ကိုဗင်ထရီနဲ့အတူ တန်းဆင်းသွားတဲ့အသင်းသုံးသင်းထဲ မန်စီးတီးလည်းပါဝင်ခဲ့တယ်။ မန်စီးတီးကပရီးမီးယားလိဂ်ရဲ့အရှင်သခင်ဘဝ
ပြန်ရောက်လာပေမယ့် ကိုဗင်ထရီအသင်းကတော့ ပရီးမီးယားလိဂ်နဲ့အခုအချိန်မှ ရေစက်ပြန်ဆုံခွင့်ရခဲ့တယ်။
၁၉၆၇ ကနေ ၂၀၀၁ ခုနှစ်အထိ အဂ်လန်နိုင်ငံရဲ့ အဆင့်အမြင့်ဆုံးလိဂ်(အခုပရီးမီးယားလိဂ်)မှာ
ရှင်သန်ခွင့်ရခဲ့တဲ့ ကိုဗင်ထရီအတွက် ပရီးမီးယားလိဂ်ရင်ငွေ့လှုံခွင့်မရတာ ၂၅ နှစ်ကြာခဲ့ပါတယ်။
ကိုဗင်ထရီအတွက် နိုင်ပွဲတစ်ပွဲဟာ Nokia ခေတ်ကနေ Iphone 18 ခေတ်အထိကြာခဲ့တယ်
ကိုဗင်ထရီဆိုတာ ပရီးမီးယားလိဂ်လို့စတင်နာမည်ပြောင်းတဲ့ ၁၉၉၂ ခုနှစ်မှာ Founder အသင်းတသင်းအဖြစ် ရှိခဲ့ဖူးတဲ့အသင်းပါ။
၂၀၀၀-၀၁ ရာသီမှာ ကိုဗင်ထရီက ရမှတ် ၃၄မှတ်သာပိုင်ဆိုင်လို့ တန်းဆင်းဇုန်ထဲရောက်ပြီး ပရီးမီးယားလိဂ်ကို နှုတ်ဆက်ခဲ့ရပါတယ်။
ကိုဗင်ထရီနဲ့အတူ တန်းဆင်းသွားတဲ့အသင်းသုံးသင်းထဲ မန်စီးတီးလည်းပါဝင်ခဲ့တယ်။ မန်စီးတီးကပရီးမီးယားလိဂ်ရဲ့အရှင်သခင်ဘဝ
ပြန်ရောက်လာပေမယ့် ကိုဗင်ထရီအသင်းကတော့ ပရီးမီးယားလိဂ်နဲ့အခုအချိန်မှ ရေစက်ပြန်ဆုံခွင့်ရခဲ့တယ်။
၁၉၆၇ ကနေ ၂၀၀၁ ခုနှစ်အထိ အဂ်လန်နိုင်ငံရဲ့ အဆင့်အမြင့်ဆုံးလိဂ်(အခုပရီးမီးယားလိဂ်)မှာ
ရှင်သန်ခွင့်ရခဲ့တဲ့ ကိုဗင်ထရီအတွက် ပရီးမီးယားလိဂ်ရင်ငွေ့လှုံခွင့်မရတာ ၂၅ နှစ်ကြာခဲ့ပါတယ်။
ပရီးမီးယားလိဂ်ကနေ တန်းဆင်းပြီးနောက် ကိုဗင်ထရီက လိဂ်ချန်ပီယံရှစ်မှာ ၁၁ ရာသီကျင်လည်
ပြီးနောက် ၂၀၁၁-၁၂ ရာသီ မှာ League One၊ ၂၀၁၆-၁၇ ရာသီမှာ League Two အထိရောက်ခဲ့ပါတယ်။
၂၀၂၀ ရောက်မှ ကိုဗင်ထရီက လိဂ်ချန်ပီယံရှစ် ပြန်ရောက်လာပြီး အခုဆိုရင်ပရီးမီးယားလိဂ်ကစားခွင့်အိပ်မက်ကို
လမ်းပတိက အကောင်အထည်ဖော်ပေးခဲ့တာဖြစ်ပါတယ်။
လက်ရှိရာသီမှာတော့ လမ်းပတ်နဲ့အတူ ကိုဗင်ထရီက ပရီးမီးယားလိဂ်ရင်ငွေ့ ပြန်လှုံခွင့်ရခဲ့တယ်။
လမ်းပတ်ရဲ့ကိုဗင်ထရီအသင်းက လက်ရှိရာသီလိဂ်ချန်ပီယံရှစ်မှာတန်ခိုးထွားပြီးနောက် ပရီးမီးယားလိဂ်ဆီ ပြည်တော်ပြန်ခဲ့တာပါ။
တန်းဆင်းသွားတဲ့၂၀၀၁ ခုနှစ်ကနေ လက်ရှိအချိန်အထိ ကိုဗင်ထရီအသင်းက နည်းပြ ၁၄ ဉီးအထိ ပြောင်းလဲခဲ့ပါတယ်။
ချယ်လ်ဆီးဂန္ထဝင်လမ်းပတ်လက်ထက်ရောက်မှပရီးမီးယားလိဂ်တန်းတက်ခွင့်နဲ့ ရေစက်ဆုံခွင့်ရခဲ့တာဖြစ်ပါတယ်။
ဒါပေမဲ့ ကိုဗင်ထရီရဲ့ပရီးမီးယားလိဂ်ရာသီအစ ခရီးလမ်းဟာ ကြမ်းတမ်းခဲ့တယ်။ ရလဒ်ဆိုးတွေကြားရှင်သန်ခဲ့ရပါတယ်။
နည်းပြလောကမှာ နာမည်ပျက်ထားတဲ့လမ်းပတ်တစ်ယောက် ထပ်ပြီးဝေဖန်ခံခဲ့ရတယ်။
နော်တင်ဟမ်ဖောရက်စ်နဲ့ ပရီးမီးယားလိဂ်ပွဲမှာတော့ လမ်းပတ်တစ်ယောက် လွတ်မြောက်လမ်းကို ရှာဖွေတွေ့ရှိခဲ့တယ်။
အဝေးကွင်းမှာအနိုင်ယူပြီး ကိုဗင်ထရီအသင်း ပထမဆုံးနိုင်ပွဲရခဲ့တာပါ။
၂၀၀၁ ခုနှစ်၊ ဧပြီလတုန်းက ပရီးမီးယားလိဂ်မှာ နောက်ဆုံးနိုင်ပွဲရခဲ့တဲ့ ကိုဗင်ထရီဟာ ရက်ပေါင်း ၉၂၈၇ ရက်ကြာမှ နိုင်ပွဲပြန်ရခဲ့ပါတယ်။
ရက်ပေါင်း ၉၂၈၇ ရက်အတွင်းမှာ အရာအားလုံး ပြောင်းလဲခဲ့ပါပြီ။ မိုဘိုင်းဖုန်းတွေ စ ပေါ် ခါစ၊ ကြိုးဖုန်းတွေ အရေးပါဆဲအခြေအနေကနေ
5 G ဆက်သွယ်ရေးကွန်ယက်စနစ်ပြောင်းလဲခဲ့တယ်။
Nokia 3310 ခေတ်ကနေ Iphone 18 ခေတ်ဆီ ရောက်လာခဲ့တယ်။
CD အခွေခေတ်ကနေ Digital ပလက်ဖောင်း ဖျော်ဖြေရေးခေတ်ဆီပြောင်းလဲလာခဲ့တယ်။ AI ခေတ်ဆီရောက်လာခဲ့တယ်။
ခေတ်တွေပြောင်းသွားပေမယ့် ကိုဗင်ထရီပရိသတ်တွေအတွက် ပရီးမီးယားလိဂ်နိုင်ပွဲအရသာက မပြောင်းလဲခဲ့ပါဘူး။
ပရီးမီးယားလိဂ်နိုင်ပွဲဟာ ချိုမြိန်လွန်းပါတယ်။