Football News

ဉရောပပြိုင်ပွဲနဲ့ ပရီးမီးယားလိဂ်ပါဝါ

ဉရောပပြိုင်ပွဲနဲ့ ပရီးမီးယားလိဂ်ပါဝါ

ချန်ပီယံလိဂ်မှာ အောင်မြင်မှု ဝေးကွာနေပေမဲ့ ကြီးမားတဲ့ ရုပ်သံဝင်ငွေနဲ့ ဘဏ္ဍာရေးအင်အားတွေကြောင့် ယူရိုပါလိဂ်နဲ့ ကွန်ဖရင့်လိဂ်ပြိုင်ပွဲတွေမှာ ပြိုင်ဘက်ကင်း လွှမ်းမိုးထားနိုင်တဲ့ ပရီးမီးယားလိဂ်ကလပ်တွေရဲ့ အခြေအနေ သုံးသပ်ချက်။

ဥရောပပြိုင်ပွဲတွေမှာ ပရီးမီးယားလိဂ်အသင်းတွေရဲ့ လွှမ်းမိုးမှုက ပိုပြီးကြီးမားလာတယ်။

အေစီမီလန်လို ဥရောပမှာအစဉ်အလာကြီးမားတဲ့ အသင်းကို ဘုန်းမောက်က ဂိုးပြတ်အနိုင်ယူပြလိုက်တာဟာ ပရီးမီးယားလိဂ်အင်အား ထပ်မံပြသနိုင်ခဲ့တာပါ။

ဒီတစ်ပတ်မှာ ပရီးမီးယားလိဂ်အသင်းတွေဟာ ဥရောပပြိုင်ပွဲတွေမှာ ၉ ပွဲ ကစားခဲ့ပြီး တစ်ပွဲသာ ရှုံးနိမ့်ခဲ့ပါတယ်။

လက်ရှိရာသီဥရောပအဆင့် ကလပ်အသင်းပြိုင်ပွဲကြီး သုံးခုမှာ ပရီးမီးယားလိဂ်အသင်းတွေက၂၆ ပွဲကစားထားပြီး လေးပွဲသာ ရှုံးနိမ့်ထားပါတယ်။

အဲဒီရှုံးပွဲလေးပွဲထဲက နှစ်ပွဲဟာ မန်ယူအသင်း ရှုံးခဲ့တာ ဖြစ်ပါတယ်။ ပရီးမီးယားလိဂ်ကို အိုးမည်းသုတ်နေတဲ့ မန်ယူလို့ ဆိုရပါမယ်။

ကွန်ဖရင့်လိဂ်ပြိုင်ပွဲ စတင်ကျင်းပခဲ့တဲ့အချိန်ကစပြီး ငါးရာသီအတွင်း ဘယ်နိုင်ငံရဲ့ လိဂ်ကမှ ဥရောပကလပ်ပြိုင်ပွဲ သုံးခုစလုံးကို

တစ်ရာသီတည်းမှာ ချန်ပီယံမဖြစ်သေးပါဘူး။ ဒါပေမဲ့ မတူညီတဲ့ သုံးရာသီအတွင်း ပရီးမီးယားလိဂ်အသင်းတွေဟာ

အဲဒီပြိုင်ပွဲသုံးခုထဲက နှစ်ခုမှာ ချန်ပီယံဆု ဆွတ်ခူးနိုင်ခဲ့ပါတယ်။

ပြီးခဲ့တဲ့ နှစ်ရာသီအတွင်း ပရီးမီးယားလိဂ်အသင်းတွေဟာ ကွန်ဖရင့်လိဂ်နဲ့ ယူရိုပါလိဂ်ပြိုင်ပွဲတွေမှာ

အခြားဥရောပကလပ်အသင်းတွေနဲ့ ရှုံးထွက်နှစ်ကျော့ သို့မဟုတ် တစ်ကျော့စီ ယှဉ်ပြိုင်မှု စုစုပေါင်း ၂၁ ကြိမ် ကစားခဲ့ပြီး ပွဲတိုင်း အနိုင်ရရှိခဲ့ပါတယ်။

အဲဒီလိုမျိုး လွှမ်းမိုးနိုင်စွမ်းရှိနေပေမယ့် ချန်ပီယံလိဂ်ဖလားနဲ့ ပရီးမီးယားလိဂ်အသင်းတွေ ရေစက်မဆုံသေးပါဘူး။

ပြီးခဲ့တဲ့ ငါးနှစ်အတွင်း ချန်ပီယံလိဂ်ဖလား ပိုင်ဆိုင်ခဲ့တဲ့ ပရီးမီးယားလိဂ်အသင်းက မန်စီးတီးတစ်သင်းတည်းသာ ရှိခဲ့ပါတယ်။

ဒါဆိုရင် ပရီးမီးယားလိဂ်အသင်းတွေဟာဥရောပရဲ့ ဒုတိယတန်းစား ကလပ်ပြိုင်ပွဲတွေမှာ ဘာကြောင့် ဒီလောက်အထိ လွှမ်းမိုးနိုင်နေရတာလဲ?

အဲဒီလို အောင်မြင်မှုမျိုးကို ချန်ပီယံလိဂ်ပြိုင်ပွဲမှာ မလုပ်ပြနိုင်တာလဲ။

ပြီးခဲ့တဲ့ရာသီ ပရီးမီးယားလိဂ်မှာ ပါဝင်ကစားခဲ့တဲ့အသင်း ၂၀ ထဲက ၁၅ သင်းဟာ

Deloitte ရဲ့ ၂၀၂၆ ခုနှစ် ဝင်ငွေအများဆုံး ဘောလုံးကလပ်အသင်း ၃၀ စာရင်းထဲမှာ ပါဝင်ခဲ့တယ်။

ဒါကြောင့် ယူရိုပါလိဂ်နဲ့ ကွန်ဖရင့်လိဂ်ပြိုင်ပွဲတွေမှာ ပရီးမီးယားလိဂ်အသင်းတွေဟာ တခြားနိုင်ငံက

ကလပ်အသင်းတွေထက် သိသိသာသာ အသာစီးရနေတာ ငွေကြေးအင်အားကြောင့်ဆိုတာ ထင်ရှားပါတယ်။

ပရီးမီးယားလိဂ်က ရုပ်သံထုတ်လွှင့်ခွင့်ကနေ တစ်ရာသီ စုစုပေါင်း ပေါင် ၁.၃၇ ဘီလီယံကျော် ရရှိပါတယ်။

ဒီပမာဏဟာ စပိန်လာလီဂါ၊ အီတလီစီးရီးအေ၊ ဂျာမန်ဘွန်ဒက်စ်လီဂါနဲ့ ပြင်သစ်လီဂူးဝမ်းတို့ လေးခုပေါင်းမှသာ လိုက်မီနိုင်တဲ့ ပမာဏဖြစ်ပါတယ်။

ဒီရာသီ ကွန်ဖရင့်လိဂ်ပြိုင်ပွဲမှာ ဘရိုက်တန်ဟာ ငွေကြေးအင်အားအကြီးမားဆုံး ကလပ်အသင်းဖြစ်ပါတယ်။

ဘုန်းမောက်နဲ့ ခရစ္စတယ်ပဲလေ့စ်တို့လည်း ပြီးခဲ့တဲ့ရာသီ ဝင်ငွေအများဆုံး ကလပ်အသင်း ၃၀ စာရင်းထဲမှာ ပါဝင်ခဲ့တယ်။

ပြီးခဲ့တဲ့ရာသီ ယူရိုပါလိဂ်ဗိုလ်လုပွဲမှာ ဗီလာဟာ ဘွန်ဒစ်လီဂါကလပ် ဖရိုင်းဘတ်အသင်းကို အသာစီးရယူပြီး သက်သက်သာသာ အနိုင်ရခဲ့ပါတယ်။

အဲဒီအချိန်မှာ ဗီလာရဲ့ ဝင်ငွေဟာ ဖရိုင်းဘတ်ရဲ့ ဝင်ငွေထက် နှစ်ဆကျော် ပိုများခဲ့ပါတယ်။

ခရစ္စတယ်ပဲလေ့စ်ကလည်း ကွန်ဖရင့်လိဂ်ဖလားကို ဆွတ်ခူးနိုင်ခဲ့ပြီး ဗိုလ်လုပွဲမှာ သူတို့အနိုင်ယူခဲ့တဲ့

ဗယ်လက်ကာနိုထက် ဝင်ငွေ လေးဆနီးပါး ပိုမိုရရှိတဲ့ အသင်းဖြစ်ပါတယ်။

၂၀၂၂-၂၃ ရာသီမှာ ဝက်စ်ဟမ်းဟာ ပရီးမီးယားလိဂ် အဆင့် ၁၄ နဲ့သာ ရာသီပြီးဆုံးခဲ့ပေမဲ့ ကွန်ဖရင့်လိဂ်ဖလားကို သိမ်းပိုက်ပြခဲ့တယ်။

အဲဒီအောင်ပွဲတွေက ပရီးမီးယားလိဂ်ရဲ့ အင်အား ဘယ်လောက်ကြီးမားတယ်ဆိုတာကို ဖော်ပြနေပါတယ်။

အပြောင်းအရွှေ့ဈေးကွက်မှာ ပရီးမီးယားလိဂ်အသင်းတွေ အသာစီးရထားတာကလည်း အောင်မြင်မှုအတွက်အဓိကအချက်ပါ။

ပရီးမီးယားလိဂ်ဟာ ကစားသမားခေါ်ယူဖို့ စုစုပေါင်း ပေါင် ၃.၄၉ ဘီလီယံ သုံးစွဲခဲ့ပြီး အပြောင်းအရွှေ့အသုံးစရိတ် စံချိန်သစ် ထပ်မံတင်နိုင်ခဲ့ပါတယ်။

ဒီပမာဏဟာ ပြိုင်ဘက်ဥရောပလိဂ်တွေရဲ့ အသုံးစရိတ်ထက် အပြတ်အသတ် အသာရခဲ့တယ်။

နွေရာသီအပြောင်းအရွှေ့ကာလအတွင်း တန်ဖိုးအကြီးဆုံး ကစားသမားအပြောင်းအရွှေ့  ၂၀ ထဲမှာ

ပရီးမီးယားလိဂ်အသင်းတွေဆီ ပြောင်းရွှေ့ခဲ့တဲ့ အပြောင်းအရွှေ့က ၁၄ ခု ရှိခဲ့ပါတယ်။

အခုအခါမှာ  ပရီးမီးယားလိဂ်ရဲ့Big Six မဟုတ်တဲ့ ကလပ်အသင်းတွေတောင် ကစားသမားသစ် ခေါ်ယူရာမှာ

အခြားဥရောပထိပ်တန်းကလပ်တွေကို ကျော်ဖြတ်ပြီး ကစားသမားတွေကို ခေါ်ယူနိုင်လာကြပါပြီ။

ပရီးမီးယားလိဂ်မှာ ကစားသမားတွေရဲ့ လုပ်ခလစာဟာ ယေဘုယျအားဖြင့် ပိုမိုမြင့်မားပါတယ်။

ဒါ့အပြင် ဥရောပတစ်ဝန်းက ဘောလုံးအရည်အချင်းရှိသူ အများအပြားအတွက်လည်း ပရီးမီးယားလိဂ်ဟာ လာရောက်ကစားသင့်တဲ့ နေရာတစ်ခုအဖြစ်

ပိုမိုသတ်မှတ်ခံလာရပါတယ်။

ရီးယဲလ်၊ ဘာစီလိုနာ၊ PSG နဲ့ ဘိုင်ယန်မြူးနစ်တို့ကို ချန်လှပ်ထားမယ်ဆိုရင် ပရီးမီးယားလိဂ်ဟာ ဘယ်အသင်းနဲ့မဆို၊ ဘယ်သူနဲ့မဆို ယှဉ်ပြိုင်ရာမှာ

ငွေကြေးပိုမိုသုံးစွဲနိုင်ပါတယ်လို့ ဘောလုံးဘဏ္ဍာရေးကျွမ်းကျင်သူ ကီရန် မက်ဂွိုင်းယားက ပြောခဲ့ပါတယ်။

လက်ရှိမှာ ကစားသမား အများစုက ဥရောပရဲ့ အခြားနိုင်ငံတွေမှာ သွားရောက်ကစားတာထက် အင်္ဂလန်မှာ လာရောက်ကစားဖို့ ရွေးချယ်လာကြပါတယ်။

အဓိကအကြောင်းရင်းကတော့ အင်္ဂလန်မှာ ကမ်းလှမ်းပေးတဲ့ လုပ်ခလစာတွေ ပိုမိုမြင့်မားနေတာကြောင့် ဖြစ်ပါတယ်။

ချန်ပီယံလိဂ်အောင်ပွဲ ဝေးနေတာကလွဲပြီး ပရီးမီးယားလိဂ်အသင်းတွေက ဉရောပပြိုင်ပွဲတွေမှာ ပိုပြီးလွှမ်းမိုးလာပါတယ်။

ဆက်စပ်သတင်းများ

ဂုဏ်ယူမဆုံးဖြစ်နေတဲ့ ကိုမို
Football News

ဂုဏ်ယူမဆုံးဖြစ်နေတဲ့ ကိုမို

ချန်ပီယံလိဂ်မှာ မန်ယူအသင်းကို ၄-၁ ဂိုးနဲ့ ဂိုးပြတ်အနိုင်ယူခဲ့တဲ့ ဖာဘရီဂတ်စ်ရဲ့ ကိုမိုအသင်းနဲ့ မက်ဆီရဲ့ မှတ်တမ်းကို လိုက်မီခဲ့တဲ့ ကြယ်ပွင့်ကစားသမား နီကိုပတ်ဇ်အကြောင်း သုံးသပ်ချက်။

ကျွန်တော်အကောင်းဆုံး လုပ်ခဲ့ပါတယ် (မိုက်ကယ်ကာရစ်)
Football News

ကျွန်တော်အကောင်းဆုံး လုပ်ခဲ့ပါတယ် (မိုက်ကယ်ကာရစ်)

ကိုမိုအသင်းကို ဂိုးပြတ်ရှုံးနိမ့်ပြီးနောက် နုတ်ထွက်ဖို့ ဖိအားပေးခံနေရချိန်မှာ ကစားသမားတွေရဲ့ ပေးဆပ်လိုစိတ်ကို ဝေဖန်ထောက်ပြရင်း သူအကောင်းဆုံး ကြိုးစားခဲ့တယ်လို့ တုံ့ပြန်လိုက်တဲ့ မန်ယူနည်းပြ မိုက်ကယ်ကာရစ်ရဲ့ အင်တာဗျူး။

ဒုက္ခတွင်းက လွတ်မြောက်လာသူ
Football News

ဒုက္ခတွင်းက လွတ်မြောက်လာသူ

၁၀ လကြာ ပရီးမီးယားလိဂ် ဂိုးပေါက်ပျောက်ဆုံးမှုနဲ့ အနီကတ်ပြဿနာတွေကနေ ရုန်းထွက်ပြီး ချန်ပီယံလိဂ်မှာ ဟက်ထရစ်သွင်းကာ အကောင်းဆုံးပုံစံ ပြန်လည်ရရှိလာတဲ့ ဖိုဒန်ရဲ့ ခြေစွမ်းသုံးသပ်ချက်။

နောက်ထပ် သတင်းများ

ဘရူနိုနဲ့ မိုက်ကယ်ကာရစ် ထိကြ ငြိကြပြီ
Players News

ဘရူနိုနဲ့ မိုက်ကယ်ကာရစ် ထိကြ ငြိကြပြီ

ကိုမိုအသင်းကို အရှက်တကွဲ ရှုံးနိမ့်ပြီးနောက် နည်းပြ မိုက်ကယ်ကာရစ်ရဲ့ နည်းဗျူဟာကို ဝေဖန်ခဲ့တဲ့ အသင်းခေါင်းဆောင် ဘရူနိုဖာနန်ဒက်စ်နဲ့ သူတို့နှစ်ဦးကြားက စိတ်ဝမ်းကွဲမှုပြဿနာများအကြောင်း သုံးသပ်ချက်။

သွင်းဂိုးမုန်တိုင်းကြားက ချန်ပီယံလိဂ်
Football News

သွင်းဂိုးမုန်တိုင်းကြားက ချန်ပီယံလိဂ်

တစ်ပွဲပျမ်းမျှ ၄ ဂိုးကျော်အထိ သွင်းယူနေကြပြီး သမိုင်းတစ်လျှောက် သွင်းဂိုးအများဆုံးရာသီအဖြစ် စံချိန်တင်လာနိုင်တဲ့ ၂၀၂၆ ခုနှစ် ချန်ပီယံလိဂ်ပြိုင်ပွဲရဲ့ အခြေအနေများအကြောင်း သုံးသပ်ချက်။

Ballon d'Or အကြို ဒမ်ဘီလီနဲ့ ယမားလ်တို့ရဲ့ အားပြိုင်ပွဲ
Football News

Ballon d'Or အကြို ဒမ်ဘီလီနဲ့ ယမားလ်တို့ရဲ့ အားပြိုင်ပွဲ

သွင်းဂိုးအများဆုံးနဲ့ တိုက်စစ်အကောင်းဆုံး PSG နဲ့ ဘာစီလိုနာတို့ ထိပ်တိုက်တွေ့ဆုံမယ့် ချန်ပီယံလိဂ် ပွဲကြိုသုံးသပ်ချက်နဲ့အတူ Ballon d'Or ဆုအတွက် ရေပန်းစားနေတဲ့ ဒမ်ဘီလီနဲ့ ယမားလ်တို့ရဲ့ အားပြိုင်မှု။

စပါးရဲ့ ၂၀၂၆ ခုနှစ်အတွင်း လေးပွဲမြောက် ပရီးမီးယားလိဂ်နိုင်ပွဲ
Football News

စပါးရဲ့ ၂၀၂၆ ခုနှစ်အတွင်း လေးပွဲမြောက် ပရီးမီးယားလိဂ်နိုင်ပွဲ

နည်းပြ ဒီဇာဘီရဲ့ စိတ်ဓာတ်မြှင့်တင်ရေး အစီအစဉ်တွေနဲ့အတူ ကာလရှည်ဒဏ်ရာကနေ ပြန်လာတဲ့ မက်ဒီဆန်ရဲ့ သွင်းဂိုးအပါအဝင် ကိုဗင်ထရီကို အနိုင်ယူပြီး ၂၀၂၆ ခုနှစ်အတွင်း လေးပွဲမြောက် ပရီးမီးယားလိဂ်နိုင်ပွဲကို ရယူနိုင်ခဲ့တဲ့ စပါးအသင်း သုံးသပ်ချက်။

ထက်မြက်တိုက်စစ်တေးသွားနဲ့ အမြင့်ပျံ စင်ယော်
Football News

ထက်မြက်တိုက်စစ်တေးသွားနဲ့ အမြင့်ပျံ စင်ယော်

ဟာဇယ်လာလက်ထက်မှာ ထက်မြက်တဲ့ တိုက်စစ်စွမ်းရည်တွေနဲ့အတူ ပရီးမီးယားလိဂ် ၇ ပွဲမှာ ၂၃ ဂိုးအထိ သွင်းယူပြီး ချန်ပီယံလိဂ်ဝင်ခွင့် မျှော်လင့်လာနိုင်တဲ့ ဘရိုက်တန်အသင်းရဲ့ အခြေအနေ သုံးသပ်ချက်။

မာဒူအေကေကြောင့် ကံကောင်းတဲ့အာဆင်နယ်
Players News

မာဒူအေကေကြောင့် ကံကောင်းတဲ့အာဆင်နယ်

နော်တင်ဟမ်ဖောရက်စ်နဲ့ လိဒ်စ်တို့ကို အနိုင်ဂိုးသွင်းပေးပြီး အာဆင်နယ်တိုက်စစ်မှာ အာတီတာ အယုံကြည်ရဆုံး Finisher ဖြစ်လာတဲ့ မာဒူအေကေရဲ့ ခြေစွမ်းသုံးသပ်ချက်။

တရားဝင်ချန်နယ်များ:

ONEX2 banner