Football News

ဆာကာရဲ့အကောင်းဆုံးစွမ်းရည်ပြန်လည်ခံစားခွင့်ရပြီ

ဆာကာရဲ့အကောင်းဆုံးစွမ်းရည်ပြန်လည်ခံစားခွင့်ရပြီ

ဆာကာရဲ့ဘောလုံးသယ်ယူနိုင်စွမ်းက ပရီးမီးယားလိဂ်မှာ ထိပ်တန်းအဆင့်ပါ။ ကမ္ဘာ့အဆင့်လို့ မျက်စိမှိတ်ပြောနိုင်မယ့်အရည်အသွေးမျိုးလည်း ဆာကာ ပြသနေပါတယ်။ အဓိကက ဆုဖလားအောင်ပွဲတွေဆက်တိုက် ရဖို့ပါပဲ။ ပရီးမီးယားလိဂ်ရပြီးသားဆာကာအတွက် ချန်ပီယံလိဂ်လိုအောင်ပွဲကို လက်ရှိရာသီမှာထပ်ရရင် ဆာကာရဲ့တန်ဖိုးက ပိုပြီးမြင့်တက်လာလိမ့်မယ်။

ဆာကာရဲ့အကောင်းဆုံးစွမ်းရည်ပြန်လည်ခံစားခွင့်ရပြီ

ဆာကာရဲ့ဘောလုံးသယ်ယူနိုင်စွမ်းက ပရီးမီးယားလိဂ်မှာ ထိပ်တန်းအဆင့်ပါ။

ကမ္ဘာ့အဆင့်လို့ မျက်စိမှိတ်ပြောနိုင်မယ့်အရည်အသွေးမျိုးလည်း ဆာကာ ပြသနေပါတယ်။

အဓိကက ဆုဖလားအောင်ပွဲတွေဆက်တိုက် ရဖို့ပါပဲ။

ပရီးမီးယားလိဂ်ရပြီးသားဆာကာအတွက် ချန်ပီယံလိဂ်လိုအောင်ပွဲကို လက်ရှိရာသီမှာထပ်ရရင်

ဆာကာရဲ့တန်ဖိုးက ပိုပြီးမြင့်တက်လာလိမ့်မယ်။

အာဆင်နယ်အတွက်ဆာကာက သိပ်ပြီးထူးချွန်တဲ့ ကောက်ကြောင်းပါ။ ပြီးခဲ့တဲ့ရာသီမှာ ဆာကာကစားချိန်မှာ

အာဆင်နယ်က ၄၉ပွဲ အထိနိုင်ပြီး ဆာကာမကစားချိန်မှာ ၁၄ ပွဲသာအနိုင်ရခဲ့တယ်။

အဲဒီကိန်းဂဏနိးတွေဟာ ဆာကာရဲ့တန်ဖိုးကို သက်သေပြနေပါတယ်။

ဆာကာရဲ့အာဆင်နယ်အတွက်အနစ်နာခံလိုစိတ်ကလည်း လေးစားစရာကောင်းပါတယ်။ ပြီးခဲ့တဲ့ရာသီမှာ

ဒဏ်ရာရနေလျက်နဲ့ဝင်ကစားရချိန်တွေ ရှိခဲ့ဖူးတယ်။ အာဆင်နယ်ရဲ့အခက်ခဲဆုံးကာလတွေကို ဆာကာ ရင်ဆိုင်ရဖူးတယ်။

အာဆင်နယ်အတွက် ၂၀၁၉ ခုနှစ်မှာ  ဆာကာ စတင်အမှုထမ်းခဲ့ပါတယ်။ အဲဒီအချိန်တုန်းက

အာဆင်နယ်ဟာ ချန်ပီယံအိပ်မက်တွေရဲ့အဝေးမှာ၊ ဆာကာကလည်း လူမသိသူမသိ ပုံရိပ်လေး၊

အတူတူရုန်းကန်ရင်း လက်ရှိအခြေအနေဆီ ရောက်လာတာပါပဲ။ အာဆင်နယ်ကစားသမားဘဝအစမှာ

ဆာကာက ခံစစ်အစွန်လူအဖြစ် အသုံးတော်ခံခဲ့ရတယ်။ တိုက်စစ်ကို ကူညီရတော့လည်း အခုသူကစားနေတဲ့

ညာတောင်ပံမှာ ကစားခွင့်မရဘူး။ ဘယ်တောင်ပံမှာ ကစားခဲ့ရပါတယ်။

အခက်အခဲတွေကိုစားသုံးရင်း ဆာကာက စွမ်းအင်အဖြစ်ပြောင်းလဲခဲ့တယ်။

အာဆင်နယ်ကိုချန်ပီယံအောင်ပွဲဆီ ရောက်အောင် ပါရမီဖြည့်ပေးခဲ့တယ်။

လက်ရှိရာသီအစမှာလည်း ဆာကာက ဟာဗတ်ဇ်၊ အော်ဒီဂွာတို့နဲ့အတူ အာဆင်နယ်တိုက်စစ်အတွက် ဟန်ချက်ညီညီအစွမ်းပြနေပါတယ်။

ပြိုင်ဘက်အသင်းတွေဟာ အာဆင်နယ်ရဲ့ညာခြမ်းတိုက်စစ်ကိုထိန်းချုပ်ရခက်နေပါတယ်။

ဆာကာက တစ်ကိုယ်ရည်စာခြေစွမ်းအပြင် ချစ်ခြင်းမေတ္တာ၊ သစ္စာတရား၊ ကိုယ့်ကိုယ်ကိုလောင်ကျွမ်းမတတ် ပေးဆပ်မှုတွေနဲ့

အာဆင်နယ်အတွက် အမှုတော်ထမ်းနေပါတယ်။

ဒဏ်ရာပြဿနာသာကင်းစင်နေမယ်ဆိုရင် ဆာကာက ဉရောပဘောလုံးလောကရဲ့အကောင်းဆုံးတောင်ပံကစားသမားတစ်ဉီးပါ။

သေချာတာက ဆာကာရဲ့အကောင်းဆုံးစွမ်းရည်ပြန်လည်ခံစားခွင့်ရပါပြီ။

Related News

သံမဏိအရည်ပျော်ချိန်
Football News

သံမဏိအရည်ပျော်ချိန်

နည်းပြဘဝရဲ့ ကြီးမားတဲ့ စိတ်ဖိစီးမှုနဲ့ ကျန်းမာရေးပြဿနာတွေကြောင့် လေ့ကျင့်ရေးကွင်းမှာ ရုတ်တရက် လဲကျခဲ့ရပြီး အနားယူဖို့ လိုအပ်နေတဲ့ ဘိုင်ယန်မြူးနစ်နည်းပြ ကွန်ပနီရဲ့ အခြေအနေ သုံးသပ်ချက်။

Read more
လိဂ်တူးအသင်းကို ရှုံးတဲ့ရှက်စရာအာဆင်နယ်
Football News

လိဂ်တူးအသင်းကို ရှုံးတဲ့ရှက်စရာအာဆင်နယ်

အဓိကကစားသမားတွေ ပါဝင်ခဲ့ပေမဲ့ လိဂ်တူးကလပ် ဖလက်ဝုဒ်တောင်းအသင်းကို ပယ်နယ်တီအဆုံးအဖြတ်မှာ ရှုံးနိမ့်ပြီး လိဂ်ဖလားပြိုင်ပွဲကနေ စောစီးစွာ ထွက်ခွာခဲ့ရတဲ့ အာဆင်နယ်အသင်းရဲ့ ရှက်စရာရှုံးပွဲ သုံးသပ်ချက်။

Read more
ကာရစ်အတွက် ကံကြမ္မာအသစ်လား..?  အဆုံးသ-တ်ဇာတ်သိမ်းလား..?
Football News

ကာရစ်အတွက် ကံကြမ္မာအသစ်လား..? အဆုံးသ-တ်ဇာတ်သိမ်းလား..?

၈ ပွဲဆက် နိုင်ပွဲပျောက်နေပေမဲ့ နည်းပြရာထူးကနေ မထုတ်ပယ်ခံရသေးဘဲ ချယ်လ်ဆီးနဲ့ပွဲမှာ နောက်ဆုံးအခွင့်အရေး ထပ်မံရရှိလိုက်တဲ့ မန်ယူနည်းပြ မိုက်ကယ်ကာရစ်ရဲ့ ကံကြမ္မာ သုံးသပ်ချက်။

Read more

More News

နှုတ်မစောင့်တဲ့လိပ်ကြောင့်ဖြစ်တဲ့ တရုတ်-လာလီဂါ ပဋိပက္ခ
Players News

နှုတ်မစောင့်တဲ့လိပ်ကြောင့်ဖြစ်တဲ့ တရုတ်-လာလီဂါ ပဋိပက္ခ

အင်တာဗျူးတစ်ခုမှာ အမှားအယွင်းပြောဆိုမိခဲ့တဲ့ ဘာပေကြောင့် တရုတ်နိုင်ငံရဲ့ ပြင်းထန်တဲ့ တုံ့ပြန်မှုနဲ့ သပိတ်မှောက်မှုတွေကို ရင်ဆိုင်နေရပြီး ရုပ်သံဈေးကွက် ဆုံးရှုံးမယ့်အရေးနဲ့ ကြုံနေရတဲ့ လာလီဂါအကြောင်း သုံးသပ်ချက်။

Read more
ဒေါင်းမန်းနဲ့ စိတ်လိုက်မာန်ပါ လူငယ်တွေအကြောင်း
Players News

ဒေါင်းမန်းနဲ့ စိတ်လိုက်မာန်ပါ လူငယ်တွေအကြောင်း

ဖလက်ဝုဒ်နဲ့ပွဲမှာ အနီကတ်ပြခံရလို့ အာတီတာရဲ့ ဆူပူမှုကို ခံခဲ့ရတဲ့ ဒေါင်းမန်းနဲ့ ရွန်နီ၊ မက်ဆီတို့လို လူငယ်ဘဝမှာ စိတ်လိုက်မာန်ပါ အမှားလုပ်ခဲ့ကြတဲ့ နာမည်ကျော်ကစားသမားတွေအကြောင်း သုံးသပ်ချက်။

Read more
ကာရစ်အတွက် ကံကြမ္မာအသစ်လား..?  အဆုံးသ-တ်ဇာတ်သိမ်းလား..?
Football News

ကာရစ်အတွက် ကံကြမ္မာအသစ်လား..? အဆုံးသ-တ်ဇာတ်သိမ်းလား..?

၈ ပွဲဆက် နိုင်ပွဲပျောက်နေပေမဲ့ နည်းပြရာထူးကနေ မထုတ်ပယ်ခံရသေးဘဲ ချယ်လ်ဆီးနဲ့ပွဲမှာ နောက်ဆုံးအခွင့်အရေး ထပ်မံရရှိလိုက်တဲ့ မန်ယူနည်းပြ မိုက်ကယ်ကာရစ်ရဲ့ ကံကြမ္မာ သုံးသပ်ချက်။

Read more
ဟာရီကိန်းရဲ့ စင်ဒရဲလားပုံပြင်
Players News

ဟာရီကိန်းရဲ့ စင်ဒရဲလားပုံပြင်

အောက်တန်းလိဂ် အငှားကစားသမားဘဝကနေ ၂၀၂၆ Ballon d'Or ဆုရှင်အဖြစ် အမြင့်ဆုံး ရောက်ရှိလာတဲ့ ဟာရီကိန်းရဲ့ ဒဏ္ဍာရီဆန်တဲ့ ဖြတ်သန်းမှုနဲ့ စပါးအသင်းဆီ ပြန်လာနိုင်ခြေ သုံးသပ်ချက်။

Read more
မက်ဆီ၊ စီရော်နယ်လ်ဒိုတို့နဲ့ ဂုဏ်ရည်တူသွားတဲ့ ဂန္ထဝင်ဟာရီကိန်း
Players News

မက်ဆီ၊ စီရော်နယ်လ်ဒိုတို့နဲ့ ဂုဏ်ရည်တူသွားတဲ့ ဂန္ထဝင်ဟာရီကိန်း

ကမ္ဘာ့ဖလားနဲ့ ချန်ပီယံလိဂ် မရဘဲ Ballon d'Or ဆုကို ဆွတ်ခူးနိုင်ခဲ့ပြီး မက်ဆီ၊ စီရော်နယ်လ်ဒိုတို့နဲ့ ဂုဏ်ရည်တူသွားတဲ့ ဂန္ထဝင်တိုက်စစ်မှူး ဟာရီကိန်းရဲ့ စံချိန်တင် သွင်းဂိုးမှတ်တမ်းများအကြောင်း သုံးသပ်ချက်။

Read more
မိုက်ကယ်ကာရစ်ရဲ့ Failed Gamble
Football News

မိုက်ကယ်ကာရစ်ရဲ့ Failed Gamble

နည်းစနစ်ကို ဝေဖန်ခဲ့တဲ့ ဘရူနိုဖာနန်ဒက်စ်ကို ပွဲထွက်စာရင်းကနေ ဖယ်ရှားခဲ့ပေမဲ့ ဘုန်းမောက်ကို ဂိုးပြတ်ရှုံးနိမ့်ပြီး (၈) ပွဲဆက် နိုင်ပွဲပျောက်ခဲ့တဲ့ မန်ယူနည်းပြ မိုက်ကယ်ကာရစ်ရဲ့ ကျရှုံးသွားတဲ့ စွန့်စားခန်း။

Read more

Official Channels

ONEX2 banner