Players News

Ballon d'Or  ဆု ဘယ်သူရမလဲ?

Ballon d'Or  ဆု ဘယ်သူရမလဲ?

၂၀၂၆ ကမ္ဘာ့ဖလားနဲ့ ချန်ပီယံလိဂ်ကို ရယူထားတဲ့ ယမားလ်၊ စံချိန်တင်ဂိုးတွေ သွင်းယူထားတဲ့ ဟာရီကိန်း၊ မက်ဆီ၊ ဘာပေနဲ့ PSG ကြယ်ပွင့် ကွာရတ်စကယ်လီယာတို့ အပြိုင်ဖြစ်နေတဲ့ Ballon d'Or ဆုရှင် ခန့်မှန်းသုံးသပ်ချက်။

ဘွတ်ကီဒိုင်တွေက အခုနှစ် Ballon d'Or ဆုကို ယမားလ်နဲ့ ဟာရီကိန်း နှစ်ယောက်ထဲက တစ်ယောက်ရမယ်ဆိုပြီး အလေးပေးထားပါတယ်။

ပြီးခဲ့တဲ့ရာသီမှာ ယမားလ်က ဘာစီလိုနာနဲ့အတူ ချန်ပီယံလိဂ်၊ စပိန်အသင်းနဲ့အတူ ကမ္ဘာ့ဖလားချန်ပီယံဆုတွေ ပိုင်ဆိုင်ခဲ့ပါတယ်။

ဟာရီကိန်းက ဘွန်ဒစ်လီဂါချန်ပီယံဖြစ်ခဲ့ပြီး  စံချိန်တင်အောင်ဂိုးတွေသွင်းပြခဲ့ပါတယ်။

ဒီနှစ်ယောက်ထဲက တစ်ယောက်ယောက် Ballon d'Or ရသွားမယ်ဆိုရင် သိပ်ပြီးအပြစ်ဆိုစရာမရှိပါဘူး။

ဒါပေမဲ့ အာဂျင်တီးနားနဲ့အတူ ၂၀၂၆ ကမ္ဘာ့ဖလားမှာ The Last Dance ကို အခမ်းနားဆုံးဖျော်ဖြေခဲ့သူ မက်််ဆီ၊

ရီးယဲလ်ရဲ့ ဂိုးသွင်းစက်ဘာပေတို့လည်း Ballon d'Or ဆုအတွက် အခွင့်အရေးရှိနေပါတယ်။

ပြီးတော့ ချန်ပီယံလိဂ်နှစ်ရာသီဆက်ချန်ပီယံ PSG အသင်းက ကစားသမားတစ်ယောက်ယောက် ရသွားမလားဆိုတာလည်း စောင့်ကြည့်ရမယ့်အရာပါ။

သေချာတာကတစ်ခုက Ballon d'Or ဆုကို PSG ကစားသမားတစ်ယောက်ယောက် ဒါမှမဟုတ်

ယမားလ်နဲ့ ဟာရီကိန်းထဲက တစ်ယောက်ယောက် မရဘူးဆိုရင် အဓိပ္ပာယ်မရှိပါဘူး။

PSG ကစားသမားတွေထဲကဆိုရင် ကွာရတ်စကယ်လီယာကို ရစေချင်ပါတယ်။ ပြီးခဲ့တဲ့ရာသီချန်ပီယံလိဂ်မှာသူ့ထက် ပိုထူးချွန်သူမရှိခဲ့ဘူး။

PSG အသင်း ချန်ပီယံလိဂ်မှာ နှစ်ရာသီဆက်အောင်ပွဲခံခွင့်ရတာ သူ့ကြောင့်ပါ။  သူက ရှုံးထွက် (၁၆)သင်းအဆင့်၊

ကွာတားဖိုင်နယ်နဲ့ ဆီမီးဖိုင်နယ်တွေမှာ ဂိုးသွင်းခဲ့တယ်။ ပွဲကြီးပွဲကောင်းဆိုရင် သူ့ပါရမီသူ အကောင်းဆုံးပြသဖို့ရာ အသင့်ရှိနေသူပါ။

Ballon d'Or ဆုနဲ့ ထိုက်တန်သူပါ။

ဗြိတိန်ဂျာနယ်လစ်တွေကတော့ ဟာရီကိန်းမှ ဟာရီကိန်းဖြစ်နေတယ်။ အလန်ရှီးယားက - ပြီးခဲ့တဲ့ တစ်နှစ်ကျော်အတွင်းမှာ

ဟာရီကိန်းက ဘိုင်ယန်မြူးနစ်နဲ့ အင်္ဂလန်အသင်းအတွက် ထူးခြားပြောင်မြောက်စွာ စွမ်းဆောင်ခဲ့သူပါ။  Ballon d'Or ဆုကို ဟာရီကိန်းရသင့်တယ်- လို့ ပြောတယ်။

စပါးအသင်းကစားသမားဟောင်း တောင်ဆန်က "ဟာရီကိန်းက (၆၅) ပွဲကစားပြီး (၇၃)ဂိုးအထိ သွင်းယူခဲ့တယ်။ ချန်ပီယံလိဂ်မှာ (၁၄) ဂိုးသွင်းပြီး

ဘိုင်ယန်မြူးနစ်ကို ချန်ပီယံလိဂ်ဆီမီးဖိုင်နယ်ရောက်အောင် ပို့ဆောင်ပေးခဲ့ပါတယ်။ ကမ္ဘာ့ဖလားမှာလည်း (၆)ဂိုးသွင်းခဲ့လို့ Ballon d'Or ဆုနဲ့ ထိုက်တန်ပါတယ်" လို့ သုံးသပ်ခဲ့တယ်။

Related News

နှုတ်မစောင့်တဲ့လိပ်ကြောင့်ဖြစ်တဲ့ တရုတ်-လာလီဂါ ပဋိပက္ခ
Players News

နှုတ်မစောင့်တဲ့လိပ်ကြောင့်ဖြစ်တဲ့ တရုတ်-လာလီဂါ ပဋိပက္ခ

အင်တာဗျူးတစ်ခုမှာ အမှားအယွင်းပြောဆိုမိခဲ့တဲ့ ဘာပေကြောင့် တရုတ်နိုင်ငံရဲ့ ပြင်းထန်တဲ့ တုံ့ပြန်မှုနဲ့ သပိတ်မှောက်မှုတွေကို ရင်ဆိုင်နေရပြီး ရုပ်သံဈေးကွက် ဆုံးရှုံးမယ့်အရေးနဲ့ ကြုံနေရတဲ့ လာလီဂါအကြောင်း သုံးသပ်ချက်။

Read more
ဒေါင်းမန်းနဲ့ စိတ်လိုက်မာန်ပါ လူငယ်တွေအကြောင်း
Players News

ဒေါင်းမန်းနဲ့ စိတ်လိုက်မာန်ပါ လူငယ်တွေအကြောင်း

ဖလက်ဝုဒ်နဲ့ပွဲမှာ အနီကတ်ပြခံရလို့ အာတီတာရဲ့ ဆူပူမှုကို ခံခဲ့ရတဲ့ ဒေါင်းမန်းနဲ့ ရွန်နီ၊ မက်ဆီတို့လို လူငယ်ဘဝမှာ စိတ်လိုက်မာန်ပါ အမှားလုပ်ခဲ့ကြတဲ့ နာမည်ကျော်ကစားသမားတွေအကြောင်း သုံးသပ်ချက်။

Read more
ဟာရီကိန်းရဲ့ စင်ဒရဲလားပုံပြင်
Players News

ဟာရီကိန်းရဲ့ စင်ဒရဲလားပုံပြင်

အောက်တန်းလိဂ် အငှားကစားသမားဘဝကနေ ၂၀၂၆ Ballon d'Or ဆုရှင်အဖြစ် အမြင့်ဆုံး ရောက်ရှိလာတဲ့ ဟာရီကိန်းရဲ့ ဒဏ္ဍာရီဆန်တဲ့ ဖြတ်သန်းမှုနဲ့ စပါးအသင်းဆီ ပြန်လာနိုင်ခြေ သုံးသပ်ချက်။

Read more

More News

သံမဏိအရည်ပျော်ချိန်
Football News

သံမဏိအရည်ပျော်ချိန်

နည်းပြဘဝရဲ့ ကြီးမားတဲ့ စိတ်ဖိစီးမှုနဲ့ ကျန်းမာရေးပြဿနာတွေကြောင့် လေ့ကျင့်ရေးကွင်းမှာ ရုတ်တရက် လဲကျခဲ့ရပြီး အနားယူဖို့ လိုအပ်နေတဲ့ ဘိုင်ယန်မြူးနစ်နည်းပြ ကွန်ပနီရဲ့ အခြေအနေ သုံးသပ်ချက်။

Read more
လိဂ်တူးအသင်းကို ရှုံးတဲ့ရှက်စရာအာဆင်နယ်
Football News

လိဂ်တူးအသင်းကို ရှုံးတဲ့ရှက်စရာအာဆင်နယ်

အဓိကကစားသမားတွေ ပါဝင်ခဲ့ပေမဲ့ လိဂ်တူးကလပ် ဖလက်ဝုဒ်တောင်းအသင်းကို ပယ်နယ်တီအဆုံးအဖြတ်မှာ ရှုံးနိမ့်ပြီး လိဂ်ဖလားပြိုင်ပွဲကနေ စောစီးစွာ ထွက်ခွာခဲ့ရတဲ့ အာဆင်နယ်အသင်းရဲ့ ရှက်စရာရှုံးပွဲ သုံးသပ်ချက်။

Read more
ကာရစ်အတွက် ကံကြမ္မာအသစ်လား..?  အဆုံးသ-တ်ဇာတ်သိမ်းလား..?
Football News

ကာရစ်အတွက် ကံကြမ္မာအသစ်လား..? အဆုံးသ-တ်ဇာတ်သိမ်းလား..?

၈ ပွဲဆက် နိုင်ပွဲပျောက်နေပေမဲ့ နည်းပြရာထူးကနေ မထုတ်ပယ်ခံရသေးဘဲ ချယ်လ်ဆီးနဲ့ပွဲမှာ နောက်ဆုံးအခွင့်အရေး ထပ်မံရရှိလိုက်တဲ့ မန်ယူနည်းပြ မိုက်ကယ်ကာရစ်ရဲ့ ကံကြမ္မာ သုံးသပ်ချက်။

Read more
ကာရစ်အတွက် ကံကြမ္မာအသစ်လား..?  အဆုံးသ-တ်ဇာတ်သိမ်းလား..?
Football News

ကာရစ်အတွက် ကံကြမ္မာအသစ်လား..? အဆုံးသ-တ်ဇာတ်သိမ်းလား..?

၈ ပွဲဆက် နိုင်ပွဲပျောက်နေပေမဲ့ နည်းပြရာထူးကနေ မထုတ်ပယ်ခံရသေးဘဲ ချယ်လ်ဆီးနဲ့ပွဲမှာ နောက်ဆုံးအခွင့်အရေး ထပ်မံရရှိလိုက်တဲ့ မန်ယူနည်းပြ မိုက်ကယ်ကာရစ်ရဲ့ ကံကြမ္မာ သုံးသပ်ချက်။

Read more
မက်ဆီ၊ စီရော်နယ်လ်ဒိုတို့နဲ့ ဂုဏ်ရည်တူသွားတဲ့ ဂန္ထဝင်ဟာရီကိန်း
Players News

မက်ဆီ၊ စီရော်နယ်လ်ဒိုတို့နဲ့ ဂုဏ်ရည်တူသွားတဲ့ ဂန္ထဝင်ဟာရီကိန်း

ကမ္ဘာ့ဖလားနဲ့ ချန်ပီယံလိဂ် မရဘဲ Ballon d'Or ဆုကို ဆွတ်ခူးနိုင်ခဲ့ပြီး မက်ဆီ၊ စီရော်နယ်လ်ဒိုတို့နဲ့ ဂုဏ်ရည်တူသွားတဲ့ ဂန္ထဝင်တိုက်စစ်မှူး ဟာရီကိန်းရဲ့ စံချိန်တင် သွင်းဂိုးမှတ်တမ်းများအကြောင်း သုံးသပ်ချက်။

Read more
မိုက်ကယ်ကာရစ်ရဲ့ Failed Gamble
Football News

မိုက်ကယ်ကာရစ်ရဲ့ Failed Gamble

နည်းစနစ်ကို ဝေဖန်ခဲ့တဲ့ ဘရူနိုဖာနန်ဒက်စ်ကို ပွဲထွက်စာရင်းကနေ ဖယ်ရှားခဲ့ပေမဲ့ ဘုန်းမောက်ကို ဂိုးပြတ်ရှုံးနိမ့်ပြီး (၈) ပွဲဆက် နိုင်ပွဲပျောက်ခဲ့တဲ့ မန်ယူနည်းပြ မိုက်ကယ်ကာရစ်ရဲ့ ကျရှုံးသွားတဲ့ စွန့်စားခန်း။

Read more

Official Channels

ONEX2 banner