သံမဏိအရည်ပျော်ချိန်
နည်းပြဘဝရဲ့ ကြီးမားတဲ့ စိတ်ဖိစီးမှုနဲ့ ကျန်းမာရေးပြဿနာတွေကြောင့် လေ့ကျင့်ရေးကွင်းမှာ ရုတ်တရက် လဲကျခဲ့ရပြီး အနားယူဖို့ လိုအပ်နေတဲ့ ဘိုင်ယန်မြူးနစ်နည်းပြ ကွန်ပနီရဲ့ အခြေအနေ သုံးသပ်ချက်။
ဘာပေရဲ့ သွင်းဂိုးတွေနဲ့အတူ အယ်လ်ကလက်စီကို (El Clasico) မှာ ဘာစီလိုနာကို အနိုင်ယူပြီးနောက် နူးကမ့်ကွင်းထဲမှာ နာမည်ကျော် Knee Slide နဲ့ အောင်ပွဲခံကာ လာလီဂါချန်ပီယံဆုကို စိန်ခေါ်လိုက်တဲ့ မော်ရင်ဟိုရဲ့ ရီးယဲလ်အသင်း သုံးသပ်ချက်။
မော်ရင်ဟိုက သူ့ရဲ့နာမည်ကျော် Knee Slide အောင်ပွဲခံဟန်ကို ဘာစီလိုနာနဲ့ El Clasico ပွဲမှာ လုပ်ခွင့်ရခဲ့တယ်။
ရီးယဲလ်က ဘာပေရဲ့ဂိုးတွေနဲ့ ဘာစီလိုနာကို အနိုင်ယူပြီး ဂုဏ်ယူဖွယ်ရာအောင်ပွဲ ပိုင်ဆိုင်ခဲ့တာပါ။
El Clasico ၆ ပွဲဆက်ရှုံးပွဲမရှိတဲ့တတိယမြောက် ရီးယဲလ်နည်းပြအဖြစ်လည်း မော်ရင်ဟိုမှတ်တမ်းဝင်ခဲ့တာပါ။
မော်ရင်ဟိုက ရီးယဲလ်နည်းပြဘဝ El Clasico နောက်ဆုံး ၆ ပွဲမှာ ၄ ပွဲနိုင် ၂ ပွဲသရေမှတ်တမ်း ပိုင်ဆိုင်ခဲ့ပါတယ်။
ပြီးခဲ့တဲ့ရာသီတွေမှာ ဘာစီလိုနာက ရီးယဲလ်ကို နလံမထူနိုင်အောင်လုပ်ပြခဲ့တယ်။ လက်ရှိရာသီမတိုင်ခင် El Clasico နောက်ဆုံး ၇ ပွဲမှာ ရီးယဲလ်က တစ်ပွဲသာ အနိုင်ရခဲ့တာပါ။
အဲဒီလိုမျိုး အိမ့်နိမ့်စံဘဝကို မော်ရင်ဟိုက ရီးယဲလ်ပြန်ရောက်လာတဲ့ ပထမဆုံးရာသီမှာပဲ ပြောင်းလဲပေးခဲ့တယ်။
မော်ရင်ဟိုက ၁၃ နှစ်အကြာမှာ ပထမဆုံး El Clasico ပွဲ ဆင်နွှဲခွင့်ရတာဖြစ်ပါတယ်။ ပွဲမတိုင်ခင်မှာ လာလီဂါချန်ပီယံဆုအတွက် ဘာစီလိုနာက
အလေးသာနေပေမယ့် အခုနိုင်ပွဲကြောင့် ရီးယဲလ်က ချန်ပီယံပြေးလမ်းထဲ သန်မာစွာပြန်ရောက်လာပြီ။
မော်ရင်ဟိုက " ဘာစီလိုနာကို အနိုင်ယူရုံသက်သက်မဟုတ်ဘဲ လာလီဂါချန်ပီယံဆုပါ ယူပြမယ်" လို့ ကြွေးကြော်လိုက်ပါတယ်။
ပြီးတော့ မော်ရင်ဟိုက နည်းပြတွေရဲ့လောကဓံကိုလည်း ရင်ဖွင့်ခဲ့တယ်။ မော်ရင်ဟိုက "နိုင်ပွဲရရင် ကစားသမားတွေချီးကျုးခံရမယ်၊
ရှုံးပွဲတွေ့ရင် နည်းပြကို အပြစ်ပုံချမယ်၊ ဒါကြောင့်ပဲရက်သတ္တပတ်တိုင်းမှာ နည်းပြတွေ ရာထူးကနေထုတ်ပယ်ခံနေရတာပါ"လို့ ပြောခဲ့တာပါ။
နိုင်ပွဲရလို့ပျော်ရွှင်နေပေမယ့် လကမ္ဘာရောက်သလိုမျိုး ဂုဏ်ဆာမနေသင့်ဘူးလို့လည်း မော်ရင်ဟိုသတိပေးခဲ့တယ်။
ဘာစီလိုနာနည်းပြ ဟန်ဆီဖလစ်ကတော့ သူ့ကစားသမားတွေပွဲပန်းနေတယ်ဆိုပြီး ဆင်ခြေပေးခဲ့ပါတယ်။
El Clasico နိုင်ပွဲနဲ့အတူ လာလီဂါချန်ပီယံဆုလားရာက ရီးယဲလ်ဘက်ကို မျက်နှာသာပေးခဲ့ပါပြီ။
နူးကမ့်ကွင်းထဲက မော်ရင်ဟိုရဲ့Knee Slide အောင်ပွဲခံဟန်ဟာ ရီးယဲလ်ရဲ့စ-စ်ချီတေးဖြစ်လာတယ်။
၂၀၁၀ ခုနှစ်၊ ချန်ပီယံလိဂ်ဆီမီးဖိုင်နယ်မှာ အင်တာမီလန်နဲ့အတူ ဘာစီလိုနာကို ကျော်ဖြတ်ပြီးနောက်
မော်ရင်ဟိုက နူးကမ့်ကွင်းထဲ စိတ်လွတ်လက်လွတ် ပြေးလွှားအောင်ပွဲခံတဲ့မြင်ကွင်းဟာ ပြန်လည်အမှတ်ရစရာကောင်းလာပါတယ်။
နည်းပြဘဝရဲ့ ကြီးမားတဲ့ စိတ်ဖိစီးမှုနဲ့ ကျန်းမာရေးပြဿနာတွေကြောင့် လေ့ကျင့်ရေးကွင်းမှာ ရုတ်တရက် လဲကျခဲ့ရပြီး အနားယူဖို့ လိုအပ်နေတဲ့ ဘိုင်ယန်မြူးနစ်နည်းပြ ကွန်ပနီရဲ့ အခြေအနေ သုံးသပ်ချက်။
အဓိကကစားသမားတွေ ပါဝင်ခဲ့ပေမဲ့ လိဂ်တူးကလပ် ဖလက်ဝုဒ်တောင်းအသင်းကို ပယ်နယ်တီအဆုံးအဖြတ်မှာ ရှုံးနိမ့်ပြီး လိဂ်ဖလားပြိုင်ပွဲကနေ စောစီးစွာ ထွက်ခွာခဲ့ရတဲ့ အာဆင်နယ်အသင်းရဲ့ ရှက်စရာရှုံးပွဲ သုံးသပ်ချက်။
၈ ပွဲဆက် နိုင်ပွဲပျောက်နေပေမဲ့ နည်းပြရာထူးကနေ မထုတ်ပယ်ခံရသေးဘဲ ချယ်လ်ဆီးနဲ့ပွဲမှာ နောက်ဆုံးအခွင့်အရေး ထပ်မံရရှိလိုက်တဲ့ မန်ယူနည်းပြ မိုက်ကယ်ကာရစ်ရဲ့ ကံကြမ္မာ သုံးသပ်ချက်။
အင်တာဗျူးတစ်ခုမှာ အမှားအယွင်းပြောဆိုမိခဲ့တဲ့ ဘာပေကြောင့် တရုတ်နိုင်ငံရဲ့ ပြင်းထန်တဲ့ တုံ့ပြန်မှုနဲ့ သပိတ်မှောက်မှုတွေကို ရင်ဆိုင်နေရပြီး ရုပ်သံဈေးကွက် ဆုံးရှုံးမယ့်အရေးနဲ့ ကြုံနေရတဲ့ လာလီဂါအကြောင်း သုံးသပ်ချက်။
ဖလက်ဝုဒ်နဲ့ပွဲမှာ အနီကတ်ပြခံရလို့ အာတီတာရဲ့ ဆူပူမှုကို ခံခဲ့ရတဲ့ ဒေါင်းမန်းနဲ့ ရွန်နီ၊ မက်ဆီတို့လို လူငယ်ဘဝမှာ စိတ်လိုက်မာန်ပါ အမှားလုပ်ခဲ့ကြတဲ့ နာမည်ကျော်ကစားသမားတွေအကြောင်း သုံးသပ်ချက်။
၈ ပွဲဆက် နိုင်ပွဲပျောက်နေပေမဲ့ နည်းပြရာထူးကနေ မထုတ်ပယ်ခံရသေးဘဲ ချယ်လ်ဆီးနဲ့ပွဲမှာ နောက်ဆုံးအခွင့်အရေး ထပ်မံရရှိလိုက်တဲ့ မန်ယူနည်းပြ မိုက်ကယ်ကာရစ်ရဲ့ ကံကြမ္မာ သုံးသပ်ချက်။
အောက်တန်းလိဂ် အငှားကစားသမားဘဝကနေ ၂၀၂၆ Ballon d'Or ဆုရှင်အဖြစ် အမြင့်ဆုံး ရောက်ရှိလာတဲ့ ဟာရီကိန်းရဲ့ ဒဏ္ဍာရီဆန်တဲ့ ဖြတ်သန်းမှုနဲ့ စပါးအသင်းဆီ ပြန်လာနိုင်ခြေ သုံးသပ်ချက်။
ကမ္ဘာ့ဖလားနဲ့ ချန်ပီယံလိဂ် မရဘဲ Ballon d'Or ဆုကို ဆွတ်ခူးနိုင်ခဲ့ပြီး မက်ဆီ၊ စီရော်နယ်လ်ဒိုတို့နဲ့ ဂုဏ်ရည်တူသွားတဲ့ ဂန္ထဝင်တိုက်စစ်မှူး ဟာရီကိန်းရဲ့ စံချိန်တင် သွင်းဂိုးမှတ်တမ်းများအကြောင်း သုံးသပ်ချက်။
နည်းစနစ်ကို ဝေဖန်ခဲ့တဲ့ ဘရူနိုဖာနန်ဒက်စ်ကို ပွဲထွက်စာရင်းကနေ ဖယ်ရှားခဲ့ပေမဲ့ ဘုန်းမောက်ကို ဂိုးပြတ်ရှုံးနိမ့်ပြီး (၈) ပွဲဆက် နိုင်ပွဲပျောက်ခဲ့တဲ့ မန်ယူနည်းပြ မိုက်ကယ်ကာရစ်ရဲ့ ကျရှုံးသွားတဲ့ စွန့်စားခန်း။
