ချန်ပီယံလိဂ်မှာ မန်ယူအသင်းကို ၄-၁ ဂိုးနဲ့ ဂိုးပြတ်အနိုင်ယူခဲ့တဲ့ ဖာဘရီဂတ်စ်ရဲ့ ကိုမိုအသင်းနဲ့ မက်ဆီရဲ့ မှတ်တမ်းကို လိုက်မီခဲ့တဲ့ ကြယ်ပွင့်ကစားသမား နီကိုပတ်ဇ်အကြောင်း သုံးသပ်ချက်။
၂၀၀၈ ခုနှစ်တုန်းက မန်ယူအသင်း ချန်််််ပီယံဖလား ရတော့ ကိုမိုအသင်းဟာ Serie D မှာ ရှိသေးတယ်။
ပရော်ဖက်ရှင်နယ်လိဂ်မဟုတ်ဘဲ ဆီမီးပရော်ဖက်ရှင်နယ်လိဂ်အဆင့်မှာ ကိုမိုအသင်း ကစားခဲ့ရတာပါ။
ပြီးခဲ့တဲ့ဗုဒ္ဓဟူးနေ့ချန်ပီယံလိဂ်ပွဲမှာတော့ ဂနၳ၀ငျ Lake Como အနီးက Giuseppe Sinigaglia ကွင်းထဲ
ကိုမိုအသင်းက သူတို့ဘယ်လောက်အင်အားကြီးမားနေပြီလဲဆိုတာ မန်ယူကို ဂိုးပြတ်အနိုင်ယူပြီး ပြသခဲ့ပါတယ်။
ဖာဘရီဂတ်စ်ရဲ့အသင်းက မန်ယူကို လေးဂိုးတစ်ဂိုးနဲ့ အနိုင်ယူပြီး ဒုက္ခတောထဲ ထပ်ပို့လိုက်တာပါ။
ကိုမိုအသင်းကြောင့် မန်ယူက ၂၀၁၅ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် ပြိုင်ပွဲစုံ (၇) ပွဲဆက် နိုင်ပွဲပျောက်ခဲ့ပါတယ်။
ကိုမိုအသင်းနဲ့အတူ မြင်လိုက်ရတဲ့ ကြယ်တပွင့်က နီကိုပတ်ဇ်ပါ။
၂၀၂၄ ခုနှစ်မှာ ရီးယဲလ််််ကနေ ကိုမိုအသင်းဆီရောက်လာသူ နီကိုပတ်ဇ်က နှစ်ဂိုးသွင်းပြီး ဂိုးဖန်တီးမှု တစ်ကြိမ် လုပ်ခဲ့ပါတယ်။
ပြီးခဲ့တဲ့စက်တင်ဘာလကစတင်ပြီး နီကိုပတ်ဇ်ထက် သွင်းဂိုးပါ၀င်ပတ်သက်မှုများပြားတဲ့ စီးရီးအေကစားသမားမရှိပါဘူး။
နီကိုပတ်ဇ်က နောက်ဆုံး (၈)ပြဲမွာ (၉)ဂိုးအထိ သွင်းယူထားနိုင်တာ ဖြစ်ပါတယ်။
နီကိုပတ်စ်အတွက် သိပ်ပြီးဂုဏ်ယူစရာကောင်းတာက မက်ဆီရဲ့ ချန်ပီယံလိဂ်မှတ်တမ်းတစ်ခုနဲ့ တူညီခဲ့တာပါ။
၂၀၀၉ ခုနှစ်၊ ဧပြီလအတွင်းကစားတဲ့ ဘိုင်ယန်မြူးနစ်နဲ့ချန်ပီယံလိဂ်ပွဲမှာ မက််ဆီက တစ်ပွဲတည်း သွင်းဂိုးပါ၀င်ပတ်သက်မှု
(၃)ဂိုးပိုင်ဆိုင်ခဲ့တာဖြစ်ပြီး အဲဒီစံချိန်ကို မန်ယူနဲ့ပွဲမှာ နီကိုပတ်ဇ် လိုက်မီခဲ့ပါတယ်။
နီကိုပတ်ဇ်က " ထာ၀ရအကောင်းဆုံးအသင်းတစ်သင်းနဲ့ ရင်ဆိုင်ရတဲ့ပွဲမှာ ကျွန်တော်တို့ရဲ့ စွမ်းဆောင်ရည်အတွက် ကျေနပ်မိပြီး
သမိုင်း၀င်ညကို ပိုင်ဆိုင်ခဲ့တာပါ-"လို့ ပြောပါတယ်။ နီကိုပတ်ဇ်က တစ်ပွဲလုံး ပြေးလွှားနေပြီး အာဂျင်တီးနား old-school number 10 style ကို
ခေတ်သစ်ဘောလုံးလောက အလိုတော်အတိုင်းရုပ်ပိုင်းဆိုင်ရာသန်မာမှုစွာ ကစားပြခဲ့ပါတယ်။
မန်ယူအသင်းနဲ့ ချန်ပီယံလိဂ်ပွဲကစားရလို့ ကိုမိုအသင်းပရိသတ်တွေ ဂုဏ်ယူခဲ့ပါတယ်။
ကိုမိုအသင်းပရိသတ်တစ်ဦးက " ကျွန်တော်တို့ခေါင်းထဲမှာ အင်တာမီလန်၊ အေစီမီလန်၊ ဂျူဗင်တပ်စ်အသင်းတွေနဲ့ပဲ ကစားရမယ်လို့ တွေးထားတာပါ။
အခုလို မန်ယူအသင်းနဲ့ကစားခွင့်ရတာက ကိုမိုအသင်းသမိုင်းတစ်လျှောက် အခမ်းအနားဆုံးညပါ" လို့ ရင်ဖွင့်ခဲ့တယ်။