Football News

ပရီးမီးယားလိဂ်ရဲ့အဝါရောင်ကိုက်ခဲမှု

ပရီးမီးယားလိဂ်ရဲ့အဝါရောင်ကိုက်ခဲမှု

ဟားလ်စီးတီးက အတောင်ပံတပ်ထားတဲ့ကျားတစ်ကောင် ဖြစ်နေပါတယ်။ ပရီးမီးယားလိဂ်သုံးပွဲကစားပြီးချိန်မှာ ရမှတ် ၇ မှတ်ရထားပြီး ပရီးမီးယားလိဂ်သမိုင်းတစ်လျှောက် ရာသီအစ ရလဒ်အကောင်းဆုံး  တန်းတက်အသင်းစာရင်းဝင်ခဲ့ပါတယ်။

ပရီးမီးယားလိဂ်ရဲ့အဝါရောင်ကိုက်ခဲမှု

ဟားလ်စီးတီးက အတောင်ပံတပ်ထားတဲ့ကျားတစ်ကောင် ဖြစ်နေပါတယ်။ ပရီးမီးယားလိဂ်သုံးပွဲကစားပြီးချိန်မှာ

ရမှတ် ၇ မှတ်ရထားပြီး ပရီးမီးယားလိဂ်သမိုင်းတစ်လျှောက် ရာသီအစ ရလဒ်အကောင်းဆုံး  တန်းတက်အသင်းစာရင်းဝင်ခဲ့ပါတယ်။

ပရီးမီးယားလိဂ်သမိုင်းတစ်လျှောက် ရာသီအစသုံးပွဲမှာ ရှုံးပွဲမရှိအောင်အစွမ်းပြနိုင်တဲ့ တန်းတက်အသင်းက ဟာလ်းစီးတီးအသင်းနဲ့မှ ၆ သင်းပဲရှိခဲ့တယ်။

၂၀၀၁-၀၂ ရာသီက ဘောလ်တန်၊ ၁၉၉၂-၉၃ ရာသီက ဘလက်ဘန်း၊ ၁၉၉၄-၉၅ ရာသီက  နော်တင်ဟမ်ဖောရက်စ်၊

၂၀၀၃-၀၄ ရာသီက ပို့စ်မောက်၊ ၂၀၁၇-၁၈ ရာသီက ဟက်ဒါဖီးလ်နဲ့  လက်ရှိရာသီဟားလ်စီးတီးအသင်းတွေပဲ ဖြစ်ပါတယ်။

ဘော်လ်တန်အသင်းက ရာသီအစသုံးပွဲစလုံးအနိုင်ရပြီး အစကောင်းပေမယ့် ရာသီအဆုံးသတ်မှာ အဆင့် ၁၆ သာ ရခဲ့တယ်။

၁၉၉၂-၉၃ ရာသီမှာ ဘလက်ဘန်းအသင်းက ရာသီအစသုံးပွဲမှာ ၇ မှတ်ရပြီးရာသီအဆုံးသတ်တော့ အဆင့် ၄ နေရာပိုင်ဆိုင်ခဲ့ပါတယ်။

၁၉၉၄-၉၅ ရာသီက နော်တင်ဟမ်ဖောရက်စ်ကတော့ တန်းတက်အသင်းတွေထဲ အအောင်မြင်ဆုံးဖြစ်ခဲ့တယ်။

ရာသီအစသုံးပွဲမှာ ရမှတ် ၇ မှတ်ရပြီး ရာသီကုန်တော့ အဆင့် ၃ နေရာရခဲ့တာပါ။

ရာသီအစသုံးပွဲမှာ ရမှတ် ၇ မှတ်၂၀၀၃-၀၄ ရာသီက ပို့စ်မောက်နဲ့ ၂၀၁၇-၁၈ ရာသီက ဟက်ဒါဖီးလ်အသင်းတွေကတော့

အဆင့် ၁၃ နဲ့ အဆင့်၁၆ နေရာတွေသာ ပိုင်ဆိုင်ခဲ့ကြပါတယ်။

လက်ရှိရာသီဟားလ်စီးတီးကရော အစကောင်းပေမယ့် အနှောင်းသေချာမလား စိတ်ဝင်စားစရာပါ။

ဟားလ်စီးတီးနည်းပြ ဂျာကီရိုဗစ်က ဟိုးအဝေးကြီးကို ကြိုတွေးမနေပါဘူး။ အိပ်မက်အကြီးကြီးတွေမက်ပြီး ဖိအားအဖြစ်မခံပါဘူး။

ချန်ပီယံလိဂ်ဝင်ခွင့်အတွက် တိုက်ပွဲဝင်နိုင်ပြီလားလို့ မေးတဲ့အခါ ဂျာကီရိုဗစ်က " အဲဒီလိုပြောဖို့

သိပ်စောလွန်းပါတယ်"ဆိုပြီးတုံ့ပြန်တယ်။

ဒါပေမဲ့ ဘယ်လိုပဲဖြစ်ဖြစ် တန်းတက်အသင်းတစ်သင်းအတွက် ရာသီအစ ၃ ပွဲမှာ နှစ်ပွဲနိုင်သရေ၊

ပေးဂိုးမရှိထားတာက သိပ်ပြီးထူးခြားပါတယ်။ တန်းမဆင်းရရေးမျှော်လင့်ချက်က ပိုပြီးခိုင်မာလာတယ်။

မန်ယူကို အနိုင်ရလိုက်တာက ဟာလ်းစီးတီးရဲ့ ယုံကြည်စိတ်ကိုစွမ်းအင်မြှင့်ပေးခဲ့တယ်။

ပရီးမီးယားလိဂ်သမိုင်းတစ်လျှောက် ရာသီအစသုံးပွဲမှာ ၇ မှတ်နဲ့ အထက် ရတဲ့တန်းတက်အသင်းတွေ

တန်းမဆင်းရတဲ့အစဉ်အလာကို ဟားလ်စီးတီး ထပ်တူပိုင်ဆိုင်ခွင့်ရှိလာပါတယ်။

လွန်ခဲ့တဲ့ ၁၆ လကိုပြန်ကြည့်တဲ့အခါ ဟားလ်စီးတီးက League One ကို ရောက်လုနီးပါးဖြစ်ခဲ့ပါတယ်။

ဂိုးကွာခြားချက်အသာရခဲ့လို့သာ League One ကို မရောက်ခဲ့တာပါ။

ဟားလ်စီးတီးကို နတ်ရေကန်ထဲ ပစ်ချလိုက်သလိုမျိုး အသွင်ပြောင်းပေးခဲ့တာ လက်ရှိနည်းပြ ဂျာကီရိုဗစ်ပါ။

ပြီးခဲ့တဲ့ရာသီမတိုင်ခင်မှာ ဟားလ်စီးတီးကိုရောက်လာတဲ့ ဂျာကီရိုဗစ်က အလွတ်ပြောင်းရွှေ့ကြေးနဲ့ကစားသမားတွေ၊

အငှားကစားသမားတွေ သိမ်းပိုက်ပြီး တည်ဆောက်ခဲ့တယ်။

ပရီးမီးယားလိဂ်ကိုရောက်လာပြီးနောက် ဟားလ်စီးတီးက ပေါင်သန်း ၁၅၀ သုံးပြီး ကစားသမား ၁၈ ဉီးအထိ

ခေါ် ယူခဲ့ပါတယ်။ အသင်းသစ်တစ်သင်းလို ဖြစ်သွားပေမယ့် ဟားလ်စီးတီးအသင်းရဲ့ တိုက်ပွဲဝင်စိတ်ဓာတ်က မပြောင်းလဲခဲ့ဘူး။

ပရီးမီးယားလိဂ်သမိုင်းတစ်လျှောက် ရာသီအစသုံးပွဲမှာ ရမှတ် ၇ မှတ်နဲ့အထက်ရပေမယ့် တန်းဆင်းခဲ့တာ

၃ သင်းပဲရှိပါတယ်။ ၂၀၁၁-၁၂ ရာသီက ဝုလ်ဗ်၊ ၂၀၁၇-၁၈ ရာသီက ဝက်စ်ဘရွန်း၊ ၂၀၂၂-၂၃ ရာသီက လိဒ်စ်အသင်းတွေပါ။

ရာသီအစသုံးပွဲမှာ ရမှတ် ၇ မှတ်ပိုင်ဆိုင်တဲ့ အသင်း ၇၈ သင်းထဲက ၄ ရာခိုင်နှုန်းသာ တန်းဆင်းခဲ့ရတာလည်းဖြစ်ပါတယ်။

အဲဒီမှတ်တမ်းက ဟားလ်စီးတီးအတွက် စိတ်ခွန်အားပါ။ ဟားလ်စီးတီးနည်းပြ ဂျာကီရိုဗစ်က

" ရမှတ် ၃၈ မှတ်ကနေ ၄၀ ကြားရရင် ကျေနပ်ပါပြီ"လို့ ပြောပါတယ်။

Related News

သံမဏိအရည်ပျော်ချိန်
Football News

သံမဏိအရည်ပျော်ချိန်

နည်းပြဘဝရဲ့ ကြီးမားတဲ့ စိတ်ဖိစီးမှုနဲ့ ကျန်းမာရေးပြဿနာတွေကြောင့် လေ့ကျင့်ရေးကွင်းမှာ ရုတ်တရက် လဲကျခဲ့ရပြီး အနားယူဖို့ လိုအပ်နေတဲ့ ဘိုင်ယန်မြူးနစ်နည်းပြ ကွန်ပနီရဲ့ အခြေအနေ သုံးသပ်ချက်။

Read more
လိဂ်တူးအသင်းကို ရှုံးတဲ့ရှက်စရာအာဆင်နယ်
Football News

လိဂ်တူးအသင်းကို ရှုံးတဲ့ရှက်စရာအာဆင်နယ်

အဓိကကစားသမားတွေ ပါဝင်ခဲ့ပေမဲ့ လိဂ်တူးကလပ် ဖလက်ဝုဒ်တောင်းအသင်းကို ပယ်နယ်တီအဆုံးအဖြတ်မှာ ရှုံးနိမ့်ပြီး လိဂ်ဖလားပြိုင်ပွဲကနေ စောစီးစွာ ထွက်ခွာခဲ့ရတဲ့ အာဆင်နယ်အသင်းရဲ့ ရှက်စရာရှုံးပွဲ သုံးသပ်ချက်။

Read more
ကာရစ်အတွက် ကံကြမ္မာအသစ်လား..?  အဆုံးသ-တ်ဇာတ်သိမ်းလား..?
Football News

ကာရစ်အတွက် ကံကြမ္မာအသစ်လား..? အဆုံးသ-တ်ဇာတ်သိမ်းလား..?

၈ ပွဲဆက် နိုင်ပွဲပျောက်နေပေမဲ့ နည်းပြရာထူးကနေ မထုတ်ပယ်ခံရသေးဘဲ ချယ်လ်ဆီးနဲ့ပွဲမှာ နောက်ဆုံးအခွင့်အရေး ထပ်မံရရှိလိုက်တဲ့ မန်ယူနည်းပြ မိုက်ကယ်ကာရစ်ရဲ့ ကံကြမ္မာ သုံးသပ်ချက်။

Read more

More News

နှုတ်မစောင့်တဲ့လိပ်ကြောင့်ဖြစ်တဲ့ တရုတ်-လာလီဂါ ပဋိပက္ခ
Players News

နှုတ်မစောင့်တဲ့လိပ်ကြောင့်ဖြစ်တဲ့ တရုတ်-လာလီဂါ ပဋိပက္ခ

အင်တာဗျူးတစ်ခုမှာ အမှားအယွင်းပြောဆိုမိခဲ့တဲ့ ဘာပေကြောင့် တရုတ်နိုင်ငံရဲ့ ပြင်းထန်တဲ့ တုံ့ပြန်မှုနဲ့ သပိတ်မှောက်မှုတွေကို ရင်ဆိုင်နေရပြီး ရုပ်သံဈေးကွက် ဆုံးရှုံးမယ့်အရေးနဲ့ ကြုံနေရတဲ့ လာလီဂါအကြောင်း သုံးသပ်ချက်။

Read more
ဒေါင်းမန်းနဲ့ စိတ်လိုက်မာန်ပါ လူငယ်တွေအကြောင်း
Players News

ဒေါင်းမန်းနဲ့ စိတ်လိုက်မာန်ပါ လူငယ်တွေအကြောင်း

ဖလက်ဝုဒ်နဲ့ပွဲမှာ အနီကတ်ပြခံရလို့ အာတီတာရဲ့ ဆူပူမှုကို ခံခဲ့ရတဲ့ ဒေါင်းမန်းနဲ့ ရွန်နီ၊ မက်ဆီတို့လို လူငယ်ဘဝမှာ စိတ်လိုက်မာန်ပါ အမှားလုပ်ခဲ့ကြတဲ့ နာမည်ကျော်ကစားသမားတွေအကြောင်း သုံးသပ်ချက်။

Read more
ကာရစ်အတွက် ကံကြမ္မာအသစ်လား..?  အဆုံးသ-တ်ဇာတ်သိမ်းလား..?
Football News

ကာရစ်အတွက် ကံကြမ္မာအသစ်လား..? အဆုံးသ-တ်ဇာတ်သိမ်းလား..?

၈ ပွဲဆက် နိုင်ပွဲပျောက်နေပေမဲ့ နည်းပြရာထူးကနေ မထုတ်ပယ်ခံရသေးဘဲ ချယ်လ်ဆီးနဲ့ပွဲမှာ နောက်ဆုံးအခွင့်အရေး ထပ်မံရရှိလိုက်တဲ့ မန်ယူနည်းပြ မိုက်ကယ်ကာရစ်ရဲ့ ကံကြမ္မာ သုံးသပ်ချက်။

Read more
ဟာရီကိန်းရဲ့ စင်ဒရဲလားပုံပြင်
Players News

ဟာရီကိန်းရဲ့ စင်ဒရဲလားပုံပြင်

အောက်တန်းလိဂ် အငှားကစားသမားဘဝကနေ ၂၀၂၆ Ballon d'Or ဆုရှင်အဖြစ် အမြင့်ဆုံး ရောက်ရှိလာတဲ့ ဟာရီကိန်းရဲ့ ဒဏ္ဍာရီဆန်တဲ့ ဖြတ်သန်းမှုနဲ့ စပါးအသင်းဆီ ပြန်လာနိုင်ခြေ သုံးသပ်ချက်။

Read more
မက်ဆီ၊ စီရော်နယ်လ်ဒိုတို့နဲ့ ဂုဏ်ရည်တူသွားတဲ့ ဂန္ထဝင်ဟာရီကိန်း
Players News

မက်ဆီ၊ စီရော်နယ်လ်ဒိုတို့နဲ့ ဂုဏ်ရည်တူသွားတဲ့ ဂန္ထဝင်ဟာရီကိန်း

ကမ္ဘာ့ဖလားနဲ့ ချန်ပီယံလိဂ် မရဘဲ Ballon d'Or ဆုကို ဆွတ်ခူးနိုင်ခဲ့ပြီး မက်ဆီ၊ စီရော်နယ်လ်ဒိုတို့နဲ့ ဂုဏ်ရည်တူသွားတဲ့ ဂန္ထဝင်တိုက်စစ်မှူး ဟာရီကိန်းရဲ့ စံချိန်တင် သွင်းဂိုးမှတ်တမ်းများအကြောင်း သုံးသပ်ချက်။

Read more
မိုက်ကယ်ကာရစ်ရဲ့ Failed Gamble
Football News

မိုက်ကယ်ကာရစ်ရဲ့ Failed Gamble

နည်းစနစ်ကို ဝေဖန်ခဲ့တဲ့ ဘရူနိုဖာနန်ဒက်စ်ကို ပွဲထွက်စာရင်းကနေ ဖယ်ရှားခဲ့ပေမဲ့ ဘုန်းမောက်ကို ဂိုးပြတ်ရှုံးနိမ့်ပြီး (၈) ပွဲဆက် နိုင်ပွဲပျောက်ခဲ့တဲ့ မန်ယူနည်းပြ မိုက်ကယ်ကာရစ်ရဲ့ ကျရှုံးသွားတဲ့ စွန့်စားခန်း။

Read more

Official Channels

ONEX2 banner