Football News

အီတလီရဲ့အကူးအပြောင်းကာလ

အီတလီရဲ့အကူးအပြောင်းကာလ

အီတလီအသင်းက ဆုဖလားအောင်ပွဲတွေနဲ့ နှစ်ကာလများစွာ ဝေးကွာနေတဲ့အသင်း မဟုတ်ဘူး။ ယူရို ၂၀၂၀ ချန်ပီယံဖလားကို သိမ်းပိုက်ထားတဲ့ အသင်းပါ။ ဒါပေမဲ့ အဲဒီချန်ပီယံဆု သိမ်းပိုက်ပြီးနောက် အီတလီက ကပ်ဘေးကြီးရင်ဆိုင်လိုက်ရတယ်။ မျိုးဆက် တစ်ခု အဆုံးသတ်သွားတယ်။ အီတလီဘောလုံးလောကဟာ ပြန်လည်ကယ်တင်ရေး စီမံကိန်းအတွက် ဘူဖွန်၊ မာလ်ဒီနီ၊ ဂတ်တူဆိုတို့လို အီတလီဂန္ထဝင်တွေလည်း အားတက်သရောပါဝင်ခဲ့တယ်။ ဒါပေမဲ့ အဇူရီအပြာရောင်တိမ်သားတွေရဲ့ အုံ့မှိုင်းချိန်ဟာရှည်ကြာလွန်းခဲ့ပါတယ်။

အီတလီရဲ့အကူးအပြောင်းကာလ

အီတလီက ကမ္ဘာ့ဖလားမကစားရတာ သုံးကြိမ်ဆက်တိုင်ခဲ့ပြီ။ ဒါဟာ ကမ္ဘာ့ဖလားသမိုင်းတစ်လျှောက်

အအောင်မြင်ဆုံးအသင်းတစ်သင်းအတွက် ဖြစ်ရပ်ဆိုးကြီးပဲ။

အီတလီအသင်းက ဆုဖလားအောင်ပွဲတွေနဲ့ နှစ်ကာလများစွာ ဝေးကွာနေတဲ့အသင်း မဟုတ်ဘူး။

ယူရို ၂၀၂၀ ချန်ပီယံဖလားကို သိမ်းပိုက်ထားတဲ့ အသင်းပါ။ ဒါပေမဲ့ အဲဒီချန်ပီယံဆု သိမ်းပိုက်ပြီးနောက် အီတလီက ကပ်ဘေးကြီးရင်ဆိုင်လိုက်ရတယ်။

မျိုးဆက် တစ်ခု အဆုံးသတ်သွားတယ်။

အီတလီဘောလုံးလောကဟာ ပြန်လည်ကယ်တင်ရေး စီမံကိန်းအတွက် ဘူဖွန်၊ မာလ်ဒီနီ၊ ဂတ်တူဆိုတို့လို

အီတလီဂန္ထဝင်တွေလည်း အားတက်သရောပါဝင်ခဲ့တယ်။ ဒါပေမဲ့ အဇူရီအပြာရောင်တိမ်သားတွေရဲ့ အုံ့မှိုင်းချိန်ဟာရှည်ကြာလွန်းခဲ့ပါတယ်။

အီတလီဂိုးသမားဒွန်နာရမ်မာက  " ကမ္ဘာ့ဖလားသုံးကြိမ်ဆက် ကစားခွင့်မရတာ စိတ်ထိခိုက်စရာကောင်းလွန်းပါတယ်" လို့ ပြောဖူးပါတယ်။

အဲဒီလိုကမ္ဘာ့ဖလား ကစားခွင့်မရတဲ့နာကျင်ဖွယ်ရာ ဒုက္ခကို ကွယ်ပျောက်အောင် နည်းပြ မန်စီနီ စွမ်းဆောင်ပြရပါမယ်။

မန်စီနီက နည်းပြဘဝမှာ မမေ့နိုင်စရာအောင်ပွဲတွေ ပိုင်ဆိုင်ခဲ့သူပါ။

အီတလီအတွက်နောက်ဆုံးအောင်ပွဲ ယူရို၂၀၂၀ ချန်ပီယံဆုကိုရယူပေးထားသူလည်း ဖြစ်ပါတယ်။

လွမ်းမောဖွယ်ရာ လွန်ခဲ့တဲ့နှစ် ၂၀ ကို ပြန်ကြည့်တဲ့အခါ အီတလီက ကမ္ဘာ့ဖလားချန်ပီယံ ဖြစ်ဖူးတယ်။

အဲဒီနောက်ပိုင်း အီတလီက ကမ္ဘာ့ဖလားရှုံးထွက်အဆင့် လုံးဝမရောက်တော့ဘဲ နိုင်ပွဲတစ်ပွဲသာရခဲ့တယ်။

 ၂၀၁၄ ဘရာဇီးလ်ကမ္ဘာ့ဖလားမှာ အဂ်လန်ကို နှစ်ဂိုးတစ်ဂိုးနဲ့ အနိုင်ရခဲ့တာပါ။

အဲဒီအချိန်တုန်းက အီတလီမှာ ဘူဖွန်၊ ကင်နာဗာရို၊  နက်စတာ၊ ဂတ်တူဆို၊ပီယာလို၊ တော့တီ၊ ဒီရော့ဆီ၊

ဒယ်လ်ပီယာရိုတို့နဲ့ ကြယ်တွေစုံခဲ့တယ်။ အီတလီမျိုးဆက်ဟာ တဖြေးဖြေး အရောင်မှိန်လာပြီး မျိုးဆက် ပြတ်ခဲ့ရတယ်။

၂၀၂၀ ခုနှစ်ကနေ ၂၀၂၅ ခုနှစ်အတွင်းမှာ အီတလီရဲ့ကစားသမားထုတ်ကုန်အရေအတွက်ဟာ ၄၁၃ ဦးသာရှိပြီး

အမေရိကန်၊ ဂျပန်၊ ရုရှားတို့ထက် နည်းခဲ့ပါတယ်။  တစ်ချိန်တုန်းက အီတလီရဲ့မဟာပြိုင်ဘက် ဘရာဇီးလ်ရဲ့

ကစားသမားထုတ်ကုန်အရေအတွက်ဟာ သုံးထောင်ကျော်နဲ့အများဆုံး ဖြစ်နေတာပါ။

ပရီးမီးယားလိဂ်၊ လာလီဂါ၊ ဘွန်ဒစ်လီဂါပြိုင်ပွဲတွေက လူငယ်ကစားသမားတွေ အပြိုင်းအရိုင်း

ပွဲထုတ်နေချိန်မှာ အီတလီဘောလုံးလောကမှာ လူငယ်မျိုးဆက်သစ်မရှိခဲ့ဘူး။

၂၀၂၅ ခုနှစ်၊ ဇွန်လကနေ ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလအတွင်းမှာ အီတလီလက်ရွေးစင်အသင်းအတွက် ပွဲထွက်ကစားခွင့်ရတဲ့

အသက် ၂၄ နှစ်အောက် ကစားသမားက အက်စ်ပိုဆီတိုတစ်ဉီးပဲရှိခဲ့တယ်။ အဲဒီကာလအတွင်းမှာ အဂ်လန်လက်ရွေးစင်အသင်းအတွက်

ပွဲထွက်ခွင့်ရတဲ့ အသက် ၂၄ နှစ်အောက် ကစားသမားအရေအတွက်ဟာ ဒါဇင်နဲ့ချီရှိခဲ့ပါတယ်။

ပြီးတော့ စီးရီးအေမှာကစားခွင့်ရတဲ့ အသက် ၂၁ နှစ်အောက် ကစားသမားအရေအတွက်က ၁ ဒဿမ ၉ ရာခိုင်နှုန်းပဲရှိတယ်။

ဒါဟာကမ္ဘာတဝန်းထိပ်တန်း လိဂ်ပြိုင်ပွဲ ၅၀ မှာ ယူအေအီးလိဂ်ပြီးရင် ဒုတိယအနည်းဆုံးပါ။

စီးရီးအေက ဒီဘရိုင်းနား၊ လူကာကူ၊ မိုဒရစ်၊ ဗာဒီတို့လို အရွယ်လွန်ကစားသမားတွေကို တန်ဖိုးထားနေရသလို၊

ထိပ်တန်းနည်းပြတွေလည်း စိတ်မဝင်စားပါဘူး။ ကွန်တီ၊ အယ်လီဂရီ၊ ဂတ်တူဆို၊ စပယ်လက်တီ၊

ဆာရီစတဲ့နည်းပြတွေဟာ အလှည့်ကျစနစ်နဲ့ စီးရီးအေထိပ်တန်းအသင်းတွေကို တာဝန်ယူနေရတယ်။

စီးရီးအေကလူ့စွမ်းအားအရင်းအမြစ် နိမ့်ပါးလွန်းပြီး အီတလီအသင်းကိုပါ ရိုက်ခတ်မှုကြီးမားလာတယ်။

မန်စီနီက အပြောင်းအလဲကို ပုံဖော်နေပြီး အသက် ၂၃ နှစ်အောက် ကစားသမား ၁၁ ဦးကို အီတလီအသင်းမှာ ရွေးချယ်ထားတယ်။

ဒေါ့မွန်က အသက် ၁၈ နှစ်အရွယ်တိုက်စစ်မှူး အီနာစီယို၊ ခရစ္စတယ်ပဲလေ့စ်နောက်ခံလူ အာရှ်နော်၊ ဘရန့်ဖို့ဒ်က

ကာယိုဒီစတဲ့လူငယ်ကြယ်ပွင့်တွေ မြင်လာရတယ်။

မန်စီနီရဲ့မျိုးဆက်သစ်အီတလီအသင်းက  နေးရှင်းလိဂ်မှာ ပြင်သစ်၊ ဘယ်လ်ဂျီယံ၊ တူရကီတို့နဲ့ အုပ်စုကျပ်နေပါတယ်။

မန်စီနီရဲ့အကူးအပြောင်းကာလ စမ်းသပ်ခန်းကကြမ်းတမ်းပါတယ်။

အဇူရီကိုနှစ်ကာလများစွာ ကြွေခဲ့ရသူတွေအတွက် အရင်လိုရွှေအိုရောင်နေ့ရက်တွေ လွမ်းမောရုံကတစ်ပါး အခြားမရှိနိုင်ပါဘူး။

ข่าวที่เกี่ยวข้อง

ပရီးမီးယားလိဂ် ဖတ်စာ
Football News

ပရီးမီးယားလိဂ် ဖတ်စာ

ပွဲစဉ် ၅ အပြီး အာဆင်နယ်ရဲ့ ရှုံးပွဲ၊ ဂွာဒီယိုလာမပါဘဲ ခြေစွမ်းပြနေတဲ့ မန်စီးတီး၊ ကာရစ်လက်အောက်က ရုန်းကန်နေရတဲ့ မန်ယူနဲ့ တန်းတက်အသင်းတွေရဲ့ အခြေအနေများကို စုစည်းသုံးသပ်ထားတဲ့ ပရီးမီးယားလိဂ် ဖတ်စာ။

အပြာရောင်မျက်ရည်
Football News

အပြာရောင်မျက်ရည်

ချယ်လ်ဆီးရဲ့ခံစစ်ပြဿနာတွေက ကြီးမားနေဆဲပဲ။ ချယ်လ်ဆီးခံစစ်က တစ်ခုလပ်တစ်ယောက်ရဲ့ ပါးပြင်လိုပဲ၊ သွေးတိုးစမ်းနမ်းရှိုက်ရလွယ်နေတယ်။ ခံစစ်က ဖရိုဖရဲဖြစ်နေချိန်မှာ တိုက်စစ်မှာယော်အိုပတ်ဒရိုမရှိလို့ချယ်လ်ဆီး ဘဲဉမကွဲခဲ့ပါဘူး။ ယော်အိုပတ်ဒရိုနေရာမှာ ဝင်ရောက်ကစားတဲ့ ဝဲလ်ဘတ်က အရောင်မှိန်လွန်းခဲ့တယ်။ ဘောလုံးထိချက် ၁၇ ကြိမ်သာရှိပြီး ၇၁ မိနစ်မှာ လူစားလဲခံခဲ့ရတယ်။

ကြွေးထူမန်ယူ
Football News

ကြွေးထူမန်ယူ

တကယ်ဆိုရင် မန်ယူအသင်းက ဝင်ငွေ ပေါင် ၆၇၇ သန်းပိုင်ဆိုင်ခဲ့တာပါ။ ဒါပေမဲ့ ကြွေးမြီပမာဏက စံချိန်တင်အောင် မြင့်မားနေဆဲဖြစ်ပါတယ်။ ပြီးခဲ့တဲ့ရာသီမှာ မန်ယူအသင်းက ဆယ်စုနှစ်တစ်ခုအတွင်း ပထမဆုံးအကြိမ်အဖြစ် ဉရောပပြိုင်ပွဲ ကစားခွင့်မရပေမယ့် ဝင်ငွေတိုးလာသလို၊ Operating profit ကလည်း ပေါင် ၂၂ ဒဿမ ၆ သန်းရှိခဲ့ပါတယ်။

ข่าวเพิ่มเติม

ကိုဗင်ထရီအတွက် နိုင်ပွဲတစ်ပွဲဟာ Nokia ခေတ်ကနေ Iphone 18 ခေတ်အထိကြာခဲ့တယ်
Players News

ကိုဗင်ထရီအတွက် နိုင်ပွဲတစ်ပွဲဟာ Nokia ခေတ်ကနေ Iphone 18 ခေတ်အထိကြာခဲ့တယ်

ကိုဗင်ထရီနဲ့အတူ တန်းဆင်းသွားတဲ့အသင်းသုံးသင်းထဲ မန်စီးတီးလည်းပါဝင်ခဲ့တယ်။ မန်စီးတီးကပရီးမီးယားလိဂ်ရဲ့အရှင်သခင်ဘဝ ပြန်ရောက်လာပေမယ့် ကိုဗင်ထရီအသင်းကတော့ ပရီးမီးယားလိဂ်နဲ့အခုအချိန်မှ ရေစက်ပြန်ဆုံခွင့်ရခဲ့တယ်။ ၁၉၆၇ ကနေ ၂၀၀၁ ခုနှစ်အထိ အဂ်လန်နိုင်ငံရဲ့ အဆင့်အမြင့်ဆုံးလိဂ်(အခုပရီးမီးယားလိဂ်)မှာ ရှင်သန်ခွင့်ရခဲ့တဲ့ ကိုဗင်ထရီအတွက် ပရီးမီးယားလိဂ်ရင်ငွေ့လှုံခွင့်မရတာ ၂၅ နှစ်ကြာခဲ့ပါတယ်။

ဂန္ထဝင်ဆန်လွန်းတဲ့ဟာရီကိန်း
Players News

ဂန္ထဝင်ဆန်လွန်းတဲ့ဟာရီကိန်း

ဟာရီကိန်းက ဘွန်ဒစ်လီဂါသမိုင်းတစ်လျှောက် ဂိုး ၁၀၀ အမြန်ဆုံးပြည့်တဲ့ စံချိန်ပိုင်ဆိုင်ခဲ့တာပါ။ ဘွန်ဒစ်လီဂါသမိုင်းတစ်လျှောက် ဂိုး ၁၀၀ အမြန်ဆုံး ပြည့်တဲ့စံချိန် ပိုင်ဆိုင်ထားသူက ဒီယက်တာမူလာဖြစ်ပြီး ၁၂၉ နဲ့စံချိန်တင်ခဲ့တာပါ။ အခု ဟာရီကိန်းက ၉၈ ပွဲနဲ့ ဂိုး ၁၀၀ ပြည့်တဲ့စံချိန်သစ်တင်ခဲ့ပါတယ်။

အတ္တကြီးနေဆဲ စီရော်နယ်လ်ဒို
Players News

အတ္တကြီးနေဆဲ စီရော်နယ်လ်ဒို

၂၀၂၆ ကမ္ဘာ့ဖလားပြီးရင် အနားယူမယ်ဆိုပြီး တွေးခဲ့ပေမယ့် စီရော်နယ်လ်ဒိုရဲ့လောဘက မရပ်တန့်သေးဘူး။ ၂၀၂၆ ကမ္ဘာ့ဖလားအလွန် ပထမဆုံးကစားမယ့် နိုင်ငံတကာပွဲစဉ်ရက်သတ္တပတ်မှာ ပေါ် တူဂီ အတွက်ကစားပေးဖို့ စီရော်နယ်လ်ဒို စိတ်အားထက်သန်နေပါတယ်။

မန်ချက်စတာက ဆမ်ဘာတေးသံ
Players News

မန်ချက်စတာက ဆမ်ဘာတေးသံ

မန်ချက်စတာမြို့ထဲ လူငယ်ကြယ်ပွင့်တစ်ဉီးရဲ့အသံဟာ အခုရက်ပိုင်းမှာ ဆူညံနေခဲ့တယ်။ မန်ချက်စတာမြို့ရဲ့အနီရောင်ကိုယ်စားပြု မန်ယူအသင်းက ဂျေဂျေဂါဘရီယဲလ်ပါ။ သူနဲ့မန်ယူအသင်းကြား အနာဂတ်သတင်းဟာ လှုပ်လှုပ်ခတ်ခတ်ရှိနေခဲ့တာပါ။ ဂျေဂျေဂါဘရီယဲလ်က မန်ယူကိုစွန့်ခွာပြီး အခြားသောအရပ်ဆီ ပြောင်းရွှေ့ဖွယ်ရှိနေတာပါ။ သူ့ကို ရီးယဲလ်ကစိတ်ဝင်စားနေတယ်ဆိုပြီး သတင်းတွေလည်း ထွက်နေတာပါ။

အိမ့်နိမ့်စံဘဝကနေ ရောမမြို့ရဲ့သူရဲကောင်းဖြစ်လာသူ
Players News

အိမ့်နိမ့်စံဘဝကနေ ရောမမြို့ရဲ့သူရဲကောင်းဖြစ်လာသူ

လွန်ခဲ့တဲ့ ၈ လက မာလန်တစ်ယောက် ဗီလာမှာ ရုန်းကန်နေရပါတယ်။ အခုတော့ ဉရောပထိပ်တန်းလိဂ်ငါးခုမှာ သွင်းဂိုးအများဆုံး အဆုံးသတ်သမားကောင်း  တစ်ဉီးအဖြစ် ရပ်တည်နေတယ်။ ပြီးခဲ့တဲ့ဇန်နဝါရီလ ၁၈ ရက်မှာ ရိုးမားအတွက် မာလန်စတင်ပွဲထွက်ကစားပြီးနောက်ပိုင်း သူ့ထက်ဂိုးပိုသွင်းနိုင်သူ မရှိခဲ့ဘူး။ ရိုးမားကစားသမားဘဝမှာ မာလန်ကဂိုးနှစ်ဆယ်အထိ ပိုင်ဆိုင်ထားပြီး ဟာရီကိန်း (၁၆ ဂိုး)၊ ယမားလ် (၁၅ ဂိုး)တို့ထက် ပိုများခဲ့တယ်။

ဘောလုံးမရမှ ပိုကောင်းတဲ့ မန်ယူ
Football News

ဘောလုံးမရမှ ပိုကောင်းတဲ့ မန်ယူ

မိုက်ကယ်ကာရစ်လက်ထက် မန်ယူအသင်းမှာ သိပ်ပြီးထူးဆန်းတဲ့အရာတစ်ခု ရှိနေတယ်။ အဲဒါက " မန်ယူဟာ ဘောလုံးမရလေပိုကောင်းလေ" ဆိုတဲ့အချက်ပါ။ ဟုတ်ပါတယ်၊ ဘောလုံးပွဲတစ်ပွဲမှာ ဘောလုံးရထားမှ တိုက်စစ်ဆင်နိုင်မယ်၊ ဂိုးသွင်းနိုင်မယ်ဆိုပေမယ့် မန်ယူက အခြေခံသီအိုရီရဲ့ဆန့်ကျင်ဘက်လမ်းကို လျှောက်နေရတယ်။

Official Channels

ONEX2 banner