အာဆင်နယ်ကစားသမားမဖြစ်ခင်မှာလန်ဒန်ကို ကာလာဖီအိုရီအလည်လာဖူးတယ်။
လန်ဒန်ရဲ့နာမည်ကျော်နေရာတွေထဲ ကာလာဖီအိုရီ အရောက်ချင်ဆုံးနေရာက အမ်းမရိတ်စ်ကွင်းပါပဲ။
အဲဒီဆန္ဒအတိုင်းပဲကာလာဖီအိုရီက အမ်းမရိတ်စ်ကိုသွားပြီး အာဆင်နယ်ပွဲကြည့်ခဲ့တယ်။
အာဆင်နယ်ပွဲကြည့်ပြီးနောက် ကာလာဖီအိုရီရဲ့ အာဆင်နယ်ကစားသမားဖြစ်ချင်စိတ်ဟာ တဖွားဖွားမြင့်တက်လာပါတယ်။
လန်ဒန်မှာ ပျော်ရွှင်နေသူတစ်ဉီး
အာဆင်နယ်ကစားသမားမဖြစ်ခင်မှာလန်ဒန်ကို ကာလာဖီအိုရီအလည်လာဖူးတယ်။
လန်ဒန်ရဲ့နာမည်ကျော်နေရာတွေထဲ ကာလာဖီအိုရီ အရောက်ချင်ဆုံးနေရာက အမ်းမရိတ်စ်ကွင်းပါပဲ။
အဲဒီဆန္ဒအတိုင်းပဲကာလာဖီအိုရီက အမ်းမရိတ်စ်ကိုသွားပြီး အာဆင်နယ်ပွဲကြည့်ခဲ့တယ်။
အာဆင်နယ်ပွဲကြည့်ပြီးနောက် ကာလာဖီအိုရီရဲ့ အာဆင်နယ်ကစားသမားဖြစ်ချင်စိတ်ဟာ တဖွားဖွားမြင့်တက်လာပါတယ်။
" လန်ဒန်ကို ကျွန်တော်တစ်ခါမှမရောက်ဖူးပါဘူး။ အဲဒီကိုရောက်တုန်းအာဆင်နယ်ပွဲသွားကြည့်ဖြစ်ခဲ့တယ်။
အာဆင်နယ်က ခရစ္စတယ်ပဲလေ့စ်ကိုငါးဂိုးဂိုးမရှိနဲ့ အနိုင်ရခဲ့တာပါ။ အဲဒီအချိန်တုန်းက ပရီးမီးယားလိဂ်ကို
ရောက်လာမယ်လို့ မတွေးမိခဲ့ဘူး" ဆိုပြီးပြန်ပြောပြတယ်။
ပရီးမီးယားလိဂ်ကို ရောက်လာမယ်လို့မတွေးခဲ့ဖူးသူ ကာလာဖီအိုရီက အာဆင်နယ်ပွဲကြည့်ပြီး
နောက်ထပ်လေးလအကြာမှာ အာတီတာစိတ်ဝင်စားတာ ခံခဲ့ရပါပြီ။ အာတီတာက ကာလာဖီအိုရီကို တန်ဖိုးထားပြီး စာရေးသားပေးပို့ခဲ့တယ်။
အဲဒီစာထဲမှာ "မင်းဆီ ဖုန်းဆက်လို့ရလား"လို့ဖော်ပြပါရှိခဲ့တယ်။
အာတီတာလိုအာဆငိနယ်ရဲ့အနာဂတ်ပဲ့ကိုင်ရှင် နာမည်ကျော်ကစားသမားဟောင်းတစ်ဉီးရဲ့
တလေးတစားဆက်ဆံပုံဟာ ကာလာဖီအိုရီကို ကြည်နူးပျော်ရွှင်စေခဲ့တယ်။
" အာတီတာက ဖုန်းထဲကနေ ကျွန်တော့်ကိုအာဆင်နယ်ရဲ့ရည်မှန်းချက်တွေအကြောင်း ပြောပြတယ်။
ကျွန်တော့်ခြေစွမ်းကို ချီးကျူးပြီးတိုးတက်လာဉီးမယ့် အကြောင်းပြောပြတယ်။ အာဆင်နယ်ကို ကျွန်တော်
သလောကျသလို၊ အာတီတာရှိလို့လည်း ပြောင်းလာတာပါ" လို့ ကာလာဖီအိုရီပြန်ပြောပြတယ်။
ကာလာဖီအိုရီဟာထိတ်လန့်ဖွယ်ရာဒူးဒဏ်ရာဆိုးနဲ့ ရင်ဆိုင်ရပေမယ့် ခပ်လွယ်လွယ်မပြိုလဲသွားဘူး။
ထိပ်တန်းအဆင့်မြင်ကွင်းထဲ အားကောင်းမောင်းသန် တိုးဝင်လာခဲ့တယ်။
အာဆင်နယ်ရဲ့အနာဂတ်ခံစစ်ခေါင်းဆောင်အဖြစ် နိမိတ်ဖတ်ခံထားရပါတယ်။
ကာလာဖီအိုရီက အဂ်လိပ်စကားကို လူငယ်ဘဝကတည်းက လေ့လာခဲ့ပါတယ်။ Netflix ကြည့်ရင်း၊
UK drill ကသီချင်းစာသားတွေနားထောင်ရင်း လေ့လာခဲ့ပါတယ်။ အဂ်လိပ်စာကို အခုထက်ပိုပြီး တိုးတက်အောင်
ကာလာဖီအိုရီရည်ရွယ်ထားသလို၊ အဂ်လိပ်အစားအစာတွေလည်း ပိုပြီးစားသောက်တတ်အောင် ကာလာဖီအိုရီကြိုးစားနေပါတယ်။
အီတလီနိုင်ငံက အစားအသောက်ကောင်းတွေပိုများ ပေမယ့် အခုအဂ်လိပ်အစားအစာတွေကို ကာလာဖီအိုရီ နှစ်သက်နေပါပြီ။
" အရင်တုန်းက အဂ်လိပ်အစားအစာတွေက ညံ့လိုက်််တာလို့ တွေးဖူးတယ်။
အခုအဂ်လန်ရောက်လာတော့စားကြည့်တဲ့အခါ သိပ်မဆိုးပါဘူး။ ငါးနဲ့အားလူးကြော်တွဲထားတာကို
ကျွန်တော်တစ်လတစ်ကြိမ်လောက်စားဖြစ်တယ်။ ကျန်းမာရေးနဲ့မညီညွတ်ပေမယ့်စားကောင်းတယ်။
အဂ်လန်မှာ အရာအားလုံးနဲ့အသားကျချင်ပါတယ်။ အဂ်လိပ်တစ်ဉီးဖြစ်လာအောင်လည်း ကြိုးစားနေပါတယ်"လို့ ပြောပြတယ်။
ကာလာဖီအိုရီက အဂ်လန်မှာအချိန်အကြာကြီးအခြေချပြီးအာဆင်နယ်နဲ့အတူခမ်းနားအောင်ပွဲတွေ ထပ်ပြီး
လိုချင်နေသလို၊ အဂ်လိပ်ယဉ်ကျေးမှုနဲ့လူနေမှုဘဝကိုလည်း နှစ်သက်နေပါပြီ။