သံမဏိအရည်ပျော်ချိန်
နည်းပြဘဝရဲ့ ကြီးမားတဲ့ စိတ်ဖိစီးမှုနဲ့ ကျန်းမာရေးပြဿနာတွေကြောင့် လေ့ကျင့်ရေးကွင်းမှာ ရုတ်တရက် လဲကျခဲ့ရပြီး အနားယူဖို့ လိုအပ်နေတဲ့ ဘိုင်ယန်မြူးနစ်နည်းပြ ကွန်ပနီရဲ့ အခြေအနေ သုံးသပ်ချက်။
ချန်ပီယံလိဂ်ကို မန်ယူ မရောက်တာကြာပြီ။ ၂ နှစ်ကျော်ဆိုတဲ့အချိန်ကာလဟာ ပျော်ရွှင်နေသူတွေအတွက် ကုန်လွယ်လွန်းပေမယ့် နာကျင်နေရတဲ့သူတွေအတွက်တော့ ရှည်လျားလွန်းပါတယ်။ မန်ယူအတွက်လည်း ဒီလိုပါပဲ၊ ချန်ပီယံလိဂ်မကစားရတဲ့ နှစ်တွေဟာ နာကျင်ရှည်လျားခဲ့တယ်။ တစ်ချိန်ကချန်ပီယံလိဂ်ညတွေအကြောင်း ပြန်တွေးရင်း မန်ယူအမာခံပရိသတ်တွေ အလွမ်းဖြေခဲ့ရတယ်။
ချန်ပီယံလိဂ်ကို မန်ယူ မရောက်တာကြာပြီ။ ၂ နှစ်ကျော်ဆိုတဲ့အချိန်ကာလဟာ ပျော်ရွှင်နေသူတွေအတွက်
ကုန်လွယ်လွန်းပေမယ့် နာကျင်နေရတဲ့သူတွေအတွက်တော့ ရှည်လျားလွန်းပါတယ်။
မန်ယူအတွက်လည်း ဒီလိုပါပဲ၊ ချန်ပီယံလိဂ်မကစားရတဲ့ နှစ်တွေဟာ နာကျင်ရှည်လျားခဲ့တယ်။
တစ်ချိန်ကချန်ပီယံလိဂ်ညတွေအကြောင်း ပြန်တွေးရင်း မန်ယူအမာခံပရိသတ်တွေ အလွမ်းဖြေခဲ့ရတယ်။
၁၉၉၉ ဒိုင်ယာရီ၊ ၂၀၀၈ ဒိုင်ယာရီ၊ အခြားသော ချန်ပီယံလိဂ်ဒိုင်ယာရီတွေ တမ်းတရင်း
ဉရောပညချမ်းတွေရဲ့အဝေးမှာ သိမ်ငယ်ခဲ့ရတယ်။ အလွမ်း၊တမ်းတစိတ်နဲ့ ပြန်ဆုံမယ့်ညနေတွေ
ပေါင်းစပ်ထားတဲ့အခိုက်အတန့်ဟာ သိပ်ပြီးလှပတယ်။ ဝေးကွာနေတဲ့ ချစ်ဉီးသူနဲ့ပြန်ဆုံရသလိုမျိုး
ချန်ပီယံလိဂ်ကစားခွင့်ရချိန်မှာ မန်ယူကအတိုးချပြီး ချစ်ပြခဲ့တယ်။
သွင်းဂိုးတွေနဲ့ဖျော်ဖြေခဲ့ပြီး မန်ယူက ချန်ပီယံလိဂ်အလွမ်းကို ဖြေသိမ့်ခဲ့တယ်။
ချန်ပီယံလိဂ်ရပ်ဝန်းဆီ အခုမှ ပထမဆုံးအလည်လာတဲ့ အဇာဘိုင်ဂျန်ကလပ်ဆာဘာအသင်းဟာ
မန်ယူရဲ့စိတ်အားထက်သန်မှုကို ဘယ်လိုမှမရပ်တန့်နိုင်ခဲ့ဘူး။
ပထမပိုင်းမှာပဲ သုံးဂိုးပေးလိုက်ရတယ်။ ကူညာ၊ ဘရူနို၊ ဆက်ရှ်ကိုတို့ရဲ့ပထမပိုင်းသွင်းဂိုးတွေနဲ့
မန်ယူကနိုင်ပွဲကို စမတ်ကျကျသရုပ်ဖော်ခဲ့တယ်။
ဒုတိယပိုင်းမှာနောက်ထပ်အခွင့်အရေးတွေ၊ မိုက်ကယ်ကာရစ်ရဲ့နောက်ထပ်နည်းဗျူဟာ
စမ်းသပ်ခန်းတွေ၊ မန်ယူတိုက်စစ်ရဲ့တွဲလုံးတွေ မြင်ရပေမယ့် သွင်းဂိုးတော့အများကြီးမမြင်ခဲ့ရဘူး။
မာတီနက်ဇ်ရဲ့ဂိုးတစ်ဂိုးသာထပ်ရပြီး မန်ယူကဆာဘာကို လေးဂိုးဂိုးမရှိနဲ့အနိုင်ရခဲ့တယ်။
ပျော်ရွှင်စရာဂိုးပြတ်အောင်ပွဲမှာ အပြစ်အနာအဆာလည်း ရှိနေပါတယ်။ ထုံးစံအတိုင်းမန်ယူတိုက်စစ်ရဲ့ဟာကွက်တွေပါ။
Clean Sheet ရခဲ့တယ်ဆိုပေမယ့် မန်ယူခံစစ်ရဲ့ဖရိုဖရဲနိုင်မှုဟာ ထင်ထင်ရှားရှား ရှိခဲ့တယ်။
ဆာဘာအသင်းဂိုးရနိုင်လောက်တဲ့ အခွင့်အရေးတွေ ပေးခဲ့ရတယ်။ အဲဗာတန်နဲ့ပွဲတုန်းကလိုမျိုး
ပွဲပြီးခါနီးမှာ အာရုံစူးစိူက်မှု လျော့နည်းခဲ့တယ်။ တကယ်လို့များ လက်ရှိခံစစ် မာဂုဏ်ကို မပြင်နိုင်ရင်
ချန်ပီယံလိဂ် League Phase မှာ ရင်ဆိုင်ရမယ့် ဘိုင်ယန်မြူးနစ်၊ ရိုးမား၊အက်သလက်တီကို၊ ကိုမိုတို့နဲ့ ကစားတဲ့အခါမလွယ်ပါဘူး။
ဘရူနိုရဲ့တစ်ကိုယ်ကောင်းဆန်ချင်စိတ်နဲ့ Risk ယူလွန်းတဲ့ကစားဟန်ကလည်း အပြစ်ဆိုချင်စရာပါ။
လက်ရှိရာသီမှာ သွင်းဂိုးတွေနဲ့ ပိုပြီးယဉ်ပါးလာတဲ့ ဘရူနိုက ဖန်တီးပေးလိုစိတ် နည်းလာသလိုပဲ။
ကိုယ်တိုင်ကန်သွင်းလိုစိတ် များနေပြီး သူ့ထက်အခွင့်အရေးပိုကောင်းတဲ့အသင်းဖော်ဆီ ဘောလုံးမပေးတာမျိုးမြင်ခဲ့ရတယ်။
မန်ယူက ဆာဘာနဲ့ပွဲမတိုင်ခင် ချန်ပီယံလိဂ်နောက်ဆုံး ၉ ပွဲမှာ ၁ ပွဲသာအနိုင်ရတဲ့မှတ်တမ်းဆိုးပိုင်ဆိုင်ခဲ့တယ်။
အခုတော့ ဆာဘာကိုဂိုးပြတ်အနိုင်ယူပြီး မန်ယူရဲ့ချန်ပီယံလိဂ်အလင်းရောင် ပြန်လည်တောက်ပလာတယ်။
ဘယ်အထိခရီးရောက်မလဲဆိုတာ မသိနိုင်သေးပေမယ့် ချန်ပီယံလိဂ်နဲ့ ပြန်လည်ဆုံတွေ့ချိန်မှာ
ချိိုမြိန်တဲ့အရသာကို မန်ယူခံစားခွင့်ရခဲ့တယ်။
နည်းပြဘဝရဲ့ ကြီးမားတဲ့ စိတ်ဖိစီးမှုနဲ့ ကျန်းမာရေးပြဿနာတွေကြောင့် လေ့ကျင့်ရေးကွင်းမှာ ရုတ်တရက် လဲကျခဲ့ရပြီး အနားယူဖို့ လိုအပ်နေတဲ့ ဘိုင်ယန်မြူးနစ်နည်းပြ ကွန်ပနီရဲ့ အခြေအနေ သုံးသပ်ချက်။
အဓိကကစားသမားတွေ ပါဝင်ခဲ့ပေမဲ့ လိဂ်တူးကလပ် ဖလက်ဝုဒ်တောင်းအသင်းကို ပယ်နယ်တီအဆုံးအဖြတ်မှာ ရှုံးနိမ့်ပြီး လိဂ်ဖလားပြိုင်ပွဲကနေ စောစီးစွာ ထွက်ခွာခဲ့ရတဲ့ အာဆင်နယ်အသင်းရဲ့ ရှက်စရာရှုံးပွဲ သုံးသပ်ချက်။
၈ ပွဲဆက် နိုင်ပွဲပျောက်နေပေမဲ့ နည်းပြရာထူးကနေ မထုတ်ပယ်ခံရသေးဘဲ ချယ်လ်ဆီးနဲ့ပွဲမှာ နောက်ဆုံးအခွင့်အရေး ထပ်မံရရှိလိုက်တဲ့ မန်ယူနည်းပြ မိုက်ကယ်ကာရစ်ရဲ့ ကံကြမ္မာ သုံးသပ်ချက်။
အင်တာဗျူးတစ်ခုမှာ အမှားအယွင်းပြောဆိုမိခဲ့တဲ့ ဘာပေကြောင့် တရုတ်နိုင်ငံရဲ့ ပြင်းထန်တဲ့ တုံ့ပြန်မှုနဲ့ သပိတ်မှောက်မှုတွေကို ရင်ဆိုင်နေရပြီး ရုပ်သံဈေးကွက် ဆုံးရှုံးမယ့်အရေးနဲ့ ကြုံနေရတဲ့ လာလီဂါအကြောင်း သုံးသပ်ချက်။
ဖလက်ဝုဒ်နဲ့ပွဲမှာ အနီကတ်ပြခံရလို့ အာတီတာရဲ့ ဆူပူမှုကို ခံခဲ့ရတဲ့ ဒေါင်းမန်းနဲ့ ရွန်နီ၊ မက်ဆီတို့လို လူငယ်ဘဝမှာ စိတ်လိုက်မာန်ပါ အမှားလုပ်ခဲ့ကြတဲ့ နာမည်ကျော်ကစားသမားတွေအကြောင်း သုံးသပ်ချက်။
၈ ပွဲဆက် နိုင်ပွဲပျောက်နေပေမဲ့ နည်းပြရာထူးကနေ မထုတ်ပယ်ခံရသေးဘဲ ချယ်လ်ဆီးနဲ့ပွဲမှာ နောက်ဆုံးအခွင့်အရေး ထပ်မံရရှိလိုက်တဲ့ မန်ယူနည်းပြ မိုက်ကယ်ကာရစ်ရဲ့ ကံကြမ္မာ သုံးသပ်ချက်။
အောက်တန်းလိဂ် အငှားကစားသမားဘဝကနေ ၂၀၂၆ Ballon d'Or ဆုရှင်အဖြစ် အမြင့်ဆုံး ရောက်ရှိလာတဲ့ ဟာရီကိန်းရဲ့ ဒဏ္ဍာရီဆန်တဲ့ ဖြတ်သန်းမှုနဲ့ စပါးအသင်းဆီ ပြန်လာနိုင်ခြေ သုံးသပ်ချက်။
ကမ္ဘာ့ဖလားနဲ့ ချန်ပီယံလိဂ် မရဘဲ Ballon d'Or ဆုကို ဆွတ်ခူးနိုင်ခဲ့ပြီး မက်ဆီ၊ စီရော်နယ်လ်ဒိုတို့နဲ့ ဂုဏ်ရည်တူသွားတဲ့ ဂန္ထဝင်တိုက်စစ်မှူး ဟာရီကိန်းရဲ့ စံချိန်တင် သွင်းဂိုးမှတ်တမ်းများအကြောင်း သုံးသပ်ချက်။
နည်းစနစ်ကို ဝေဖန်ခဲ့တဲ့ ဘရူနိုဖာနန်ဒက်စ်ကို ပွဲထွက်စာရင်းကနေ ဖယ်ရှားခဲ့ပေမဲ့ ဘုန်းမောက်ကို ဂိုးပြတ်ရှုံးနိမ့်ပြီး (၈) ပွဲဆက် နိုင်ပွဲပျောက်ခဲ့တဲ့ မန်ယူနည်းပြ မိုက်ကယ်ကာရစ်ရဲ့ ကျရှုံးသွားတဲ့ စွန့်စားခန်း။
