Football News

သွင်းဂိုးမုန်တိုင်းကြားက ချန်ပီယံလိဂ်

သွင်းဂိုးမုန်တိုင်းကြားက ချန်ပီယံလိဂ်

တစ်ပွဲပျမ်းမျှ ၄ ဂိုးကျော်အထိ သွင်းယူနေကြပြီး သမိုင်းတစ်လျှောက် သွင်းဂိုးအများဆုံးရာသီအဖြစ် စံချိန်တင်လာနိုင်တဲ့ ၂၀၂၆ ခုနှစ် ချန်ပီယံလိဂ်ပြိုင်ပွဲရဲ့ အခြေအနေများအကြောင်း သုံးသပ်ချက်။

ဂိုးတွေ၊ ဂိုးတွေ၊ ချန်ပီယံလိဂ်မှာ သွင်းဂိုးတွေ၊ မရေမတွက်နိုင်အောင် များပြားလာတယ်။

လက်ရှိရာသီချန်ပီယံလိဂ် ပွဲစဉ် ၃ ရဲ့ပထမနေ့အပြီးမှာ တစ်ပွဲပျမ်းမျှ ၄ ဒဿမ ၁၆ ဂိုးနဲ့ သွင်းဂိုးစုစုပေါင်း ၁၈၇ ဂိုးအထိ ခံစားခွင့်ရပြီးပါပြီ။

တိုက်စစ်ကစားသမားတွေရဲ့အဆုံးသတ်စွမ်းရည်ဟာ သိပ်ပြီးထက်မြက်နေတယ်။

ချန်ပီယံလိဂ်သမိုင်းတစ်လျှောက် သွင်းဂိုးအများဆုံးရာသီဖြစ်လာဖွယ်ရှိနေပါတယ်။ ချန်ပီယံလိဂ်သမိုင်းမှာ သွင်းဂိုးစံချိန်တင်ထားတဲ့ရာသီတွေက

၁၉၅၉-၆၀ ရာသီမှာ (၄ ဒဿမ ၁၉ ဂိုး)၊ ၁၉၅၅-၅၆ ရာသီမှာ (၄ ဒဿမ ၃၈ ဂိုး)တို့ဖြစ်ပါတယ်။

လက်ရှိရာသီမှာတော့ ပွဲစဉ် ၃ မပြီးဆုံးခင်  စံချိန်တင်သွင်းဂိုးအရေအတွက် မြင်တွေ့ရဖွယ်ရှိနေပြီ။

ပြီးခဲ့တဲ့တပတ်၊ ဗုဒ္ဓဟုးနေ့၊ ချန်ပီယံလိဂ်ပွဲစဥ် ၂ ဒုတိယနေ့တုန်းက ၄၆ ဂိုးအထိမြင်ခဲ့ရပြီး

ချန်ပီယံလိဂ်သမိုင်းတစ်လျှောက် တစ်ရက်တည်းမှာ တတိယမြောက်သွင်းဂိုးအများဆုံးစံချိန်တင်ခဲ့တယ်။

ပြီးခဲ့တဲ့ချန်ပီယံလိဂ်ပွဲစဉ် ၂ မှာ ၇၈ ဂိုးအထိ သွင်းခဲ့ကြပြီး ချန်ပီယံလိဂ်သမိုင်းတစ်လျှောက် သွင်းဂိုးအများဆုံးပွဲစဥ် ဖြစ်ခဲ့ပါတယ်။

သွင်းဂိုးတွေများနေသလို မမေ့နိုင်စရာသွင်းဂိုးတွေလည်း ပိုများလာပါတယ်။

PSG နဲ့ ဘာစီလိုနာပွဲဆိုရင် ပရိသတ်ကိုဖျော်ဖြေမှုပေးပြီး အပြန်အလှန်ဂိုးတွေနဲ့ ဖမ်းစားနိုင်ခဲ့တယ်။

မန်စီးတီး၊ ဘိုင်ယန်မြူးနစ်တို့လိုဘာဖြစ်ဖြစ် တိုက်စစ်ဆိုတဲ့အသင်းတွေကြောင့်လည်း ဂိုးအများပွဲတွေများသထက်များလာတာပါ။

ဘွန်ဒစ်လီဂါဆိုရင် သွင်းဂိုးအများလို့ ပြောကြသလိုပဲ ချန်ပီယံလိဂ်ကလည်း ဂိုးအများနဲ့ အကျိုးများနေပါတယ်။

ข่าวที่เกี่ยวข้อง

သံမဏိအရည်ပျော်ချိန်
Football News

သံမဏိအရည်ပျော်ချိန်

နည်းပြဘဝရဲ့ ကြီးမားတဲ့ စိတ်ဖိစီးမှုနဲ့ ကျန်းမာရေးပြဿနာတွေကြောင့် လေ့ကျင့်ရေးကွင်းမှာ ရုတ်တရက် လဲကျခဲ့ရပြီး အနားယူဖို့ လိုအပ်နေတဲ့ ဘိုင်ယန်မြူးနစ်နည်းပြ ကွန်ပနီရဲ့ အခြေအနေ သုံးသပ်ချက်။

လိဂ်တူးအသင်းကို ရှုံးတဲ့ရှက်စရာအာဆင်နယ်
Football News

လိဂ်တူးအသင်းကို ရှုံးတဲ့ရှက်စရာအာဆင်နယ်

အဓိကကစားသမားတွေ ပါဝင်ခဲ့ပေမဲ့ လိဂ်တူးကလပ် ဖလက်ဝုဒ်တောင်းအသင်းကို ပယ်နယ်တီအဆုံးအဖြတ်မှာ ရှုံးနိမ့်ပြီး လိဂ်ဖလားပြိုင်ပွဲကနေ စောစီးစွာ ထွက်ခွာခဲ့ရတဲ့ အာဆင်နယ်အသင်းရဲ့ ရှက်စရာရှုံးပွဲ သုံးသပ်ချက်။

ကာရစ်အတွက် ကံကြမ္မာအသစ်လား..?  အဆုံးသ-တ်ဇာတ်သိမ်းလား..?
Football News

ကာရစ်အတွက် ကံကြမ္မာအသစ်လား..? အဆုံးသ-တ်ဇာတ်သိမ်းလား..?

၈ ပွဲဆက် နိုင်ပွဲပျောက်နေပေမဲ့ နည်းပြရာထူးကနေ မထုတ်ပယ်ခံရသေးဘဲ ချယ်လ်ဆီးနဲ့ပွဲမှာ နောက်ဆုံးအခွင့်အရေး ထပ်မံရရှိလိုက်တဲ့ မန်ယူနည်းပြ မိုက်ကယ်ကာရစ်ရဲ့ ကံကြမ္မာ သုံးသပ်ချက်။

ข่าวเพิ่มเติม

နှုတ်မစောင့်တဲ့လိပ်ကြောင့်ဖြစ်တဲ့ တရုတ်-လာလီဂါ ပဋိပက္ခ
Players News

နှုတ်မစောင့်တဲ့လိပ်ကြောင့်ဖြစ်တဲ့ တရုတ်-လာလီဂါ ပဋိပက္ခ

အင်တာဗျူးတစ်ခုမှာ အမှားအယွင်းပြောဆိုမိခဲ့တဲ့ ဘာပေကြောင့် တရုတ်နိုင်ငံရဲ့ ပြင်းထန်တဲ့ တုံ့ပြန်မှုနဲ့ သပိတ်မှောက်မှုတွေကို ရင်ဆိုင်နေရပြီး ရုပ်သံဈေးကွက် ဆုံးရှုံးမယ့်အရေးနဲ့ ကြုံနေရတဲ့ လာလီဂါအကြောင်း သုံးသပ်ချက်။

ဒေါင်းမန်းနဲ့ စိတ်လိုက်မာန်ပါ လူငယ်တွေအကြောင်း
Players News

ဒေါင်းမန်းနဲ့ စိတ်လိုက်မာန်ပါ လူငယ်တွေအကြောင်း

ဖလက်ဝုဒ်နဲ့ပွဲမှာ အနီကတ်ပြခံရလို့ အာတီတာရဲ့ ဆူပူမှုကို ခံခဲ့ရတဲ့ ဒေါင်းမန်းနဲ့ ရွန်နီ၊ မက်ဆီတို့လို လူငယ်ဘဝမှာ စိတ်လိုက်မာန်ပါ အမှားလုပ်ခဲ့ကြတဲ့ နာမည်ကျော်ကစားသမားတွေအကြောင်း သုံးသပ်ချက်။

ကာရစ်အတွက် ကံကြမ္မာအသစ်လား..?  အဆုံးသ-တ်ဇာတ်သိမ်းလား..?
Football News

ကာရစ်အတွက် ကံကြမ္မာအသစ်လား..? အဆုံးသ-တ်ဇာတ်သိမ်းလား..?

၈ ပွဲဆက် နိုင်ပွဲပျောက်နေပေမဲ့ နည်းပြရာထူးကနေ မထုတ်ပယ်ခံရသေးဘဲ ချယ်လ်ဆီးနဲ့ပွဲမှာ နောက်ဆုံးအခွင့်အရေး ထပ်မံရရှိလိုက်တဲ့ မန်ယူနည်းပြ မိုက်ကယ်ကာရစ်ရဲ့ ကံကြမ္မာ သုံးသပ်ချက်။

ဟာရီကိန်းရဲ့ စင်ဒရဲလားပုံပြင်
Players News

ဟာရီကိန်းရဲ့ စင်ဒရဲလားပုံပြင်

အောက်တန်းလိဂ် အငှားကစားသမားဘဝကနေ ၂၀၂၆ Ballon d'Or ဆုရှင်အဖြစ် အမြင့်ဆုံး ရောက်ရှိလာတဲ့ ဟာရီကိန်းရဲ့ ဒဏ္ဍာရီဆန်တဲ့ ဖြတ်သန်းမှုနဲ့ စပါးအသင်းဆီ ပြန်လာနိုင်ခြေ သုံးသပ်ချက်။

မက်ဆီ၊ စီရော်နယ်လ်ဒိုတို့နဲ့ ဂုဏ်ရည်တူသွားတဲ့ ဂန္ထဝင်ဟာရီကိန်း
Players News

မက်ဆီ၊ စီရော်နယ်လ်ဒိုတို့နဲ့ ဂုဏ်ရည်တူသွားတဲ့ ဂန္ထဝင်ဟာရီကိန်း

ကမ္ဘာ့ဖလားနဲ့ ချန်ပီယံလိဂ် မရဘဲ Ballon d'Or ဆုကို ဆွတ်ခူးနိုင်ခဲ့ပြီး မက်ဆီ၊ စီရော်နယ်လ်ဒိုတို့နဲ့ ဂုဏ်ရည်တူသွားတဲ့ ဂန္ထဝင်တိုက်စစ်မှူး ဟာရီကိန်းရဲ့ စံချိန်တင် သွင်းဂိုးမှတ်တမ်းများအကြောင်း သုံးသပ်ချက်။

မိုက်ကယ်ကာရစ်ရဲ့ Failed Gamble
Football News

မိုက်ကယ်ကာရစ်ရဲ့ Failed Gamble

နည်းစနစ်ကို ဝေဖန်ခဲ့တဲ့ ဘရူနိုဖာနန်ဒက်စ်ကို ပွဲထွက်စာရင်းကနေ ဖယ်ရှားခဲ့ပေမဲ့ ဘုန်းမောက်ကို ဂိုးပြတ်ရှုံးနိမ့်ပြီး (၈) ပွဲဆက် နိုင်ပွဲပျောက်ခဲ့တဲ့ မန်ယူနည်းပြ မိုက်ကယ်ကာရစ်ရဲ့ ကျရှုံးသွားတဲ့ စွန့်စားခန်း။

Official Channels

ONEX2 banner