ဘောလုံးလောကက ပါရာဒိုင်းအပြောင်းအလဲ ကြီးမားခဲ့ပါပြီ။ ကျွန်တော်တို့ကိုနှစ်ပေါင်းများစွာ
ဖျော်ဖြေမှုပေးခဲ့တဲ့ စီရော်နယ်လ်ဒိုနဲ့ မက်ဆီအားပြိုင်ပွဲ သက်တမ်းကုန်ဆုံးပြီး ယမားလ်နဲ့ ဘာပေခေတ် ရောက်လာပါတယ်။
ခေတ်သစ်ဘောလုံးလောကမှာဘာပေနဲ့ ယမားလ်က အရှိန်အဟုန် ပြင်းထန်စွာ လင်းပနေတယ်။
ယမားလ်- ဘာပေခေတ်
ဘောလုံးလောကက ပါရာဒိုင်းအပြောင်းအလဲ ကြီးမားခဲ့ပါပြီ။ ကျွန်တော်တို့ကိုနှစ်ပေါင်းများစွာ
ဖျော်ဖြေမှုပေးခဲ့တဲ့ စီရော်နယ်လ်ဒိုနဲ့ မက်ဆီအားပြိုင်ပွဲ သက်တမ်းကုန်ဆုံးပြီး ယမားလ်နဲ့ ဘာပေခေတ် ရောက်လာပါတယ်။
ခေတ်သစ်ဘောလုံးလောကမှာဘာပေနဲ့ ယမားလ်က အရှိန်အဟုန် ပြင်းထန်စွာ လင်းပနေတယ်။
ပြီးခဲ့တဲ့ ၂၀၂၆ ကမ္ဘာ့ဖလားမှာ ယမားလ်နဲ့ ဘာပေက သူတို့ခေတ်စတင်ပြီဆိုတာ ပြတ်ပြတ်သားသားကြေညာနိုင်ခဲ့တယ်။
ယမားလ်က ပထမဆုံးကမ္ဘာ့ဖလားမှာ ပထမဆုံးချန်ပီယံဖလား ပိုင်ဆိုင်ခဲ့တယ်။ စပိန်အသင်းတိုက်စစ်ရဲ့ မရှိမဖြစ် အသက်သွေးကြော ဖြစ်ခဲ့ပါတယ်။
ဘာပေကလည်း ကမ္ဘာ့ဖလားလူသားဆိုတဲ့ဂုဏ်ပုဒ်နဲ့ လိုက်ဖက်ညီစွာပဲ သွင်းဂိုးအများဆုံးစံချိန် စိုက်ထူနိုင်ခဲ့တယ်။
ဂိုးသွင်းဘုရင် ရွှေဖိနပ်ဆုကို ဒုတိယအကြိမ်ပိုင်ဆိုင်ခဲ့တယ်။ ကမ္ဘာ့ဖလားရဲ့သွင်းဂိုးအများဆုံးဖြစ်ခဲ့တယ်။
ဘာပေနဲ့ ယမားလ်က အသက်ငယ်ရွယ်ချိန်မှာ ကမ္ဘာ့ဖလားအောင်ပွဲ ပိုင်ဆိုင်ခဲ့ပါတယ်။
ဒါကမက်ဆီ၊ စီရော်နယ်လ်ဒိုထက်သာလွန်တဲ့ အချက်ပါ။ မက်ဆီက ကမ္ဘာ့ဖလားတစ်ကြိမ် ရလို့ ဖြေသာပေမယ့်
စီရော်နယ်လ်ဒိုက ကမ္ဘာ့ဖလား မရတဲ့ အမည်းစက်နဲ့ ဇာတ်သိမ်းခဲ့ရတယ်။
၂၀၂၆-၂၇ ရာသီ ချန်ပီယံလိဂ်စတင်ချိန်မှာလည်း ယမားလ်နဲ့ ဘာပေရဲ့ထူးချွန်မှုဟာရပ်တန့်မသွားဘူး။
စံချိန်မှတ်တမ်းတွေနဲ့ ဖိတ်ဖိတ်လက်နေခဲ့တယ်။ ဘာပေက အင်တာမီလန်နဲ့ပွဲမှာ ဂိုးသွင်းပြီး
ချန်ပီယံလိဂ်သွင်းဂိုးအများဆုံးကစားသမား ထိပ်ဆုံးငါးဉီးစာရင်းဝင်လာသလို၊
ယမားလ်ကလည်း ချန်ပီယံလိဂ်သွင်းဂိုးစံချိန်တွေ ပိုင်ဆိုင်ခဲ့တယ်။
ဖီယင်နုအသင်းနဲ့ ချန်ပီယံလိဂ်ပွဲမှာ ယမားလ်က မှော်ဆန်တဲ့ဖရီးကစ်သွင်းဂိုးတစ်ဂိုးသွင်းပြခဲ့တယ်။
အဲဒီသွင်းဂိုးကြောင့် ယမားလ်က လာလီဂါအသင်းတစ်သင်းအတွက် ချန်ပီယံလိဂ်မှာဖရီးကစ်ကနေဂိုးသွင်းနိုင်တဲ့
အသက်အငယ်ဆုံးကစားသမားအဖြစ် စံချိန်တင်ခဲ့တယ်။
အသက် ၁၉ နှစ်၊ ၅၈ ရက်အရွယ် ယမားလ်က အာဒါဂူလာ (၂၁ နှစ်၊ ၄၉ ရက်)၊ အဂွဲရိုး (၂၁ နှစ်၊
၁၅၄ ရက်) တို့ရဲ့ချန်ပီယံလိဂ်မှာဖရီးကစ်ကနေဂိုးသွင်းနိုင်တဲ့အသက်အငယ်ဆုံးကစားသမားမှတ်တမ်းကို ကျော်ဖြတ်ပြခဲ့တာပါ။
ယမားလ်ရဲ့ချန်ပီယံလိဂ်စံချိန်က အဲဒီလောက်နဲ့ ရပ်တန့်မသွားဘူး။ အခုဆိုရင် ချန်ပီယံလိဂ်မှာ
ယမားလ်က ၁၁ ဂိုးသွင်း၊ ဂိုးဖန်တီးမှု ၁၀ ကြိမ်ပြုလုပ်ထားပြီး သွင်းဂိုးပါဝင်ပတ်သက်မှုအများဆုံး
ဆယ်ကျော်သက် ကစားသမားအဖြစ် စံချိန်တင်ခဲ့ပါတယ်။ အရင်တုန်းက သွင်းဂိုးပါဝင်ပတ်သက်မှုအများဆုံး
ဆယ်ကျော်သက်ကစားသမားစံချိန်ကို ဘာပေပိုင်ဆိုင်ထားပြီးအခုယမားလ်က စံချိန်အသစ်တင်နိုင်ခဲ့တာပါ။
မက်ဆီ- စီရော်နယ်လ်ဒို ခေတ်ကို မျုိးဆက်ဟောင်းတွေ တသသလွမ်းမောနေချိန်မှာ ဘာပေ-ယမားလ်ခေတ်က
မျုိးဆက်သစ်တွေအတွက် ဖျော်ဖြေရေးအရသာအသစ် ဖြစ်လာတယ်။