ဟာရီကိန်းက အသက်သုံးဆယ်ကျော်မှ ပိုပြီးထူးချွန်လာတယ်။ ဂိုးတွေပိုသွင်းလာတယ်။
ဘိုဒိုဂလင့်အသင်းနဲ့ ချန်ပီယံလိဂ်ပွဲမှာ ဟာရီကိန်းက ဂိုးသွင်းယူပြီးနောက် စီရော်နယ်လ်ဒို၊ လီဝန်ဒေါစကီး၊
နစ္စတယ်ရွိုင်းတို့ရဲ့ချန်ပီယံလိဂ် ၈ ပွဲဆက်ဂိုးသွင်းနိုင်တဲ့ စံချိန်ပိုင်ဆိုင်ခဲ့ပါတယ်။
စီရော်နယ်လ်ဒိုနဲ့ ဘန်ဇီမာလို ဟာရီကိန်း
ဟာရီကိန်းက အသက်သုံးဆယ်ကျော်မှ ပိုပြီးထူးချွန်လာတယ်။ ဂိုးတွေပိုသွင်းလာတယ်။
ဘိုဒိုဂလင့်အသင်းနဲ့ ချန်ပီယံလိဂ်ပွဲမှာ ဟာရီကိန်းက ဂိုးသွင်းယူပြီးနောက် စီရော်နယ်လ်ဒို၊ လီဝန်ဒေါစကီး၊
နစ္စတယ်ရွိုင်းတို့ရဲ့ချန်ပီယံလိဂ် ၈ ပွဲဆက်ဂိုးသွင်းနိုင်တဲ့ စံချိန်ပိုင်ဆိုင်ခဲ့ပါတယ်။
ပြီးခဲ့တဲ့၂၀၂၅-၂၆ ရာသီမှာ ဟာရီကိန်းက ပြိုင်ပွဲစုံသွင်းဂိုး ၆၀ အထိ ဖန်ဆင်းပြခဲ့ပါတယ်။
၂၀၂၅-၂၆ ရာသီမှာဟာရီကိန်းကစားတဲ့ ပြိုင်ပွဲ ၃ခုမှာ သူ ကစားတဲ့ ပွဲအရေအတွက်ထက် သွင်းဂိုးအရေအတွက်က ပိုများနေတယ်။
ဒါမျိုးက တော်ရုံကစားသမားမလုပ်နိုင်တဲ့ ဂန္ထဝင်ဆန်တဲ့အရာဖြစ်ပါတယ်။
ဟာရီကိန်းကဘွန်ဒစ်လီဂါ ၃၁ ပွဲမှာ ၃၆ ဂိုး၊ ချန်ပီယံလိဂ် ၁၃ ပွဲမှာ ၁၄ ဂိုး၊ ဂျာမန်ပိုကယ်ဖလား ၆ ပွဲမှာ ၁၀ ဂိုးအထိ သွင်းပြီး
ကစားတဲ့ပွဲအရေအတွက်ထက် သွင်းဂိုးကပိုများခဲ့တာ ဖြစ်ပါတယ်။
၂၀၂၅-၂၆ ရာသီမှာ ဟာရီကိန်းက ဘိုင်ယန်မြူးနစ်နဲ့အတူ ဟက်ထရစ် ၁၃ ကြိမ်အထိ သွင်းယူနိုင်ခဲ့ပါတယ်။
ဟာရီကိန်းက ဘွန်ဒစ်လီဂါမှာ ၁၁ ကြိမ်၊ ချန်ပီယံလိဂ်နဲ့ ဂျာမန်ဖလားမှာ တစ်ကြိမ်စီ ရှိခဲ့တာဖြစ်ပါတယ်။
ဘိုင်ယန်မြူးနစ်ကစားသမားဘဝအစ ၂၀၂၃-၂၄ ရာသီနဲ့ ဒုတိယမြောက် ၂၀၂၄-၂၅ ရာသီတွေမှာ
ဟာရီကိန်းက ဘိုင်ယန်မြူးနစ်အတွက် ဟက်ထရစ်လေးကြိမ်သွင်းခဲ့ပြီး
၂၀၂၅-၂၆ ရာသီမှာတော့ ဟက်ထရစ်ငါးကြိမ်အထိ သွင်းယူခဲ့တာဖြစ်တယ်။
Ballon d'Or ဆုအတွက်ဆန်ခါတင်စာရင်းထွက်လာပြီးနောက် ဟာရီကိန်းကရေပန်းအစားဆုံး ဖြစ်ခဲ့တယ်။
ကမ္ဘာ့ဖလားရတဲ့ယမားလ်၊ ရိုဒရီ၊ ကမ္ဘာ့ဖလားသွင်းဂိုးအများဆုံးစံချိန်တင်ခဲ့တဲ့ ဘာပေတို့ထက် ရေပန်းစားနေတာပါ။
ဟာရီကိန်းက ပြီးခဲ့တဲ့ရာသီမှာ ဘိုင်ယန်မြူးနစ်နဲ့အတူ ချန်ပီယံအောင်ပွဲတွေ၊ သွင်းဂိုးစံချိန်တွေ ပိုင်ဆိုင်ခဲ့သလို
ကမ္ဘာ့ဖလားမှာလည်း ထူးချွန်ခဲ့တယ်။
ဟာရီကိန်းက ယမားလ်၊ ဘာပေတို့ထက် ဘောလုံးလောကထဲ အရင်ထူးချွန်ပြခဲ့သူပါ။
ရိုဒရီထက်ပိုပြီး စဉ်ဆက်မပြတ်ထူးချွန်ပြခဲ့သူပါ။
လက်ရှိရာသီမှာလည်း ဟာရီကိန်းက သူ့ရဲ့ထက်မြက်ပါဝါကို ဆက်လက်သရုပ်ဖော်နေတယ်။
စီရော်နယ်လ်ဒို၊ ဘန်ဇီမာတို့လိုမျိုး အသက်သုံးဆယ်ကျော်မှ ဟာရီကိန်းက ပိုပြီးထက်မြက်လာတာပါ။ ဂိုးတွေပိုသွင်းပြလာတာပါ။
သူက Ballon d'Or ဆုနဲ့ ထိုက်တန်ပါတယ်။