Players News

ချစ်ခြင်းမေတ္တာ စစ်တဲ့အခါ ဘ၀မှာ ဘာမှမလိုတော့ဘူး

ချစ်ခြင်းမေတ္တာ စစ်တဲ့အခါ ဘ၀မှာ ဘာမှမလိုတော့ဘူး

ဘ၀မှာ ငွေကြေး၊ ကျော်ကြားမှုနဲ့ အာဏာဟာ  သောက်လေသောက်လေငတ်မပြေမယ့်  ပင်လယ်ရေလိုပါပဲ။ ငွေရှိသူတွေဟာ ကျော်ကြားချင်တယ်၊ နာမည်ကျော်ငွေရှိတဲ့ဘ၀ ရောက်ပြန်တော့လည်း အာဏာကို တပ်မက်လာပြန်ရော။ ဒါပေမဲ့ ကျနော်တို့ မေ့နေတဲ့အရာဟာ ကိုယ်ချင်းစာတရားနဲ့ ချစ်ခြင်းမေတ္တာပါပဲ။  အဲဒီအရာနှစ်ခုဟာ ကိုယ့်နှလုံးသားထဲ အားမကောင်းရင် စစ်မှန်တဲ့ အကြည်ဓာတ်ဆိုတာရှိနိုင်မယ်မထင်ဘူး။  ချစ်ခြင်းမေတ္တာ စစ်တဲ့အခါ ဘ၀မှာ ဘာမှမလိုတော့သလိုပါပဲ။

ချစ်ခြင်းမေတ္တာ စစ်တဲ့အခါ ဘ၀မှာ ဘာမှမလိုတော့ဘူး

ပလက်ဖောင်းမင်းသား သီချင်းထဲက နာမည်ကျော်ငွေရှိတဲ့ဘ၀ဟာ အိပ်မက်နဲ့ပဲ ကျိန်းကျေတတ်စာသားလေးကို နှလုံးသားထဲ စွဲနေပါတယ်။

ဘ၀မှာ ငွေကြေး၊ ကျော်ကြားမှုနဲ့ အာဏာဟာ  သောက်လေသောက်လေငတ်မပြေမယ့်  ပင်လယ်ရေလိုပါပဲ။

ငွေရှိသူတွေဟာ ကျော်ကြားချင်တယ်၊ နာမည်ကျော်ငွေရှိတဲ့ဘ၀ ရောက်ပြန်တော့လည်း အာဏာကို တပ်မက်လာပြန်ရော။

ဒါပေမဲ့ ကျနော်တို့ မေ့နေတဲ့အရာဟာ ကိုယ်ချင်းစာတရားနဲ့ ချစ်ခြင်းမေတ္တာပါပဲ။  အဲဒီအရာနှစ်ခုဟာ ကိုယ့်နှလုံးသားထဲ အားမကောင်းရင်

စစ်မှန်တဲ့ အကြည်ဓာတ်ဆိုတာရှိနိုင်မယ်မထင်ဘူး။  ချစ်ခြင်းမေတ္တာ စစ်တဲ့အခါ ဘ၀မှာ ဘာမှမလိုတော့သလိုပါပဲ။

ကိုယ့်ကို တန်ဖိုးထားလေးစားသူနဲ့ ဖူးစာဖက်ဖြစ်ရတဲ့အခါ လောကနိဗ္ဗာန်ကို မိတ်ဆွေခံစားခွင့်ရပါပြီ။  ဘောလုံးလောကထဲ ကိုယ့်ကိုတန်ဖိုးထားလေးစားသူနဲ့

ဖူးစားဖက်ဖြစ်ပြီး လောကနိဗ္ဗာန် ခံစားခွင့်ရသူတစ်ဉီးက မက်ဆီပါပဲ။

အာဂျင်တီးနားနိုင်ငံ၊ ရိုဆာရီယိုက ချစ်မေတ္တာဇာတ်လမ်းလေးဟာ ကမ်ဘာအနှံ့ ပြင်းထန်စွာစီးဆင်းခဲ့ပါတယ်။ GOAT အစစ် မက်ဆီနဲ့

ဖူးစာဖက် အန်တိုနယ်လာရော့ကတ်ဇိုတို့ဟာ ငယ်ကချစ် အနှစ်တစ်ရာမမေ့နိုင်အောင် ခိုင်မြဲတယ်ဆိုတဲ့စကားကို အကောင်းဆုံးသက်သေပြခဲ့ပါတယ်။

မက်််ဆီက ငါးနှစ်သားအရွယ်မှာပဲ သူ့ရဲ့ ဖူးစာဖက်ကို ရှာဖွေတွေ့ရှိခဲ့တာပါပဲ။ မက်ဆီရဲ့ ငယ်သူငယ်ချင်း လူးကပ်စ်ဆကာဂလီယာရဲ့

မောင်နှမ၀မ်းကွဲ အန်တိုနယ်လာရော့ကတ်ဇိုပါပဲ။

၁၉၉၆ ခုနှစ်ရဲ့ မင်္ဂလာရှိသော နေ့လေးတစ်နေ့မှာ မက်််ဆီဟာ လူးကပ်စ်နဲ့အတူရှိနေတုန်း

အန်တိုနယ်လာရော့ကတ်ဇိုကို ပထမဆုံးမြင်တွေ့ခဲ့ပါတယ်။ အဲဒီအချိန်မှာပဲ မက်ဆီရဲ့ အရွယ်မရောက်သေးတဲ့ ချစ်စိတ်ဟာ

အားကောင်းမောင်းသန် လူးလွန့်လာတာပါပဲ။

မက်ဆီက သူ့ရဲ့ အန်တိုနယ်လာရော့ကတ်ဇိုအပေါ် ထားရွိရာအချစ်စိတ်ကိုနှစ်ကာလများစွာ

ခိုင်မာစွာပြုစုပျိုးထောင်းရင်း (၁၃)နှစ်အကြာမှာ လူသိရှင်ကြားတရား၀င် ဖွင့်ဟခဲ့ပါတယ်။

မက်ဆီနဲ့ အန်တိုနယ်လာရော့ကတ်ဇိုဟာ ငယ်ဘ၀ရဲ့ ညနေခင်းထဲ နေ၀င်ချိန်ကို အတူငေးမောဖူးကြပါလိမ့်မယ်။

ငှက်ကလေးတွေရဲ့ တေးသံကို အတူနားဆင်ဖူးကြပါလိမ့်မယ်။ တိမ်တိုက်တွေထဲ မှိတ်တုပ်မှိတ်တုပ်လင်းနေမယ့် ကြယ်လေးတွေကို

အတူရေကြည့်ဖူးပါလိမ့်မယ်။ မက်ဆီနဲ့ အန်တိုနယ်လာရော့ကတ်ဇိုတို့ရဲ့ နှလုံးသားဟာ ဖြူစင်စွာရစ်နွယ်ခဲ့ပြီး

ဒီတစ်ဘ၀စာသာမဟုတ်ဘဲ သံသရာတစ္ခုစာ အကြောင်းပါဖို့ ဆုတောင်းနေပါလိမ့်မယ်။

ရိုဆာရီယိုမှာ စတိုးဆိုင်ပိုင်ဆိုင်တဲ့ အန်တိုနယ်လာရော့ကတ်ဇိုရဲ့ မိဘတွေ သဘောကျအောင် ထူးခြားထက်မြက်တဲ့ဘောလုံးသမားဖြစ်ဖို့ မက်််ဆီ ရည်ရွယ်ခဲ့ပါတယ်။

အသက် (၉)နှစ်အရွယ်မှာ မက္ဆီက အန်တိုနယ်လာရော့ကတ်ဇိုအတွက် မေတ္တာစာတွေ ရေးနေပါပြီ။

သူ့ ဒိုင်ယာရီစာအုပ်လေးထဲ တစ်နေ့မှာ အန်တိုနယ်လာရော့ကတ်ဇိုရဲ့ အခ်စ္ကို ပိုင်ဆိုင်ရမယ်ဆိုတဲ့စာသားတွေ အက်ကြောင်းထပ်ခဲ့ပါတယ်။

အန်တိုနယ်လာရော့ကတ်ဇိုဟာ မက်ဆီရဲ့ အမာခံပရိသတ်ဖြစ်သလို၊ အကောင်းဆုံးပါရမီဖြည့်ဘက်လည်း ဖြစ်ပါတယ်။

ဒါပေမဲ့ အန်တိုနယ်လာရော့ကတ်ဇိုရဲ့ အချစ်ဦးဟာ မက်ဆီမဟုတ်ခဲ့ပါဘူး။ မက္ဆီက ရေခြားမြေခြားမှာ ဂန္ထဝင်ကစားသမားဘ၀ကို

သရုပ်ဖော်နေတုန်း ရိုဆာရီယိုမှာ ကျန်ရစ်ခဲ့သူ အန်တိုနယ်လာရော့ကတ်ဇိုဟာ နှလုံးသားယားယံမှုကို အခြားအမျိုးသားတစ်ဦးနဲ့ ဖြေဖျောက်ခဲ့တယ်။

ချစ်ဦးသူနဲ့ သုံးနှစ်ကြာ အန်တိုနယ်လာရော့ကတ်ဇို ပျော်ရွှင်စွာလက်တွဲခဲ့တာပါပဲ။ တစ်ရက်တော့ အန်တိုနယ်လာရော့ကတ်ဇိုရဲ့

အရင်းနှီးဆုံးသူငယ်ချင်းတစ်ဦး မတော်တဆမှုနဲ့ ကွယ်လွန်ခဲ့ပါတယ်။ အဲဒီဖြစ်ရပ်ဟာ အန်တိုနယ်လာရော့ကတ်ဇိုရဲ့ စိတ္ကို ကြီးကြီးမားထိခိုက်ခဲ့တယ်။

မက်််ဆီ ဟာ အားငယ္သူ အန်တိုနယ်လာရော့ကတ်ဇိုဆီ အပြေးပြန်လာပြီး နှစ်သိမ့်ဖေးမခဲ့တယ်။

တစ်ချိန်တည်းမှာပဲ မက္ဆီဟာ သူရဲ့ အားကောင်းတဲ့မေတ္တာရေစင်တွေနဲ့ အန်တိုနယ်လာရော့ကတ်ဇိုရဲ့ နှလုံးသားကို အသစ်ပြန်လည်နုပျိုစေခဲ့ပါတယ်။

အန်တိုနယ်လာရဲ့ အရင်းနှီးဆုံးသူငယ်ချင်းတွေအဆိုအရ မက်ဆီနဲ့ ၂၀၀၇ ခုနှစ်မှာ တရား၀င်ချစ်ကြိုက်ခဲ့တယ်လို့ သိရပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ် မက္ဆီက သူ့ဘေးနားကနေ အမြဲတမ်းအားပေးနေမယ့် အမာခံပရိသတ်၊ အခိုင်မာဆုံးနှောင်ကြိုးလေး

အန်တိုနယ်လာရော့ကတ်ဇိုနဲ့အတူ ဂန္ထဝင် အောင်ပွဲတွေ ဆွတ်ခူးထားပါပြီ။

လူမှုဘဝမှာလည်း သီယာဂို၊ မက္တီယို၊ ကိုင်ရိုဆိုတဲ့သားလေးသုံးဦးနဲ့အတူ မက်ဆီဟာသူ့ရဲ့ မိသားစုအင်ပါယာကို ချဲ့ထွင်ထားပါတယ်။

ချစ်ခြင်းမေတ္တာစစ်တဲ့အခါ ဘာမှမလိုအပ်တော့သလိုမျိုး အရာအားလုံးပိုင်ဆိုင်ခွင့်ရပါတယ်။

Related News

မိသားစုရဲ့လူရွှင်တော်၊ ဂန္ထဝင်ကစားသမား
Players News

မိသားစုရဲ့လူရွှင်တော်၊ ဂန္ထဝင်ကစားသမား

တကယ်လို့များ ကျွန်တော်သာ ဘောလုံးသမားတစ်ဦးမဖြစ်ခဲ့ဘူးဆိုရင် ပါရီမြို့က စားသောက်ဆိုင်တစ်ခုရဲ့အပြင်ဘက်မှာ Sandwich ၀ယ်စားချင်လို့ ပိုက်ဆံတောင်းရတဲ့သူ ဖြစ်နေမလားပဲ။  ဒါဟာ ခင်ဗျားတို့မသိမယ့် ကျွန်တော့်ရဲ့ မဟာလျှို့ဝှက်ချက်ကြီးလေ။ ကျွန်တော် တကယ်ပြောနေတာ၊ ခင်ဗျားတို့စိတ်ထဲနောက်နေတယ်ထင်တာလား။  တကယ်မနောက်ပါဘူး။ ဘောလုံးသမားဘ၀ကိုသာ မရွေးချယ်ခဲ့ရင် ပိုက်ဆံတောင်းစားနေရမယ်ထင်တာပဲ။ 

Read more
ချယ်လ်ဆီးရဲ့ကျောနံပါတ် ၉ ကျိန်စာကို ဖယ်ရှားမယ့်သူ
Players News

ချယ်လ်ဆီးရဲ့ကျောနံပါတ် ၉ ကျိန်စာကို ဖယ်ရှားမယ့်သူ

ယော်အိုပတ်ဒရိုရဲ့မခံချင်စိတ်မီးတောင်ဟာ ထိန်းချုပ်မရနိုင်ဘဲ ပြင်းပြင်းထန်ထန် ပေါက်ကွဲနေတယ်။ ဘရာဇီးလ်နည်းပြ အန်ဆယ်လော့တီရဲ့အမေ့လျော့ခံ တိုက်စစ်ကစားသမားဟာ ကမ္ဘာ့ဖလားကစားခွင့် လွဲချော်ပြီးနောက် အတော်လေးခံစားခဲ့ရတယ်။ မခံချင်စိတ် ပြင်းထန်ခဲ့ရတယ်။

Read more
စီရော်နယ်လ်ဒိုနဲ့ ဘန်ဇီမာလို ဟာရီကိန်း
Players News

စီရော်နယ်လ်ဒိုနဲ့ ဘန်ဇီမာလို ဟာရီကိန်း

ဟာရီကိန်းက အသက်သုံးဆယ်ကျော်မှ ပိုပြီးထူးချွန်လာတယ်။ ဂိုးတွေပိုသွင်းလာတယ်။ ဘိုဒိုဂလင့်အသင်းနဲ့ ချန်ပီယံလိဂ်ပွဲမှာ ဟာရီကိန်းက ဂိုးသွင်းယူပြီးနောက် စီရော်နယ်လ်ဒို၊ လီဝန်ဒေါစကီး၊ နစ္စတယ်ရွိုင်းတို့ရဲ့ချန်ပီယံလိဂ် ၈ ပွဲဆက်ဂိုးသွင်းနိုင်တဲ့ စံချိန်ပိုင်ဆိုင်ခဲ့ပါတယ်။

Read more

More News

မန်ယူရဲ့ရွှေပြည်တော် မျှော်တိုင်းဝေး
Football News

မန်ယူရဲ့ရွှေပြည်တော် မျှော်တိုင်းဝေး

မန်ယူက တစ်ရာသီစာလက်မှတ်စျေးနှုန်းကို တစ်နှစ်ပြီးတစ်နှစ် ထပ်ခါထပ်ခါ စျေးတင်ထားခဲ့တယ်။ အရွယ်ရောက်ပြီးသူတွေရဲ့ လက်မှတ်စျေးနှုန်းက တစ်ပွဲပျမ်းမျှ ၂ ပေါင်နှုန်းလောက် မြင့်တက်ခဲ့တာပါ။ အခုလို လက်မှတ်စျေးနှုန်း မြှင့်တင်ရတာက အသင်းအတွက် ရင်းနှီးမြှုပ်နှံမှုနဲ့ မြင့်တက်လာတဲ့ ကုန်ကျစရိတ်တွေအတွက်ဆိုပြီး မန်ယူ အကြောင်းပြပါတယ်။

Read more
အာတီတာနဲ့ အာဆင်နယ် နောက်ထပ်နှစ်ကာလများစွာ
Football News

အာတီတာနဲ့ အာဆင်နယ် နောက်ထပ်နှစ်ကာလများစွာ

အာတီတာနဲ့ အာဆင်နယ်ကြား နောက်ထပ်နှစ်ကာလများစွာ သက်တမ်းတိုးဖို့ သေချာသလောက် ဖြစ်လာပါတယ်။ အာဆင်နယ်ဘက်က အာတီတာကို နှစ်ရှည်စာချုပ်ချုပ်ဆိုသွားမှာဖြစ်ပြီး အာတီတာဘက်ကလည်း လက်ခံဖို့အသင့်ပါပဲ။  စာချုပ်သက်တမ်းတိုးပြီးရင် အာတီတာက လစာအများဆုံးနည်းပြတစ်ဉီး ဖြစ်လာမှာပါ။

Read more
စပါးလုယူခံရတဲ့ ပရီးမီးယားလိဂ်ဖလားအကြောင်း
Football News

စပါးလုယူခံရတဲ့ ပရီးမီးယားလိဂ်ဖလားအကြောင်း

ပိုချက်တီနိုက ၂၀၁၆-၁၇ ရာသီ ပရီးမီးယားလိဂ်ဖလားကိုသူ့ရဲ့အသင်းဟောင်းစပါးရသင့်တယ်လို့ တောင်းဆိုလိုက်ပါတယ်။ အဲဒီရာသီမှာ ချယ်လ်ဆီးက ပရီးမီးယားလိဂ်ချန်ပီယံ ဖြစ်ခဲ့ပြီး စပါးက ဒုတိယလူဖြစ်ခဲ့တယ်။

Read more
လာရာလမ်းကို ပြန်ရမလား ကိုဗင်ထရီ
Football News

လာရာလမ်းကို ပြန်ရမလား ကိုဗင်ထရီ

ပရီးမီးယားလိဂ်ကို ပြန်ရောက်အောင် ကိုဗင်ထရီက ၂၅ နှစ်ကြာစောင့်ဆိုင်းခဲ့ရတယ်။ သူတို့ရဲ့၂၅ နှစ်ကြာ ပရီးမီးယားလိဂ်အိပ်မက်ဟာ ဆပ်ပြာပူဖောင်းလိုမျိုး အလွယ်တကူပြိုကွဲခဲ့တယ်။ မျှော်လင့်ချက်တွေနဲ့ ပရီးမီးယားလိဂ်ခရီးအစဟာ လေးပွဲဆက်အရှုံး၊ ဘဲဉမကွဲတဲ့မှတ်တမ်းကြောင့် အရုပ်ဆိုးသွားပါတယ်။

Read more
အီစတီဗာအိုအတွက် ပရီးမီးယားလိဂ်ကစားခွင့် ရှိပါဉီးမလား
Players News

အီစတီဗာအိုအတွက် ပရီးမီးယားလိဂ်ကစားခွင့် ရှိပါဉီးမလား

အီစတီဗာအိုရဲ့စွမ်းရည်ကို ချယ်လ်ဆီးပရိသတ်တွေ ခံစားသိရှိဖူးပါတယ်။ သူက ချယ်လ်ဆီးတိုက်စစ်အတွက် ရွပ်ရွပ်ချွံချွံတာဝန်ထမ်းဆောင်ဖူးတယ်။ အလွန်ဆိုလက်ထက်မှာ အီစတီဗာအိုအတွက်နေရာမရှိသလိုဖြစ်နေပါတယ်။ ဒါပေမဲ့ အာဆင်နယ်နဲ့ပွဲမှာ သူဝင်လာပြီးနောက် ပြသခဲ့တဲ့စွမ်းရည်ကြောင့် အလွန်ဆို နေရာပေးသင့်တယ်လို့တောင်းဆိုသံက ကျယ်လောင်လာပါတယ်။ 

Read more
အန်ဖီးလ် ရောဂါ
Football News

အန်ဖီးလ် ရောဂါ

အန်ဖီးလ်မှာ နိုင်ပွဲမယူတတ်တဲ့ရောဂါ ဖြစ်နေတယ်။ (၆၃) နှစ်အတွင်းမှာ အခုလိုမျိုး နိုင်ပွဲမယူတတ်တဲ့ ရောဂါဖြစ်တာ အခုတစ်ကြိမ်နဲ့ဆိုရင်  သုံးကြိမ်ရှိခဲ့တယ်။ ချန်ပီယံလိဂ်မှာ အက်သလက်တီကိုအသင်းကို အနိုင်ရလို့ ပျော်ရွှက်ဂုဏ်ယူမဆုံးဖြစ်နေဆဲ လီဗာပူးလ်က ဖူလ်ဟမ်လို ၇ ဂိုးပေးထားရတဲ့အသင်းနဲ့ တွေ့ချိန် ဂိုးမရှိသရေကျခဲ့တာနာကျင်စရာပါ။

Read more

Official Channels

ONEX2 banner