ဟာဇယ်လာလက်ထက်မှာ ထက်မြက်တဲ့ တိုက်စစ်စွမ်းရည်တွေနဲ့အတူ ပရီးမီးယားလိဂ် ၇ ပွဲမှာ ၂၃ ဂိုးအထိ သွင်းယူပြီး ချန်ပီယံလိဂ်ဝင်ခွင့် မျှော်လင့်လာနိုင်တဲ့ ဘရိုက်တန်အသင်းရဲ့ အခြေအနေ သုံးသပ်ချက်။
ဘရိုက်တန်က လက်ရှိရာသီပရီးမီးယားလိဂ်ရဲ့ သွင်းဂိုးအများဆုံးအသင်းဖြစ်သလို၊ မမေ့နိုင်စရာဂိုးတွေလည်း ဖန်ဆင်းပြနေပါတယ်။
လူး၀စ်ဒန့်ရဲ့ (၃၅) ကိုက်အကွာက မှော်ဆန်ဆန်သွင်းဂိုးဟာ စက်တင်ဘာလပရီးမီးယားလိဂ်အကောင်းဆုံး သွင်းဂိုးဆု ရခဲ့သလို၊
ရက်သတ္တပတ်ငါးပတ်အကြာမှာ ဘရိုက်တန်ကွင်းလယ်လူ ဒီယေဂိုဂိုးမက်ဇ်ရဲ့ ဘက်ခမ်စတိုင်သွင်းဂိုးက နောက်တစ်ခါဖမ်းစားခဲ့ပြန်တယ်။
ခရစ္စတယ်ပဲလေ့စ်ကို ဘရိုက်တန်အသင်း ငါးဂိုးဂိုးမရှိနဲ့ အနိုင်ရတဲ့ပွဲမှာ ဒီယေဂိုဂိုးမက်ဇ်က တစ်နှစ်တာအကောင်းဆုံးသွင်းဂိုးအဖြစ်
သတ်မှတ်ခံရနိုင်မယ့် အမိုက်စားဂိုးကို ဖန်ဆင်းခဲ့ပြတာပါ။
စက်တင်ဘာလအကောင်းဆုံးသွင်းဂိုးဆုရှင် ဖြစ်ခဲ့သူ လူး၀စ်ဒန့်က " ဂိုးမက်ဇ် ဂိုးသွင်းလိုက်ချိန်မှာ ဒီဘဲတော့ ငါ့ရဲ့ တစ်နှစ်တာအကောင်းဆုံးသွင်းဂိုးဆုကို
လုယူသွားပြီလို့ တွေးခဲ့မိတယ်" ဆိုပြီး ဟာသလုပ်ခဲ့ပါတယ်။
ဒီယေဂိုဂိုးမက်ဇ်ရဲ့ ၅၁ ကိုက်အကွာက သွင်းဂိုးဟာ ၂၀၁၇ ခုနှစ်၊ နို၀င်ဘာလက ၀က်စ်ဟမ်းအသင်းနဲ့ပွဲမှာ အဲဗာတန်အတွက်
(၅၈)ကိုက်အကွာကနေ ၀ိန်းရွန်နီသွင်းယူခဲ့တဲ့ ဂိုးနောက်ပိုင်း ပရီးမီးယားလိဂ်ရဲ့ အကွာအေ၀းအများဆုံး သွင်းဂိုးဖြစ်လာပါတယ်။
ပရီးမီးယားလိဂ်သမိုင်း၀င် ဂိုးတစ္ဂိုးကို သွင်းယူပြီးနောက် အသက် (၂၃)နှစ်အရွယ် ပါရာဂွေးကွင်းလယ်လူ ဂိုးမက်ဇ်က
" ဂိုးသွင်းပြီးတော့ ကျွန်တော် ဘာလုပ်ရမလဲမသိဘူး။ ဘယ်ကိုပြေးပြီး အောင်ပွဲခံရမလဲမသိဘူး၊
ဘောလုံးရချိန်မှာ ဂိုးသမားက ရှေ့ကိုနည်းနည်းရောက်နေတာ မြင်ရတယ်။ ဂိုးသွင်းနိုင်ခဲ့လို့ ပျော်ပါတယ်" လို့ ပြောပါတယ်။
ပရီးမီးယားလိဂ်ဂိုးသမားဟောင်း ရှေးဂစ်ဗင်ကလည်း " ဂိုးသမားမှာ အပြစ်မရှိပါဘူး။ သွင်းသွားတဲ့ဂိုးကိုက ကောင်းလွန်းတာပါ"လို့ မှတ်ချက်ပြုပါတယ်.။
ဘရိုက်တန်က ပရီးမီးယားလိဂ်သမိုင်းတစ်လျှောက် အဆင့် (၆)အထက်မှာ မရပ်တည်ဖူးပါဘူး။ လက်ရှိရာသီမှာတော့ ပရီးမီးယားလိဂ် (၇)ပွဲ
မွာ (၁၆)မှတ်ရထားပြီး ချန်ပီယံလိဂ်မျှော်လင့်ခွင့်ရှိလာပါတယ်။ လက်ရှိရာသီပရီးမီးယားလိဂ်မှာ ဘရိုက်တန်အသင်းက (၂၃)ဂိုး သွင်းထားပြီး
မန်စီးတီးထက် (၄)ဂိုး၊ အာဆင်နယ်ထက် (၁၂)ဂိုး ပိုများနေပါတယ်။
၁၉၉၂ ခုနှစ်မှာ စတင်တဲ့ ပရီးမီးယားလိဂ်သမိုင်းတစ်လျှောက် ပွဲစဉ် (၇)ပြီးဆုံးချိန်မှာ လက်ရှိဘရိုက်တန်အသင်းထက် ဂိုးပိုသွင်းနိုင်တာ
(၃)သင်းပဲရှိပါတယ်။ ၂၀၀၉-၁၀ ရာသီက အာဆင်နယ် (၂၄ ဂိုး)၊ ၂၀၁၁-၁၂ ရာသီက မန်ယူ (၂၄ ဂိုး)၊ ၂၀၁၉-၂၀ ရာသီက မန္စီးတီး (၂၇ ဂိုး)တို့ပါ။
လက်ရှိရာသီဥရောပထိပ်တန်းလိဂ် (၅)ခုမွာ ဘရိုက်တန်အသင်းထက် သွင်းဂိုးပိုများတာ ဘာစီလိုနာ (၃၉ ဂိုး)ပဲရှိတဲ့အထိ
ဘရိုက်တန်အသင်းတိုက်စစ် ထက်မြက်နေတာလည်း ဖြစ်ပါတယ်။
အခုလို အခြေအနေမတိုင်ခင်မှာ ဘရိုက်တန်နည်းပြ ဟာဇယ်လာအတွက် လောကဓံက ကြမ်းတမ်းခဲ့ပါတယ်။
၂၀၂၄ ခုနှစ်၊ ဇွန်လမွာ ဘရိုက်တန်နည်းပြဖြစ်လာတော့ ဟာဇယ်လာရဲ့အသက်က (၃၁)နှစ်ပဲရှိသေးတယ်။
Amex ကွင်းထဲက ဘရိုက်တန်ပရိသတ်တွေက နည်းပြအတွေ့အကြုံနုနယ်လွန်းသူ ဟာဇယ်ယာကို သိပ်ပြီးသဘောမကျခဲ့ဘူး။
ခရစ္စတယ်ပဲလေ့စ်အသင်းနဲ့ပတ်သက်ပြီးတော့လည်း ဟာဇယ္လာမွာ အလက်ဂျစ်ရှိဖူးပါတယ်။ ဘရိုက်တန်နည်းပြဘ၀အစ ပထမဆုံးရာသီမှာ
ဟာဇယ်လာရဲ့ ဘရိုက်တန်က ခရစ္စတယ်ပဲလေ့စ်အသင်းကို ရှုံးခဲ့ပါတယ်။
အဲဒီအချိန်တုန်းက ဘရိုက်တန်အသင်းက ပရီးမီးယားလိဂ် (၁၂)ပြဲမွာ (၁)ပွဲသာအနိုင်ရပြီး တန်းဆင်းရမလား စိုးရိမ်ခဲ့ရပါတယ်။
ဘရိုက်တန်အသင်းပရိသတ်တွေက" မနက်ကျရင် ထုတ်ခံရတော့မယ်"ဆိုပြီး လှောင်ပြောင်ခဲ့ကြဖူးပါတယ်။
အခုတော့ ဘရိုက်တန်အသင်းက ချန်ပီယံလိဂ်၀င်ခွင့်မျှော်လင့်ခွင့်ရှိနေသလို၊ ပရီးမီးယားလိဂ်ချန်ပီယံပြေးလမ်းထဲလည်း ရောက်ရှိလာပါတယ်။
ဒါပေမဲ့ ဘရိုက်တန်အသင်းနည်းပြ ဟာဇယ်လာက " ရာသီပြီးဆုံးဖို့အချိန်အကြာကြီးလိုပါသေးတယ်။
ကျွန်တော်တို့ တိတ်တိတ်ဆိတ်ဆိတ်ပဲ ဆက်လက်ကြိုးစားသွားပါမယ်။ အခုအခြေအနေကို မကျေနပ်ဘဲ ထပ်ပြီးတွန်းအားပေးရပါမယ်" လို့ သတိပေးလိုက်ပါတယ်။
အမြင့်ပျံနေတဲ့ဇင်ယော်ငှက်တွေအတွက် အဝေးကွင်းပွဲကျပ်ကာလက စောင့်ကြိုနေပါတယ်။
လာမယ့်ပြိုင်ပွဲစုံ (၅)ပွဲကို ဘရိုက်တန်က အဝေး ကွင်းသွားကစားရမှာ ဖြစ်ပါတယ်။ လီဗာပူးလ်၊ မန်စီးတီးတို့နဲ့ ပရီးမီးယားလိဂ် ၊
မန်စီးတီးနဲ့ လိဂ်ဖလား (၁၆)သင်းအဆင့်ပွဲ၊ ချက်ကလပ် ချာဘလိုနက်၊ လာလီဂါကလပ် ဂီတာဖေးတို့နဲ့ ကွန်းဖရန့်လိဂ်ပွဲတွေ ကစားရဖို့ရှိနေတာပါ။
ဘရိုက်တန်က ၂၀၁၆ ခုနစ် လက္စတာ၊ ၁၉၉၅ ခုနှစ်က ဘလက်ဘန်းတို့လိုမျိုး ဒဏ္တရီဆန်ဆန် ပရီးမီးယားလိဂ်််််ချန်ပီယံ ဖြစ်နိုင်သေးပေမယ့်
ထက်မြက်တိုက်စစ်တေးသွားနဲ့အတူ ဖျော်ဖြေနေပါတယ်။