Players News

နှုတ်မစောင့်တဲ့လိပ်ကြောင့်ဖြစ်တဲ့ တရုတ်-လာလီဂါ ပဋိပက္ခ

နှုတ်မစောင့်တဲ့လိပ်ကြောင့်ဖြစ်တဲ့ တရုတ်-လာလီဂါ ပဋိပက္ခ

အင်တာဗျူးတစ်ခုမှာ အမှားအယွင်းပြောဆိုမိခဲ့တဲ့ ဘာပေကြောင့် တရုတ်နိုင်ငံရဲ့ ပြင်းထန်တဲ့ တုံ့ပြန်မှုနဲ့ သပိတ်မှောက်မှုတွေကို ရင်ဆိုင်နေရပြီး ရုပ်သံဈေးကွက် ဆုံးရှုံးမယ့်အရေးနဲ့ ကြုံနေရတဲ့ လာလီဂါအကြောင်း သုံးသပ်ချက်။

လိပ်နင်ဂျာဘာပေတစ်ယောက် နှုတ်မစောင့်တဲ့လိပ် ဖြစ်ခဲ့ပါတယ်။ ပုံပြင်ထဲမှာ နှုတ်မစောင်တဲ့လိပ်ဟာ ဒုက္ခရောက်ရသလို ဘာပေလည်းနှုတ်မစောင့်လို့ ပြဿနာများနေပါပြီ။

ဘာပေတစ်ယောက်တည်း ပြဿနာများဒုက္ခရောက်ရတာ မဟုတ်ဘဲ တစ်နွယ်ငယ်တစင်ပါ လာလီဂါပြိုင်ပွဲ အတွက်ပါသက်ရောက်မှုကြီးမားနေတယ်။

ကမ္ဘာမှာလုံးဝအထိမခံတဲ့ အရာထဲ Kpop ပရိသ-တ်တွေရယ်၊မန်ယူရယ်၊ တရုတ်နိုင်ငံရယ်က အဆိုးဆုံးဖြစ်မယ်ထင်တယ်။

အဲဒီလိုလုံးဝအထိမခံတဲ့အရာတစ်ခုကို ဘာပေက ရန်သွားစခဲ့မိတာပါ။

ဘာပေက The Bridge ဆိုတဲ့ အစီအစဉ်မှာ တရုတ်အမျိုးသားခေါင်းဆောင် မော်စီတုန်းကို အာ-ဏာ-ရှင် ဆိုပြီး ပြောခဲ့မိတာပါ။

The Bridge အစီအစဉ်မှာ ဘာပေက သူအကြိုက်ဆုံး Meme ဟာ မော်စီတုန်းပုံမှာ သူ့မျက်နှာအစားထိုးထားတဲ့ Meme ဖြစ်တယ်လို့ပြောခဲ့ပါတယ်။

အဲဒီလိုပြောနေရင်း မော်စီတုန်းကို  ပုံပေါ်မှာ သူ့မျက်နှာကို တွဲစပ်ထားတဲ့ ပုံတစ်ပုံကို ရည်ညွှန်းခဲ့ပါတယ်။

အဲဒီလိုပြောရင်း မော်စီတုန်းကို "တရုတ် အာ-ဏာ-ရှင်" လို့ သုံးနှုန်းခဲ့တာပါ။

ဘာပေက အပျော်သဘောနဲ့ပြောတာ ဖြစ်ပေမယ့် တရုတ်အစိုးရမီဒီယာတွေနဲ့ နိုင်ငံခြားရေးဝန်ကြီးဌာနက အတော်လေးဒေါသထွက်ခဲ့ကြတယ်။

တရုတ်ပြည်သူတွေကို စော်ကားတဲ့လုပ်ရပ်ဆိုပြီး ကြေညာခဲ့ပါတယ်။

တရုတ်အစိုးရဘက်က ကြေညာချက်ထုတ်ပြီး မကျေနပ်ကြောင်းပြသခဲ့သလို တရုတ်အချိုရည်ကုမ္ပဏီ Dongpeng နဲ့ ထိပ်တန်းအမှတ်တံဆိပ်တွေက

ဘာပေနဲ့ ချုပ်ဆိုထားတဲ့ စပွန်ဆာစာချုပ်တွေ ချက်ချင်း ဖျက်သိမ်းခဲ့ပါတယ်။

ဘာပေနဲ့ ပတ်သက်တဲ့အရာတွေကို ဆိုရှယ်မီဒီယာ RedNote ကနေဖယ်ရှားခဲ့သလို၊ တရုတ်အားကစားဝက်ဆိုက်တချို့ကလည်း ဘာပေသတင်းတွေမဖော်ပြတော့ပါဘူး။

တရုတ် အားကစားဝက်ဘ်ဆိုက်တစ်ခုက Ballon d'Or အဆင့်ရပ်တည်မှုဖော်ပြတဲ့သတင်းမှာ ဘာပေရဲ့နာမည်ကို မဖော်ပြဘဲ ဖုံးကွယ်ခဲ့တယ်။

တရုတ်နိုင်ငံပိုင် ရုပ်သံ CCTV အပါအဝင် အစိုးရမီဒီယာများစွာကလာလီဂါ ပွဲစဉ်တွေ တိုက်ရိုက်ထုတ်လွှင့်မှုရပ်ဆိုင်းလိုက်သလို၊

လာလီဂါသတင်းတွေလည်း မတင်ဆက်တော့ပါဘူး။

နှုတ်မစောင့်တဲ့လိပ်ကလေးဘာပေကြောင့် တန်ဖိုးကြီးမားတဲ့ တရုတ်ရုပ်သံစျေးကွက်ကို လာလီဂါဆုံးရှုံးရမလိုဖြစ်နေတာပါ။

ဒါကြောင့်ပဲ ဘာပေက သူ့ရဲ့စကားအတွက် တရုတ်ဘက်ကိုပြန်လည်တောင်းပန်ခဲ့သလို၊ လာလီဂါပြိုင်ပွဲဉက္ကဌ တီဘက်စ်ကလည်း

" ဘာပေရဲ့ပြောစကားဟာ သူတို့နဲ့မသက်ဆိုင်ဘဲ နောက်တစ်ခါမဖြစ်ရအောင် ပြင်းပြင်းထန်ထန်သတိပေးသွားမယ်" လို့တောင်းပန်စာထုတ်ပြန်ခဲ့ရပါတယ်။

Related News

ဒေါင်းမန်းနဲ့ စိတ်လိုက်မာန်ပါ လူငယ်တွေအကြောင်း
Players News

ဒေါင်းမန်းနဲ့ စိတ်လိုက်မာန်ပါ လူငယ်တွေအကြောင်း

ဖလက်ဝုဒ်နဲ့ပွဲမှာ အနီကတ်ပြခံရလို့ အာတီတာရဲ့ ဆူပူမှုကို ခံခဲ့ရတဲ့ ဒေါင်းမန်းနဲ့ ရွန်နီ၊ မက်ဆီတို့လို လူငယ်ဘဝမှာ စိတ်လိုက်မာန်ပါ အမှားလုပ်ခဲ့ကြတဲ့ နာမည်ကျော်ကစားသမားတွေအကြောင်း သုံးသပ်ချက်။

Read more
ဟာရီကိန်းရဲ့ စင်ဒရဲလားပုံပြင်
Players News

ဟာရီကိန်းရဲ့ စင်ဒရဲလားပုံပြင်

အောက်တန်းလိဂ် အငှားကစားသမားဘဝကနေ ၂၀၂၆ Ballon d'Or ဆုရှင်အဖြစ် အမြင့်ဆုံး ရောက်ရှိလာတဲ့ ဟာရီကိန်းရဲ့ ဒဏ္ဍာရီဆန်တဲ့ ဖြတ်သန်းမှုနဲ့ စပါးအသင်းဆီ ပြန်လာနိုင်ခြေ သုံးသပ်ချက်။

Read more
မက်ဆီ၊ စီရော်နယ်လ်ဒိုတို့နဲ့ ဂုဏ်ရည်တူသွားတဲ့ ဂန္ထဝင်ဟာရီကိန်း
Players News

မက်ဆီ၊ စီရော်နယ်လ်ဒိုတို့နဲ့ ဂုဏ်ရည်တူသွားတဲ့ ဂန္ထဝင်ဟာရီကိန်း

ကမ္ဘာ့ဖလားနဲ့ ချန်ပီယံလိဂ် မရဘဲ Ballon d'Or ဆုကို ဆွတ်ခူးနိုင်ခဲ့ပြီး မက်ဆီ၊ စီရော်နယ်လ်ဒိုတို့နဲ့ ဂုဏ်ရည်တူသွားတဲ့ ဂန္ထဝင်တိုက်စစ်မှူး ဟာရီကိန်းရဲ့ စံချိန်တင် သွင်းဂိုးမှတ်တမ်းများအကြောင်း သုံးသပ်ချက်။

Read more

More News

သံမဏိအရည်ပျော်ချိန်
Football News

သံမဏိအရည်ပျော်ချိန်

နည်းပြဘဝရဲ့ ကြီးမားတဲ့ စိတ်ဖိစီးမှုနဲ့ ကျန်းမာရေးပြဿနာတွေကြောင့် လေ့ကျင့်ရေးကွင်းမှာ ရုတ်တရက် လဲကျခဲ့ရပြီး အနားယူဖို့ လိုအပ်နေတဲ့ ဘိုင်ယန်မြူးနစ်နည်းပြ ကွန်ပနီရဲ့ အခြေအနေ သုံးသပ်ချက်။

Read more
လိဂ်တူးအသင်းကို ရှုံးတဲ့ရှက်စရာအာဆင်နယ်
Football News

လိဂ်တူးအသင်းကို ရှုံးတဲ့ရှက်စရာအာဆင်နယ်

အဓိကကစားသမားတွေ ပါဝင်ခဲ့ပေမဲ့ လိဂ်တူးကလပ် ဖလက်ဝုဒ်တောင်းအသင်းကို ပယ်နယ်တီအဆုံးအဖြတ်မှာ ရှုံးနိမ့်ပြီး လိဂ်ဖလားပြိုင်ပွဲကနေ စောစီးစွာ ထွက်ခွာခဲ့ရတဲ့ အာဆင်နယ်အသင်းရဲ့ ရှက်စရာရှုံးပွဲ သုံးသပ်ချက်။

Read more
ကာရစ်အတွက် ကံကြမ္မာအသစ်လား..?  အဆုံးသ-တ်ဇာတ်သိမ်းလား..?
Football News

ကာရစ်အတွက် ကံကြမ္မာအသစ်လား..? အဆုံးသ-တ်ဇာတ်သိမ်းလား..?

၈ ပွဲဆက် နိုင်ပွဲပျောက်နေပေမဲ့ နည်းပြရာထူးကနေ မထုတ်ပယ်ခံရသေးဘဲ ချယ်လ်ဆီးနဲ့ပွဲမှာ နောက်ဆုံးအခွင့်အရေး ထပ်မံရရှိလိုက်တဲ့ မန်ယူနည်းပြ မိုက်ကယ်ကာရစ်ရဲ့ ကံကြမ္မာ သုံးသပ်ချက်။

Read more
ကာရစ်အတွက် ကံကြမ္မာအသစ်လား..?  အဆုံးသ-တ်ဇာတ်သိမ်းလား..?
Football News

ကာရစ်အတွက် ကံကြမ္မာအသစ်လား..? အဆုံးသ-တ်ဇာတ်သိမ်းလား..?

၈ ပွဲဆက် နိုင်ပွဲပျောက်နေပေမဲ့ နည်းပြရာထူးကနေ မထုတ်ပယ်ခံရသေးဘဲ ချယ်လ်ဆီးနဲ့ပွဲမှာ နောက်ဆုံးအခွင့်အရေး ထပ်မံရရှိလိုက်တဲ့ မန်ယူနည်းပြ မိုက်ကယ်ကာရစ်ရဲ့ ကံကြမ္မာ သုံးသပ်ချက်။

Read more
မိုက်ကယ်ကာရစ်ရဲ့ Failed Gamble
Football News

မိုက်ကယ်ကာရစ်ရဲ့ Failed Gamble

နည်းစနစ်ကို ဝေဖန်ခဲ့တဲ့ ဘရူနိုဖာနန်ဒက်စ်ကို ပွဲထွက်စာရင်းကနေ ဖယ်ရှားခဲ့ပေမဲ့ ဘုန်းမောက်ကို ဂိုးပြတ်ရှုံးနိမ့်ပြီး (၈) ပွဲဆက် နိုင်ပွဲပျောက်ခဲ့တဲ့ မန်ယူနည်းပြ မိုက်ကယ်ကာရစ်ရဲ့ ကျရှုံးသွားတဲ့ စွန့်စားခန်း။

Read more
မန်ယူနည်းပြသစ်နဲ့ ပွဲကျပ်ငရဲခန်း
Football News

မန်ယူနည်းပြသစ်နဲ့ ပွဲကျပ်ငရဲခန်း

ရာထူးကနေ ထုတ်ပယ်ခံရတော့မယ့် မိုက်ကယ်ကာရစ်နေရာမှာ အစားထိုးဖို့ နည်းပြသစ် ရှာဖွေနေတဲ့ မန်ယူအသင်းရဲ့ အခြေအနေနဲ့ ချယ်လ်ဆီး၊ လီဗာပူးလ်တို့အပါအဝင် စောင့်ကြိုနေတဲ့ ပွဲကျပ်ငရဲခန်းအကြောင်း သုံးသပ်ချက်။

Read more

Official Channels

ONEX2 banner