ပရီးမီးယားလိဂ်သမိုင်းမှာ သိပ်ပြီးတန်ဖိုးရှိတဲ့ ကစားသမားအပြောင်းအရွှေ့တွေရှိခဲ့ဖူးပါတယ်။
အဲဒီအပြောင်းအရွှေ့တွေဟာ တန်ဖိုးမြင့်မားလွန်းတဲ့အပြောင်းအရွှေ့တွေဖြစ်ချင်မှဖြစ်ပါလိမ့်မယ်။
ဒါပေမဲ့ ကစားသမားအတွက်ရော ဝယ်ယူလိုက်တဲ့အသင်းအတွက်ပါအကျိုးများခဲ့ပါတယ်။
ပရီးမီးယားလိဂ်သမိုင်းတစ်လျှောက်တစ်ရွာပြောင်းလို့သူကောင်းဖြစ်ရတဲ့အပြောင်းအရွှေ့တွေဖော်ပြလိုက်ပါတယ်။
တစ်ရွာပြောင်းလို့သူကောင်းဖြစ်ခဲ့သူများ
ပရီးမီးယားလိဂ်သမိုင်းမှာ သိပ်ပြီးတန်ဖိုးရှိတဲ့ ကစားသမားအပြောင်းအရွှေ့တွေရှိခဲ့ဖူးပါတယ်။
အဲဒီအပြောင်းအရွှေ့တွေဟာ တန်ဖိုးမြင့်မားလွန်းတဲ့အပြောင်းအရွှေ့တွေဖြစ်ချင်မှဖြစ်ပါလိမ့်မယ်။
ဒါပေမဲ့ ကစားသမားအတွက်ရော ဝယ်ယူလိုက်တဲ့အသင်းအတွက်ပါအကျိုးများခဲ့ပါတယ်။
ပရီးမီးယားလိဂ်သမိုင်းတစ်လျှောက်တစ်ရွာပြောင်းလို့သူကောင်းဖြစ်ရတဲ့အပြောင်းအရွှေ့တွေဖော်ပြလိုက်ပါတယ်။
ရော်ဘင်ဗန်ပါစီ (၂၀၁၂)
၂၀၁၂ ခုနှစ်၊ နွေရာသီအပြောင်းအရွှေ့ကာလမှာ ဗန်ပါစီက အာဆင်နယ်ကနေမန်ယူကိုရောက်လာခဲ့တယ်။
အာဆင်နယ်က သူတို့အသင်းရဲ့ဂိုးသွင်းအများဆုံးကစားသမားကိုမဟာပြိုင်ဘက်အသင်းတစ်သင်းကို
ရောင်းခဲ့တာပါ။ ဗန်ပါစီကိုယ်တိုင်က ပရီးမီးယားလိဂ်ချန်ပီယံမျှော်လင့်ချက်အတွက်မန်ယူကို ရွေးချယ်ခဲ့ပြီးနောက်ဆုံးမှာ သူ့ရည်မှန်းချက်ပြည့်ခဲ့ပါတယ်။
ဖာဂူဆန်ရဲ့မန်ယူနည်းပြဘဝနောက်ဆုံးရာသီမှာ ကျောနံပါတ် ၂၀ ဝတ်ဆင်တဲ့ ဗန်ပါစီက
၂၆ ဂိုးသွင်းယူပြီး မန်ယူအတွက်အကြိမ် ၂၀ မြောက်ပရီးမီးယားလိဂ်ချန်ပီယံဆုသိမ်းပိုက်နိုင်ခဲ့ပါတယ်။
ဆိုးလ်ကမ်းဘဲလ် (၂၀၀၁)
၂၀၀၁ ခုနှစ်၊ ဇူလိုင်လမှာ ဆိုးလ်ကမ်းဘဲလ်က စပါးကနေအာဆင်နယ်ကိုပြောင်းခဲ့ပါတယ်။ ခါးသီးတဲ့မြောက်လန်ဒန်ဒါဘီပရိသတ်ကြားမှာ
ဆိုးလ်ကမ်းဘဲလ်ရဲ့အပြောင်းအရွှေ့က ပွက်လောရိုက်ခဲ့ပါတယ်။ ဆိုးလ်ကမ်းဘဲလ်က ဘာစီလိုနာ၊ ဘိုင်ယန်မြူးနစ်၊
အင်တာမီလန်တို့ကို ငြင်းပယ်ပြီး အာဆင်နယ်ကို ရွေးချယ်ခဲ့တာပါ။
ဆိုးလ်ကမ်းဘဲလ် ရောက်လာတဲ့ရာသီမှာပဲ အာဆင်နယ်က လိဂ်ဖလားနဲ့ အက်ဖ်အေဖလားရခဲ့ပြီး
အာဆင်နယ်ရဲ့ဂန္ထဝင်ဆန်တဲ့ 'Invincibles'ရာသီမှာလည်း ဆိုးလ်ကမ်းဘဲလ်က အဓိကနောက်ခံလူ ဖြစ်ခဲ့ပါတယ်။
ကန်တေ (၂၀၁၅)
ပရီးမီးယားလိဂ်ရဲ့အကောင်းဆုံးကွင်းလယ်လူတစ်ဉီးဖြစ်ခဲ့တဲ့လူအေးကြီး ကန်တေက ၂၀၁၅ ခုနှစ်အတွင်း
လက်စတာကိုမရောက်ခင် ပြင်သစ်တတိယတန်းကလပ်မှာ ကစားခဲ့ရပါတယ်။ လက်စတာကိုရောက်ပြီးနောက်
ကန်တေက သူ့ရဲ့မမောနိုင်မပန်းနိုင်ပေးဆပ်ကစားပုံကို ကမ္ဘာသိအောင်ပြသနိုင်ခဲ့တယ်။
လက်စတာအသင်းရဲ့ဒဏ္ဍာရီဆန်လွန်းတဲ့ပရီးမီးယားလိဂ်ချန်ပီယံခရီးမှာ ကန်တေက အဓိကနှလုံးသားဖြစ်ခဲ့ပါတယ်။
လက်စတာကစားသမားဘဝအလွန် ချယ်လ်ဆီးကစားသမားဘဝမှာလည်းကန်တေက
ပရိသတ်အချစ်တော်၊ ပရီးမီးယားလိဂ်ရဲ့အကောင်းဆုံးကွင်းလယ်လူဖြစ်ခဲ့ပါတယ်။
အဂွဲရိုး (၂၀၁၁)
မန်စီးတီးတစ်ခေတ်ကိုစတင်ပေးခဲ့သူတွေထဲအဂွဲရိုးက ထိပ်ဆုံးကဖြစ်ပါတယ်။ QPR အသင်းနဲ့ရာသီပိတ်ပွဲမှာသာ
အဂွဲရိုးနောက်ကျဂိုးမသွင်းနိုင်ရင်မန်စီးတီးရဲ့ချန်ပီယံခရီးအစဖြစ်လာမှာမဟုတ်ပါဘူး။ ၁၉၆၈ ခုနှစ်နောက်ပိုင်း
အမှတ်ပေးချန်ပီယံဆု မရခဲ့တဲ့မန်စီးတီးအတွက် အဂွဲရိုးက သွင်းဂိုးတွေနဲ့ပါရမီဖြည့်ပေးခဲ့တယ်။
မန်စီးတီးကစားသမားဘဝပထမဆုံးရာသီမှာ အဂွဲရိုးက ၂၃ ဂိုးအထိသွင်းပြီး ချန်ပီယံဆုရအောင်ကူညီပေးခဲ့တာပါ။
မန်စီးတီးအသင်းကထွက်ခွာချိန်မှာတော့ အဂွဲရိုးကတော့ သွင်းဂိုး ၂၆၀ သွင်းယူခဲ့ပြီး
အသင်းသမိုင်းတစ်လျှောက်သွင်းဂိုးအများဆုံးကစားသမားဖြစ်ခဲ့ပါတယ်။
ပရီးမီးယားလိဂ်ချန်ပီယံ ငါးကြိမ်အပါအဝင်အောင်ပွဲများစွာရခဲ့ပါတယ်။