Football News

မိုက်ကယ်ကာရစ်ရဲ့ Failed Gamble

မိုက်ကယ်ကာရစ်ရဲ့ Failed Gamble

နည်းစနစ်ကို ဝေဖန်ခဲ့တဲ့ ဘရူနိုဖာနန်ဒက်စ်ကို ပွဲထွက်စာရင်းကနေ ဖယ်ရှားခဲ့ပေမဲ့ ဘုန်းမောက်ကို ဂိုးပြတ်ရှုံးနိမ့်ပြီး (၈) ပွဲဆက် နိုင်ပွဲပျောက်ခဲ့တဲ့ မန်ယူနည်းပြ မိုက်ကယ်ကာရစ်ရဲ့ ကျရှုံးသွားတဲ့ စွန့်စားခန်း။

ဘရူနိုဖာနန်ဒက်စ်ကို ပွဲကစားခွင့်မပေးတာ မိုက်ကယ်ကာရစ်ရဲ့ Failed gamble ကျရှုံးခဲ့တဲ့ စွန့်စားခန်းဖြစ်ခဲ့ပါတယ်။

တကယ်လို့များ ဘုန်းမောက်နဲ့ပွဲမှာသာ ရလဒ်ကောင်းခဲ့မယ်ဆိုရင် မိုက်ကယ်ကာရစ်ရဲ့ ဆုံးဖြတ်ချက်ဟာ ကြီးမားတဲ့အရွေ့ဖြစ်လာမှာပါ။

ဒါပေမဲ့ မန်ယူအသင်းက ဆိုးရွားစုတ်ပြတ်စွာပဲ ဂိုးပြတ်အညံ့ခံလိုက်ရတယ်။ (၈)ပွဲဆက်နိုင်ပွဲပျောက်ဆုံးတဲ့ မှတ်တမ်းဆိုးကို ပိုင်ဆိုင်လိုက်ရပါတယ်။

ဘရူနိုဖာနန်ဒက်စ်ကို အရန်ခုံပို့လိုက်တာဟာ ပုဂ္ဂိုလ်ရေးခံစားချက်မဟုတ်ဘဲ ဘောလုံးသီးသန့်ဆုံးဖြတ်ချက်လို့ မိုက်ကယ်ကာရစ်က ပြောပါတယ်။

မန်ယူကစားသမားဘ၀မှာ ဘရူနိုဖာနန်ဒက်စ် အရန်ခုံထိုင်ခဲ့ရတာ (၆) ကြိမ်ပဲရှိခဲ့ပါတယ်။ နောက်ဆုံး (၂) ကြိမ်က ၂၀၂၄-၂၅ ရာသီကဖြစ်ပြီး

ရာသီပိတ်ပရီးမီးယားလိဂ်နောက်ဆုံး (၂) ပွဲမွာ ဘရူနိုဖာနန်ဒက်စ် အနားပေးခံရတာပါ။

အဲဒီအချိန်တုန်းက မန်ယူက ယူရိုပါလိဂ်အရေးကြီးတဲ့ပွဲတွေကစားရဖို့ရှိလို့ အနားပေးခဲ့တာလည်း ဖြစ်ပါတယ်။

ပြောရမယ်ဆိုရင် ဘရူနိုဖာနန်ဒက်စ်က ပြီးခဲ့တဲ့တစ်ရာသီလုံးနီးပါး မန်ယူအသင်းရဲ့ Untouchable Player ဖြစ်ခဲ့တာပါ။

ဘရူနိုဖာနန်ဒက်စ်မပါ၀င်တဲ့ ပရီးမီးယားလိဂ် (၁၀)ပွဲမွာ မန်ယူက (၆)ပွဲရှုံးပြီး (၁)ပွဲသာ နိုင်တဲ့အထိ ရလဒ်ဆိုးခဲ့ပါတယ်။

မိုက်ကယ်ကာရစ်ရဲ့ နည်းစနစ်တွေကို လူသိရှင်ကြားဝေဖန်တဲ့ ဘရူနိုဖာနန်ဒက်စ်ရဲ့ လုပ်ရပ်မှားသလို၊ ဘရူနိုဖာနန်ဒက်စ်ကို

ဘုန်းမောက်နဲ့ပွဲမှာ တစ်ပွဲလုံးမသုံးတဲ့ မိုက်ကယ်ကာရစ်ရဲ့ လုပ်ရပ်လည်း မှားပါတယ်။

တကယ်ဆိုရင် ဒုတိယပိုင်းအစမှာ ဘရူနိုဖာနန်ဒက်စ်ကို ထည့်ကစားသင့်ပါတယ်။ ပွဲအဖြေ အပြောင်းအလဲ ဖြစ်စေမယ့် ကောက်ရိုးတမျှင်က ဘရူနိုဖာနန်ဒက်စ်ပါ။

Sky Sports က ကာရေဂါက " မန်ယူအတွက် ဘရူနိုဖာနန်ဒက်စ်က အကောင်းဆုံးကစားသမားပါ။

PFA တစ်နှစ်တာအကောင်းဆုံးကစားသမားဆုကိုလည်း ရခဲ့သူဖြစ်ပါတယ်။ သူလိုလူမျိုးကို အသင်းလူစာရင်းကနေ ဖယ်ရှားလို့မရပါဘူး" လို့ ဝေဖန်ခဲ့တယ်။

BBC ရဲ့စစ်တမ်းမှာ ၀င်ရောက်ဖြေဆိုသူ မန်ယူအသင်းပရိသတ်အများစုကတော့ ဘရူနိုဖာနန်ဒက်စ်ကို ဖယ်ရှားလိုက်တာ

မိုက်ကယ်ကာရစ်ရဲ့ ရဲဝံ့တဲ့ဆုံးဖြတ်ချက်ဆိုပြီး ပြောကြပါတယ်။

ဘယ်သူမှန်တယ်၊ ဘယ်သူမှားတယ်ဆိုတာ အတော်လေးခွဲခြားရခက်တဲ့အခြေအနေကို မန်ယူမှာ မြင်နေရပါတယ်။

Related News

သံမဏိအရည်ပျော်ချိန်
Football News

သံမဏိအရည်ပျော်ချိန်

နည်းပြဘဝရဲ့ ကြီးမားတဲ့ စိတ်ဖိစီးမှုနဲ့ ကျန်းမာရေးပြဿနာတွေကြောင့် လေ့ကျင့်ရေးကွင်းမှာ ရုတ်တရက် လဲကျခဲ့ရပြီး အနားယူဖို့ လိုအပ်နေတဲ့ ဘိုင်ယန်မြူးနစ်နည်းပြ ကွန်ပနီရဲ့ အခြေအနေ သုံးသပ်ချက်။

Read more
လိဂ်တူးအသင်းကို ရှုံးတဲ့ရှက်စရာအာဆင်နယ်
Football News

လိဂ်တူးအသင်းကို ရှုံးတဲ့ရှက်စရာအာဆင်နယ်

အဓိကကစားသမားတွေ ပါဝင်ခဲ့ပေမဲ့ လိဂ်တူးကလပ် ဖလက်ဝုဒ်တောင်းအသင်းကို ပယ်နယ်တီအဆုံးအဖြတ်မှာ ရှုံးနိမ့်ပြီး လိဂ်ဖလားပြိုင်ပွဲကနေ စောစီးစွာ ထွက်ခွာခဲ့ရတဲ့ အာဆင်နယ်အသင်းရဲ့ ရှက်စရာရှုံးပွဲ သုံးသပ်ချက်။

Read more
ကာရစ်အတွက် ကံကြမ္မာအသစ်လား..?  အဆုံးသ-တ်ဇာတ်သိမ်းလား..?
Football News

ကာရစ်အတွက် ကံကြမ္မာအသစ်လား..? အဆုံးသ-တ်ဇာတ်သိမ်းလား..?

၈ ပွဲဆက် နိုင်ပွဲပျောက်နေပေမဲ့ နည်းပြရာထူးကနေ မထုတ်ပယ်ခံရသေးဘဲ ချယ်လ်ဆီးနဲ့ပွဲမှာ နောက်ဆုံးအခွင့်အရေး ထပ်မံရရှိလိုက်တဲ့ မန်ယူနည်းပြ မိုက်ကယ်ကာရစ်ရဲ့ ကံကြမ္မာ သုံးသပ်ချက်။

Read more

More News

နှုတ်မစောင့်တဲ့လိပ်ကြောင့်ဖြစ်တဲ့ တရုတ်-လာလီဂါ ပဋိပက္ခ
Players News

နှုတ်မစောင့်တဲ့လိပ်ကြောင့်ဖြစ်တဲ့ တရုတ်-လာလီဂါ ပဋိပက္ခ

အင်တာဗျူးတစ်ခုမှာ အမှားအယွင်းပြောဆိုမိခဲ့တဲ့ ဘာပေကြောင့် တရုတ်နိုင်ငံရဲ့ ပြင်းထန်တဲ့ တုံ့ပြန်မှုနဲ့ သပိတ်မှောက်မှုတွေကို ရင်ဆိုင်နေရပြီး ရုပ်သံဈေးကွက် ဆုံးရှုံးမယ့်အရေးနဲ့ ကြုံနေရတဲ့ လာလီဂါအကြောင်း သုံးသပ်ချက်။

Read more
ဒေါင်းမန်းနဲ့ စိတ်လိုက်မာန်ပါ လူငယ်တွေအကြောင်း
Players News

ဒေါင်းမန်းနဲ့ စိတ်လိုက်မာန်ပါ လူငယ်တွေအကြောင်း

ဖလက်ဝုဒ်နဲ့ပွဲမှာ အနီကတ်ပြခံရလို့ အာတီတာရဲ့ ဆူပူမှုကို ခံခဲ့ရတဲ့ ဒေါင်းမန်းနဲ့ ရွန်နီ၊ မက်ဆီတို့လို လူငယ်ဘဝမှာ စိတ်လိုက်မာန်ပါ အမှားလုပ်ခဲ့ကြတဲ့ နာမည်ကျော်ကစားသမားတွေအကြောင်း သုံးသပ်ချက်။

Read more
ကာရစ်အတွက် ကံကြမ္မာအသစ်လား..?  အဆုံးသ-တ်ဇာတ်သိမ်းလား..?
Football News

ကာရစ်အတွက် ကံကြမ္မာအသစ်လား..? အဆုံးသ-တ်ဇာတ်သိမ်းလား..?

၈ ပွဲဆက် နိုင်ပွဲပျောက်နေပေမဲ့ နည်းပြရာထူးကနေ မထုတ်ပယ်ခံရသေးဘဲ ချယ်လ်ဆီးနဲ့ပွဲမှာ နောက်ဆုံးအခွင့်အရေး ထပ်မံရရှိလိုက်တဲ့ မန်ယူနည်းပြ မိုက်ကယ်ကာရစ်ရဲ့ ကံကြမ္မာ သုံးသပ်ချက်။

Read more
ဟာရီကိန်းရဲ့ စင်ဒရဲလားပုံပြင်
Players News

ဟာရီကိန်းရဲ့ စင်ဒရဲလားပုံပြင်

အောက်တန်းလိဂ် အငှားကစားသမားဘဝကနေ ၂၀၂၆ Ballon d'Or ဆုရှင်အဖြစ် အမြင့်ဆုံး ရောက်ရှိလာတဲ့ ဟာရီကိန်းရဲ့ ဒဏ္ဍာရီဆန်တဲ့ ဖြတ်သန်းမှုနဲ့ စပါးအသင်းဆီ ပြန်လာနိုင်ခြေ သုံးသပ်ချက်။

Read more
မက်ဆီ၊ စီရော်နယ်လ်ဒိုတို့နဲ့ ဂုဏ်ရည်တူသွားတဲ့ ဂန္ထဝင်ဟာရီကိန်း
Players News

မက်ဆီ၊ စီရော်နယ်လ်ဒိုတို့နဲ့ ဂုဏ်ရည်တူသွားတဲ့ ဂန္ထဝင်ဟာရီကိန်း

ကမ္ဘာ့ဖလားနဲ့ ချန်ပီယံလိဂ် မရဘဲ Ballon d'Or ဆုကို ဆွတ်ခူးနိုင်ခဲ့ပြီး မက်ဆီ၊ စီရော်နယ်လ်ဒိုတို့နဲ့ ဂုဏ်ရည်တူသွားတဲ့ ဂန္ထဝင်တိုက်စစ်မှူး ဟာရီကိန်းရဲ့ စံချိန်တင် သွင်းဂိုးမှတ်တမ်းများအကြောင်း သုံးသပ်ချက်။

Read more
မန်ယူနည်းပြသစ်နဲ့ ပွဲကျပ်ငရဲခန်း
Football News

မန်ယူနည်းပြသစ်နဲ့ ပွဲကျပ်ငရဲခန်း

ရာထူးကနေ ထုတ်ပယ်ခံရတော့မယ့် မိုက်ကယ်ကာရစ်နေရာမှာ အစားထိုးဖို့ နည်းပြသစ် ရှာဖွေနေတဲ့ မန်ယူအသင်းရဲ့ အခြေအနေနဲ့ ချယ်လ်ဆီး၊ လီဗာပူးလ်တို့အပါအဝင် စောင့်ကြိုနေတဲ့ ပွဲကျပ်ငရဲခန်းအကြောင်း သုံးသပ်ချက်။

Read more

Official Channels

ONEX2 banner