလုပ်ထပ်ဖြစ်မလား စိတ်ဝင်စားစရာပါ။
ဘဏ္ဍာရေးအရှုပ်အထွေးကြောင့် ဖိအားဝင်နေတဲ့ မန်စီးတီးအသင်းနဲ့ အီဆက်ခ်၊ ဂတ်ပိုတို့ ဒဏ်ရာရနေလို့ တိုက်စစ်ပိုင်း ပြဿနာတက်နေတဲ့ နည်းပြ အီရာအိုလာရဲ့ လီဗာပူးလ်တို့ ရင်ဆိုင်ရမယ့် ပွဲကြိုသုံးသပ်ချက်။
နိုင်ငံတကာပွဲစဉ်တွေကြောင့် ကစားသမားတွေ ဒဏ်ရာရရှိမှု များပြားလာတဲ့ ပြဿနာနဲ့ ဖီဖာ (FIFA) ဆီကနေ ကလပ်အသင်းတွေ လျော်ကြေးတောင်းခံနိုင်မယ့် အခွင့်အရေးများအကြောင်း သုံးသပ်ချက်။
ဦးနှောက်သွေးကြောပေါက်တဲ့ ကျန်းမာရေးအကျပ်အတည်းကနေ ရုန်းထွက်နိုင်ခဲ့ပြီး မန်ယူအသင်းကို အသက်ရှည်ဆေးတစ်ခွက်လို မှီဝဲနေတဲ့ ဂန္ထဝင်နည်းပြကြီး ဆာအဲလက်စ်ဖာဂူဆန်ရဲ့ စိတ်လှုပ်ရှားဖွယ်ရာ ဇာတ်ကြောင်း။
အင်္ဂလန်အသင်းသမိုင်းတစ်လျှောက် ပွဲအများဆုံး စံချိန်နဲ့ သွင်းဂိုးအများဆုံး စံချိန်တွေကို ပိုင်ဆိုင်ထားပြီး အင်္ဂလန်နဲ့အတူ ဆုဖလားတစ်ခု ထိုက်ထိုက်တန်တန် ရသင့်နေပြီဖြစ်တဲ့ ဟာရီကိန်းအကြောင်း။
ဘာစီလိုနာ လေ့ကျင့်ရေးကွင်းကို ပထမဆုံးရောက်ချိန် မက်ဆီရဲ့ နွေးထွေးစွာ ကြိုဆိုမှု၊ ရော်နယ်ကိုးမန်းရဲ့ ယုံကြည်မှုတို့နဲ့အတူ ငယ်ဘဝအိပ်မက်တွေ အကောင်အထည်ပေါ်လာခဲ့တဲ့ ပတ်ဒရီရဲ့ စိတ်ဝင်စားဖွယ် ဇာတ်ကြောင်း အပိုင်း (၂)။
ပွဲကစားခွင့်မရလို့ အသင်းကနေ ထွက်ခွာသွားတဲ့ စီရော်နယ်လ်ဒိုကို ပြန်လာဖို့ တံခါးဖွင့်ထားဆဲဖြစ်ပေမဲ့ ပွဲထွက်ခွင့်ကိုတော့ အာမခံမှာမဟုတ်ဘူးလို့ ပြောဆိုလိုက်တဲ့ ပေါ်တူဂီနည်းပြ ဂျီးဆပ်ရဲ့ သဘောထားမှတ်ချက်။
မန်စီးတီးနဲ့ ထိပ်သီးကလပ်အသင်းတွေရဲ့ ဘဏ္ဍာရေးအရှုပ်အထွေးတွေကို ဖွင့်ချခဲ့ပေမဲ့ ပေါ်တူဂီအစိုးရရဲ့ သက်သေအဖြစ် အကာအကွယ်ပေးမှု ရုပ်သိမ်းခံလိုက်ရလို့ အသက်အန္တရာယ် စိုးရိမ်နေရတဲ့ ဟက်ကာ ရူအီပင်တို (Rui Pinto) အကြောင်း။
အာဂျင်တီးနားရဲ့ နာတာရှည်ရောဂါကို ကုသပေးခဲ့ပြီး ဘောလုံးပညာရပ်မှာ ခွဲစိတ်ဆရာဝန်တစ်ဦးလို တိကျသပ်ရပ်လွန်းတဲ့အတွက် ဗျူနိုအေရိစ်တက္ကသိုလ်ကနေ ဂုဏ်ထူးဆောင်ဒေါက်တာဘွဲ့ ချီးမြှင့်ခံရမယ့် Doctor Messi အကြောင်း။
နည်းပြ တူဟယ်လ်ရဲ့ အမေ့ခံဘဝကနေ ၂၀၂၆ ကမ္ဘာ့ဖလားမှာ ခြေစွမ်းပြပြီး ခရိုအေးရှားနဲ့ပွဲမှာပါ အသင်းခေါင်းဆောင်အဖြစ် ခြေစွမ်းပြခဲ့တဲ့ အင်္ဂလန်ရဲ့ အကောင်းဆုံး No.10 ဘယ်လင်ဂမ်အကြောင်း သုံးသပ်ချက်။
